Wednesday, December 30, 2015

ပထမဦးဆံုး YouTube မွ Computer Networking ကို ၿမန္မာသာသာၿဖင္႔ စာသင္ေပးသူ Educator စုိင္းလင္းသူ

ေဆာင္းပါးရွင္ -  ကိုညီညီ ( ေတာင္ၾကီး )
.                          
.
သူ႕ကုိစသိခဲ႕တာ ( ၂ ) ႏွစ္ေလာက္ေတာ႕ရွိခဲ႕ျပီ။ ပထမဦးဆံုး ခန္းအကယ္ဒမီျမန္မာဘာာျပန္ဆိုသူမ်ားအဖြဲ႕ - KABT ရဲ႕ Google Hangout အြန္လိုင္းစကားဝုိင္းမွာ သူက စကၤာပူကေန အဂၤလိပ္ဘာသာ နဲ႕ ဝင္ေဆြးေႏႊးခဲ႕တယ္။ ေနာက္ေတာ႕ ကြ်န္ေတာ႕စာေရးေဖ႕စ္ဘြတ္အေကာင္႕မွာ သူနဲ႕မိတ္ေဆြျဖစ္ခဲ႕တယ္။ ေနာက္ပိုင္း Viber မွာ အသံခ်င္းဆံုတယ္။ ေနာက္ထပ္သိပ္မၾကာဘူး အေမရိကား ဆီလီကြန္ေတာင္ၾကားျမိဳ႕အနီးမွာ လူခ်င္းဆံုတယ္။
.
ကြ်န္ေတာ္က လူငယ္ေတြနဲ႕စကားအရမ္းေျပာခ်င္တာ။ သူနဲ႕ေတြ႕တဲ႕အခါ ထူးျခားတာေတြ အမ်ားၾကီးေလ႕လာခဲ႕ရတယ္။ သူဟာ အျမဲတမ္းလိုလို လန္းဆန္းတက္ၾကြေနျပီး အေႀကာင္းအရာတစ္ခုခု ဒါမွမဟုတ္ သူစိတ္ဝင္စားရာ ဘာသာရပ္တစ္ခုခုကို အၿမဲမၿပတ္ေလ႔လာေနေလ႔ရွိတယ္။
.
.
ဒါေၾကာင္႕မုိ႕ သူထူးခြ်န္တဲ႕ ကြန္ပ်ဴတာ Networking ဘာသာရပ္ကို ျပန္လည္သင္ႀကားေပးဖို႔ RHC Technologies သင္တန္းကို ( ၂ဝ၁၁ ) ခုႏွစ္မွာ စင္ကာပူမွာ စတည္ေထာင္တယ္။ သူ႕သင္တန္းမွာ ျမန္မာလူမ်ိဳး သာမက ႏိုင္ငံျခားသားေတြကိုပါ ေတြ႕ရတယ္။
.
ကြန္ပ်ဴတာ Networking ကို ဘာမွမသိေသးတဲ႔ လူတစ္ေယာက္ကို Professional Computer Network Engineer တစ္ေယာက္ၿဖစ္တဲ႔အထိ သူ သင္ႀကားေပးႏိုင္ခဲ႔တယ္။ တစ္ခ်ိဳ႕ဆို နာမည္ႀကီး IT ကုမၸဏီၾကီးေတြၿဖစ္တဲ႔ NEC, IBM, HP နဲ႔ ဘဏ္ေတြမွာ အလုပ္ဝင္ကုန္ၾကသလို ကာယကံရွင္ေတြရဲ႕ အလုပ္ - Career  ဘဝေတြပါ ေျပာင္းလဲသြားၾကတာ ဝမ္းေျမာက္ဖြယ္ရာ သိရွိရျပန္တယ္။

.
.
သူ႕ရဲ႕အားထုတ္မႈကိုေလ႕လာၾကည္႕တဲ႕အခါ ရံုးပိတ္ရက္မွာ ေလယာဥ္စီးျပီး ရန္ကုန္သင္တန္းကိုသြားသင္တယ္။ ရံုးျပန္ဖြင္႕တဲ႕ တနလၤာမနက္မွာ စကၤာပူရံုးအလုပ္ကို ျပန္ေရာက္ေနျပီ။ သူ႕သင္တန္းဆင္းျပီ္းသြားတဲ႕ ျမန္မာႏုိင္ငံက ေက်ာင္းသားေတြက Telenor, Ooredoo, Huawei, ZTE, KDDI, CB Banks အစရွိတဲ႔ ကုမၸဏီေတြမွာ ရပ္တည္ႏိုင္တဲ႕ Professional Network Engineer ေတြျဖစ္လာၾကတယ္။
.
သူဟာ စာသင္လို႕ရတဲ႕ေငြေတြကုိလည္း ျပန္လွဴေလ႕ရွိတယ္။ ပရဟိတအလုပ္ေတြမွာ ေပ်ာ္ေမြ႕တယ္။ ဝင္ေရာက္မလႈပ္ရွားႏုိင္ရင္ေတာင္မွ အနည္းဆံုးအလွဴေငြေတာ႕ ပါဝင္ေလ႕ရွိတယ္။ ေနာက္ပိုင္းမွာ အေမရိကားဖက္ျခမ္းကို ခရီးထြက္တယ္။ ျပင္သစ္၊ အဂၤလန္ အစရွိတဲ႔ ႏိုင္ငံေတြသြားၿပီး နည္းပညာဆိုင္ရာကြန္ဖရင္႕ေတြကို တက္ေရာက္ေလ႕လာတယ္။ အားေနရင္ အဂၤလိပ္စာအုပ္မ်ိဳးစံုဖတ္တယ္။ စာၾကည္႕တုိက္သြားတယ္။ အင္တာနက္မွာ ျမန္မာေတြကုိ စာဘယ္လိုသင္ရမယ္ဆိုတာ ေလ႕လာတယ္၊ ရွာၾကည္႕တယ္။
.
.
ေနာက္ဆံုးမွာ “ ခန္းအကယ္ဒမီ - KHAN Academy ” ကသင္တဲ႕အဂၤလိပ္စာကို ျမန္မာလုိဘာသာျပန္ထားတာေတြကို သူေတြ႕တယ္။ ခက္တာက အေမရိကန္တစ္ေယာက္ျဖစ္တဲ႕ “ ခန္း ” ေတြးတာ၊ စဥ္းစားတာတစ္ခ်ိဳ႕က ျမန္မာဘာသာမွာမရွိဘူးေလ။ ဒါေၾကာင္႕ ဘာသာရပ္ဆိုင္ရာစကားလံုးေတြကို ျမန္မာမႈစကားလံုးနဲ႕ဖလွယ္ရာမွာ မေခ်ာမေမြ႕ျဖစ္တာကို သူေတြ႕ရွိလာတယ္။ ဒီကြက္လပ္ကိုျဖည္႕ရမယ္ဆိုတာ သူေတြ႕ရွိလာတယ္။
.
ဒါေၾကာင္႕ အြန္လိုင္းကေန ျမန္မာေက်ာင္းသားေတြကုိ ျမန္မာလုိသင္မယ္ဆိုျပီး ဆံုးျဖတ္လိုက္တယ္။ သူ႕ရဲ႕ YouTube Video Lecture ေတြၾကည္႕ျပီး အခန္႕သားလိုက္နာသင္ယူရံုနဲ႕ ကြ်န္ေတာ္တို႕အားလံုးထဲက ဘယ္သူမဆုိ Computer Network Engineer တစ္ေယာက္ျဖစ္ဖို႕ အခြင္႕အေရးရရွိလာျပီျဖစ္တယ္။
.
.

.
.
စာသင္ေက်ာင္းသားဖက္မွာ ပင္ကိုယ္ရွိရမယ္႕အခ်က္အနည္းငယ္ကုိ ေျပာျပလုိပါတယ္။ သင္ယူဖို႕ ( ဗီြဒီယုိၾကည္႕ဖို႕ ) အင္တာနက္အေထာက္အပံ႕ရွိတဲ႕ ကြန္ပ်ဴတာ / တက္ဘလက္ / လက္ကိုင္ဖုန္း တစ္ခုခုရွိရပါမယ္။ အနည္းဆံုး ကြန္ပ်ဴတာအေျခခံရွိရမယ္။ မျဖစ္မေနကေတာ႕ “ တတ္ေအာင္သင္ယူမယ္ဆိုတဲ႕ ဦးေႏွာက္ ”  ပါလာရလိမ္႕မယ္။ ဒါဆို အခ်ိန္တစ္ခုအတြင္းမွာ မိမိဘာသာလုပ္စားႏုိင္တဲ႕ Network Engineer တစ္ေယာက္ျဖစ္ဖို႕အခြင္႕အေရးက လက္တစ္ကမ္းမွာေရာက္ေနပါျပီ။
.
.
ဟုတ္ပါတယ္ .. အထက္မွာ ခင္းက်င္းေျပာျပခဲ႕သလို YouTube ေပၚမွာ Computer Network Engineering ကုိ ျမန္မာစကားေျပာနဲ႕သင္မယ္႕ ျမန္မာ Educator ဆိုရင္ ကိုစုိင္းလင္းသူဟာ ပထမဦးဆံုးပါ။ အခုလက္ရွိေတာ႕ Networking စာသင္ ဗီြဒီယုိေပါင္း ( ၈ဝ ) ခန္႕ရွိျပီး အပိုင္းလုိက္ခြဲျခားတင္ျပလႊတ္တင္ထားတာေတြရွိေနပါျပီ။
.
ဒီစာကိုဖတ္မိသူဟာ ကြန္ပ်ဴတာအေျခခံရွိမယ္၊ Networking ဘာသာရပ္ကိုလည္း ဝါသနာပါမယ္ဆိုရင္ သူ႕ရဲ႕ စာသင္ဗြီဒီယုိေတြကို အနီးကပ္ နဲ႕ လက္ေတြ႕ေလ႕လာျပီး ဆရာျဖစ္တဲ႕အထိ သင္ယူသြားႏိုင္ပါတယ္။ ဒီ႕အတြက္ သူဟာ ေနာက္ပိုင္းမွာ ဆရာျဖစ္သင္တန္း - Train the Trainer Program ကုိ မိတ္ဆက္လာတယ္။ ကြ်န္ေတာ႕အေနနဲ႕ ပုဂၢိဳလ္ေရးကိုေရးသားလိုတာမ်ိဳးမဟုတ္ပဲ ျမန္မာႏုိင္ငံက ျမန္မာတုိင္းရင္းသားတစ္ေယာက္က ျမန္မာ႕ပညာေရးအက်ိဳးေရွ႕ရႈျပီး ဒီလုိလုပ္ႏုိင္တာကုိ ကမၻာကိုၾကြားခ်င္တယ္။
.
သူ႕လိုလုပ္ႏုိင္သူေတြ၊ သူ႕လိုမလုပ္ႏိုင္သူေတြ၊ သူ႕ကိုအားက်သူေတြ အားလံုးကို စာမ်က္ႏွာတစ္ခုထဲမွာ ရွိေစခ်င္တယ္၊ စည္းရံုးေစခ်င္တယ္၊ ညီညြတ္ေစခ်င္တယ္၊ ဝုိင္းဝန္းလုပ္ကိုင္ပူးေပါင္းေစခ်င္တယ္။ ကုိစုိင္းလင္းသူ ကြ်န္ေတာ႕ကုိ မၾကာခဏေျပာတယ္ ..
.
.
“ ကိုညီ ရာ .. ျမန္မာႏုိင္ငံအတြက္ အြန္လိုင္းပညာသင္ေရးက အရမ္းကိုအေရးၾကီးလာျပီ။ အခုေခတ္မွာ အင္တာနက္ကလည္း လြယ္ကူစြာသံုးႏုိင္လာေနျပီ။ ျမန္မာႏုိင္ငံအတြက္ ျမန္မာဘာသာနဲ႔ သင္ၾကားေပးတဲ႔ Online Video Training Course ေတြ အမ်ားၾကီးလိုအပ္တယ္။ ျမန္မာႏိုင္ငံမွာ Network Engineer ျဖစ္ခ်င္တဲ႕လူငယ္ေတြကုိ တစုိက္မတ္မတ္ ေလ႕လာေစခ်င္တယ္ ” ဆိုတာပါပဲ။
.
ကြ်န္ေတာ႕အဖို႕မွာေတာ႕ လူကိုမၾကည္႕ဘူး - ပညာကိုပဲၾကည္႕႔ပါတယ္။ ႏိုင္ငံမၾကည္႕ပါဘူး - ေစတနာကိုပဲၾကည္႕ပါတယ္။ အသက္အရြယ္ကုိမၾကည္႕ဘူး - အခ်ိန္ကုိပဲၾကည္႕႔ပါတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္တုိ႕ျမန္မာလူငယ္ေတြေနာက္မက်ေသးပါဘူး။ အခုမွ စတာပါ။
.
.
ျမန္မာႏိုင္ငံထဲမွာ ေက်ာင္းသားေတြ ပညာေရးစံနစ္ျမွင္႕တင္ေနသလို ျပည္ပေရာက္ ပညာတတ္ျမန္မာေတြ ကိုယ္႕ကြန္ပ်ဴတာေရွ႕မွာ ကိုယ္အလုပ္လုပ္ၾကပါ။ ေပးထားတဲ႕တာဝန္ တစ္နည္းအားျဖင္႕ ( အေနာက္ႏုိင္ငံကစကားငွားေျပာရရင္ ) အိမ္စာ - Homework  လုပ္ဖုိ႕လိုပါတယ္။
.
အခုလက္ရွိအခြင္႕အေရးအရ စာဖတ္သူဟာ စာသင္ဆရာ - Trainer တစ္ေယာက္ျဖစ္ႏုိင္သလို စာသင္သား - Learner လည္းျဖစ္လာႏိုင္ပါတယ္။ ျမန္မာႏုိင္ငံပညာေရးတုိးတက္ဖုိ႕ “ အသိတစ္ခု နဲ႕ အေတြးမွန္သာ ” ရွိဖို႕လိုအပ္ပါတယ္။ ဒါ႕အျပင္ ကံအေၾကာင္းမလွစြာ ျမန္မာႏိုင္ငံကုိ တစ္ခုခုလုပ္မေပးႏုိင္သူလည္း ျဖစ္သြားႏို္င္ပါတယ္။
.
အဲဒီထဲက တစ္ခုခုကို ကိုယ္တိုင္မလုပ္ႏုိင္ရင္ေတာင္မွ ဆႏၵရွိသူေတြကို အားေပးေစခ်င္တယ္။ လုပ္တဲ႕သူကေတာ႕ စလုပ္ေနပါျပီ။ ကမၻာရဲ႕ဘယ္ေနရာမွာပဲေနေန ျမန္မာ႕ပညာေရး နဲ႕ ျမန္မာလူငယ္ေတြအတြက္ ဝုိင္းဝန္းၾကိဳးစားေပးၾကပါလို႕ ဒီေနရာကေန ကိုယ္တတ္တဲ႕ကေလာင္အားနဲ႕တုိက္တြန္းလိုက္ပါတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
07-11-2015
.
RHC Technologies Facebook: https://www.facebook.com/RhcTechnologies?fref=ts
.
RHC YouTube Channel : https://www.youtube.com/watch?v=9829lsyk5kE
.
( ၂ဝ၁၃ ) ခုႏွစ္ TechSpace Journal ႏွင္႕ အင္တာဗ်ဴး : https://www.facebook.com/techspaceJournal/photos/t.601702071/468996603191973/?type=3&theater
Unicode
ပထမဦးဆုံး YouTube မှ Computer Networking ကို မြန်မာသာသာဖြင့် စာသင်ပေးသူ Educator စိုင်းလင်းသူ

ဆောင်းပါးရှင် -  ကိုညီညီ ( တောင်ကြီး )
.                          
.
သူ့ကိုစသိခဲ့တာ ( ၂ ) နှစ်လောက်တော့ရှိခဲ့ပြီ။ ပထမဦးဆုံး ခန်းအကယ်ဒမီမြန်မာဘာာပြန်ဆိုသူများအဖွဲ့ - KABT ရဲ့ Google Hangout အွန်လိုင်းစကားဝိုင်းမှာ သူက စင်္ကာပူကနေ အင်္ဂလိပ်ဘာသာ နဲ့ ဝင်ဆွေးနွှေးခဲ့တယ်။ နောက်တော့ ကျွန်တော့စာရေးဖေ့စ်ဘွတ်အကောင့်မှာ သူနဲ့မိတ်ဆွေဖြစ်ခဲ့တယ်။ နောက်ပိုင်း Viber မှာ အသံချင်းဆုံတယ်။ နောက်ထပ်သိပ်မကြာဘူး အမေရိကား ဆီလီကွန်တောင်ကြားမြို့အနီးမှာ လူချင်းဆုံတယ်။
.
ကျွန်တော်က လူငယ်တွေနဲ့စကားအရမ်းပြောချင်တာ။ သူနဲ့တွေ့တဲ့အခါ ထူးခြားတာတွေ အများကြီးလေ့လာခဲ့ရတယ်။ သူဟာ အမြဲတမ်းလိုလို လန်းဆန်းတက်ကြွနေပြီး အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် သူစိတ်ဝင်စားရာ ဘာသာရပ်တစ်ခုခုကို အမြဲမပြတ်လေ့လာနေလေ့ရှိတယ်။
.
.
ဒါကြောင့်မို့ သူထူးချွန်တဲ့ ကွန်ပျူတာ Networking ဘာသာရပ်ကို ပြန်လည်သင်ကြားပေးဖို့ RHC Technologies သင်တန်းကို ( ၂ဝ၁၁ ) ခုနှစ်မှာ စင်ကာပူမှာ စတည်ထောင်တယ်။ သူ့သင်တန်းမှာ မြန်မာလူမျိုး သာမက နိုင်ငံခြားသားတွေကိုပါ တွေ့ရတယ်။
.
ကွန်ပျူတာ Networking ကို ဘာမှမသိသေးတဲ့ လူတစ်ယောက်ကို Professional Computer Network Engineer တစ်ယောက်ဖြစ်တဲ့အထိ သူ သင်ကြားပေးနိုင်ခဲ့တယ်။ တစ်ချို့ဆို နာမည်ကြီး IT ကုမ္ပဏီကြီးတွေဖြစ်တဲ့ NEC, IBM, HP နဲ့ ဘဏ်တွေမှာ အလုပ်ဝင်ကုန်ကြသလို ကာယကံရှင်တွေရဲ့ အလုပ် - Career  ဘဝတွေပါ ပြောင်းလဲသွားကြတာ ဝမ်းမြောက်ဖွယ်ရာ သိရှိရပြန်တယ်။

.
.
သူ့ရဲ့အားထုတ်မှုကိုလေ့လာကြည့်တဲ့အခါ ရုံးပိတ်ရက်မှာ လေယာဉ်စီးပြီး ရန်ကုန်သင်တန်းကိုသွားသင်တယ်။ ရုံးပြန်ဖွင့်တဲ့ တနင်္လာမနက်မှာ စင်္ကာပူရုံးအလုပ်ကို ပြန်ရောက်နေပြီ။ သူ့သင်တန်းဆင်းပြီ်းသွားတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေက Telenor, Ooredoo, Huawei, ZTE, KDDI, CB Banks အစရှိတဲ့ ကုမ္ပဏီတွေမှာ ရပ်တည်နိုင်တဲ့ Professional Network Engineer တွေဖြစ်လာကြတယ်။
.
သူဟာ စာသင်လို့ရတဲ့ငွေတွေကိုလည်း ပြန်လှူလေ့ရှိတယ်။ ပရဟိတအလုပ်တွေမှာ ပျော်မွေ့တယ်။ ဝင်ရောက်မလှုပ်ရှားနိုင်ရင်တောင်မှ အနည်းဆုံးအလှူငွေတော့ ပါဝင်လေ့ရှိတယ်။ နောက်ပိုင်းမှာ အမေရိကားဖက်ခြမ်းကို ခရီးထွက်တယ်။ ပြင်သစ်၊ အင်္ဂလန် အစရှိတဲ့ နိုင်ငံတွေသွားပြီး နည်းပညာဆိုင်ရာကွန်ဖရင့်တွေကို တက်ရောက်လေ့လာတယ်။ အားနေရင် အင်္ဂလိပ်စာအုပ်မျိုးစုံဖတ်တယ်။ စာကြည့်တိုက်သွားတယ်။ အင်တာနက်မှာ မြန်မာတွေကို စာဘယ်လိုသင်ရမယ်ဆိုတာ လေ့လာတယ်၊ ရှာကြည့်တယ်။
.
.
နောက်ဆုံးမှာ “ ခန်းအကယ်ဒမီ - KHAN Academy ” ကသင်တဲ့အင်္ဂလိပ်စာကို မြန်မာလိုဘာသာပြန်ထားတာတွေကို သူတွေ့တယ်။ ခက်တာက အမေရိကန်တစ်ယောက်ဖြစ်တဲ့ “ ခန်း ” တွေးတာ၊ စဉ်းစားတာတစ်ချို့က မြန်မာဘာသာမှာမရှိဘူးလေ။ ဒါကြောင့် ဘာသာရပ်ဆိုင်ရာစကားလုံးတွေကို မြန်မာမှုစကားလုံးနဲ့ဖလှယ်ရာမှာ မချောမမွေ့ဖြစ်တာကို သူတွေ့ရှိလာတယ်။ ဒီကွက်လပ်ကိုဖြည့်ရမယ်ဆိုတာ သူတွေ့ရှိလာတယ်။
.
ဒါကြောင့် အွန်လိုင်းကနေ မြန်မာကျောင်းသားတွေကို မြန်မာလိုသင်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ YouTube Video Lecture တွေကြည့်ပြီး အခန့်သားလိုက်နာသင်ယူရုံနဲ့ ကျွန်တော်တို့အားလုံးထဲက ဘယ်သူမဆို Computer Network Engineer တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရရှိလာပြီဖြစ်တယ်။
.
.

.
.
စာသင်ကျောင်းသားဖက်မှာ ပင်ကိုယ်ရှိရမယ့်အချက်အနည်းငယ်ကို ပြောပြလိုပါတယ်။ သင်ယူဖို့ ( ဗွီဒီယိုကြည့်ဖို့ ) အင်တာနက်အထောက်အပံ့ရှိတဲ့ ကွန်ပျူတာ / တက်ဘလက် / လက်ကိုင်ဖုန်း တစ်ခုခုရှိရပါမယ်။ အနည်းဆုံး ကွန်ပျူတာအခြေခံရှိရမယ်။ မဖြစ်မနေကတော့ “ တတ်အောင်သင်ယူမယ်ဆိုတဲ့ ဦးနှောက် ”  ပါလာရလိမ့်မယ်။ ဒါဆို အချိန်တစ်ခုအတွင်းမှာ မိမိဘာသာလုပ်စားနိုင်တဲ့ Network Engineer တစ်ယောက်ဖြစ်ဖို့အခွင့်အရေးက လက်တစ်ကမ်းမှာရောက်နေပါပြီ။
.
.
ဟုတ်ပါတယ် .. အထက်မှာ ခင်းကျင်းပြောပြခဲ့သလို YouTube ပေါ်မှာ Computer Network Engineering ကို မြန်မာစကားပြောနဲ့သင်မယ့် မြန်မာ Educator ဆိုရင် ကိုစိုင်းလင်းသူဟာ ပထမဦးဆုံးပါ။ အခုလက်ရှိတော့ Networking စာသင် ဗွီဒီယိုပေါင်း ( ၈ဝ ) ခန့်ရှိပြီး အပိုင်းလိုက်ခွဲခြားတင်ပြလွှတ်တင်ထားတာတွေရှိနေပါပြီ။
.
ဒီစာကိုဖတ်မိသူဟာ ကွန်ပျူတာအခြေခံရှိမယ်၊ Networking ဘာသာရပ်ကိုလည်း ဝါသနာပါမယ်ဆိုရင် သူ့ရဲ့ စာသင်ဗွီဒီယိုတွေကို အနီးကပ် နဲ့ လက်တွေ့လေ့လာပြီး ဆရာဖြစ်တဲ့အထိ သင်ယူသွားနိုင်ပါတယ်။ ဒီ့အတွက် သူဟာ နောက်ပိုင်းမှာ ဆရာဖြစ်သင်တန်း - Train the Trainer Program ကို မိတ်ဆက်လာတယ်။ ကျွန်တော့အနေနဲ့ ပုဂ္ဂိုလ်ရေးကိုရေးသားလိုတာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံက မြန်မာတိုင်းရင်းသားတစ်ယောက်က မြန်မာ့ပညာရေးအကျိုးရှေ့ရှုပြီး ဒီလိုလုပ်နိုင်တာကို ကမ္ဘာကိုကြွားချင်တယ်။
.
သူ့လိုလုပ်နိုင်သူတွေ၊ သူ့လိုမလုပ်နိုင်သူတွေ၊ သူ့ကိုအားကျသူတွေ အားလုံးကို စာမျက်နှာတစ်ခုထဲမှာ ရှိစေချင်တယ်၊ စည်းရုံးစေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ဝိုင်းဝန်းလုပ်ကိုင်ပူးပေါင်းစေချင်တယ်။ ကိုစိုင်းလင်းသူ ကျွန်တော့ကို မကြာခဏပြောတယ် ..
.
.
“ ကိုညီ ရာ .. မြန်မာနိုင်ငံအတွက် အွန်လိုင်းပညာသင်ရေးက အရမ်းကိုအရေးကြီးလာပြီ။ အခုခေတ်မှာ အင်တာနက်ကလည်း လွယ်ကူစွာသုံးနိုင်လာနေပြီ။ မြန်မာနိုင်ငံအတွက် မြန်မာဘာသာနဲ့ သင်ကြားပေးတဲ့ Online Video Training Course တွေ အများကြီးလိုအပ်တယ်။ မြန်မာနိုင်ငံမှာ Network Engineer ဖြစ်ချင်တဲ့လူငယ်တွေကို တစိုက်မတ်မတ် လေ့လာစေချင်တယ် ” ဆိုတာပါပဲ။
.
ကျွန်တော့အဖို့မှာတော့ လူကိုမကြည့်ဘူး - ပညာကိုပဲကြည့့်ပါတယ်။ နိုင်ငံမကြည့်ပါဘူး - စေတနာကိုပဲကြည့်ပါတယ်။ အသက်အရွယ်ကိုမကြည့်ဘူး - အချိန်ကိုပဲကြည့့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မြန်မာလူငယ်တွေနောက်မကျသေးပါဘူး။ အခုမှ စတာပါ။
.
.
မြန်မာနိုင်ငံထဲမှာ ကျောင်းသားတွေ ပညာရေးစံနစ်မြှင့်တင်နေသလို ပြည်ပရောက် ပညာတတ်မြန်မာတွေ ကိုယ့်ကွန်ပျူတာရှေ့မှာ ကိုယ်အလုပ်လုပ်ကြပါ။ ပေးထားတဲ့တာဝန် တစ်နည်းအားဖြင့် ( အနောက်နိုင်ငံကစကားငှားပြောရရင် ) အိမ်စာ - Homework  လုပ်ဖို့လိုပါတယ်။
.
အခုလက်ရှိအခွင့်အရေးအရ စာဖတ်သူဟာ စာသင်ဆရာ - Trainer တစ်ယောက်ဖြစ်နိုင်သလို စာသင်သား - Learner လည်းဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံပညာရေးတိုးတက်ဖို့ “ အသိတစ်ခု နဲ့ အတွေးမှန်သာ ” ရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ကံအကြောင်းမလှစွာ မြန်မာနိုင်ငံကို တစ်ခုခုလုပ်မပေးနိုင်သူလည်း ဖြစ်သွားနို်င်ပါတယ်။
.
အဲဒီထဲက တစ်ခုခုကို ကိုယ်တိုင်မလုပ်နိုင်ရင်တောင်မှ ဆန္ဒရှိသူတွေကို အားပေးစေချင်တယ်။ လုပ်တဲ့သူကတော့ စလုပ်နေပါပြီ။ ကမ္ဘာရဲ့ဘယ်နေရာမှာပဲနေနေ မြန်မာ့ပညာရေး နဲ့ မြန်မာလူငယ်တွေအတွက် ဝိုင်းဝန်းကြိုးစားပေးကြပါလို့ ဒီနေရာကနေ ကိုယ်တတ်တဲ့ကလောင်အားနဲ့တိုက်တွန်းလိုက်ပါတယ်။
.
ခင်မင်ခြင်းများစွာဖြင့်
.
07-11-2015
.
RHC Technologies Facebook: https://www.facebook.com/RhcTechnologies?fref=ts
.
RHC YouTube Channel : https://www.youtube.com/watch?v=9829lsyk5kE
.
( ၂ဝ၁၃ ) ခုနှစ် TechSpace Journal နှင့် အင်တာဗျူး : https://www.facebook.com/techspaceJournal/photos/t.601702071/468996603191973/?type=3&theater

0 comments:

Post a Comment