Tuesday, December 29, 2015

အာင္ျမင္ေသာ အိုင္တီ ပေရာ္ဖက္ရွင္နယ္ တစ္ေယာက္ ျဖစ္လာဖို႔ နည္းလမ္းမ်ား by Myanmar ICT

ကၽြမ္းက်င္ၿပီး အရည္အခ်င္းျပည့္၀ေသာ အိုင္တီ ပညာရွင္တစ္ေယာက္အျဖစ္ တက္လွမ္းနိုင္ဖို႔ ပထမဦးဆံုး မွန္ကန္တဲ့ အိုင္တီေခတ္ အလုပ္အကိုင္ အခြင့္အလမ္းေတြအေနနဲ႔ လမ္းေၾကာင္းေတြ ေရြးခ်ယ္ဖို႔ လိုပါတယ္။

အိုင္တီ အလုပ္အကိုင္ေတြအေနနဲ႔ Professional Level, Management Levelနဲ႔ Executive Levelဆိုၿပီး အဆင့္ ၃ ဆင့္ ရွိပါတယ္။ အမ်ားစုကေတာ့ အေျခခံ အဆင့္ျဖစ္တဲ့ Professional Level အဆင့္ အလုပ္ အေတြ႕အႀကံဳ အရည္အခ်င္းနဲ႔ ကၽြမ္းက်င္မႈ လက္မွတ္ေတြ အဆင့္ဆင့္ ရရွိလာၿပီဆိုမွ အထက္ အဆင့္ေတြကို တက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။

Technical Level မွာ
» Programmer/ Software Developer
» Systems Analyst/ Analyst Programmer
» Web Developer/ Multimedia Specialist
» Database Administrator
» Network Technician/ Network Administrator
» Systems Technician/ System Administrator
» Instructor/ Lecture စသျဖင့္ သက္ဆိုင္ရာ ကၽြမ္းက်င္မႈအလိုက္ လုပ္ငန္းတာ၀န္ေတြ ထမ္းေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီလိုပဲ Management Level မွာ ၾကည့္ရင္လည္း

» IS Manager
» IT Manager
» EDP Manager
» Project Manager
» Systems Manager
» Network System Manager
» Training Managerဆိုတဲ့ လုပ္ငန္းရပ္အသီးသီးမွာ တာ၀န္ခံ မန္ေနဂ်ာမ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

Executive Level လို႔ ေခၚတဲ့ အမႈေဆာင္ အရာရွိအဆင့္မ်ားမွာေတာ့

» Vice Persident (IT)
» Vice Persident(Information Service)
» Chief Information Officer-CIO
» Chief Technical Officer-CTO
» Chief Security Officer-CSO
» Technical Director
» IT/IS Director
» IT Project Directorစတဲ့ ရာထူးတာ၀န္ေတြကို ထမ္းေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

အဆင့္ျမင့္ ရာထူးမ်ားျဖစ္တဲ့ စီမံခန္႔ခဲြမႈဆိုင္ရာႏွင့္ အမႈေဆာင္အရာရွိ အဆင့္ရာထူးမ်ားကို မထမ္းေဆာင္မီ Technical အဆင့္မွာ သက္ဆိုင္ရာ ကၽြမ္းက်င္မႈ လမ္းေၾကာင္းတစ္ခုခုကို ေရြးခ်ယ္ၿပီးမွ အဆင့္ျမင့္ရာထူး တာ၀န္မ်ားကို ထမ္းေဆာင္ဖို႔ ႀကိဳးစားၾကရမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ Software Development Line မွာ Junior programmer, Senior Programmer, System
Analyst, Project Manager စသျဖင့္ တစ္ဆင့္ၿပီး တစ္ဆင့္ တက္လွမ္းရမွာ ျဖစ္ပါတယ္။ Network Professional Line အေနနဲ႔ဆိုရင္ Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသျဖင့္ ရာထူး အဆင့္ဆင့္ကို တက္လွမ္းႏုိင္မွာ ျဖစ္ပါတယ္။

ဘယ္ကၽြမ္းက်င္မႈ လမ္းေၾကာင္းကိုပဲ ေရြးခ်ယ္ေရြးခ်ယ္ Industry readyလို႔ ေခၚတဲ့ လုပ္ငန္းခြင္ အသင့္ ၀င္ေရာက္ႏိုင္ဖို႔ကိုေတာ့ ဦးစားေပး စဥ္းစားရမွာ ျဖစ္ၿပီး အလုပ္ အေတြ႕အၾကံဳ ကၽြမ္းက်င္မႈမ်ားအျပင္ အိုင္တီနဲ႔ သက္ဆိုင္တဲ့ အရည္အခ်င္း အသိအမွတ္ျပဳ လက္မွတ္ေတြကို ရရွိႏုိင္ဖို႔ ႀကိဳးစားဖို႔ လိုပါတယ္။ ဒါမွ ႏုိင္ငံတကာ အဖဲြ႕အစည္းေတြ၊ လုပ္ငန္းအဖဲြ႕အစည္းႀကီးေတြမွာ ထိုက္တန္တဲ့ ရာထူးေတြကို ရရွိႏုိင္မွာ ျဖစ္ပါတယ္။

အို္င္တီဆိုင္ရာ အရည္အခ်င္း အသိအမွတ္ျပဳ လက္မွတ္ေတြကေတာ့ သက္ဆိုင္ရာ Level အသီးသီးအလိုက္ မိမိရဲ႕ လိုအပ္ခ်က္အေပၚ မူတည္ၿပီး ရယူ ေလ့လာရမွာ ျဖစ္ပါတယ္။

အထက္ေဖာ္ျပပါ လက္မွတ္ေတြထဲမွာ ဒီပလိုမာနဲ႔ ဒီဂရီ လက္မွတ္ေတြကေတာ့ Academic Oriented ျဖစ္တယ္လို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီလက္မွတ္ေတြ ရဖို႔ ျပည္တြင္းျပည္ပ ပညာေရး အဖဲြ႕အစည္းတစ္ခုခုမွာ အနည္းဆံုး (၁) ႏွစ္ခန္႔ ေလ့လာ
သင္ယူရမွာ ျဖစ္ၿပီး Certificate Levelကေတာ့ ၃ လ ဒါမွမဟုတ္ ၆ လ စသျဖင့္ ေလ့လာသင္ယူရမွာ ျဖစ္ပါတယ္။

အဲဒီအျပင္ Academic Orienrted မျဖစ္တဲ့ အိုင္တီစာေမးပဲြေတြကိုလည္း ေျဖဆိုႏုိင္ပါတယ္။ ဘာေတြလည္းဆိုတာေတာ့ သိၾကမယ္ ထင္ပါတယ္။ မေျပာေတာ့ဘူးေနာ္။

အခုျပည္တြင္းမွာဆိုရင္ National Examေတြျဖစ္တဲ့ MCPAနဲ႔ ITPECေတြကို ေျဖဆိုႏို္င္ပါတယ္။ ႏုိင္ငံတကာ အသိအမွတ္ျပဳ စာေမးပဲြ ေတြအေနနဲ႔ဆိုရင္ On Lineကေန တိုက္႐ိုက္ ေျဖဆိုႏုိင္တဲ့ Microsoft, CISCOနဲ႔ Sun Java Examေတြကိုလည္း အသိအမွတ္ျပဳ စာစစ္ဌာနေတြမွာ ေျဖဆိုႏုိင္ၾကၿပီ ျဖစ္ပါတယ္။ လုပ္ခ လစာ ျမင့္မားတဲ့ အဖဲြ႕အစည္းႀကီးေတြမွာ အိုင္တီ ပညာရွင္အဆင့္နဲ႔
၀င္ေရာက္ လုပ္ကိုင္ဖို႔အတြက္ ဆိုရင္ေတာ့ ခုနေျပာထားတဲ့ အခ်က္ေတြနဲ႔ ကိုက္ညီၿပီး ၿပီးျပည့္စံုမႈ ရွိေနရပါမယ္။

အျခားအေရးႀကီးတဲ့ အခ်က္ေတြကေတာ့…

(1) Membership of Professional Bodies
ကြန္ပ်ဴတာ ပညာရွင္အသင္းကဲ့သို႔ အဖဲြ႕အစည္းေတြမွာ အသင္း၀င္ ေလွ်ာက္ထားျခင္း

(2) Office Procedure/HR Regulations
႐ံုးလုပ္ငန္း အဖဲြ႕အစည္း အသီးသီးရဲ႕ လုပ္ထံုး လုပ္နည္းေတြကို နားလည္ေအာင္ ေလ့လာထားျခင္း

(3) Knowledge of Business
စီးပြားေရးလုပ္ငန္းအသီးသီး၏ သေဘာတရားမ်ားကို နားလည္ေအာင္ ေလ့လာထားျခင္း

(4) Communication Skill
လူမႈဆက္ဆံေရး ေကာင္းမြန္ျခင္းႏွင့္ ဘာသာစကား ကၽြမ္းက်င္စြာ တတ္ေျမာက္ထားျခင္း

(5) Social Networking
မိမိဘ၀ တိုးတက္ရာကို လမ္းညႊန္ေပးႏိုင္မည့္ မိတ္ေဆြ အေပါင္းအသင္းမ်ား ရွာေဖြ ဆက္သြယ္ထားျခင္း

(6) Global Outlook
မိမိေဒသ တစ္ခုတည္း မဟုတ္ဘဲ ႏိုင္ငံတကာ ဗဟုသုတမ်ား သိသင့္သည္မ်ား ႀကိဳတင္ ေလ့လာထားျခင္း

(7) Role Model
မိမိဘ၀ တိုးတက္ရာ တုိးတက္ေၾကာင္းကို ဦးေဆာင္ လမ္းျပေပးႏုိင္မည့္ စံျပဳထိုက္သူ တစ္ဦးဦး သတ္မွတ္ထားျခင္း (ဥပမာ – ဘီဂိတ္လ္၊ အိုဘားမား)

(8) Efforts
ႀကီးမားေသာ ဇဲြ လံု႔လ ၀ိရိယျဖင့္ ႀကိဳးစား အားထုတ္ျခင္း

(9) Ethic
ပညာရွင္ တစ္ေယာက္အျဖစ္ ရပ္တည္ႏုိင္မယ့္ ေကာင္းမြန္ေသာ က်င့္၀တ္သိကၡာမ်ား ရွိျခင္းတို႔ကို ပိုင္ႏိုင္ ရရွိေနမယ္ဆိုရင္ ေအာင္ျမင္တဲ့ အိုင္တီ ပေရာ္ဖက္ရွင္ တစ္ေယာက္ ျဖစ္လာမွာ အမွန္အကန္လို႔ ေျပာၾကားခဲ့သူကေတာ့ MCF ရဲ႕ ၁၀ ႏွစ္ေျမာက္ပဲြမွာ ဦးၿငိမ္းဦး (အတြင္းေရးမွဴး - ျမန္မာႏုိင္ငံ ကြန္ပ်ဴတာပညာရွင္အသင္း)က ေျပာၾကားတာျဖစ္ၿပီး လူသားတိုင္း အိုင္တီပညာရွင္မ်ား ေျဖေစဖို႔ ျပန္လည္
ေကာက္ႏုတ္ တင္ျပရျခင္း ျဖစ္ပါတယ္။

ေနာက္ ကၽြန္မရဲ႕ အျမင္ကေတာ့ ကၽြမ္းက်င္ၿပီး အရည္အခ်င္း ျပည့္၀တဲ့ အိုင္တီပညာရွင္တစ္ဦး ျဖစ္လာႏုိင္ဖို႔က မိမိကိုယ္တိုင္ ႀကိဳးစားအားထုတ္မႈ၊ ေနာက္တစ္ခ်က္က အရည္အခ်င္း အသိအမွတ္ျပဳ လက္မွတ္ေတြ၊ အလုပ္ အေတြ႕အၾကံဳေတြအျပင္
အဓိက တစ္ခ်က္က ေငြေၾကးတတ္ႏိုင္ ေထာက္ပံ့မႈ၊ ေနာက္ အခ်ိန္ေပးႏိုင္မႈ ဒါေတြ ျပည့္စံုေနမွသာ
ပညာရွင္တစ္ေယာက္ ျဖစ္လာႏိုင္မယ္လို႔ ကၽြန္မ ထင္ျမင္မိပါတယ္။

ဒီလိုမ်ဳိး ေဟာေျပာခ်က္ေတြကို ကၽြန္မ သြားေရာက္ နားေထာင္ျဖစ္ခဲ့ေပမယ့္ ခုခ်ိန္ထိ ဘာမွ ျဖစ္မလာေသးတာကို စိတ္မေကာင္း
ျဖစ္မိပါတယ္။ ဒါေတာင္ ေဟာေျပာတဲ့ ပဲြတုိင္း မတက္ေရာက္ႏိုင္တာကိုလည္း အားမလုိ အားမရ ျဖစ္မိပါတယ္။ ေနာက္တစ္ခ်က္က ေဟာေျပာပဲြေတြမွာ ၀င္ေၾကးဆိုတာ မေကာက္ခံတဲ့အတြက္လည္း ကၽြန္မတို႔လို
ေငြေၾကး မျပည့္စံုတဲ့သူေတြအတြက္ ေက်းဇူး အထူး တင္ထိုက္ေၾကာင္း ေျပာပါရေစ
Cerdit မူရင္းေရးသူ
Unicode

အာင်မြင်သော အိုင်တီ ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာဖို့ နည်းလမ်းများ
by Myanmar ICT

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်၀သော အိုင်တီ ပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံး မှန်ကန်တဲ့ အိုင်တီခေတ် အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။

အိုင်တီ အလုပ်အကိုင်တွေအနေနဲ့ Professional Level, Management Levelနဲ့ Executive Levelဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ် အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့် ရရှိလာပြီဆိုမှ အထက် အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Technical Level မှာ
» Programmer/ Software Developer
» Systems Analyst/ Analyst Programmer
» Web Developer/ Multimedia Specialist
» Database Administrator
» Network Technician/ Network Administrator
» Systems Technician/ System Administrator
» Instructor/ Lecture စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာ၀န်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း

» IS Manager
» IT Manager
» EDP Manager
» Project Manager
» Systems Manager
» Network System Manager
» Training Managerဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာ၀န်ခံ မန်နေဂျာများအဖြစ် တာ၀န်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level လို့ ခေါ်တဲ့ အမှုဆောင် အရာရှိအဆင့်များမှာတော့

» Vice Persident (IT)
» Vice Persident(Information Service)
» Chief Information Officer-CIO
» Chief Technical Officer-CTO
» Chief Security Officer-CSO
» Technical Director
» IT/IS Director
» IT Project Directorစတဲ့ ရာထူးတာ၀န်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဆင့်မြင့် ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူး တာ၀န်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System
Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူး အဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry readyလို့ ခေါ်တဲ့ လုပ်ငန်းခွင် အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေး စဉ်းစားရမှာ ဖြစ်ပြီး အလုပ် အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့ သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အို်င်တီဆိုင်ရာ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူ လေ့လာရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီ လက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေ ရဖို့ ပြည်တွင်းပြည်ပ ပညာရေး အဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာ
သင်ယူရမှာ ဖြစ်ပြီး Certificate Levelကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ် ထင်ပါတယ်။ မပြောတော့ဘူးနော်။

အခုပြည်တွင်းမှာဆိုရင် National Examတွေဖြစ်တဲ့ MCPAနဲ့ ITPECတွေကို ဖြေဆိုနို်င်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲ တွေအနေနဲ့ဆိုရင် On Lineကနေ တိုက်ရိုက် ဖြေဆိုနိုင်တဲ့ Microsoft, CISCOနဲ့ Sun Java Examတွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခ လစာ မြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီ ပညာရှင်အဆင့်နဲ့
၀င်ရောက် လုပ်ကိုင်ဖို့အတွက် ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှု ရှိနေရပါမယ်။

အခြားအရေးကြီးတဲ့ အချက်တွေကတော့…

(1) Membership of Professional Bodies
ကွန်ပျူတာ ပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်း၀င် လျှောက်ထားခြင်း

(2) Office Procedure/HR Regulations
ရုံးလုပ်ငန်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ထုံး လုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း

(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း

(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း

(5) Social Networking
မိမိဘ၀ တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေ အပေါင်းအသင်းများ ရှာဖွေ ဆက်သွယ်ထားခြင်း

(6) Global Outlook
မိမိဒေသ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတကာ ဗဟုသုတများ သိသင့်သည်များ ကြိုတင် လေ့လာထားခြင်း

(7) Role Model
မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင် လမ်းပြပေးနိုင်မည့် စံပြုထိုက်သူ တစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)

(8) Efforts
ကြီးမားသော ဇွဲ လုံ့လ ၀ိရိယဖြင့် ကြိုးစား အားထုတ်ခြင်း

(9) Ethic
ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်၀တ်သိက္ခာများ ရှိခြင်းတို့ကို ပိုင်နိုင် ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး (အတွင်းရေးမှူး - မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း)က ပြောကြားတာဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့ ပြန်လည်
ကောက်နုတ် တင်ပြရခြင်း ဖြစ်ပါတယ်။

နောက် ကျွန်မရဲ့ အမြင်ကတော့ ကျွမ်းကျင်ပြီး အရည်အချင်း ပြည့်၀တဲ့ အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေ၊ အလုပ် အတွေ့အကြုံတွေအပြင်
အဓိက တစ်ချက်က ငွေကြေးတတ်နိုင် ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ
ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။

ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက် နားထောင်ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ ဘာမှ ဖြစ်မလာသေးတာကို စိတ်မကောင်း
ဖြစ်မိပါတယ်။ ဒါတောင် ဟောပြောတဲ့ ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလို အားမရ ဖြစ်မိပါတယ်။ နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ၀င်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း ကျွန်မတို့လို
ငွေကြေး မပြည့်စုံတဲ့သူတွေအတွက် ကျေးဇူး အထူး တင်ထိုက်ကြောင်း ပြောပါရစေ

1 comment: