Tuesday, December 29, 2015
စာကြည့်တိုက်လေးအတွက်ပါ အတန်းသားညီအကိုမောင်နှမများအားလုံးဖတ်ပေးပါနော်
Unicode
ကျွန်တော်တို့ အခန်းရဲ့ စာကြည့်တိုက် (စာအုပ်စင်) လေးကို ဒီနေ့စပြီး အသက်သွင်းနိုင်ခဲ့ပါပြီ။ ဒီစာကြည့်တိုက်လေးလုပ်ဖို့ ကျွန်တော်တို့သူငယ်ချင်းတွေ မနက်အတန်းခဏနားချိန် နေစာလှုံရင်းကနေ အကြံဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့-
ကျွန်တေ်တို့ ဒီစာကြည့်တိုက်လေးမှ တစ်ဆင့် စာတွေဖတ်ကြမယ်။ ပထမဦးဆုံး တစ်ယောက်ချင်းဆီပေါ့။ ကိုဝါသနာပါတာ စိတ်ဝင်စားတာတွေကိုဖတ်မယ်။ ကျွန်တော်တို့ အခန်းမှာ သူ့ Groupနဲ့ သူရှိကြပါတယ်။ Groupဆိုတာကလဲ လူတစ်ယောက်ချင်းဆီ ပါဝင်ဖွဲ့စည်းထားတာမဟုတ်ပါလား။ အဲ့တော့ တစ်ယောက်ချင်းဆီ စိတ်ဝင်စားတာတွေကို မိမိ Group ထဲမှာ ဆွေးနွေးမယ်။ အဲ့ဒီကမှ တစ်ဆင့် အားလုံးလက်ခံလိုက်တဲ့ အကြောင်းရာတစ်ခုကို Groupတွေ များစွာနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော့်တို့ စာသင်ခန်းလေးထည်းမှာ တစ်ခြား Groupတွေနဲ့ ပြန် ဆွေးနွေးမယ်။ Knowledge တွေပြန် Share ကြမယ်။
အဲ့ဒီလို လုပ်ချင်းအားဖြင့် လေ့လာမူ့တွေကို ပိုမိုမြန်ဆန်မယ်လို့ ယူဆမိပါတယ်။ ဘယ်အရာမဆို တစ်ယောက်ထည်းလုပ်နေတာထက်စာရင် အားလုံးဝိုင်းဝန်းလုပ်ကိုင်လိုက်တဲ့ အခါပိုမိုမြန်ဆန်မယ်မဟုတ်လား။ မိမိဘာသာတစ်ယောက်ထည်းဆို လုပ်ဖြစ်ဖို့ စဖို့က နှောင့်နှေးနေနိုင်တယ်လေ။ ကျွန်တော်တို့အားလုံးက ညီအကိုမောင်နှမတွေပဲမဟုတ်လား။ အားလုံးကို တန်းတူသိစေချင်တယ် တက်စေချင်တယ်။ အဲ့လိုဖြစ်စေချင်တာပါ တစ်ကယ်တော့ကျွန်တော်တို့လဲ ဘာမမတက်ပါဘူး။ အာလုံး ညီအကိုမောင်နှမတွေ တန်းတူသိအောင် သိတဲ့သူကမသိတဲ့သူတွေကိုပြောပြရမယ် ရှင်းပြရမယ်။ နားမလည်သူတွေကလဲ မေးရဲရမယ်။ အားလုံးရန်သူတွေမမဟုတ်တာ။ ဟုတ်တယ်မလား။ တစ်ယောက်နဲ့တစ်ယောက်ပြန် share ရမယ်။ တကယ်တော့ ပြန်ပြီး shareတယ်ဆိုတာ မိမိကိုပါပိုတိုးတက်စေတယ်ဗျ။ အကြောင်းရာတစ်ခုခုကို ကိုကတစ်မျိုးသိတာလေ ကျန်တဲ့သူတွေက အခြားတစ်မျိုးသိချင်သိနေမှာ မိမိကိုလဲ ပိိုပိုနားလည်စေတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ဆွေးနွေးရမှာကိုလဲ မရှက်ကြပါနဲ့ မကြောက်ကြပါနဲ့။ နောင်တစ်ချိန်ကျွန်တော်တို့က ဒီအတိုင်းထိုင်နေကြမှာ မဟုတ်ဘူးလေ။ အလုပ်ခွင်တွေဝင်ရမှာ။ ခုကထည်းက အတွေ့ကြုံလေးတွေ လုပ်ထားကြရအောင်ဗျာ နော်။ မိန်းကလေးတွေအနေနဲ့လဲ စိတ်ပါဝင်စားကြပါ။ ခုခေတ်မှာ မိန်းကလေးတွေလဲ ယောကျၤားလေးတွေနဲ့ ရင်ဘောင်တန်းလာကြပြီလေ။ အဲ့လိုမျိုးကောင်းတဲ့နေရာတွေမှာ တန်းတူဖြစ်အောင်ကြိုးစားကြပါ။ ဘာမဟုတ်တဲ့ အရက်သောက် ဖဲရိုက်နေရာတွေမှာ ရင်ဘောင်မတန်းပါနဲ့လား။
အဓိကကတော့ဗျာ အားလုံးတက်တက်ကြွကြွ စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြရအောင်ဗျာ။ အားလုံးတန်းတူတက်ရမယ် တန်းတူတော်ရမယ်။ ဘယ်သူမှ ထူးတော်နေတာမျိုးတွေမလိုချင်ဘူးဗျာ။ ကျွန်တော်တို့အားလုံးက ဉာဏ်ရည်တူလို့ တူတူစာသင်နေရတာလေ။ စိတ်ဝင်စားတာမစားတာနဲ့ကွာသွားတာပါ။ အားလုံးကိုစိတ်ပါဝင်စားစေချင်ပါတယ်။ ကိုဝါသနာပါတဲ့ နယ်ပယ်မှာ ထူးချွန်စေချင်တယ်။ ပြီးတော့ စာအုပ်လေးတွေက ကျွန်တော်တို့အားလုံးပိုင်တဲ့စာအုပ်တွေဖြစ်သွားပါပြီ။ အားလုံးရဲ့ စာအုပ်တွေပါ။ အားလုံး စည်းကမ်းရှိကြရအောင် နော်။ အိမ်မယူသွားစေချင်တာကလဲ အခြားမဟုတ်ပါဘူး မိမိဘာသာလေ့လာမယ်ဆိုရင် မလေ့လာဖြစ်တာကများတယ်လေ အခန်းထည်းမှာဖတ်တော့ ပိုဖတ်ဖြစ်တယ်။ ပြီးတော့ ယူသွားမယ်ဆိုရင် တခြားသူတွေကလဲ ဖတ်ချင်မှာပဲလေ စာအုပ်အရေအတွက်နည်းတဲ့အတွက်ကြောင့်ပါခင်ဗျာ။ အားလုံးမရှက် မကြောက်ကြပါနဲ့ဗျာ။ ရှေ့ထွက်ရတယ် ဆွေးနွေးရတယ် တိုင်ပင်ရတယ် Share လုပ်ကြရင်လဲ မရှက်ကြပါနဲ့ ခင်ဗျာ ရရင်ရတယ် မရရင်မရဘူးပေါ့ ဘာရှက်စရာရှိလဲ ကျွန်တော့်တို့ ညီအကိုမောင်နှမတွေပဲလေ။ ဟုတ်တယ်မလား။ projectတွေလုပ်ရင်လဲ ဟိုအရင်လိုတစ်ယောက်ထည်းကလုပ်ပြီး ကျန်တဲ့သူတွေက ထိုင်နေတာမျိုးတွေ မဖြစ်စေချင်တော့ဘူးဗျာ အားလုံးတူတူလုပ်မယ် ဆွေးနွေးမယ် အကြောင်းရာအားလုံးကိုနားလည်အောင်လုပ်ကြပါလို့ အကြံလေးပေးချင်ပါတယ်။
အားလုံး BE ပါအောင်ကြိုးစားကြမယ်ဗျာ။ အားလုံးဘွဲရပြီး လုပ်ငန်းခွင်တွေမှာ အောင်မြင်အောင်လုပ်ကြမယ်ဗျာ။
တစ်ဦးတစ်ယောက်မတက်ရင် အားလုံးရဲ့တာဝန်ပဲ။ တန်းတူတက်ရမယ်။
ဖုန်းနဲ့စာရိုက်ရတာဆိုတော့ အမှားတွေပါရင် သည်းခံပြီးဖတ်ပေးကြပါခင်ဗျာ.....
0 comments:
Post a Comment