Wednesday, December 30, 2015

ႏိုင္ငံတကာတြင္ ေပၚျပဴလာ အျဖစ္ဆံုး CCNA အေၾကာင္း သိေကာင္းစရာ

BY: NET GUIDE JOURNAL
ႏိုင္ငံတကာတြင္ အလုပ္အကိုင္ အခြင့္အလမ္း ေပါမ်ားသည့္ Network Professional ျဖစ္လိုသူမ်ား အတြက္ ႏိုင္ငံတကာ အသိအမွတ္ျပဳ  Networking Certificate မ်ားစြာ  အနက္မွ ႏိုင္ငံတကာတြင္ သာမက ျမန္မာျပည္တြင္းမွာ ေပၚျပဴလာ ျဖစ္ၿပီး ေရပန္းအစားဆံုး သင္တန္း ေအာင္လက္မွတ္ တစ္ခုကေတာ့ CCNA ေအာင္လက္မွတ္ပဲ ျဖစ္ပါတယ္။ CCNA ေအာင္လက္မွတ္ႏွင့္ ပတ္သက္ၿပီး သိသင့္ သိထုိက္ေသာ အခ်က္အလက္မ်ားကို ေလ့လာ လုိက္စားၾကမည့္ ေက်ာင္းသား၊ ေက်ာင္းသူ လူငယ္မ်ား အတြက္ အေထာက္အကူ ျပဳေစရန္အတြက္ IMCS မွ သင္တန္းဆရာ ကိုၾကည္သက္ဟန္ႏွင့္ ေတြ႕ဆံု ေမးျမန္းျဖစ္ခဲ့ပါတယ္။ CCNA Course ကို သင္ၾကားႏိုင္ရန္ အတြက္ Networking  ႏွင့္ ပတ္သက္ေသာ အေျခခံေကာင္းမ်ား ရိွရန္ လုိအပ္ေၾကာင္းႏွင့္ CCNA အတြက္ တန္းေက်ာ္ တက္ေရာက္ျခင္းႏွင့္ ၾကံဳေတြ႕လာႏိုင္ေသာ အခက္အခဲမ်ားကို ဆရာ ၾကည္သက္ဟန္က “အမွန္က CCNA  ေအာင္လက္မွတ္ အတြက္ သင္တန္း တက္ေတာ့မယ္ဆိုရင္ Networking နဲ႔ ပတ္သက္တဲ့ အေျခခံ ေကာင္းေကာင္းရွိဖုိ႔ လုိအပ္ပါတယ္။ ဒါမွမဟုတ္ရင္လည္း Networking နဲ႔ ပတ္သက္တဲ့ အေျခခံ သင္တန္းေကာင္းေကာင္း တစ္ခုကို အရင္ ေလ့လာသင့္ပါတယ္။ ဥပမာအေနနဲ႔ဆုိရင္  Cisco IT Essential  Course  လုိ Essential IT Engineering Course လိုမ်ိဳးေတြကို အရင္ တက္သင့္ပါတယ္။ ဒါမွသာ CCNA သင္တန္းကို တက္တဲ့အခါ Theory ပိုင္းေတြ၊ Concept ပိုင္းေတြကို သိေနမွ စာလိုက္ႏိုင္မွာ ျဖစ္သလို အရည္အေသြး ျပည့္ဝတဲ့ ပညာရွင္ တစ္ေယာက္ျဖစ္ဖို႔ အတြက္ အေျခခံေကာင္းမ်ား ရရွိႏုိင္မွာ ျဖစ္ပါတယ္။ တကယ္လို႔မ်ား အေျခခံ Networking နဲ႔ ပတ္သက္တဲ့ သင္တန္း အေျခခံကို မတက္ဘဲ တိုက္႐ိုက္ CCNA Course ကို တက္မယ္ဆိုရင္ အေျခခံ မေကာင္းထားတဲ့ အတြက္ သင္တန္း တက္စဥ္မွာပဲ အခက္အခဲေတြ အမ်ားႀကီး ေတြ႕ႏိုင္ၿပီး Networking ကို စိတ္ပ်က္ စိတ္ကုန္သြားတာမိ်ဳးေတြ ျဖစ္လာတတ္ပါတယ္။ ဒီလုိျဖစ္လာၿပီး သင္တန္းကို ေၾကာက္လာရင္ စာေမးပြဲေျဖတဲ့ အခါမွာ ေအာင္ျမင္ခဲ့သည္ပဲ ထားဦး လုပ္ငန္းခြင္မွာ ဆက္ၿပီး  အခက္အခဲေတြ ေတြ႕ရတတ္ပါတယ္” ဟု CCNA အတြက္ အေျခခံ ေကာင္းေကာင္း မရွိပါက ၾကံဳေတြ႕ႏိုင္ေသာ အခက္အခဲမ်ားႏွင့္ ပတ္သက္ၿပီး ရွင္းျပခဲ့သည္။

CCNA  ေအာင္လက္မွတ္မွာ  Networking  ေလာကတြင္ မရွိမျဖစ္ အေရးႀကီးေသာ ေအာင္လက္မွတ္တစ္ခု ျဖစ္ၿပီး ႏိုင္ငံတကာတြင္ CCNA ကဲ့သို႔ Networking ဆုိင္ရာ ေအာင္လက္မွတ္ ျပႏိုင္မွသာ အလုပ္ ေလွ်ာက္ထားႏိုင္မည္ ျဖစ္ေၾကာင္း သိရပါတယ္။ ထို႔ေၾကာင့္ ႏိုင္ငံတကာတြင္လည္း လူသိမ်ား၊ ေပၚျပဴလာ အျဖစ္ဆံုး  CCNA ေအာင္လက္မွတ္ကို ရယူထားမွသာ Professional Nerwork Engineering  ပညာရွင္ တစ္ေယာက္အျဖစ္ ရပ္တည္ႏိုင္မွာ ျဖစ္ေၾကာင္း သိရပါတယ္။ CCNA ေအာင္လက္မွတ္ ရထားပါက ကုမၸဏီမ်ားတြင္ အေရးပါပံုကို ဆရာ ၾကည္သက္ဟန္က “CCNA  ေအာင္လက္မွတ္ ရထားတဲ့သူတစ္ေယာက္ အတြက္ ႏိုင္ငံျခား ကုမၸဏီေတြမွာဆုိရင္ Cisco က ထုတ္တဲ့  Ciscodevice ေတြ ဝယ္ဖို႔ဆုိရင္ CCNA ေအာင္လက္မွတ္ရ ပညာရွင္ တစ္ေယာက္ေလာက္ ရွိမွ ဝယ္ႏုိင္တယ္။ Cisco device  ေတြကို တကယ္ ကၽြမ္းက်င္တဲ့ ေအာင္လက္မွတ္ရ ပညာရွင္ရွိမွ Cisco ကလည္း သူရဲ႕ device ေတြကို ေရာင္းေပးတယ္။ ဒါေၾကာင့္ CCNA ေအာင္လက္မွတ္ရ ပညာရွင္ေတြဆုိရင္ Network ဆိုင္ရာေတြ အတြက္ မရွိမျဖစ္ လုိအပ္တဲ့ အေနအထားမွာ ရွိတယ္” ဟု ရွင္းျပခဲ့သည္။

ဆက္လက္၍ CCNA Course အတြင္း သင္ၾကားရမည့္ ဘာသာရပ္မ်ား Unit မ်ားႏွင့္ ပတ္သက္ၿပီး ဆရာၾကည္သက္ဟန္က “CCNA မွာ အဓိက ေလ့လာရတာကေတာ့ Internetworking  နဲ႔ Wireless  Networking  ေတြကို အဓိကထား သင္ၾကားရတယ္။ ျပည္တြင္း ကုမၸဏီ အမ်ားစုမွာ သံုးတဲ့ သာမန္ Network device ေတြကို ေလ့လာရ႐ံုတင္ မဟုတ္ဘဲ Cisco device ေတြကုိ အဓိကထားၿပီး သင္ယူ ေလ့လာရျခင္း ျဖစ္တယ္။ Cisco device ေတြဆိုတာက  ISP Level အဆင့္ရွိတဲ့ device ေတြျဖစ္လို႔ အဆင့္ျမင့္ ပညာရပ္ တစ္ခု ျဖစ္ပါတယ္။ ေနာက္ Firewall  ပိုင္းေတြ၊ Cisco Firewall  ပိုင္းေတြအျပင္ VLAN ခဲြတဲ့ အပိုင္းေတြကို သင္ၾကားႏုိင္မွာ ျဖစ္တယ္။ ISP Level အဆင့္မွာဆုိရင္ WAN ေတြအေၾကာင္း သိဖို႔ လိုအပ္လာတယ္။ International Level အဆင့္သံုးတဲ့ WAN ေတြ အားလံုးဟာ Cisco device ေတြကို သံုးတာမ်ားတယ္။ IT တိုးတက္ဖြံ႕ၿဖိဳးၿပီး အင္တာနက္ ခ်ိတ္ဆက္တာေတြ ရႏိုင္တာေတြ အားလံုးဟာ Internetworking ထဲမွာ အၾကံဳးဝင္ေနလို႔ CCNA ေအာင္လက္မွတ္ေတြဟာ ပုိမို လုိအပ္ခ်က္မ်ား မ်ားလာတယ္” ဟု CCNA  သင္တန္းအတြင္း သင္ၾကားရမည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္ၿပီး ဆက္လက္ ရွင္းျပခဲ့သည္။

ထုိ႔အျပင္ CCNA  Course အတြင္း သင္ၾကားႏိုင္သည့္ Unit မ်ား အေနျဖင့္ အဓိက သိထားရမည့္ အပိုင္းမ်ား အျဖစ္ Inter Networking , Routing ပိုင္း၊ Switching  ပိုင္း၊ Network Security ပိုင္း၊ IPv4  ႏွင့္ IPv6 အပိုင္း၊ Wireless ပိုင္း၊ Fire wall ပိုင္း Access Control List, NAT, Frame relay အစရွိသျဖင့္ Networking တြင္ မသိမျဖစ္ သိထားရမည့္ ဘာသာရပ္မ်ား အားလံုးကို သင္ၾကားႏုုိင္မွာ ျဖစ္သည္။ CCNA ေအာင္လက္မွတ္တြင္ ဆရာၾကည္သက္ဟန္က Cisco device မ်ားႏွင့္ ပတ္သက္ၿပီး ေျပာၾကားရာတြင္ “Cisco device ဆုိရင္ လူေတြ ျမင္ႏုိင္ေတြ႕ႏိုင္တာက Router ေတြလိုပဲ ျမင္ႏုိင္ ေတြ႕ႏိုင္ၾကမယ္။ ဒီ Cisco Router လုပ္ႏိုင္ဖို႔ အတြက္ Cisco ရဲ႕ IOS ကို run ရတယ္ဆိုတာ သာမန္လူေတြ အေနနဲ႔ သိႏိုင္မွာ မဟုတ္ပါဘူး။ ဒီလို Router ေတြကို IOS ထည့္ run မွသာ Router ေတြက အသက္ဝင္ၿပီး အလုပ္လုပ္ႏို္င္မွာပါ။ ဒါ့အျပင္ IOS ကို Backup  လုပ္ဖို႔ လုိအပ္တာဟာလည္း အေရးႀကီးတဲ့ အခ်က္တစ္ခုပဲ။ အေၾကာင္း တစ္ခုခုေၾကာင့္ ကိုယ္သံုးေနတဲ့ Router Fail   ျဖစ္သြားႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္လာရင္ backup လုပ္ထားတဲ့ IOS ကိုထည့္ၿပီး ျပန္လည္ အလုပ္လုပ္ႏိုင္စြမ္း ရွိတဲ့ အတြက္ပါ” ဟု Cisco Router မ်ားႏွင့္ ပတ္သက္ၿပီး ရွင္းျပခဲ့ပါသည္။

ဆက္လက္၍ ဆရာ ၾကည္သက္ဟန္က “သင္တန္းတြင္ အသံုးျပဳလ်က္ရွိသည့္ Router မ်ားႏွင့္ ပတ္သက္ၿပီး လက္ရွိ သင္တန္းမွာ သင္ေနတဲ့ လက္ေတြ႕ အသံုးျပဳေနတဲ့ Cisco Router ေတြက 2600, 3000 အထက္ Series ေတြကို သံုးၿပီး သင္ေပးပါတယ္။ Switch ေတြကေတာ့ 2950 Series ေတြနဲ႔ သင္ၾကားပါတယ္”ဟု သင္ၾကားမႈႏွင့္ ပတ္သက္ၿပီး ရွင္းျပခဲ့သည္။ “အမွန္က CCNA ေအာင္လက္မွတ္ အတြက္ ပထမဆံုး တက္သင့္တဲ့ သင္တန္းက Cisco IT Essential Part I နဲ႔ II ႏွစ္ပိုင္းပါ။ ဒီႏွစ္ပိုင္းၿပီးသြားရင္ ဆက္တက္ရမွာက CCENT ျဖစ္တဲ့ ICND 1 နဲ႔ ICND 2 ျဖစ္ပါတယ္။ ဒီသင္တန္းေတြၿပီးမွ CCNA ကို တက္ေရာက္ရမွာပါ။ ဒါက CCNA Chart flow မရပါ။ ဒီမွာ သင္တန္းေတြ အားလံုးက ဒီ CCNA Chart Flow အတိုင္း မဟုတ္ဘဲ Network  အေျခခံရွိၿပီဆုိတာနဲ႔ တုိက္႐ိုက္ အဆင့္ေတြေက်ာ္ၿပီး CCNA ဆီ တန္းသင္တဲ့​အတြက္ သင္တန္းသားေတြ အေနနဲ႔ စာေမးပြဲအတြက္ ျပင္ဆင္တဲ့ အခါမွာပဲ ျဖစ္ျဖစ္ သင္ေနစဥ္ အတြင္းမွာပဲ ျဖစ္ျဖစ္ လုိအပ္ခ်က္ေတြ၊ အခက္အခဲေတြ ျဖစ္လာႏုိင္ပါတယ္” ဟု ျပည္တြင္း ျပည္ပ သင္တန္းေက်ာင္းမ်ားတြင္ CCNA အတြက္ သင္ၾကားမႈ ပံုစံမ်ား အေၾကာင္းႏွင့္ CCNA  Chart Flow ကြာျခားပံုမ်ားကို ေျပာၾကားခဲ့သည္။ ထု႔ိအျပင္ CCNA ေအာင္လက္မွတ္ ၿပီးသြားပါက လုပ္ငန္းခြင္တြင္ Professional အဆင့္ ရပ္တည္ႏိုင္ၿပီ ျဖစ္ေသာ္လည္း ဆက္လက္၍ အဆင့္ျမင့္ ဆက္လက္ ေလ့လာလိုပါက CCNA (Security) ကို ထပ္မံေျဖဆိုကာ CCNP (Security) ေအာင္လက္မွတ္ကို ရရွိႏိုင္သလုိ CCNA (wireless)  ကို ေျဖဆိုပါက CCNP (Wireless) ေအာင္လက္မွတ္္ကို ရရွိႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။ ဆက္လက္ ေလ့လာလိုပါက CCNA မွ တစ္ဆင့္ CCNP (Routing, Switching, Troubleshooting) ပိုင္းကို ေလ့လာကာ CCIE ကို ေျဖဆုိႏုိင္ေၾကာင္း တင္ျပလုိက္ပါသည္
Unicode
နိုင်ငံတကာတွင် ပေါ်ပြူလာ အဖြစ်ဆုံး CCNA အကြောင်း သိကောင်းစရာ

BY: NET GUIDE JOURNAL
နိုင်ငံတကာတွင် အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် Network Professional ဖြစ်လိုသူများ အတွက် နိုင်ငံတကာ အသိအမှတ်ပြု  Networking Certificate များစွာ  အနက်မှ နိုင်ငံတကာတွင် သာမက မြန်မာပြည်တွင်းမှာ ပေါ်ပြူလာ ဖြစ်ပြီး ရေပန်းအစားဆုံး သင်တန်း အောင်လက်မှတ် တစ်ခုကတော့ CCNA အောင်လက်မှတ်ပဲ ဖြစ်ပါတယ်။ CCNA အောင်လက်မှတ်နှင့် ပတ်သက်ပြီး သိသင့် သိထိုက်သော အချက်အလက်များကို လေ့လာ လိုက်စားကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အတွက် အထောက်အကူ ပြုစေရန်အတွက် IMCS မှ သင်တန်းဆရာ ကိုကြည်သက်ဟန်နှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ CCNA Course ကို သင်ကြားနိုင်ရန် အတွက် Networking  နှင့် ပတ်သက်သော အခြေခံကောင်းများ ရှိရန် လိုအပ်ကြောင်းနှင့် CCNA အတွက် တန်းကျော် တက်ရောက်ခြင်းနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများကို ဆရာ ကြည်သက်ဟန်က “အမှန်က CCNA  အောင်လက်မှတ် အတွက် သင်တန်း တက်တော့မယ်ဆိုရင် Networking နဲ့ ပတ်သက်တဲ့ အခြေခံ ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Networking နဲ့ ပတ်သက်တဲ့ အခြေခံ သင်တန်းကောင်းကောင်း တစ်ခုကို အရင် လေ့လာသင့်ပါတယ်။ ဥပမာအနေနဲ့ဆိုရင်  Cisco IT Essential  Course  လို Essential IT Engineering Course လိုမျိုးတွေကို အရင် တက်သင့်ပါတယ်။ ဒါမှသာ CCNA သင်တန်းကို တက်တဲ့အခါ Theory ပိုင်းတွေ၊ Concept ပိုင်းတွေကို သိနေမှ စာလိုက်နိုင်မှာ ဖြစ်သလို အရည်အသွေး ပြည့်ဝတဲ့ ပညာရှင် တစ်ယောက်ဖြစ်ဖို့ အတွက် အခြေခံကောင်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့များ အခြေခံ Networking နဲ့ ပတ်သက်တဲ့ သင်တန်း အခြေခံကို မတက်ဘဲ တိုက်ရိုက် CCNA Course ကို တက်မယ်ဆိုရင် အခြေခံ မကောင်းထားတဲ့ အတွက် သင်တန်း တက်စဉ်မှာပဲ အခက်အခဲတွေ အများကြီး တွေ့နိုင်ပြီး Networking ကို စိတ်ပျက် စိတ်ကုန်သွားတာမိျုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီး သင်တန်းကို ကြောက်လာရင် စာမေးပွဲဖြေတဲ့ အခါမှာ အောင်မြင်ခဲ့သည်ပဲ ထားဦး လုပ်ငန်းခွင်မှာ ဆက်ပြီး  အခက်အခဲတွေ တွေ့ရတတ်ပါတယ်” ဟု CCNA အတွက် အခြေခံ ကောင်းကောင်း မရှိပါက ကြုံတွေ့နိုင်သော အခက်အခဲများနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

CCNA  အောင်လက်မှတ်မှာ  Networking  လောကတွင် မရှိမဖြစ် အရေးကြီးသော အောင်လက်မှတ်တစ်ခု ဖြစ်ပြီး နိုင်ငံတကာတွင် CCNA ကဲ့သို့ Networking ဆိုင်ရာ အောင်လက်မှတ် ပြနိုင်မှသာ အလုပ် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ ထို့ကြောင့် နိုင်ငံတကာတွင်လည်း လူသိများ၊ ပေါ်ပြူလာ အဖြစ်ဆုံး  CCNA အောင်လက်မှတ်ကို ရယူထားမှသာ Professional Nerwork Engineering  ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ CCNA အောင်လက်မှတ် ရထားပါက ကုမ္ပဏီများတွင် အရေးပါပုံကို ဆရာ ကြည်သက်ဟန်က “CCNA  အောင်လက်မှတ် ရထားတဲ့သူတစ်ယောက် အတွက် နိုင်ငံခြား ကုမ္ပဏီတွေမှာဆိုရင် Cisco က ထုတ်တဲ့  Ciscodevice တွေ ဝယ်ဖို့ဆိုရင် CCNA အောင်လက်မှတ်ရ ပညာရှင် တစ်ယောက်လောက် ရှိမှ ဝယ်နိုင်တယ်။ Cisco device  တွေကို တကယ် ကျွမ်းကျင်တဲ့ အောင်လက်မှတ်ရ ပညာရှင်ရှိမှ Cisco ကလည်း သူရဲ့ device တွေကို ရောင်းပေးတယ်။ ဒါကြောင့် CCNA အောင်လက်မှတ်ရ ပညာရှင်တွေဆိုရင် Network ဆိုင်ရာတွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ အနေအထားမှာ ရှိတယ်” ဟု ရှင်းပြခဲ့သည်။

ဆက်လက်၍ CCNA Course အတွင်း သင်ကြားရမည့် ဘာသာရပ်များ Unit များနှင့် ပတ်သက်ပြီး ဆရာကြည်သက်ဟန်က “CCNA မှာ အဓိက လေ့လာရတာကတော့ Internetworking  နဲ့ Wireless  Networking  တွေကို အဓိကထား သင်ကြားရတယ်။ ပြည်တွင်း ကုမ္ပဏီ အများစုမှာ သုံးတဲ့ သာမန် Network device တွေကို လေ့လာရရုံတင် မဟုတ်ဘဲ Cisco device တွေကို အဓိကထားပြီး သင်ယူ လေ့လာရခြင်း ဖြစ်တယ်။ Cisco device တွေဆိုတာက  ISP Level အဆင့်ရှိတဲ့ device တွေဖြစ်လို့ အဆင့်မြင့် ပညာရပ် တစ်ခု ဖြစ်ပါတယ်။ နောက် Firewall  ပိုင်းတွေ၊ Cisco Firewall  ပိုင်းတွေအပြင် VLAN ခွဲတဲ့ အပိုင်းတွေကို သင်ကြားနိုင်မှာ ဖြစ်တယ်။ ISP Level အဆင့်မှာဆိုရင် WAN တွေအကြောင်း သိဖို့ လိုအပ်လာတယ်။ International Level အဆင့်သုံးတဲ့ WAN တွေ အားလုံးဟာ Cisco device တွေကို သုံးတာများတယ်။ IT တိုးတက်ဖွံ့ဖြိုးပြီး အင်တာနက် ချိတ်ဆက်တာတွေ ရနိုင်တာတွေ အားလုံးဟာ Internetworking ထဲမှာ အကြုံးဝင်နေလို့ CCNA အောင်လက်မှတ်တွေဟာ ပိုမို လိုအပ်ချက်များ များလာတယ်” ဟု CCNA  သင်တန်းအတွင်း သင်ကြားရမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆက်လက် ရှင်းပြခဲ့သည်။

ထို့အပြင် CCNA  Course အတွင်း သင်ကြားနိုင်သည့် Unit များ အနေဖြင့် အဓိက သိထားရမည့် အပိုင်းများ အဖြစ် Inter Networking , Routing ပိုင်း၊ Switching  ပိုင်း၊ Network Security ပိုင်း၊ IPv4  နှင့် IPv6 အပိုင်း၊ Wireless ပိုင်း၊ Fire wall ပိုင်း Access Control List, NAT, Frame relay အစရှိသဖြင့် Networking တွင် မသိမဖြစ် သိထားရမည့် ဘာသာရပ်များ အားလုံးကို သင်ကြားနိုင်မှာ ဖြစ်သည်။ CCNA အောင်လက်မှတ်တွင် ဆရာကြည်သက်ဟန်က Cisco device များနှင့် ပတ်သက်ပြီး ပြောကြားရာတွင် “Cisco device ဆိုရင် လူတွေ မြင်နိုင်တွေ့နိုင်တာက Router တွေလိုပဲ မြင်နိုင် တွေ့နိုင်ကြမယ်။ ဒီ Cisco Router လုပ်နိုင်ဖို့ အတွက် Cisco ရဲ့ IOS ကို run ရတယ်ဆိုတာ သာမန်လူတွေ အနေနဲ့ သိနိုင်မှာ မဟုတ်ပါဘူး။ ဒီလို Router တွေကို IOS ထည့် run မှသာ Router တွေက အသက်ဝင်ပြီး အလုပ်လုပ်နို်င်မှာပါ။ ဒါ့အပြင် IOS ကို Backup  လုပ်ဖို့ လိုအပ်တာဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုပဲ။ အကြောင်း တစ်ခုခုကြောင့် ကိုယ်သုံးနေတဲ့ Router Fail   ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာရင် backup လုပ်ထားတဲ့ IOS ကိုထည့်ပြီး ပြန်လည် အလုပ်လုပ်နိုင်စွမ်း ရှိတဲ့ အတွက်ပါ” ဟု Cisco Router များနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ပါသည်။

ဆက်လက်၍ ဆရာ ကြည်သက်ဟန်က “သင်တန်းတွင် အသုံးပြုလျက်ရှိသည့် Router များနှင့် ပတ်သက်ပြီး လက်ရှိ သင်တန်းမှာ သင်နေတဲ့ လက်တွေ့ အသုံးပြုနေတဲ့ Cisco Router တွေက 2600, 3000 အထက် Series တွေကို သုံးပြီး သင်ပေးပါတယ်။ Switch တွေကတော့ 2950 Series တွေနဲ့ သင်ကြားပါတယ်”ဟု သင်ကြားမှုနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။ “အမှန်က CCNA အောင်လက်မှတ် အတွက် ပထမဆုံး တက်သင့်တဲ့ သင်တန်းက Cisco IT Essential Part I နဲ့ II နှစ်ပိုင်းပါ။ ဒီနှစ်ပိုင်းပြီးသွားရင် ဆက်တက်ရမှာက CCENT ဖြစ်တဲ့ ICND 1 နဲ့ ICND 2 ဖြစ်ပါတယ်။ ဒီသင်တန်းတွေပြီးမှ CCNA ကို တက်ရောက်ရမှာပါ။ ဒါက CCNA Chart flow မရပါ။ ဒီမှာ သင်တန်းတွေ အားလုံးက ဒီ CCNA Chart Flow အတိုင်း မဟုတ်ဘဲ Network  အခြေခံရှိပြီဆိုတာနဲ့ တိုက်ရိုက် အဆင့်တွေကျော်ပြီး CCNA ဆီ တန်းသင်တဲ့အတွက် သင်တန်းသားတွေ အနေနဲ့ စာမေးပွဲအတွက် ပြင်ဆင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် သင်နေစဉ် အတွင်းမှာပဲ ဖြစ်ဖြစ် လိုအပ်ချက်တွေ၊ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်” ဟု ပြည်တွင်း ပြည်ပ သင်တန်းကျောင်းများတွင် CCNA အတွက် သင်ကြားမှု ပုံစံများ အကြောင်းနှင့် CCNA  Chart Flow ကွာခြားပုံများကို ပြောကြားခဲ့သည်။ ထု့ိအပြင် CCNA အောင်လက်မှတ် ပြီးသွားပါက လုပ်ငန်းခွင်တွင် Professional အဆင့် ရပ်တည်နိုင်ပြီ ဖြစ်သော်လည်း ဆက်လက်၍ အဆင့်မြင့် ဆက်လက် လေ့လာလိုပါက CCNA (Security) ကို ထပ်မံဖြေဆိုကာ CCNP (Security) အောင်လက်မှတ်ကို ရရှိနိုင်သလို CCNA (wireless)  ကို ဖြေဆိုပါက CCNP (Wireless) အောင်လက်မှတ််ကို ရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။ ဆက်လက် လေ့လာလိုပါက CCNA မှ တစ်ဆင့် CCNP (Routing, Switching, Troubleshooting) ပိုင်းကို လေ့လာကာ CCIE ကို ဖြေဆိုနိုင်ကြောင်း တင်ပြလိုက်ပါသည်

0 comments:

Post a Comment