Tuesday, December 29, 2015

ေရတစ္ခြက္၊ ဆား တစ္ဇြန္း ႏွင္ ေရကန္

လူငယ္ေလး တစ္ေယာက္ဟာ အင္မတန္ စိတ္ညစ္ေၾကာင္္း၊ ဘဝမွာ လူျဖစ္ရတာ မေကာင္းေၾကာင္း အစရွိသျဖင့္ ျငီးတြားျပီးေတာ့ သူ႔ရဲ႕ ဆရာထံ တိုင္ပင္ပါတယ္။ ဒါနဲ႔ ဆရာဟာ သူ႔ကို လက္ေတြ႔ ဥပမာ တစ္ခုနဲ႔ ႏွိုင္းယွဥ္ ျပသ ပါတယ္။

ေရွ႕မွာပဲ ဖန္ခြက္ တစ္ခြက္ထဲကို ေရထည့္ျပီး ဆားတစ္ဇြန္း ထည့္လိုက္ ပါတယ္။ ျပီးေတာ့ ေသာက္ၾကည့္ခိုင္းတဲ့အခါ တစ္ငံုသာ ေသာက္ရေသးျပီး အင္မတန္ငံေၾကာင္း ဆုိပါတယ္။ ဒါနဲ႔ ေရကန္ တစ္ခုဆီ ေခၚသြားပါတယ္။ ေရကန္ ထဲမွာ ဆား တစ္ဗူးစာ အကုန္ ထည့္လိိုက္ပါတယ္။ ျပီးေတာ့ ေသာက္ခိုင္းၾကည့္တဲ့အခါ ေရမွာ ငံတဲ့ အရသာ မပါဝင္ေၾကာင္း ဆုိပါတယ္။ ဒီေတာ့ ဆရာ ျဖစ္သူက ဆုိပါတယ္။

"ဖန္ခြက္လို မျဖစ္ေစနဲ႔။ ေရကန္လို ျဖစ္ေအာင္ေန"

သင္ခန္းစာ -
ဘဝမွာ ၾကံဳေတြ႔ရတဲ့ အခက္အခဲေတြ ဆုိဆုိတာ ဇြန္းထဲက ဆားလိုပါပဲ။ ဒီအတြက္ ထည့္ျပီး ေဖ်ာ္မယ့္ ဖန္ခြက္က မိမိရဲ႕ ေလာဘ၊ ေဒါသ၊ ေမာဟ ျဖစ္ပါတယ္။ တစ္ခုလို လိုခ်င္တိုင္းသာ ေလာဘ တက္ေနမယ္။ ဒုကၡေရာက္တိုင္းသာ ေဒါသ ထြက္ စိတ္ညစ္ေနမယ္။ မသိတဲ့ ေမာဟေတြ ဆက္လက္ဖုန္းေနမယ္ ဆုိရင္ ယင္း မေကာင္းစိတ္မ်ား မ်ားရင္ မ်ားသေလာက္ ခံစားရတဲ့ ဒုကၡမ်ားက ၾကီးပါလိမ့္မယ္။ အကယ္၍ ယင္း ေလာကဓံ တရားေတြကို ခံစား သိျမင္ နားလည္ႏုိင္ျပီး ေလာဘနည္း၊ ေဒါသနည္း၊ ေမာဟ ပါးေအာင္ ၾကိဳးစား ထားႏိုင္ရင္ ျပႆနာဆုိတာ အခိုက္အတန္႔ေလးပါပဲ။

ဖန္ခြက္မ်ား အတြက္သာ ငံေကာင္း ငံေနပါလိမ့္မယ္။ ေရကန္ အတြက္ ကေတာ့ ေရက ေရပါပဲ။
.
Ref: academictips
ေအာင္ခမ္း (ရိုးရာေလး)
www.yoyarlay.com

#aungkham_yyl
#article_yyl

(unicode version)
ရေတစ်ခွက်၊ ဆား တစ်ဇွန်း နှင် ရေကန်

လူငယ်လေး တစ်ယောက်ဟာ အင်မတန် စိတ်ညစ်ကြောင််း၊ ဘဝမှာ လူဖြစ်ရတာ မကောင်းကြောင်း အစရှိသဖြင့် ငြီးတွားပြီးတော့ သူ့ရဲ့ ဆရာထံ တိုင်ပင်ပါတယ်။ ဒါနဲ့ ဆရာဟာ သူ့ကို လက်တွေ့ ဥပမာ တစ်ခုနဲ့ နှိုင်းယှဉ် ပြသ ပါတယ်။

ရှေ့မှာပဲ ဖန်ခွက် တစ်ခွက်ထဲကို ရေထည့်ပြီး ဆားတစ်ဇွန်း ထည့်လိုက် ပါတယ်။ ပြီးတော့ သောက်ကြည့်ခိုင်းတဲ့အခါ တစ်ငုံသာ သောက်ရသေးပြီး အင်မတန်ငံကြောင်း ဆိုပါတယ်။ ဒါနဲ့ ရေကန် တစ်ခုဆီ ခေါ်သွားပါတယ်။ ရေကန် ထဲမှာ ဆား တစ်ဗူးစာ အကုန် ထည့်လိိုက်ပါတယ်။ ပြီးတော့ သောက်ခိုင်းကြည့်တဲ့အခါ ရေမှာ ငံတဲ့ အရသာ မပါဝင်ကြောင်း ဆိုပါတယ်။ ဒီတော့ ဆရာ ဖြစ်သူက ဆိုပါတယ်။

"ဖန်ခွက်လို မဖြစ်စေနဲ့။ ရေကန်လို ဖြစ်အောင်နေ"

သင်ခန်းစာ -
ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဆိုဆိုတာ ဇွန်းထဲက ဆားလိုပါပဲ။ ဒီအတွက် ထည့်ပြီး ဖျော်မယ့် ဖန်ခွက်က မိမိရဲ့ လောဘ၊ ဒေါသ၊ မောဟ ဖြစ်ပါတယ်။ တစ်ခုလို လိုချင်တိုင်းသာ လောဘ တက်နေမယ်။ ဒုက္ခရောက်တိုင်းသာ ဒေါသ ထွက် စိတ်ညစ်နေမယ်။ မသိတဲ့ မောဟတွေ ဆက်လက်ဖုန်းနေမယ် ဆိုရင် ယင်း မကောင်းစိတ်များ များရင် များသလောက် ခံစားရတဲ့ ဒုက္ခများက ကြီးပါလိမ့်မယ်။ အကယ်၍ ယင်း လောကဓံ တရားတွေကို ခံစား သိမြင် နားလည်နိုင်ပြီး လောဘနည်း၊ ဒေါသနည်း၊ မောဟ ပါးအောင် ကြိုးစား ထားနိုင်ရင် ပြဿနာဆိုတာ အခိုက်အတန့်လေးပါပဲ။

ဖန်ခွက်များ အတွက်သာ ငံကောင်း ငံနေပါလိမ့်မယ်။ ရေကန် အတွက် ကတော့ ရေက ရေပါပဲ။
.
Ref: academictips
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment