Wednesday, December 30, 2015

ဘာျဖစ္လို႔ ေက်ာင္းတက္ရတာလဲ

"ေဖေဖ... သား ဘာျဖစ္လို႔ ေက်ာင္းတက္ရတာလဲ"
ေက်ာင္းအပ္ၿပီး သိပ္မၾကာေသးတဲ့သားက ဖခင္ကို ဒီလိုေမးခြန္းထုတ္တယ္။

"သား သိရဲ႕လား... ၁ႏွစ္သက္တမ္းပဲ႐ွိတဲ့ သစ္ပင္ေလးဟာ ၿခံစည္း႐ိုးကာ၊ ထင္းစိုက္ဖို႔ပဲ
အသံုးဝင္တယ္။ ၁ဝႏွစ္သက္တမ္း႐ွိတဲ့သစ္ပင္ကိုေတာ့ တန္းလုပ္လို႔ရတယ္။ အႏွစ္ ၂ဝ
သက္တမ္း႐ွိတဲ့ သစ္ပင္ကိုေတာ့ ထုပ္လုပ္လို႔ရတယ္၊ တိုင္လုပ္လို႔ရတယ္၊ အိမ္ေထာင္ ပရိေဘာဂလုပ္လို႔ရတယ္.."
"တကယ္လို႔ ကေလးတစ္ေယာက္ဟာ ေက်ာင္းမတက္ခဲ့ရင္ အသက္၇ႏွစ္ေလာက္ေရာက္
တာနဲ႔ သူဟာ ႏြားေက်ာင္းႏိုင္တယ္။ အဲဒီထက္ နည္းနည္းႀကီးလာၿပီဆိုရင္ ႏြားတစ္အုပ္
ကိုေက်ာင္းႏိုင္တယ္။ ဒါေပမယ့္ ႏြားေက်ာင္းတာကလဲြၿပီး သူတျခားဘာမွ မလုပ္တတ္ဘူး"

"တကယ္လို႔ မူလတန္းအထိ သူတက္ခဲ့ဖူးရင္ စိုက္ပ်ဳိးနည္းအသစ္နဲ႔ လယ္ထဲမွာ သူ
လုပ္ကိုင္ စားေသာက္လို႔ရတယ္။ ၿမိဳ႕ေပၚမွာ ပန္းရံလုပ္လို႔ရတယ္။ ၿခံေစာင့္လုပ္လို႔
ရတယ္။ လမ္းေဘးေစ်းသည္လုပ္လို႔ရတယ္။ ဒါေတြက မူလတန္းပညာနဲ႔ လံုေလာက္
တယ္"
"တကယ္လို႔ အလယ္တန္းအထိ သူတက္ခဲ့ဖူးရင္ စက္ပစၥည္းအသံုးျပဳပံုေတြကို
သူေလ့လာသင္ယူလို႔ရတယ္"
"တကယ္လို႔ အထက္တန္းအထိ သူတက္ခဲ့ဖူးရင္ စက္ပစၥည္းျပဳျပင္တာေတြကို
သူေလ့လာသင္ယူလို႔ရတယ္"
"တကယ္လို႔ တကၠသိုလ္အထိ သူတက္ခဲ့ဖူးရင္ တိုက္တာႀကီးေတြကို သူေဆာက္လုပ္ႏိုင္
တယ္၊ လမ္း၊ တံတား၊ သံလမ္းေတြကို သူေရးဆဲြေဆာက္လုပ္ႏိုင္တယ္"
"တကယ္လို႔ ဒီထက္ပိုၿပီး ဘဲြ႔လြန္ေတြ သူတက္ခဲ့ဖူးရင္ ေဖေဖတို႔မွာ နဂိုမ႐ွိတဲ့အရာေတြ
ကို သူတီထြင္ႏိုင္မယ္.. သား သေဘာေပါက္တယ္ေနာ္"
"သေဘာေပါက္ပါၿပီ ေဖေဖ"
"ႏြားေက်ာင္းသား၊ လယ္သမား၊ ၿခံေစာင့္လုပ္ရတာ မ်က္ႏွာငယ္သလား မငယ္ဘူးလား"
"ငယ္ပါတယ္ ေဖေဖ"
"မ်က္ႏွာမငယ္ဘူး သား.... သူတို႔က မခိုးမဝွက္ဘူး၊ ႐ိုး႐ိုးသားသား ပိုက္ဆံ႐ွာၿပီး
ကိုယ့္သားသမီး၊ ကိုယ့္မိဘေတြကို ေကၽြးေမြးေနသူေတြပါ။ ဒါေၾကာင့္ လံုးဝ မ်က္ႏွာ
မငယ္ပါဘူး။ ေက်ာင္းတက္ဖူး၊ ေက်ာင္းခဏပဲေနဖူးတိုင္း အသံုးမက်တာ မဟုတ္ဘူး။
သစ္ပင္ေလးလိုေပါ့.. တစ္ႏွစ္သားမွာလည္း အသံုးဝင္တယ္။ ဒါေပမယ့္ သိပ္မ်ားမ်ား
စားစား အသံုးမဝင္ဘူး။ စာဖတ္နည္းတာနဲ႔ စာလံုးဝမဖတ္တဲ့လူေတြကလည္း အသံုး
ဝင္ပါတယ္။ ဒါေပမယ့္ လူထုကိုအက်ဳိးျပဳပံုျခင္း၊ ကုညီေထာက္ပံ့ပံုျခင္း အနည္းအမ်ား
ကြာသြားတယ္၊

သူတို႔႐ွာေဖြတဲ့ ေငြေၾကးအနည္းအမ်ားကြာသြားတယ္ေပါ့။ ေက်ာင္းမ်ားမ်ားတက္ရင္
 ေငြမ်ားမ်ားကုန္တယ္၊ အခ်ိန္မ်ားမ်ားကုန္တယ္.. ဒါေပမယ့္ အက်ဳိးျပဳကူညီေထာက္ပံ့မႈ
ႀကီးမားတယ္ေပါ့"
ကေလးေတြနဲ႔ စကားေျပာဆိုခ်ိန္မွာ အတင္းအဓမၼ႐ိုက္သြင္းတာမ်ဳိး၊
ေခ်ာ့ေမာ့ျဖားေယာင္းတာမ်ဳိး မလိုအပ္ပါဘူး။ သူသေဘာေပါက္ နား
လည္ေအာင္ ႐ွင္းျပႏိုင္ဖို႔ပဲလိုပါတယ္။
အဲဒီေနာက္ သူ႔ဘာသာသူ ေ႐ြးခ်ယ္တတ္သြားပါလိမ့္မယ္။

ေရးသားသူ :Nine Nine Sanay @ ႏိုင္းႏိုင္းစေန
Unicode
ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ

"ဖေဖေ... သား ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ"
ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက ဖခင်ကို ဒီလိုမေးခွန်းထုတ်တယ်။

"သား သိရဲ့လား... ၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲ
အသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။ အနှစ် ၂ဝ
သက်တမ်းရှိတဲ့ သစ်ပင်ကိုတော့ ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင် ပရိဘောဂလုပ်လို့ရတယ်.."
"တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင် အသက်၇နှစ်လောက်ရောက်
တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။ အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်
ကိုကျောင်းနိုင်တယ်။ ဒါပေမယ့် နွားကျောင်းတာကလွဲပြီး သူတခြားဘာမှ မလုပ်တတ်ဘူး"

"တကယ်လို့ မူလတန်းအထိ သူတက်ခဲ့ဖူးရင် စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူ
လုပ်ကိုင် စားသောက်လို့ရတယ်။ မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။ ခြံစောင့်လုပ်လို့
ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်
တယ်"
"တကယ်လို့ အလယ်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို
သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ အထက်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို
သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ တက္ကသိုလ်အထိ သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို သူဆောက်လုပ်နိုင်
တယ်၊ လမ်း၊ တံတား၊ သံလမ်းတွေကို သူရေးဆွဲဆောက်လုပ်နိုင်တယ်"
"တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ နဂိုမရှိတဲ့အရာတွေ
ကို သူတီထွင်နိုင်မယ်.. သား သဘောပေါက်တယ်နော်"
"သဘောပေါက်ပါပြီ ဖေဖေ"
"နွားကျောင်းသား၊ လယ်သမား၊ ခြံစောင့်လုပ်ရတာ မျက်နှာငယ်သလား မငယ်ဘူးလား"
"ငယ်ပါတယ် ဖေဖေ"
"မျက်နှာမငယ်ဘူး သား.... သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား ပိုက်ဆံရှာပြီး
ကိုယ့်သားသမီး၊ ကိုယ့်မိဘတွေကို ကျေွးမွေးနေသူတွေပါ။ ဒါကြောင့် လုံးဝ မျက်နှာ
မငယ်ပါဘူး။ ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။
သစ်ပင်လေးလိုပေါ့.. တစ်နှစ်သားမှာလည်း အသုံးဝင်တယ်။ ဒါပေမယ့် သိပ်များများ
စားစား အသုံးမဝင်ဘူး။ စာဖတ်နည်းတာနဲ့ စာလုံးဝမဖတ်တဲ့လူတွေကလည်း အသုံး
ဝင်ပါတယ်။ ဒါပေမယ့် လူထုကိုအကျိုးပြုပုံခြင်း၊ ကုညီထောက်ပံ့ပုံခြင်း အနည်းအများ
ကွာသွားတယ်၊

သူတို့ရှာဖွေတဲ့ ငွေကြေးအနည်းအများကွာသွားတယ်ပေါ့။ ကျောင်းများများတက်ရင်
 ငွေများများကုန်တယ်၊ အချိန်များများကုန်တယ်.. ဒါပေမယ့် အကျိုးပြုကူညီထောက်ပံ့မှု
ကြီးမားတယ်ပေါ့"
ကလေးတွေနဲ့ စကားပြောဆိုချိန်မှာ အတင်းအဓမ္မရိုက်သွင်းတာမျိုး၊
ချော့မော့ဖြားယောင်းတာမျိုး မလိုအပ်ပါဘူး။ သူသဘောပေါက် နား
လည်အောင် ရှင်းပြနိုင်ဖို့ပဲလိုပါတယ်။
အဲဒီနောက် သူ့ဘာသာသူ ရွေးချယ်တတ်သွားပါလိမ့်မယ်။

ရေးသားသူ :Nine Nine Sanay @ နိုင်းနိုင်းစနေ

0 comments:

Post a Comment