Thursday, December 31, 2015

Xiaomi Phone မ်ား အတုအစစ္ခြဲနည္း

Xiaomi Phone မ်ားတြင္ တရုတ္ႏုိင္ငံက ထုတ္တဲ႔ ပစၥည္းႏွင္႔ ႏိုင္ငံျခားက ထုတ္တဲ႔ ပစၥည္း ဟူ၍ (၂မ်ိဳး)   ျမန္မာႏိုင္ငံ အတြင္းသုိ႔ ၀င္ေရာက္ပါသည္။ တရုတ္ႏုိင္ငံက ထုတ္ေသာ ပစၥည္းတြင္ ဘူးရဲ႕ အေနာက္တြင္
ခဲနဲ႔အုပ္ထားတဲ႔ Security code ပါရွိပါသည္။ (ပုံ ၁တြင္ ၾကည္႔ရန္ )
ျမန္မာႏုိင္ငံကို ၀င္တဲ႔ အလုံးေတြကေတာ႔ အမ်ားစု တရုတ္ႏုိင္ငံႏွင္႔ စင္ကာပူ ႏုိင္ငံတုိ႔ကဘဲ ျဖစ္ပါတယ္…
စင္ကာပူအလုံးတြင္ေတာ႔ Complies with IDA Standards ဆိုတဲ႔ စာသား ပါရွိပါသည္။ (ပုံ ၂တြင္ ၾကည္႔ရန္)

အဲလုိ ပုံစံမ်ိဳးေတြ မပါပါက အတုူဟူ၍လည္း သတ္မွတ္ႏုိင္ပါသည္။ ဒါကေတာ႔ ဘူးကုိ ၾကည္႔ျပီး ေလ႔လာတဲ႔ သေဘာ ျဖစ္ပါသည္။
ခဲနဲ႔အုပ္ထားတဲ႔ Security code ပါရင္ေတာ႔ ခဲကိုျခစ္လုိက္ပါ။ နံပတ္ အလုံး ၂၀ ေတြ႔ရွိရမွာ ျဖစ္ပါတယ္. အဲ႔ဒီနံပတ္ကို ယူျပီးhttp://www.mi.com/verify/ မွာ သြားျပီး စစ္ေဆးေပးပါ။ စစ္လိုက္တဲ႔ အခါမွာ အစစ္ဆိုရင္ ထုတ္လုပ္တဲ႔ Date / ေရာင္းလုိက္တဲ႔ Date ေတြ ပါရွိမွာ ျဖစ္ပါတယ္။
IMEI နံပတ္ႏွင္႔ စစ္နည္း
IMEI နံပတ္ႏွင္႔ စစ္နည္းတြင္ေတာ႔ တရုတ္ အလုံးတြင္ေတာ႔ http://order.mi.com/service/imei အဲ႔ဒီမွာ စစ္ေဆးႏုိင္ပါသည္။ တစ္ျခား Region အလုံးတြင္ေတာ႔ http://www.imei.info/ တြင္ စစ္ေဆးႏုိင္ပါသည္။
စစ္လုိက္တဲ႔ အခါမွာ Xiaomi အမွန္ဆိုရင္ေတာ႔ သူရဲ႕ Info ေတြကို ေဖာ္ျပေပးမွာ ျဖစ္ပါသည္။
Logo ကို ၾကည္႔ျပီး ခြဲျခားနည္း
ပထမဦးဆုံး power စဖြင္႔လို္က္တဲ႔ အခ်ိန္မွာ mi logo တက္လာပါလိမ္႔မည္။ mi logo ကုိ အျဖဳေရာင္နဲ႔ တက္လာျပီး Logo လည္ေနတဲ႔အခ်ိန္မွာ ေအာက္နားမွာ Power by android လုိ႔ ပါရွိေနပါလိမ္႔မည္။ အဲ႔ဒါဆိုရင္ အစစ္လို႔ သတ္မွတ္လို႔ ရပါသည္။ 4G အလုံးမွာဆိုရင္ေတာ႔ mi logo တက္လာျပီး ျပီးခံနီးက်မွ 4G ဆိုျပီး စာသား တက္လာတက္ပါတယ္။ အဲ႔ဒါဆိုရင္လည္း အတုလုိ႔ သတ္မွတ္လို႔ ရပါတယ္။
အတုဆိုရင္ေတာ႔ power စဖြင္႔လိုက္တဲ႔ အခ်ိန္မွာ mi logo အျဖဴေရာင္တက္လာျပီး အ၀ါေရာင္ေလး ေျပာင္းသြားပါလိမ္႔မည္။ ေအာက္နားမွာလည္း android ဆုိတဲ႔ စာသား တစ္ခုတည္း ပါေနပါလိမ္႔မည္။ အဲဒါဆိုရင္ေတာ႔ အတုလို႔ သတ္မွတ္လုိ႔ ရပါတယ္။
Battery အားသြင္းရင္းနဲ႔ ခြဲျခားနည္းမိမိရဲ႕ဖုန္းကုိ power ပိတ္လိုက္ပါ။ ျပီးရင္ အားသြင္းၾကိဳးထုိးလိုက္ပါ။ အားသြင္းၾကိဳးထုိးလုိက္တာနဲ႔ အစစ္ဆိုရင္ေတာ႔ mi logo တက္လာျပီးမွ အားသြင္းတဲ႔ ပုံစံ ျပေနပါလိမ္႔မည္။
အတုဆိုရင္ေတာ႔ power ပိတ္ျပီး အားသြင္းလုိက္တာနဲ႔ mi logo မတက္လာဘဲ အားသြင္းတဲ႔ ပုံစံဘဲ ျပေနပါလိမ္႔မည္။

Hardware Test code နဲ႔စစ္နည္း

ဖုန္းေခၚတဲ႔ ေနရာကေနျပီးေတာ႔ *#*#64663#*#* ဆုိျပီး ႏွိပ္လိုက္တဲ႔ Hardware test စစ္တဲ႔ code ေတြ ေပၚလာပါလိမ္႔မည္။ ဘာမွမေပၚလာပါကလည္း အတုလို႔ သတ္မွတ္ႏိုင္ပါသည္။ China အလုံးမွာဆုိရင္ေတာ႔ China စာေတြ ေပၚလာပါလိမ္႔မည္။ စင္ကာပူအလုံးမွာ ဆိုရင္ေတာ႔ အဂၤလိပ္လို ေပၚေနပါလိမ္႔မည္။ Touch နဲ႔ စစ္မယ္ဆုိရင္ေတာ႔ တရုတ္အလုံးဆိုရင္ေတာ႔ နံပတ္ ၁၄ကို သြားျပီး စစ္ေဆးႏုိင္ပါသည္။ စင္ကာပူအလုံးမွာ ဆိုရင္ေတာ႔ နံပတ္ ၁၂ ကိုသြားေပးပါ။ အစစ္ဆုိရင္ေတာ႔ လက္ ၁၀ေခ်ာင္း တင္လိုက္ပါ။ အလုပ္လုပ္ေနတာကို ေတြ႔ရပါလိမ္႔မည္။ ၁၁ေခ်ာင္းေတာ႔ မရပါဘူး။ အတုမွာေတာ႔ လက္၁၀ ေခ်ာင္း တင္လည္း ရမွာ မဟုတ္ပါဘူး။
AnTuTu Benchmark apk နဲ႔စစ္နည္း
Antutu apk ထဲကို မိမိရဲ႕ဖုန္းထဲကို install လုပ္ေပးလိုက္ပါ။ ျပီးရင္ အဲ႔ဒီ apk ကုိ ဖြင္႔လိုက္ပါ။ ျပီးရင္ Info ထဲကို ၀င္လိုက္ပါ။ အဲ႔ဒီမွာ မိမိရဲ႕ information ေတြ ေဖာ္ျပေပးပါလိိမ္႔မည္။ လက္ ၁၀ေခ်ာင္း touch နဲ႔ စစ္ခ်င္ရင္ေတာ႔ Info ထဲက Multi-touch ထဲကို ၀င္လုိက္ပါ။ အစစ္ဆိုရင္ လက္ ၁၀ေခ်ာင္း စလုံး တင္လုိ႔ရမွာ ျဖစ္ပါတယ္။ အတုဆုိရင္ေတာ႔ လက္ ၁၀ေခ်ာင္းစလုံး တင္လို႔မရပါဘူးခင္ဗ်ာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ႔ စစ္နည္း
ဒီနည္းကေတာ႔ လုိင္းေတာ္ေတာ္ေလး ေကာင္းမွ အဆင္ေျပပါလိမ္႔မည္။ https://jd.mi.com/ အဲ website ကေနျပီးေတာ႔ application ကို အရင္ေဒါင္းျပီး Xiaomi Phone မွာ install လုပ္ေပးလုိက္ပါ။ ျပသြားျပီ ဆိုရင္ မိမိရဲ႕ဖုန္းမွာေရာ ကြန္ျပဳတာမွာေရာ အင္တာနက္ ဖြင္႔ထားေပးပါ။ ျပီးရင္ apk ကိုဖြင္႔လိုက္ပါ။ scan code နဲ႔ ႏွိပ္လိုက္ပါ ျပီးသြားရင္ https://jd.mi.com/ အဲ႔ website ကို သြားျပီး scan ဖတ္ေပးလုိက္ပါ။ အစစ္ဆိုရင္ေတာ႔ မိမိဖုန္းရဲ႕ information ေတြ ေပၚလာပါလိမ္႔မည္။

Mode နဲ႔ ခြဲျခားနည္း
အစစ္မွာဆုိရင္ေတာ႔ fastboot mode ပါရွိပါသည္။ fastboot mode ၀င္နည္းကေတာ႔ Vol Down + Power ျဖစ္ပါသည္။ power ပိတ္ျပီး Vol Down + Power ကုိ ႏွိပ္လိုက္တာနဲ႔ fastboot mode ဆိုျပီး mode ၀င္သြားရင္ေတာ႔ အစစ္ဆုိျပီး သတ္မွတ္ႏုိင္ပါတယ္.. ဒါေပမဲ႔လည္း ေနာက္ထြက္တဲ႔ အတုေတြမွာ fastboot mode ပါရွိတာကိုလည္း ေတြ႔ရျပန္ပါေသးပါတယ္။

ဒီနည္းေတြထဲက တစ္ခုမဟုတ္ တစ္ခု စမ္းသပ္ၾကည့္နုိင္ပါတယ္။
ဤ နည္းအတြက္ ကုိေအာင္မင္းဟန္ (easy one mobile ၊ အမွတ္ ၁၆၃ ၊ လသာလမ္း ၊ လသာျမိဳ႕နယ္ ၊ ရန္ကုန္ျမိဳ႕။ 01250941) မွ ကူညီ ပံ႔ပိုးေပးထားပါတယ္ခင္ဗ်ာ။
Unicode
Xiaomi Phone များ အတုအစစ်ခွဲနည်း

Xiaomi Phone များတွင် တရုတ်နိုင်ငံက ထုတ်တဲ့ ပစ္စည်းနှင့် နိုင်ငံခြားက ထုတ်တဲ့ ပစ္စည်း ဟူ၍ (၂မျိုး)   မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ပါသည်။ တရုတ်နိုင်ငံက ထုတ်သော ပစ္စည်းတွင် ဘူးရဲ့ အနောက်တွင်
ခဲနဲ့အုပ်ထားတဲ့ Security code ပါရှိပါသည်။ (ပုံ ၁တွင် ကြည့်ရန် )
မြန်မာနိုင်ငံကို ၀င်တဲ့ အလုံးတွေကတော့ အများစု တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ကဘဲ ဖြစ်ပါတယ်…
စင်ကာပူအလုံးတွင်တော့ Complies with IDA Standards ဆိုတဲ့ စာသား ပါရှိပါသည်။ (ပုံ ၂တွင် ကြည့်ရန်)

အဲလို ပုံစံမျိုးတွေ မပါပါက အတုူဟူ၍လည်း သတ်မှတ်နိုင်ပါသည်။ ဒါကတော့ ဘူးကို ကြည့်ပြီး လေ့လာတဲ့ သဘော ဖြစ်ပါသည်။
ခဲနဲ့အုပ်ထားတဲ့ Security code ပါရင်တော့ ခဲကိုခြစ်လိုက်ပါ။ နံပတ် အလုံး ၂၀ တွေ့ရှိရမှာ ဖြစ်ပါတယ်. အဲ့ဒီနံပတ်ကို ယူပြီးhttp://www.mi.com/verify/ မှာ သွားပြီး စစ်ဆေးပေးပါ။ စစ်လိုက်တဲ့ အခါမှာ အစစ်ဆိုရင် ထုတ်လုပ်တဲ့ Date / ရောင်းလိုက်တဲ့ Date တွေ ပါရှိမှာ ဖြစ်ပါတယ်။
IMEI နံပတ်နှင့် စစ်နည်း
IMEI နံပတ်နှင့် စစ်နည်းတွင်တော့ တရုတ် အလုံးတွင်တော့ http://order.mi.com/service/imei အဲ့ဒီမှာ စစ်ဆေးနိုင်ပါသည်။ တစ်ခြား Region အလုံးတွင်တော့ http://www.imei.info/ တွင် စစ်ဆေးနိုင်ပါသည်။
စစ်လိုက်တဲ့ အခါမှာ Xiaomi အမှန်ဆိုရင်တော့ သူရဲ့ Info တွေကို ဖော်ပြပေးမှာ ဖြစ်ပါသည်။
Logo ကို ကြည့်ပြီး ခွဲခြားနည်း
ပထမဦးဆုံး power စဖွင့်လို်က်တဲ့ အချိန်မှာ mi logo တက်လာပါလိမ့်မည်။ mi logo ကို အဖြုရောင်နဲ့ တက်လာပြီး Logo လည်နေတဲ့အချိန်မှာ အောက်နားမှာ Power by android လို့ ပါရှိနေပါလိမ့်မည်။ အဲ့ဒါဆိုရင် အစစ်လို့ သတ်မှတ်လို့ ရပါသည်။ 4G အလုံးမှာဆိုရင်တော့ mi logo တက်လာပြီး ပြီးခံနီးကျမှ 4G ဆိုပြီး စာသား တက်လာတက်ပါတယ်။ အဲ့ဒါဆိုရင်လည်း အတုလို့ သတ်မှတ်လို့ ရပါတယ်။
အတုဆိုရင်တော့ power စဖွင့်လိုက်တဲ့ အချိန်မှာ mi logo အဖြူရောင်တက်လာပြီး အဝါရောင်လေး ပြောင်းသွားပါလိမ့်မည်။ အောက်နားမှာလည်း android ဆိုတဲ့ စာသား တစ်ခုတည်း ပါနေပါလိမ့်မည်။ အဲဒါဆိုရင်တော့ အတုလို့ သတ်မှတ်လို့ ရပါတယ်။
Battery အားသွင်းရင်းနဲ့ ခွဲခြားနည်းမိမိရဲ့ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် အားသွင်းကြိုးထိုးလိုက်ပါ။ အားသွင်းကြိုးထိုးလိုက်တာနဲ့ အစစ်ဆိုရင်တော့ mi logo တက်လာပြီးမှ အားသွင်းတဲ့ ပုံစံ ပြနေပါလိမ့်မည်။
အတုဆိုရင်တော့ power ပိတ်ပြီး အားသွင်းလိုက်တာနဲ့ mi logo မတက်လာဘဲ အားသွင်းတဲ့ ပုံစံဘဲ ပြနေပါလိမ့်မည်။

Hardware Test code နဲ့စစ်နည်း

ဖုန်းခေါ်တဲ့ နေရာကနေပြီးတော့ *#*#64663#*#* ဆိုပြီး နှိပ်လိုက်တဲ့ Hardware test စစ်တဲ့ code တွေ ပေါ်လာပါလိမ့်မည်။ ဘာမှမပေါ်လာပါကလည်း အတုလို့ သတ်မှတ်နိုင်ပါသည်။ China အလုံးမှာဆိုရင်တော့ China စာတွေ ပေါ်လာပါလိမ့်မည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ အင်္ဂလိပ်လို ပေါ်နေပါလိမ့်မည်။ Touch နဲ့ စစ်မယ်ဆိုရင်တော့ တရုတ်အလုံးဆိုရင်တော့ နံပတ် ၁၄ကို သွားပြီး စစ်ဆေးနိုင်ပါသည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ နံပတ် ၁၂ ကိုသွားပေးပါ။ အစစ်ဆိုရင်တော့ လက် ၁၀ချောင်း တင်လိုက်ပါ။ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မည်။ ၁၁ချောင်းတော့ မရပါဘူး။ အတုမှာတော့ လက်၁၀ ချောင်း တင်လည်း ရမှာ မဟုတ်ပါဘူး။
AnTuTu Benchmark apk နဲ့စစ်နည်း
Antutu apk ထဲကို မိမိရဲ့ဖုန်းထဲကို install လုပ်ပေးလိုက်ပါ။ ပြီးရင် အဲ့ဒီ apk ကို ဖွင့်လိုက်ပါ။ ပြီးရင် Info ထဲကို ၀င်လိုက်ပါ။ အဲ့ဒီမှာ မိမိရဲ့ information တွေ ဖော်ပြပေးပါလိိမ့်မည်။ လက် ၁၀ချောင်း touch နဲ့ စစ်ချင်ရင်တော့ Info ထဲက Multi-touch ထဲကို ၀င်လိုက်ပါ။ အစစ်ဆိုရင် လက် ၁၀ချောင်း စလုံး တင်လို့ရမှာ ဖြစ်ပါတယ်။ အတုဆိုရင်တော့ လက် ၁၀ချောင်းစလုံး တင်လို့မရပါဘူးခင်ဗျာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ့ စစ်နည်း
ဒီနည်းကတော့ လိုင်းတော်တော်လေး ကောင်းမှ အဆင်ပြေပါလိမ့်မည်။ https://jd.mi.com/ အဲ website ကနေပြီးတော့ application ကို အရင်ဒေါင်းပြီး Xiaomi Phone မှာ install လုပ်ပေးလိုက်ပါ။ ပြသွားပြီ ဆိုရင် မိမိရဲ့ဖုန်းမှာရော ကွန်ပြုတာမှာရော အင်တာနက် ဖွင့်ထားပေးပါ။ ပြီးရင် apk ကိုဖွင့်လိုက်ပါ။ scan code နဲ့ နှိပ်လိုက်ပါ ပြီးသွားရင် https://jd.mi.com/ အဲ့ website ကို သွားပြီး scan ဖတ်ပေးလိုက်ပါ။ အစစ်ဆိုရင်တော့ မိမိဖုန်းရဲ့ information တွေ ပေါ်လာပါလိမ့်မည်။

Mode နဲ့ ခွဲခြားနည်း
အစစ်မှာဆိုရင်တော့ fastboot mode ပါရှိပါသည်။ fastboot mode ၀င်နည်းကတော့ Vol Down + Power ဖြစ်ပါသည်။ power ပိတ်ပြီး Vol Down + Power ကို နှိပ်လိုက်တာနဲ့ fastboot mode ဆိုပြီး mode ၀င်သွားရင်တော့ အစစ်ဆိုပြီး သတ်မှတ်နိုင်ပါတယ်.. ဒါပေမဲ့လည်း နောက်ထွက်တဲ့ အတုတွေမှာ fastboot mode ပါရှိတာကိုလည်း တွေ့ရပြန်ပါသေးပါတယ်။

ဒီနည်းတွေထဲက တစ်ခုမဟုတ် တစ်ခု စမ်းသပ်ကြည့်နိုင်ပါတယ်။
ဤ နည်းအတွက် ကိုအောင်မင်းဟန် (easy one mobile ၊ အမှတ် ၁၆၃ ၊ လသာလမ်း ၊ လသာမြို့နယ် ၊ ရန်ကုန်မြို့။ 01250941) မှ ကူညီ ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။

0 comments:

Post a Comment