Wednesday, December 30, 2015

အခြေခံလေးတွေပါ...

1.Resistor
ရီစစ္စတာဆိုတာ ခုခံတားဆီးတဲ့ လျှပ်တားပစ္စည်းငယ်တစ်မျိုးပါ လျှပ်စစ်ပတ်လမ်းတစ်ခုမှာ ဗို့အားစီးဆင်းရာ လမ်းကြောင်းနဲ့ အချက်ပြလိုင်း(siginal) စီးဆင်းရာ လမ်းကြောင်းတွေမှာ circuit ဖန်တီးသူမှ လိုအပ်သလိုလျှော့ချနိုင်ဖို့ အတွက် အသုံးပြုထားတာပါ အီလက်ထရောနစ် curcit တွေမှာ အသုံးအများဆုံးပစ္စည်းတခုပါ
2.Condenser & Capacitor
3.Diode
4.Transistor
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)
Unicode
အခြေခံလေးတွေပါ...

အီလက်ထရောနစ်ပစ္စည်းတွေမှာသုံးထားတဲ့ အခြခံပစ္စည်း ၅ မျိုးရဲ့ အခြေခံ ပါ...
1.Resistor
ရီစစ္စတာဆိုတာ ခုခံတားဆီးတဲ့ လျှပ်တားပစ္စည်းငယ်တစ်မျိုးပါ လျှပ်စစ်ပတ်လမ်းတစ်ခုမှာ ဗို့အားစီးဆင်းရာ လမ်းကြောင်းနဲ့ အချက်ပြလိုင်း(siginal) စီးဆင်းရာ လမ်းကြောင်းတွေမှာ circuit ဖန်တီးသူမှ လိုအပ်သလိုလျှော့ချနိူင်ဖို့ အတွက် အသုံးပြုထားတာပါ အီလက်ထရောနစ် curcit တွေမှာ အသုံးအများဆုံးပစ္စည်းတခုပါ
2.Condenser & Capacitor
ကွန်ဒင်ဆာဆိုတာ လျှပ်စီးကြောင်း ပမာဏကို သိုလှောင်ထိန်းသိမ်း ပြီး တဖြည်းဖြည်း ပြန်လည်ထုတ်ပေးတဲ့ လျှပ်လှောင်(သို့)လျှပ်သို ပစစ္စည်းငယ်တစ်မျိုးပါ အီလက်ထရောနစ်ပစ္စည်းများမှာ ဗို့အားပေးပိုင်းတွေမှာ လျှပ်စီးကိုသိုလှောင်သိမ်းဆည်းပေးခြင်းနဲ့လိုအပ်သလို ပြန်လည်ထုတ်ပေးခြင်းတွေကို အထူးသဖြင့်ဆောင်ရွက်ပေးပြီး အချက်ပြလှိုင်းတွေကို circuit အစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်း တစ်ခုသို့ ချိတ်ဆက် ပို့ဆောင်ပေးတဲ့ အလုပ်ကိုလုပ်ဆောင်ရာမှာလည်းအသုံးပြုပါတယ်
3.Diode
ဒိုင်အုပ်ဆိုတာ တစ်ပိုင်းလျှပ်ကူးပစစ္စည်းတစ်မျိုးပါ လျှပ်စီးအသွင် ပြောင်းခြင်းကိုလုပ်ဆောင်ပေးတဲ့ အီလက်ထရောနစ်ပစ္စည်း တစ်မျိုးပါ ဘဲ ဒိုင်အုပ်ကို အီလက်ထရောနစ် circuit တွေမှာAC ဗို့အားကို DC ဗို့အား အသွင်ပြောင်းခြင်း တစ်ဖက်ဆီးအဖြစ်အသုံးပြုခြင်းအမှားခံနေရာတွေမှာ အသုံးပြုခြင်းတွေနဲ့ RF Frequency မှ AF Frequency ပြောင်းတဲ့နေရာတွေမှာလည်းအသုံးပြုပါတယ်
4.Transistor
ထရန်စစ္စတာ ဆိုတာ လျှပ်စီး အချက်ပြလှိုင်းတွေကိုချဲ့ထွင်ပေးတဲ့ အီလက်ထရောနစ်ပစစ္စည်းတစ်မျိုးပါ circuit တွေမှာ လျှပ်စီးကြောင်း (siginal) အချက်ပြလှိုင်းအမျိုးမျိုးတွေကို လိုသလို ချဲ့ထွင်ရာမှာ အသုံးပြုကျပါတယ်
5.IC &Integrated circuit
အိုင်စီဆိုတာ သူ့အတွင်းမှာ ထရန်စစ္စတာ အပါအ၀င် အခြားအီလက်ထရောနစ်ပစစ္စည်းပေါင်း များစွာ နဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ပစ္စည်းပါ
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)

0 comments:

Post a Comment