Wednesday, December 30, 2015

Computer နဲ႔ Programming ဆုိတာ.....ဘာလဲ????

Computer နဲ႔ Programming အေၾကာင္း တေစ့တေစာင္း.....

Computer ကို ဘယ္လုိနားလည္ထားသလဲ ဆုိရင္...
သင္တုိင္း လုိက္လုပ္တဲ့..တပည့္ႀကီးလုိ႔နားလည္ထားပါတယ္..
သူက ငတံုးပါ...မခုိင္းရင္ ဘာဆုိ ဘာမွ မလုပ္တတ္ပါဘူး..
အဲ..ေနာက္ၿပီး.. ခိုင္းတာ မွားရင္လည္း တလြဲေတြလုပ္ပါတယ္...
ဘယ္ေလာက္ေတာင္ အပ်င္းႀကိီးသလဲဆုိရင္..ကၽြန္ေတာ္ ႏိႈးမွထားပါတယ္..
အဲ့ေလာက္ အပ်င္းထူတဲ့ ေကာင္ကိုလည္း တေနကုန္ေအာင္ မမွိတ္ မသုန္ ထိုင္ၾကည့္ရပါေသးတယ္..

ဒါတင္ပဲလား မဟုတ္ပါဘူး.... သူက အထူးလူစြမ္းေကာင္း (Super Hero) ဆုိလည္း မမွားျပန္ပါဘူး..
အင္မတန္မွ အားရွိ၊ သြက္လက္ျမန္ဆန္ၿပီး၊ ဦးေႏွာက္မရွိျပန္ပါဘူး.. (ဘယ္ေလာက္မရွိသလဲဆုိ..သူသိတာက zero နဲ႔ one ပဲသိပါတယ္)
အခုေခတ္မွာ Computer လုိ႔ေျပာလုိက္ရင္..ဘယ္သူမွ ႏွစ္ေပ ပတ္လည္ ထုရွိတဲ့ ေသတၱာႀကီးကို ေျပးျမင္မွာ မဟုတ္ပါဘူး..LCD ေတြ Plasma ေတြ Touch Screen ေတြပဲ ျမင္ေတာ့မွာပါ..

သူ႔ကို ေမြးခဲ့တာေတာ့ ေတာ္ေတာ္ၾကာပါၿပီ၊ ေျပာရရင္ေတာ့ ကၽြန္ေတာ့ တုိ႔ အဘိုးထက္ေတာင္ႀကီးပါတယ္..
လြန္ခဲ့တဲ့ ႏွစ္ေပါင္း.. ၁၈၀၀ ဝန္းက်င္ကစၿပီး..သူတုိ႔ ဘိုးေဘ ဘီဘင္ေတြ ဆင္းသက္လာၾကတာပါ..
အခုဆုိရင္..လူတုိင္း ေတာ္ေတာ္မ်ားမ်ား လက္ထဲကို..ေရာက္ေနပါၿပီ။

စာဖတ္သူဟာလည္း...သူတုိ႔ရဲ႕ ေျမးျမစ္ တစ္ေကာင္ေကာင္ကို အခုသံုးၿပီး ဖတ္ေနတာပဲ မဟုတ္ဖူးလား...
Computer ကို ၁၆၂၀ ေလာက္က စတင္ေနၿပီလုိ႔ ေျပာလုိ႔ရပါတယ္..
အရမ္း ရႈပ္မွာစိုးလုိ႔. လူသိမ်ား တဲ့ Punch Card Machine က ပဲ စပါ့မယ္..
သူ႔ကို ၁၈၈၀ မွာ စတင္ တီထြင္ခဲ့ပါတယ္.. Punch Card Machine ဆုိတာ သံျပားကို လုိအပ္သလုိ စနစ္တက် ပံုေဖာ္ေဖါက္ၿပီး Computer နားလည္ေအာင္ ျပရျခင္းျဖစ္ပါတယ္။ (က၊ခ သင္သလုိပါပဲဗ်ာ၊ အင္မတန္ လက္ဝင္တာေပါ့၊ တလံုး တလံုး နားလည္ဖုိ႔)
သူ႔ကို ပထမဦးဆံုး လက္ေတြ႔ စတင္သံုးခဲ့တာကေတာ့ US ရဲ႕ ၁၈၉၀ လူဦးေရစာရင္း ေကာက္ခံ တုန္းကျဖစ္ပါတယ္။ (အဲဒါကို တီထြင္ခဲ့တဲ့ Company ဟာ၊ ေနာက္ပိုင္းမွာ IBM ရယ္လုိ႔ နာမည္ႀကီးလာပါတယ္)
၁၉၃၆ မွာ တြက္ခ်က္မႈ နည္းပညာကို Alan Turing ကစတင္ထည့္သြင္းလာႏုိင္ပါတယ္။
မီးလံုး (Vacuum Tubes) ေတြ အသံုးျပဳၿပီး တြက္ခ်က္တဲ့ Computer ေတြကိုေတာ့ 1950 မွာ တီထြင္လာၿပီး၊
ွSemiconductor ေတြ အသံုးျပဳ တဲ့ Computer ေတြကိုေတာ့ ၁၉၆၀ မွာ ေအာင္ျမင္စြာ တီထြင္လာႏိုင္ပါတယ္.. (ဒီ Secmiconductor နည္းပညာ ရဲ႕ ေက်းဇူးေတြေၾကာင့္၊ ယေန႔ေခတ္ အထိ တျဖည္း ျဖည္း Computer ေတြဟာ ေသးငယ္ ေပါ့ပါးလာၿပီး၊ လွ်ပ္စစ္ဓါတ္အားသံုးမႈပါ ေလွ်ာ့ၾကလာပါတယ္)
၁၉၇၀ မွာ Intel ရဲ႕ Integrated Circuit နည္း ပညာ ေနရာယူလာၿပီး၊ အရွိန္အဟုန္ေကာင္းစြာ နဲ႔ ယေန႔ေခတ္ iPad၊ Notebook အထိ ေတြ႔ျမင္လာရတာပါ

ဟုတ္ပါၿပီ၊ စာဖတ္သူေတာ့ မသိဘူးဗ်ာ၊ ေရးတဲ့လူေတာ့ အဲဒါေတြ ဖတ္ရမွာ ပ်င္းတယ္... (ပ်င္းလုိ႔ အကုန္လံုး ခ်ံဳ႕ထားတာ.. အက်ယ္ဖတ္ခ်င္ရင္ Wiki မွာဖတ္ပါ)
အဲ့ဒီ Computer ေတြဟာ အထက္က ကၽြန္ေတာ္ ေျပာခဲ့သလုိ ဘာဆုိ ဘာမွ နားမလည္ ဘူးဗ်၊ သူနားလည္တာ ႏွစ္လံုးပဲ (Zero နဲ႔ One)

လူၾကံရင္ ဘာခံတာ မွတ္လို႔...လာေလ့..
ႏွစ္လံုးထဲ သိတဲ့ေကာင္ကို ႏွစ္လံုး ထဲပဲ ေျပာမယ္... ဒါေပမယ့္ ဆက္တိုက္ေျပာမယ္....
ဒီလုိ ေျပာမယ္.... 001001001010010101001010011010010101010101010101010  ကၽြန္ေတာ္ နားမလည္ပါဘူး၊ သိခ်င္ရင္ Computer ကိုေမးပါ။
အဲဒီ့လုိ Computer နားလည္ေအာင္ ေျပာတဲ့ Language ကို Programming Language လုိ႔ေခၚပါတယ္။ အခုန ကၽြန္ေတာ္ ေရးလုိက္တဲ့ စာတန္းႀကီးကို Machine Language လုိ႔ေခၚၿပီး၊
ယေန႔ေခတ္ Developer အမ်ားစုေရးတာကိုေတာ့ High Level Language လုိ႔ေခၚပါတယ္.. အဲ သူတုိ႔ ႏွစ္ခုၾကား ဆက္သြယ္ေပးတဲ့ Language ကိုေတာ့ Low Level Language လုိ႔ေခၚပါတယ္ဗ်ာ။
.......................................................................................................................................................................................................................................

ကဲ...မ်က္စိ မေညာင္းေသးဘူးဆုိရင္ ဆက္ၾကရေအာင္၊... Program တဲ့..
အင္း...ကၽြန္ေတာ့ အျမင္အရ ေျပာရရင္ေတာ့...
Computer ဆိုတာ ေယာက္က်္ား ျဖစ္ၿပီး၊ Program ဆိုတာေတာ့ မိန္းမဗ်.
ဘာလုိ႔လဲဆုိ Computer က Program ေျပာသမွ်၊ မွားမွား မွန္မွန္ နားေထာင္ၿပီး အကုန္လုပ္ေပးတယ္..
မိန္းမ ခိုင္းတာေတာ္ရင္ေတာ္ သေလာက္၊ မွန္ရင္ မွန္သေလာက္ Computer ရဲ႕ အလုပ္လုပ္ပံုဟာလည္း မွန္ကန္ေကာင္းမြန္လာပါတယ္..

အဲဒီ့ အမ်ိဳးသမီးကေတာ့ ၁၉၃၀ ေလာက္က စေမြးလာတာပါ..
ရွင္းရွင္းေလးပါ..Computer ကို ခုိင္းဖုိ႔ လုိအပ္လာလုိ႔ေပါ့ဗ်ာ။

လူအမ်ားဆံုး သိၾကတဲ့..Assembly Language Programming ကိုေတာ့ ၁၉၅၀ ေနာက္ပိုင္းမွာ စတင္ အသံုးျပဳလာၾကပါတယ္။ (Assembly ဟာ Low Level Programming Language ပါ)
Low Level Programming Language ေတြရဲ႕ အားသာခ်က္က ျမန္ဆန္ခ်င္းျဖစ္ပါတယ္၊ ျမန္မွာေပါ့..ၾကားခံ မွ မလုိပဲ..။ ဒါေပမယ့္ ေရးတဲ့သူ လက္ေညာင္းပါတယ္.. ပိုၿပီးလည္း ရႈပ္ေထြးပါတယ္..
အမ်ားဆံုး အသံုးျပဳတဲ့ေနရာေတြကေတာ့ Security ပိုင္းနဲ႔ Performance ပိုင္းနဲ႔ သက္ဆုိင္တဲ့ အပိုင္းေတြမွာပါ။
C Programming (C ရဲ႕ အထက္အားလံုးကို High Programming Language လုိ႔ ေခၚေဝၚႏိုင္ပါတယ္) ကိုေတာ့ ၁၉၆၉ မွာ စတင္ၿပီး လူသံုးမ်ားလာပါတယ္။ ေနာက္ပိုင္းမွာ Programing ဘိုးေအႀကီးျဖစ္သြားပါတယ္။ (ဘြားေအ က ပိုမွန္မယ္ထင္တယ္)၊ ဘာလုိ႔လဲဆုိ အားလံုးေသာ ေနာက္ပိုင္း ထြက္ရွိတဲ့ Programming Language အမ်ားစုဟာ C Programming ကို အေျခခံကာ ဆက္လက္ခ်ဲ႕ထြင္လာၾကျခင္းျဖစ္ပါတယ္... (သမီးလွတာ အေမလွလုိ႔ေပါ့.. :D )
C++ ကို ၁၉၈၀
Java ကို ၁၉၉၀ အလယ္ပိုင္း
JavaScript ကို ၁၉၉၅
VB ကို ၁၉၉၈
C# ကို ၂၀၀၁ နဲ႔
PHP ကို ၂၀၀၄
အသီးသီး ေမြးဖြားလာၾကပါတယ္...( Computer ေတြမ်က္ခံုးလႈပ္ၿပီ )

ကၽြန္ေတာ့တုိ႔ လက္ရွိသံုးေနၾကတဲ့ လက္ကိုင္ဖုန္းက စလုိ႔ Laptop၊ Notebook၊ Server ႀကီးေတြ အထိ Computer နဲ႔ Programming လင္မယားစံုတြဲကို ျမင္ၾကရမွာပါ..
လင္နဲ႔မယား လွ်ာနဲ႔သြားဆုိသလုိ...ခုိင္းတဲ့ အလုပ္ေလး အဆင္ေျပေနရင္ အင္မတန္ ေပ်ာ္ေနသေလာက္....ခိုင္းတာေတြ တလြဲလုပ္လုိ႔..စိတ္ဆုိးၿပီး ရန္ျဖစ္ရတဲ့ ေန႔ေတြလည္း ရွိပါတယ္..
ဒါ့ေၾကာင့္ သင္ဟာ Developer တစ္ေယာက္ Programmer တစ္ေယာက္လုပ္ေတာ့မယ္ဆုိရင္..ဒါေတြ ကို ႀကိဳတင္သိထားဖုိ႔ လုိအပ္ပါလိမ့္မယ္..

ကဲ...ကၽြန္ေတာ္ ေျပာတာလည္း နည္းနည္း ေလ ရွည္သြားၿပီဗ်ာ...
အတိုျပန္ခ်ံဳ႕ရရင္..Computer ဆိုတာ အေျခခံ တြက္ခ်က္မႈစနစ္ zero နဲ႔ One ကို သံုးၿပီး တည္ေဆာက္ထားတဲ့ အင္မတန္ေသးငယ္လွတဲ့ Capacity ေတြစုစည္းထားတဲ့ စြမ္းအားျမင့္ ပစၥည္းတစ္ခုျဖစ္တယ္၊
ဒီပစၥည္းကို အသံုးခ်ႏိုင္ဖုိ႔အတြက္ Programming Language တစ္ခုခုကို သံုးၿပီး ခုိင္းေစရတယ္..
အဲဒီေလာက္သိရင္….ေရးေပးရက်ိဳး နပ္ပါတယ္ဗ်ာ…
စာဖတ္သူ.. ရႊင္လန္းခ်မ္းေျမ့ပါေစ…

Mr. Myanmar Developer
Ref:
http://en.wikipedia.org/wiki/Computer
http://en.wikipedia.org/wiki/Visual_Basic
Unicode
Computer နဲ့ Programming ဆိုတာ.....ဘာလဲ????

Computer နဲ့ Programming အကြောင်း တစေ့တစောင်း.....

Computer ကို ဘယ်လိုနားလည်ထားသလဲ ဆိုရင်...
သင်တိုင်း လိုက်လုပ်တဲ့..တပည့်ကြီးလို့နားလည်ထားပါတယ်..
သူက ငတုံးပါ...မခိုင်းရင် ဘာဆို ဘာမှ မလုပ်တတ်ပါဘူး..
အဲ..နောက်ပြီး.. ခိုင်းတာ မှားရင်လည်း တလွဲတွေလုပ်ပါတယ်...
ဘယ်လောက်တောင် အပျင်းကြိီးသလဲဆိုရင်..ကျွန်တော် နှိုးမှထားပါတယ်..
အဲ့လောက် အပျင်းထူတဲ့ ကောင်ကိုလည်း တနေကုန်အောင် မမှိတ် မသုန် ထိုင်ကြည့်ရပါသေးတယ်..

ဒါတင်ပဲလား မဟုတ်ပါဘူး.... သူက အထူးလူစွမ်းကောင်း (Super Hero) ဆိုလည်း မမှားပြန်ပါဘူး..
အင်မတန်မှ အားရှိ၊ သွက်လက်မြန်ဆန်ပြီး၊ ဦးနှောက်မရှိပြန်ပါဘူး.. (ဘယ်လောက်မရှိသလဲဆို..သူသိတာက zero နဲ့ one ပဲသိပါတယ်)
အခုခေတ်မှာ Computer လို့ပြောလိုက်ရင်..ဘယ်သူမှ နှစ်ပေ ပတ်လည် ထုရှိတဲ့ သေတ္တာကြီးကို ပြေးမြင်မှာ မဟုတ်ပါဘူး..LCD တွေ Plasma တွေ Touch Screen တွေပဲ မြင်တော့မှာပါ..

သူ့ကို မွေးခဲ့တာတော့ တော်တော်ကြာပါပြီ၊ ပြောရရင်တော့ ကျွန်တော့ တို့ အဘိုးထက်တောင်ကြီးပါတယ်..
လွန်ခဲ့တဲ့ နှစ်ပေါင်း.. ၁၈၀၀ ဝန်းကျင်ကစပြီး..သူတို့ ဘိုးဘေ ဘီဘင်တွေ ဆင်းသက်လာကြတာပါ..
အခုဆိုရင်..လူတိုင်း တော်တော်များများ လက်ထဲကို..ရောက်နေပါပြီ။

စာဖတ်သူဟာလည်း...သူတို့ရဲ့ မြေးမြစ် တစ်ကောင်ကောင်ကို အခုသုံးပြီး ဖတ်နေတာပဲ မဟုတ်ဖူးလား...
Computer ကို ၁၆၂၀ လောက်က စတင်နေပြီလို့ ပြောလို့ရပါတယ်..
အရမ်း ရှုပ်မှာစိုးလို့. လူသိများ တဲ့ Punch Card Machine က ပဲ စပါ့မယ်..
သူ့ကို ၁၈၈၀ မှာ စတင် တီထွင်ခဲ့ပါတယ်.. Punch Card Machine ဆိုတာ သံပြားကို လိုအပ်သလို စနစ်တကျ ပုံဖော်ဖေါက်ပြီး Computer နားလည်အောင် ပြရခြင်းဖြစ်ပါတယ်။ (က၊ခ သင်သလိုပါပဲဗျာ၊ အင်မတန် လက်ဝင်တာပေါ့၊ တလုံး တလုံး နားလည်ဖို့)
သူ့ကို ပထမဦးဆုံး လက်တွေ့ စတင်သုံးခဲ့တာကတော့ US ရဲ့ ၁၈၉၀ လူဦးရေစာရင်း ကောက်ခံ တုန်းကဖြစ်ပါတယ်။ (အဲဒါကို တီထွင်ခဲ့တဲ့ Company ဟာ၊ နောက်ပိုင်းမှာ IBM ရယ်လို့ နာမည်ကြီးလာပါတယ်)
၁၉၃၆ မှာ တွက်ချက်မှု နည်းပညာကို Alan Turing ကစတင်ထည့်သွင်းလာနိုင်ပါတယ်။
မီးလုံး (Vacuum Tubes) တွေ အသုံးပြုပြီး တွက်ချက်တဲ့ Computer တွေကိုတော့ 1950 မှာ တီထွင်လာပြီး၊
ှSemiconductor တွေ အသုံးပြု တဲ့ Computer တွေကိုတော့ ၁၉၆၀ မှာ အောင်မြင်စွာ တီထွင်လာနိုင်ပါတယ်.. (ဒီ Secmiconductor နည်းပညာ ရဲ့ ကျေးဇူးတွေကြောင့်၊ ယနေ့ခေတ် အထိ တဖြည်း ဖြည်း Computer တွေဟာ သေးငယ် ပေါ့ပါးလာပြီး၊ လျှပ်စစ်ဓါတ်အားသုံးမှုပါ လျှော့ကြလာပါတယ်)
၁၉၇၀ မှာ Intel ရဲ့ Integrated Circuit နည်း ပညာ နေရာယူလာပြီး၊ အရှိန်အဟုန်ကောင်းစွာ နဲ့ ယနေ့ခေတ် iPad၊ Notebook အထိ တွေ့မြင်လာရတာပါ

ဟုတ်ပါပြီ၊ စာဖတ်သူတော့ မသိဘူးဗျာ၊ ရေးတဲ့လူတော့ အဲဒါတွေ ဖတ်ရမှာ ပျင်းတယ်... (ပျင်းလို့ အကုန်လုံး ချုံ့ထားတာ.. အကျယ်ဖတ်ချင်ရင် Wiki မှာဖတ်ပါ)
အဲ့ဒီ Computer တွေဟာ အထက်က ကျွန်တော် ပြောခဲ့သလို ဘာဆို ဘာမှ နားမလည် ဘူးဗျ၊ သူနားလည်တာ နှစ်လုံးပဲ (Zero နဲ့ One)

လူကြံရင် ဘာခံတာ မှတ်လို့...လာလေ့..
နှစ်လုံးထဲ သိတဲ့ကောင်ကို နှစ်လုံး ထဲပဲ ပြောမယ်... ဒါပေမယ့် ဆက်တိုက်ပြောမယ်....
ဒီလို ပြောမယ်.... 001001001010010101001010011010010101010101010101010  ကျွန်တော် နားမလည်ပါဘူး၊ သိချင်ရင် Computer ကိုမေးပါ။
အဲဒီ့လို Computer နားလည်အောင် ပြောတဲ့ Language ကို Programming Language လို့ခေါ်ပါတယ်။ အခုန ကျွန်တော် ရေးလိုက်တဲ့ စာတန်းကြီးကို Machine Language လို့ခေါ်ပြီး၊
ယနေ့ခေတ် Developer အများစုရေးတာကိုတော့ High Level Language လို့ခေါ်ပါတယ်.. အဲ သူတို့ နှစ်ခုကြား ဆက်သွယ်ပေးတဲ့ Language ကိုတော့ Low Level Language လို့ခေါ်ပါတယ်ဗျာ။
.......................................................................................................................................................................................................................................

ကဲ...မျက်စိ မညောင်းသေးဘူးဆိုရင် ဆက်ကြရအောင်၊... Program တဲ့..
အင်း...ကျွန်တော့ အမြင်အရ ပြောရရင်တော့...
Computer ဆိုတာ ယောက်ကျ်ား ဖြစ်ပြီး၊ Program ဆိုတာတော့ မိန်းမဗျ.
ဘာလို့လဲဆို Computer က Program ပြောသမျှ၊ မှားမှား မှန်မှန် နားထောင်ပြီး အကုန်လုပ်ပေးတယ်..
မိန်းမ ခိုင်းတာတော်ရင်တော် သလောက်၊ မှန်ရင် မှန်သလောက် Computer ရဲ့ အလုပ်လုပ်ပုံဟာလည်း မှန်ကန်ကောင်းမွန်လာပါတယ်..

အဲဒီ့ အမျိုးသမီးကတော့ ၁၉၃၀ လောက်က စမွေးလာတာပါ..
ရှင်းရှင်းလေးပါ..Computer ကို ခိုင်းဖို့ လိုအပ်လာလို့ပေါ့ဗျာ။

လူအများဆုံး သိကြတဲ့..Assembly Language Programming ကိုတော့ ၁၉၅၀ နောက်ပိုင်းမှာ စတင် အသုံးပြုလာကြပါတယ်။ (Assembly ဟာ Low Level Programming Language ပါ)
Low Level Programming Language တွေရဲ့ အားသာချက်က မြန်ဆန်ချင်းဖြစ်ပါတယ်၊ မြန်မှာပေါ့..ကြားခံ မှ မလိုပဲ..။ ဒါပေမယ့် ရေးတဲ့သူ လက်ညောင်းပါတယ်.. ပိုပြီးလည်း ရှုပ်ထွေးပါတယ်..
အများဆုံး အသုံးပြုတဲ့နေရာတွေကတော့ Security ပိုင်းနဲ့ Performance ပိုင်းနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေမှာပါ။
C Programming (C ရဲ့ အထက်အားလုံးကို High Programming Language လို့ ခေါ်ဝေါ်နိုင်ပါတယ်) ကိုတော့ ၁၉၆၉ မှာ စတင်ပြီး လူသုံးများလာပါတယ်။ နောက်ပိုင်းမှာ Programing ဘိုးအေကြီးဖြစ်သွားပါတယ်။ (ဘွားအေ က ပိုမှန်မယ်ထင်တယ်)၊ ဘာလို့လဲဆို အားလုံးသော နောက်ပိုင်း ထွက်ရှိတဲ့ Programming Language အများစုဟာ C Programming ကို အခြေခံကာ ဆက်လက်ချဲ့ထွင်လာကြခြင်းဖြစ်ပါတယ်... (သမီးလှတာ အမေလှလို့ပေါ့.. :D )
C++ ကို ၁၉၈၀
Java ကို ၁၉၉၀ အလယ်ပိုင်း
JavaScript ကို ၁၉၉၅
VB ကို ၁၉၉၈
C# ကို ၂၀၀၁ နဲ့
PHP ကို ၂၀၀၄
အသီးသီး မွေးဖွားလာကြပါတယ်...( Computer တွေမျက်ခုံးလှုပ်ပြီ )

ကျွန်တော့တို့ လက်ရှိသုံးနေကြတဲ့ လက်ကိုင်ဖုန်းက စလို့ Laptop၊ Notebook၊ Server ကြီးတွေ အထိ Computer နဲ့ Programming လင်မယားစုံတွဲကို မြင်ကြရမှာပါ..
လင်နဲ့မယား လျှာနဲ့သွားဆိုသလို...ခိုင်းတဲ့ အလုပ်လေး အဆင်ပြေနေရင် အင်မတန် ပျော်နေသလောက်....ခိုင်းတာတွေ တလွဲလုပ်လို့..စိတ်ဆိုးပြီး ရန်ဖြစ်ရတဲ့ နေ့တွေလည်း ရှိပါတယ်..
ဒါ့ကြောင့် သင်ဟာ Developer တစ်ယောက် Programmer တစ်ယောက်လုပ်တော့မယ်ဆိုရင်..ဒါတွေ ကို ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်..

ကဲ...ကျွန်တော် ပြောတာလည်း နည်းနည်း လေ ရှည်သွားပြီဗျာ...
အတိုပြန်ချုံ့ရရင်..Computer ဆိုတာ အခြေခံ တွက်ချက်မှုစနစ် zero နဲ့ One ကို သုံးပြီး တည်ဆောက်ထားတဲ့ အင်မတန်သေးငယ်လှတဲ့ Capacity တွေစုစည်းထားတဲ့ စွမ်းအားမြင့် ပစ္စည်းတစ်ခုဖြစ်တယ်၊
ဒီပစ္စည်းကို အသုံးချနိုင်ဖို့အတွက် Programming Language တစ်ခုခုကို သုံးပြီး ခိုင်းစေရတယ်..
အဲဒီလောက်သိရင်….ရေးပေးရကျိုး နပ်ပါတယ်ဗျာ…
စာဖတ်သူ.. ရွှင်လန်းချမ်းမြေ့ပါစေ…

Mr. Myanmar Developer
Ref:
http://en.wikipedia.org/wiki/Computer
http://en.wikipedia.org/wiki/Visual_Basic

0 comments:

Post a Comment