Tuesday, December 29, 2015

ရုပ္ရွင္ၾကည့္ၿပီး Englishစာတိုးတက္ေအာင္လုပ္နည္း

သင္ English စာေလ့လာေနပါသလား? တစ္ခါတေလ စာအုပ္ေတြခ်ည္းပဲ
ဖတ္ရတာမၿငီးေငြ႔ဘူးလား။ ကြ်န္ေတာ္ကေတာ့ အဲ့လိုၿငီးေငြ႔လာရင္ ရုပ္ရွင္ၾကည့္ပါတယ္။ဒါေပမဲ့အေပ်ာ္သက္သက္ပဲၾကီးတာမဟုတ္ပါဘူး။ Englishစာတိုးတက္ေအာင္ဗဟုသုတ တစ္ခုခုရေအာင္ၾကည့္တာပါ။ ဒါေပမဲ့ Movie ဆိုတာ Englishစာကိုသိိသိသာသာတိုးတက္လာေစနိုင္တဲ့ လက္နက္တစ္ခုမွန္း ေတာ္ေတာ္မ်ားမ်ားကမသိၾကပါဘူး။
အေပ်ာ္သေဘာအၿဖစ္သာၾကည့္ၾကတာမ်ားပါတယ္။သင့္Englishစာ တိုးတက္ေအာင္Movieကိုဘယ္လိုၾကည့္မလဲ? ကြ်န္ေတာ္ သိသေလာက္နည္းလမ္းေလးေတြ မွ်ေ၀ပါရေစ။

ဘာေတြလုပ္ဖုိ႔လုိမလဲ?

• ရုပ္ရွင္ၾကည့္ခါနီးတိုု္င္း ေပ်ာ္ရႊင္မႈတစ္ခုအတြက္မဟုတ္ပဲဲ Englishစာတိုးတက္ခ်င္လို႔ဆိုတဲ့ရည္ရြယ္ခ်က္ကိုထားပါ။ ဒါကသင့္ကိုစိတ္အေႏွာက္အယွက္ၿဖစ္ေကာင္းၿဖစ္ေစနုိင္ပါတယ္။
ဘာလို႔လဲဆိုေတာ့ ကြ်န္ေတာ္တို႔အမ်ားစုက ရုပ္ရွင္ကိုအေပ်ာ္သက္သက္ ရသသက္သက္သာၾကည့္ခ်င္ၾကတာေလ။ ဒါေပမဲ့ သင္ Englishစာတိုးတက္ခ်င္တယ္ မဟုတ္လား? ဆိုရိုးတစ္ခုရွိပါတယ္။
“သင္အရင္က မရဘူးတဲ့အရာေတြလုိခ်င္ရင္ သင္မလုပ္ဖူးတဲ့အရာ ေတြလုပ္ရမယ္” တဲ့။
အရင္တုန္းက Englishစာေပၚအာရံုမစိုက္ ခဲ့လဲအခုကစၿပီး Englishစာေပၚအာရံုစိုက္လိုက္ေတာ့ေနာ္။

• ပထမဆံုးအေနနဲ႔ ရုပ္ရွင္တစ္ကားကို သင့္ရဲ့ သင္ရိုးညႊန္းတမ္းစာအုပ္တစ္အုပ္လို သေဘာထားပါ။
ပထမဆံုးတစ္ေခါက္မွာ ၿမန္မာစာတမ္းထိုးနဲ႔ၾကည့္ပါ။ သင္ဟာရုပ္ရွင္တစ္ကားၾကည့္တယ္ဆိုတာထက္
Englishစာေလ့လာေနတယ္ဆိုတာမေမ့ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားကၾကည့္ၿပီးတဲ့ကားကိုၿပန္မၾကည့္ခ်င္လို႔ပါပဲ။ ပထမဆံုးတစ္ေခါက္မွာေတာ့ Englishစာေပၚအရမ္းၾကီး
အာရံုမစိုက္လည္းရပါတယ္။ ဇာတ္ကားကုိပိုအာရံုစိုက္လို႔ရပါတယ္။

• သင္ေနာက္တစ္ေခါက္ၿပန္ၾကည့္ရပါမယ္။ ဒီတစ္ေခါက္မွာေတာ့ English စာတန္းထိုးနဲ႔ ၾကည့္ပါ။ဒီတစ္ေခါက္မွာေတာ့ မွတ္စုစာအုပ္ေလး၂အုပ္ထား ထားပါ။ တစ္အုပ္ကရုပ္ရွင္ ထဲကေၿပာတဲ့ အသံုးမ်ားတဲ့
လက္ေတြ႔စကားေၿပာမွာ အသံုးက်နိုင္တဲ့ ၀ါက်ေတြကို အဲဒိ ၀ါက်အတိုင္းမွတ္ဖို႔ပါ။
“ဥပမာ … e.g.1 Anybody home? e.g.2 Tell me about it! (ငါ့ကို အဲဒိအေၾကာင္းေၿပာၿပစမ္းပါဆိုတဲ့အဓိပၸါယ္နဲ႔ သံုးတဲ့အခါရွိသလို တစ္ေယာက္ေယာက္ ေၿပာတာကိုေထာက္ခံတဲ့့အေနနဲ႔ “မွန္လိုက္ေလကြာ”ဆိုတဲ့
အဓိပၸါယ္နဲ႔သံုးတဲ့အခါလည္းရွိပါတယ္။အသံအနိမ့္အၿမင့္ ေနရာအေန အထားေပၚမူတည္ၿပီးအဓိပၸါယ္ေၿပာင္းလဲပါတယ္။) အထက္ကေဖာ္ၿပခဲ့တဲ့ အတို၀ါက်ေလးေတြကိုစာအုပ္ထဲမွာမွတ္ထားပါ။
တစ္ခ်ိဳ႔ကအဲဒိအဆင့္မွာတင္ရပ္သြားၾကပါတယ္။ စာအုပ္ထဲမွာမွတ္ရံုနဲ႔မရပါဘူး။ ပါးစပ္ကေနေၿပာမွမွတ္မိမွာပါ။သင္တက္ေနတဲ့ English စာသင္တန္းတစ္ခုခုရွိပါသလား၊ဒါမွမဟုတ္ ေလ့က်င့္ေဖာ္ေလ့က်င့္ဖက္ ရွိပါသလား။သင္စကားေၿပာတဲ့အခါ အခါအခြင့္သင့္တိုင္း သင့္မွတ္စုစာအုပ္ထဲက ၀ါက်ေလးေတြကို ခနခနသံုးေပးပါ။မၾကာခင္ မွာထုိ၀ါက်ေလးမ်ားကို သင့္ရဲ့ႏႈတ္မွာအလိုလိုစြဲသြားပါလိမ့္မယ္။သင္တန္းလဲတက္မေနဘူး
ေလ့က်င့္ေဖာ္လဲရွိမေနဘူးဆိုလဲ စိတ္မပူပါနဲ႔။ မွန္ေရွ႔ရပ္ၿပီး ကိုယ့္ဘာသာကိုေလ့က်င့္ပါ။တစ္ခုခုကိုၿပင္းၿပင္းၿပၿပမလိုခ်င္သ၍ သင္ရမွာ မဟုတ္ပါဘူး။မရွက္ပါနဲ႔။ သင့္ဘ၀တိုးတက္ဖို႔လုပ္ေနတာပါ။

• မွတ္စုစာအုပ္၂အုပ္လို႔ေၿပာခဲ့တဲ့အတြက္ က်န္တဲ့တစ္အုပ္ကဘာလုပ္ဖို႔လဲေၿပာၿပ ရအံုးမယ္။က်န္တဲ့တစ္အုပ္က ရုပ္ရွင္ထဲမွာပါတဲ့စကားလံုးအသစ္ေလးေတြကို မွတ္ဖို႔ပါ။ သင္မသိတဲ့စာလံုးအသစ္တစ္လံုးေတြ႔တာနဲ႔ ရုပ္ရွင္ကိုခ်က္ခ်င္းရပ္ပီးရင္ ထိုစာလံုးကို Dictionaryထဲမွာရွာပါ။ ပီးရင္မွတ္စုစာအုပ္ထဲမွာမွတ္ပါ။
မွတ္စုစာအုပ္ထဲမွာ မွတ္တဲ့အခါမွာလဲ ဒီအတိုင္းၾကီးစာလံုးတစ္ခုပဲမမွတ္ပါနဲ႔။ ရုပ္ရွင္ထဲမွာပါတဲ့၀ါက်တစ္ခုလံုးကိုပါကူးထည့္ပါ။ ရုပ္ရွင္ကိုရပ္လိုက္စာလံုးအသစ္ေတြ၀ါက်ေတြ ကူးလိုက္၊၀ါက်အသစ္ေတြကူးလိုက္နဲ႔ရုပ္ရွင္ကမၿပီးနုိင္ဘူးၿဖစ္ေနလဲမစိုးရိမ္ပါနဲ႔။ တေန႔တည္းအၿပီးၾကည့္ရမယ္လို႔ ဥပေဒမွမထုတ္ထားတာ။
Study Hour ၁နာရီ ၂နာရီေလာက္ဆိုရပ္ထားၿပီး ေနာက္ေန႔မွဆက္ၾကည့္ေပါ့။ မအားဘူးလို႔ေတာ့ကြ်န္ေတာ့္ကိုဆင္ေၿခမေပးပါနဲ႔။ Candy Crash ေတာင္Level ၁၀၀ေက်ာ္ေနပီမဟုတ္လား?

• အေရးဆံုးအခ်က္ကေတာ့ သင့္မွတ္စုစာအုပ္ထဲကစာလုံးေတြကို သင္English စကားေၿပာတိုင္းအခါအခြင့္သင့္သလို သံုးေပးပါ။ သင္အသံုးမၿပဳရင္ေတာ့ သင့္ဗလာစာအုပ္ဖုိးနဲ႔ သင့္ေဘာပင္ဖိုးရယ္သင့္ရဲ့တန္ဖိုးရွိတဲ့အခ်ိန္အခ်ိဳ႔ ကိုသင္ၿဖဳန္းတီး ပစ္လိုက္တာထက္ဘာမွမပိုပါဘူး ။
စာအုပ္ထဲကစာလံုးေတြက စာအုပ္ေပၚမွာပဲရွိေန မွာပါ။ သင္အသံုးမၿပဳသ၍
သင့္ကိုယ္ပိုင္စာလံုးေတြၿဖစ္လာမွာဟုတ္ပါဘူး။

• Dictionary ကေတာ့ Oxford Advanced Learner’s Dictionary ကုိ သံုးေစခ်င္ပါတယ္။English to English Dictionaryကိုသံုးေစခ်င္တယ္။ Englishစာေလ့လာသူေတာ္ေတာ္မ်ားမ်ားကEnglish to English Dictionary ကိုေၾကာက္ၾကတာကိုေတြ႔ရတယ္။စာလံုးတစ္လံုးမသိလို႔ရွာလုိက္တိုင္း
ရွင္းၿပထားတဲ့ စာလံုးကိုထပ္ရွာတာနဲ႔ တိုင္ပတ္ေနတယ္လို႔ ဆင္ေၿခေပးၾကတယ္။
ဘယ္သူကစစခ်င္း နားလည္မွာလဲ။ ကြ်န္ေတာ္လဲဒီလိုပါပဲ အစကေတာ့တိုင္ပတ္တာေပါ့။ေနာက္ေတာ့ တၿဖည္းၿဖည္းနဲ႔ ေခါင္းထဲမွာမသိမသာ စာလံုးေတြအမ်ားၾကီး သိလာတယ္။
ေနာက္ဘယ္စာလံုးၾကည့္ၾကည့္အဆင္ေၿပသြားမွာပါ။ ဇြဲရွိရွိနဲ႔ English to English Dictionaryကိုပဲသံုးေစခ်င္ပါတယ္။ ( ကြ်န္ေတာ့္ရဲ့အၿမင္သာၿဖစ္ၿပီး ကိုယ့္ဘာသာဆံုးၿဖတ္ၿပီး အဆင္ေၿပတာကိုသံုးပါ)

• ကဲစာလံုးေတြ ၀ါက်ေတြမွတ္တဲ့ကိစၥၿပီးၿပီဆိုေတာ့ listening အေၾကာင္းနည္းနည္းေၿပာပါမယ္။Movieၾကည့္လို႔ရတဲ့အၾကီးအမားဆံုး အက်ိဳးေက်းဇူးထဲမွာ Listeningတိုးတက္တာပါပါတယ္။
ဒါေပမဲ့ သင္ကေၿပာမွာေပါ့။ သင္ရုပ္ရွင္ၾကည့္တာၾကာပါပီ Listening Skill လဲမတက္ပါဘူးလို႔သင္ေၿပာခ်င္ေၿပာမွာပါ့။ အဲဒါကသင္ Englishေပၚကို အာရံုမစိုက္ခဲ့လို႔listening skill မတက္တာပါ။အခုကစပီး ရုပ္ရွင္ၾကည့္တိုင္း Englishစာေပၚ အာရုံစိုက္ၾကည့္ပါ။သင့္English Listening အရည္အေသြး
သိိသိသာသာၾကီးတိုးတက္ လာေစရမယ္ဗ်ာ။

•ရုပ္ရွင္ကိုEnglishစာတမ္းထုိးနဲ႔လဲၾကည့္ၿပီးသြားပီဆိုရင္ေတာ့ ေနာက္ဆံုးတစ္ေခါက္အေနနဲ႔ စာတန္းထိုးမပါပဲဒီအတိုင္းၾကည့္ပါ။ သူတို႔ေၿပာတာေတြ ကိုေသခ်ာနားေထာင္ပါ။ လိုက္ေၿပာပါ။ အသံအနိမ့္အၿမင့္အတက္အက်
ေတြကို ဂရုစိုက္ပါ။ ဥပမာ (Come ‘on ) နဲ႔ “ (‘Come on) အဓိပၸါယ္မတူပါဘူး။ အသံအနိမ့္ အၿမင့္ကြာပါတယ္။အဓိပၸါယ္လဲကြာပါတယ္။ ၿပီးရင္လုိက္ေၿပာပါ။ Speaking ေရာ Listening ေရာတက္လာပါ လိမ့္မယ္။

သင္တန္းတက္ဖို႔မအားတဲ့သူေတြေတာင္ကိုယ့္ဘာသာကိုေလ့လာလို႔ရပါတယ္။
Movieေတြေၾကာင့္ ကြ်န္ေတာ့္ Englishစာသိသိသာသာၾကီးတိုးတက္လာခဲ့လို႔ ၿပန္လည္မွ်ေ၀ခ်င္တဲ့ေစတနာ သက္သက္ၿဖင့္ေရးရၿခင္းၿဖစ္ပါတယ္။
ဒီေဆာင္းပါးေလးကိုဖတ္ၿခင္းၿဖင့္ သင့္အတြက္ တစ္စံုတရာအက်ိဳးအၿမတ္ရွိခဲ့ရင္
သူငယ္ခ်င္းေတြသိေအာင္လည္း Shareေပးၾကအံုးေနာ္။

Cerdit: Cerdit မိုးရွင္း I.M.T
---------------------------------------------------------------------------------------
သင် English စာလေ့လာနေပါသလား? တစ်ခါတလေ စာအုပ်တွေချည်းပဲ
ဖတ်ရတာမငြီးငွေ့ဘူးလား။ ကျွန်တော်ကတော့ အဲ့လိုငြီးငွေ့လာရင် ရုပ်ရှင်ကြည့်ပါတယ်။ဒါပေမဲ့အပျော်သက်သက်ပဲကြီးတာမဟုတ်ပါဘူး။ Englishစာတိုးတက်အောင်ဗဟုသုတ တစ်ခုခုရအောင်ကြည့်တာပါ။ ဒါပေမဲ့ Movie ဆိုတာ Englishစာကိုသိိသိသာသာတိုးတက်လာစေနိုင်တဲ့ လက်နက်တစ်ခုမှန်း တော်တော်များများကမသိကြပါဘူး။
အပျော်သဘောအဖြစ်သာကြည့်ကြတာများပါတယ်။သင့်Englishစာ တိုးတက်အောင်Movieကိုဘယ်လိုကြည့်မလဲ? ကျွန်တော် သိသလောက်နည်းလမ်းလေးတွေ မျှဝေပါရစေ။

ဘာတွေလုပ်ဖို့လိုမလဲ?

• ရုပ်ရှင်ကြည့်ခါနီးတိုု်င်း ပျော်ရွှင်မှုတစ်ခုအတွက်မဟုတ်ပဲဲ Englishစာတိုးတက်ချင်လို့ဆိုတဲ့ရည်ရွယ်ချက်ကိုထားပါ။ ဒါကသင့်ကိုစိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့အများစုက ရုပ်ရှင်ကိုအပျော်သက်သက် ရသသက်သက်သာကြည့်ချင်ကြတာလေ။ ဒါပေမဲ့ သင် Englishစာတိုးတက်ချင်တယ် မဟုတ်လား? ဆိုရိုးတစ်ခုရှိပါတယ်။
“သင်အရင်က မရဘူးတဲ့အရာတွေလိုချင်ရင် သင်မလုပ်ဖူးတဲ့အရာ တွေလုပ်ရမယ်” တဲ့။
အရင်တုန်းက Englishစာပေါ်အာရုံမစိုက် ခဲ့လဲအခုကစပြီး Englishစာပေါ်အာရုံစိုက်လိုက်တော့နော်။

• ပထမဆုံးအနေနဲ့ ရုပ်ရှင်တစ်ကားကို သင့်ရဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်လို သဘောထားပါ။
ပထမဆုံးတစ်ခေါက်မှာ မြန်မာစာတမ်းထိုးနဲ့ကြည့်ပါ။ သင်ဟာရုပ်ရှင်တစ်ကားကြည့်တယ်ဆိုတာထက်
Englishစာလေ့လာနေတယ်ဆိုတာမမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ လူတော်တော်များများကကြည့်ပြီးတဲ့ကားကိုပြန်မကြည့်ချင်လို့ပါပဲ။ ပထမဆုံးတစ်ခေါက်မှာတော့ Englishစာပေါ်အရမ်းကြီး
အာရုံမစိုက်လည်းရပါတယ်။ ဇာတ်ကားကိုပိုအာရုံစိုက်လို့ရပါတယ်။

• သင်နောက်တစ်ခေါက်ပြန်ကြည့်ရပါမယ်။ ဒီတစ်ခေါက်မှာတော့ English စာတန်းထိုးနဲ့ ကြည့်ပါ။ဒီတစ်ခေါက်မှာတော့ မှတ်စုစာအုပ်လေး၂အုပ်ထား ထားပါ။ တစ်အုပ်ကရုပ်ရှင် ထဲကပြောတဲ့ အသုံးများတဲ့
လက်တွေ့စကားပြောမှာ အသုံးကျနိုင်တဲ့ ၀ါကျတွေကို အဲဒိ ၀ါကျအတိုင်းမှတ်ဖို့ပါ။
“ဥပမာ … e.g.1 Anybody home? e.g.2 Tell me about it! (ငါ့ကို အဲဒိအကြောင်းပြောပြစမ်းပါဆိုတဲ့အဓိပ္ပါယ်နဲ့ သုံးတဲ့အခါရှိသလို တစ်ယောက်ယောက် ပြောတာကိုထောက်ခံတဲ့့အနေနဲ့ “မှန်လိုက်လေကွာ”ဆိုတဲ့
အဓိပ္ပါယ်နဲ့သုံးတဲ့အခါလည်းရှိပါတယ်။အသံအနိမ့်အမြင့် နေရာအနေ အထားပေါ်မူတည်ပြီးအဓိပ္ပါယ်ပြောင်းလဲပါတယ်။) အထက်ကဖော်ပြခဲ့တဲ့ အတိုဝါကျလေးတွေကိုစာအုပ်ထဲမှာမှတ်ထားပါ။
တစ်ချို့ကအဲဒိအဆင့်မှာတင်ရပ်သွားကြပါတယ်။ စာအုပ်ထဲမှာမှတ်ရုံနဲ့မရပါဘူး။ ပါးစပ်ကနေပြောမှမှတ်မိမှာပါ။သင်တက်နေတဲ့ English စာသင်တန်းတစ်ခုခုရှိပါသလား၊ဒါမှမဟုတ် လေ့ကျင့်ဖော်လေ့ကျင့်ဖက် ရှိပါသလား။သင်စကားပြောတဲ့အခါ အခါအခွင့်သင့်တိုင်း သင့်မှတ်စုစာအုပ်ထဲက ၀ါကျလေးတွေကို ခနခနသုံးပေးပါ။မကြာခင် မှာထို၀ါကျလေးများကို သင့်ရဲ့နှုတ်မှာအလိုလိုစွဲသွားပါလိမ့်မယ်။သင်တန်းလဲတက်မနေဘူး
လေ့ကျင့်ဖော်လဲရှိမနေဘူးဆိုလဲ စိတ်မပူပါနဲ့။ မှန်ရှေ့ရပ်ပြီး ကိုယ့်ဘာသာကိုလေ့ကျင့်ပါ။တစ်ခုခုကိုပြင်းပြင်းပြပြမလိုချင်သ၍ သင်ရမှာ မဟုတ်ပါဘူး။မရှက်ပါနဲ့။ သင့်ဘဝတိုးတက်ဖို့လုပ်နေတာပါ။

• မှတ်စုစာအုပ်၂အုပ်လို့ပြောခဲ့တဲ့အတွက် ကျန်တဲ့တစ်အုပ်ကဘာလုပ်ဖို့လဲပြောပြ ရအုံးမယ်။ကျန်တဲ့တစ်အုပ်က ရုပ်ရှင်ထဲမှာပါတဲ့စကားလုံးအသစ်လေးတွေကို မှတ်ဖို့ပါ။ သင်မသိတဲ့စာလုံးအသစ်တစ်လုံးတွေ့တာနဲ့ ရုပ်ရှင်ကိုချက်ချင်းရပ်ပီးရင် ထိုစာလုံးကို Dictionaryထဲမှာရှာပါ။ ပီးရင်မှတ်စုစာအုပ်ထဲမှာမှတ်ပါ။
မှတ်စုစာအုပ်ထဲမှာ မှတ်တဲ့အခါမှာလဲ ဒီအတိုင်းကြီးစာလုံးတစ်ခုပဲမမှတ်ပါနဲ့။ ရုပ်ရှင်ထဲမှာပါတဲ့ဝါကျတစ်ခုလုံးကိုပါကူးထည့်ပါ။ ရုပ်ရှင်ကိုရပ်လိုက်စာလုံးအသစ်တွေဝါကျတွေ ကူးလိုက်၊၀ါကျအသစ်တွေကူးလိုက်နဲ့ရုပ်ရှင်ကမပြီးနိုင်ဘူးဖြစ်နေလဲမစိုးရိမ်ပါနဲ့။ တနေ့တည်းအပြီးကြည့်ရမယ်လို့ ဥပဒေမှမထုတ်ထားတာ။
Study Hour ၁နာရီ ၂နာရီလောက်ဆိုရပ်ထားပြီး နောက်နေ့မှဆက်ကြည့်ပေါ့။ မအားဘူးလို့တော့ကျွန်တော့်ကိုဆင်ခြေမပေးပါနဲ့။ Candy Crash တောင်Level ၁ဝဝကျော်နေပီမဟုတ်လား?

• အရေးဆုံးအချက်ကတော့ သင့်မှတ်စုစာအုပ်ထဲကစာလုံးတွေကို သင်English စကားပြောတိုင်းအခါအခွင့်သင့်သလို သုံးပေးပါ။ သင်အသုံးမပြုရင်တော့ သင့်ဗလာစာအုပ်ဖိုးနဲ့ သင့်ဘောပင်ဖိုးရယ်သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်အချို့ ကိုသင်ဖြုန်းတီး ပစ်လိုက်တာထက်ဘာမှမပိုပါဘူး ။
စာအုပ်ထဲကစာလုံးတွေက စာအုပ်ပေါ်မှာပဲရှိနေ မှာပါ။ သင်အသုံးမပြုသ၍
သင့်ကိုယ်ပိုင်စာလုံးတွေဖြစ်လာမှာဟုတ်ပါဘူး။

• Dictionary ကတော့ Oxford Advanced Learner’s Dictionary ကို သုံးစေချင်ပါတယ်။English to English Dictionaryကိုသုံးစေချင်တယ်။ Englishစာလေ့လာသူတော်တော်များများကEnglish to English Dictionary ကိုကြောက်ကြတာကိုတွေ့ရတယ်။စာလုံးတစ်လုံးမသိလို့ရှာလိုက်တိုင်း
ရှင်းပြထားတဲ့ စာလုံးကိုထပ်ရှာတာနဲ့ တိုင်ပတ်နေတယ်လို့ ဆင်ခြေပေးကြတယ်။
ဘယ်သူကစစချင်း နားလည်မှာလဲ။ ကျွန်တော်လဲဒီလိုပါပဲ အစကတော့တိုင်ပတ်တာပေါ့။နောက်တော့ တဖြည်းဖြည်းနဲ့ ခေါင်းထဲမှာမသိမသာ စာလုံးတွေအများကြီး သိလာတယ်။
နောက်ဘယ်စာလုံးကြည့်ကြည့်အဆင်ပြေသွားမှာပါ။ ဇွဲရှိရှိနဲ့ English to English Dictionaryကိုပဲသုံးစေချင်ပါတယ်။ ( ကျွန်တော့်ရဲ့အမြင်သာဖြစ်ပြီး ကိုယ့်ဘာသာဆုံးဖြတ်ပြီး အဆင်ပြေတာကိုသုံးပါ)

• ကဲစာလုံးတွေ ၀ါကျတွေမှတ်တဲ့ကိစ္စပြီးပြီဆိုတော့ listening အကြောင်းနည်းနည်းပြောပါမယ်။Movieကြည့်လို့ရတဲ့အကြီးအမားဆုံး အကျိုးကျေးဇူးထဲမှာ Listeningတိုးတက်တာပါပါတယ်။
ဒါပေမဲ့ သင်ကပြောမှာပေါ့။ သင်ရုပ်ရှင်ကြည့်တာကြာပါပီ Listening Skill လဲမတက်ပါဘူးလို့သင်ပြောချင်ပြောမှာပါ့။ အဲဒါကသင် Englishပေါ်ကို အာရုံမစိုက်ခဲ့လို့listening skill မတက်တာပါ။အခုကစပီး ရုပ်ရှင်ကြည့်တိုင်း Englishစာပေါ် အာရုံစိုက်ကြည့်ပါ။သင့်English Listening အရည်အသွေး
သိိသိသာသာကြီးတိုးတက် လာစေရမယ်ဗျာ။

•ရုပ်ရှင်ကိုEnglishစာတမ်းထိုးနဲ့လဲကြည့်ပြီးသွားပီဆိုရင်တော့ နောက်ဆုံးတစ်ခေါက်အနေနဲ့ စာတန်းထိုးမပါပဲဒီအတိုင်းကြည့်ပါ။ သူတို့ပြောတာတွေ ကိုသေချာနားထောင်ပါ။ လိုက်ပြောပါ။ အသံအနိမ့်အမြင့်အတက်အကျ
တွေကို ဂရုစိုက်ပါ။ ဥပမာ (Come ‘on ) နဲ့ “ (‘Come on) အဓိပ္ပါယ်မတူပါဘူး။ အသံအနိမ့် အမြင့်ကွာပါတယ်။အဓိပ္ပါယ်လဲကွာပါတယ်။ ပြီးရင်လိုက်ပြောပါ။ Speaking ရော Listening ရောတက်လာပါ လိမ့်မယ်။

သင်တန်းတက်ဖို့မအားတဲ့သူတွေတောင်ကိုယ့်ဘာသာကိုလေ့လာလို့ရပါတယ်။
Movieတွေကြောင့် ကျွန်တော့် Englishစာသိသိသာသာကြီးတိုးတက်လာခဲ့လို့ ပြန်လည်မျှဝေချင်တဲ့စေတနာ သက်သက်ဖြင့်ရေးရခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကိုဖတ်ခြင်းဖြင့် သင့်အတွက် တစ်စုံတရာအကျိုးအမြတ်ရှိခဲ့ရင်
သူငယ်ချင်းတွေသိအောင်လည်း Shareပေးကြအုံးနော်။

Credit : Credit: မိုးရှင်း (I.M.T)

0 comments:

Post a Comment