Wednesday, December 30, 2015



ဘဲဖြစ်ပါသည် ။








*Telnet ကတော့ remote terminal Protocol အမျိုးအစားဖြစ်ပါသည် ။



Common Protocol Suite

*TCP/IP (all Platform)

*IPX/SPX ( Novel Netware)


*Apple Talk (Mac)

Protocol Port

FTP 21
Telnet 23
DNS 53
SMTP 25
POP3 110
HTTP 80
DHCP 68
SSH 22
Proxy 8080


Unicode
Networking Technologies များကို လေ့လာ ကြည့်ကြပါစို့

ကျွန်တော်တို့ Networking Technologies များကို လေ့လာတဲ့အခါသီအိုရီ ရော၊လက်တွေ့ရော နှစ်ခုလုံး ကျွမ်းကျင် ဖို့ လိုပါသည်။နှစ်ခုစလုံး ကျွမ်းကျင်မှ troubleshootingလုပ်တဲ့အခါ အဆင်ပြေမည် ဖြစ်ပါသည်။
အခု Logical ပဲ ၇ှိတဲ့ Protocols များအကြောင်းကို အခြေခံသဘောပဲ ပြောပြပေးမည်ဖြစ်သည်။ ကျွန်တော် က Network Engineer တစ်ယောက်မဟုတ်တဲ့အတွက် Advanced အထိ မပြောပြနိင်ဘူး ။ networking ကို ဝါသနာပါလို့ ေ၇းလိုက်ခြင်းဖြစ်ပါသည် ။ Protocols ဆိုတာ ဘာလဲ ?အင်တာနက်ပဲသုံးသုံး ၊ နက်၀က် အတွင်း မှ pc to pc ပဲ သုံးသုံး ၊ Online Game ပဲ ဆော့ဆော့ ကျွန်တော်တို့ Protocols က ကြားခံ ComputerLanguage တစ်ခု ပါပဲ ။ Protocols ကို အသုံးပြူပြီး ကွန်ပျူတာ တစ်လုံးက တစ်လုံး၊ နက်၀က် တစ်ခု ကနေ တစ်ခု သို့ ဆက်သွယ်အသုံးပြူရဖြစ်ပါသည် ။ Networking အတွက် Protocols က အခြေခံ အကျ ဆုံး ဖြစ်ပါသည် ။ Protocols တွေက Protocol တစ်ခုချင်းဆီမှ port တစ်ခုတွဲပြီးအလုပ်လုပ်တာ ဖြစ်ပါ သည် ။ Protocol ဆိုတာနဲ့ Port တွေလည်း သိဖို့ လိုအပ်ပါ သည် ။ Port ကလည်း logically ဖြစ်ပြီး CommunicationsEnd Point တစ်ခုဖြစ်ပါသည် ။ Port number သည် 16bit ၇ှိသည်အတွက် 2 to the power 16 (0-65536)အထိ ၇ှိသည်ဟု ယူဆနိင် သည် ။ IANA(Internet Assigned Number Authority ) က သတ်မှတ်ပေ းပါသည် ။ ကဲ အသုံးများသော protocols နဲ့ port တွေ အကြောင်း ကိုလေ့လာကြည့်အောင် ..

*Transport Control Protocol/Internet Protocol(TCP/IP) Protocols ဆိုတာကတော့ internet တစ်ခုလုံးကို ထိန်းချူပ်မောင်းနှင်တဲ့ Protocol
ဘဲဖြစ်ပါသည် ။

*Internet Control Message Protocol(ICMP)ဆိုတာကတော့ Pc တစ်လုံး ကနေတစ်လုံး နက်၀က် မိမမိ စမ်းသပ် ရမှာသုံးတာဖြစ်ပါသည်။

*Address Resolution Protocol(ARP)သူကတော့ IP Address ကနေ MAC address ကို ပြောင်းလဲပေး ပါသည် ။

*Domain Name System(DNS) ဆိုတာကတော့ name to ip ကိုပြောင်းပေးတာပါ ။ ၀က်ဆိုက်တစ်ခု ip တစ်ခု၇ှိ ပါတယ် ။ name နဲ့ခေါ်လို့ရအောင် DNS က လုပ်ဆောင်ပေးတာပါ ခင်ဗျာ ..

*ံHpertext Transport Protocol(HTTP)သူကတော့ ကျွန်တော်တို့ websiteတွေ ကြည့်လို့ရအောင် လုပ်ဆောင်ပေးပါသည် ။

*File Transfer Protocol(FTP)ဆိုတာက fileတွေ ဒေါင်းလုတ်ဆွဲ ဖို့ လုပ်ဆောင်ပေးပါသည်။

*Simple Mail Transfer Protocol(SMTP) သူကတော့ Email ပို့ရာမှ အသုံးပြူပါသည် ။

*POP3(Post Office Protocol)သူကတော့ E-mail လက်ခံ၇မှသုံးပါသည် ။

*Telnet ကတော့ remote terminal Protocol အမျိူးအစားဖြစ်ပါသည် ။

* Dynamic Host Configuration Protocol (DHCP)ဆိုတာက IP address တွေ auto assigned လုပ်ပေးသော Protocol ဖြစ်ပါသည်။

အခုဖော်ပြပါ Protocols များသည် TCP/IP protocol suite နဲ့အတူတကွ အလုပ်လုပ်သော Protocols များ ဖြစ်ပါသည် ။

Common Protocol Suite

*TCP/IP (all Platform)

*IPX/SPX ( Novel Netware)

*NetBIOS/NetBEUI (Microsoft)

*Apple Talk (Mac)

Protocol Port

FTP 21
Telnet 23
DNS 53
SMTP 25
POP3 110
HTTP 80
DHCP 68
SSH 22
Proxy 8080

netstat -an command ဖြင့် Port linstening လုပ်လို့၇ပါသည် ။
အားလုံးအဆင်ပြေကြပါစေ ..

From: မောင်စွယ်စုံကျမ်း

0 comments:

Post a Comment