Tuesday, December 22, 2015

ကိုယ္တိုင္ဖတ္ဖို႔ ေရးတဲ့စာ

ခ်စ္ရတဲ့ _____ ေရ
ဒီကေန႔ကစ ကိုယ္ကိုယ္တိုင္အတြက္ ဂုဏ္ယူစြာနဲ႔ရွင္သန္ပါ။ ကိုယ့္ကိုယ္ကို ခ်စ္ပါ။ ဘယ္သူကမွ သင့္ကို သူကိုယ္တိုင္ေလာက္ခ်စ္မွာ မဟုတ္ပါဘူး။
လူတခ်ဳိ႕ကို အရမ္းဂရုမစိုက္ပါနဲ႔၊ အရာတခ်ဳိ႕ကို အရမ္းအေလးမထားပါနဲ႔။ ကံတရားကို အေကာင္းဆံုးစိတ္ထားနဲ႔ ရင္ဆိုင္ႏိုင္ဖို႔ႀကိဳးစားပါ။ ေလာကႀကီးဟာ အၿမဲ မမွ်တႏိုင္ပါဘူး။ ကိုယ္ပိုအေလးထားတဲ့ လူ၊ အရာဝတၳဳေရွ႕မွာ ကိုယ္ဟာအၿမဲတန္ဖိုးက်ရလို႔ပါပဲ။
ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ မႏိွပ္စက္ပါနဲ႔။ ဥပမာ- ထမင္းမစားတာ၊ ငိုတာ၊ ကိုယ့္ကိုယ္ကို ပိတ္ေလွာင္တာ၊ စိတ္အားငယ္ စိတ္ဓာတ္က်တာ.... ဒါေတြဟာ လူႏုံ၊ လူအေတြမွ လုပ္တဲ့အရာေတြပါ။
ကိုယ့္ကိုယ္ကို နည္းနည္းထက္ျမက္ပါေစ။
ကိုယ့္ေဘးပတ္ဝန္းက်င္ကလူေတြကို တံုးအတဲ့ေမးခြန္းေတြ ထပ္တလဲလဲ သြားမေမးပါနဲ႔။ ဒါဟာ ပ်င္းဖို႔ ေကာင္းလြန္းပါတယ္။
တကယ္လို႔ မေပ်ာ္ဘူး၊ ဝမ္းနည္းရင္ ေထာင့္တစ္ေနရာရာမွာ ဒါမွမဟုတ္ ေစာင္ထဲဝင္ၿပီး ငိုလိုက္ပါ။
တျခားလူ ကိုယ္ခ်င္းစာ သနားဖို႔မလိုပါဘူး။ ငိုၿပီးတဲ့ေနာက္ ေပ်ာ္ရႊင္တဲ့ေန႔ရက္ေတြကို ျဖတ္သန္းပါ။
ကိုယ့္ခံစားခ်က္ကို ကိုယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားပါ။ ဘယ္သူကမွ သင့္အေပၚ အေၾကြးမတင္ပါဘူး။
ဒါေၾကာင့္ တျခားလူအေပၚ သင္ေဒါသထြက္ခ်င္တိုင္း မထြက္ပါနဲ႔၊ စိတ္တိုခ်င္တိုင္း မတိုပါနဲ႔။

ခ်စ္ရတဲ့ ______ ေရ
သင္ စိတ္ပ်က္လက္ပ်က္ျဖစ္လို႔ရတယ္၊ ဒါေပမယ့္ ေမွ်ာ္လင့္ခ်က္ေတာ့ မမဲ့ပါေစနဲ႔။ tomorrow is another day ဆိုတာကို ယံုယံုၾကည္ၾကည္ရွိပါ။
တျခားလူအေပၚ မွီခိုဖို႔ပဲ မစဥ္းစားပါနဲ႔။
သင္အကူအညီလိုခ်ိန္ အနားေရာက္လာၿပီးကူညီမယ့္လူကို ပိုလိုေတာင္ မေမွ်ာ္ကိုးပါနဲ႔။
ဘယ္သူကမွ ဘယ္သူ႔ဟာ မဟုတ္လို႔ပါပဲ။
တျခားလူကို ဘယ္ေတာ့မွ ကတိလြယ္လြယ္မေပးပါနဲ႔။ ေပးလိုက္တဲ့ ကတိက ဆပ္စရာ အေၾကြးျဖစ္တယ္။
ဒီေလာကမွာ ေနာက္ျပန္လွည့္လို႔ မရတာပဲရွိတယ္၊ ေက်ာ္ျဖတ္လို႔မရတဲ့အရာဆိုတာ မရွိပါဘူး။
သင့္အေပၚ သူေကာင္းရင္ သူ႔အေပၚ သင္ဆတိုးေကာင္းပါ။
သင့္အေပၚ သူမေကာင္းရင္လည္း သူ႔အေပၚ သင္ေကာင္းသင့္ပါတယ္။ အေၾကာင္းက သင္မွာ ေကာင္းတာေတြ မလံုေလာက္ေသးလို႔ပါပဲ။
လက္ေတြ႔ဘဝဟာ ဘယ္ေလာက္ပဲ ဆင္းရဲပင္ပန္းပါေစ... အေမွာင္လြန္ရင္ အလင္းေရာက္လာမယ္ဆိုတာကို ေခါင္းမာမာနဲ႔ယံုၾကည္ေပးပါ။

ခ်စ္ရတဲ့ _______ ေရ
အတိတ္ကို မလႊတ္တမ္း ဆုပ္ကိုင္မထားပါနဲ႔။ ႀကိဳးျပတ္သြားတဲ့စြန္ကို ပ်ံသန္းခြင့္ေပးလိုက္ပါ။
သူ႔ကိုလႊတ္လိုက္တာဟာ ကိုယ့္ကိုယ္ကို ပိုလြတ္လပ္ခြင့္ေပးလိုက္တာပါပဲ။
ေလာကမွာ "သင္"တစ္ေယာက္ပဲရွိပါတယ္။ တျခားလူေတြ သင့္ကို မႏွစ္သက္ခဲ့ရင္လည္း သင့္ကိုယ္သင္ ျမတ္ႏိုးတတ္ပါေစ။ မွန္ကန္သူျဖစ္ပါေစ။
သင့္ေဘးက သင့္ကိုအေဖာ္ျပဳသူေတြကို ေကာင္းေကာင္းဆက္ဆံပါ။ အခ်စ္က တိုေတာင္းႏိုင္ေပမယ့္ သူငယ္ခ်င္းက တစ္သက္လံုးအတြက္ပါ။
အခ်စ္အျပင္ ေျမျပင္ေပၚမွာ သင္ေျခအစံု ႀကံ့ႀကံ့ခံရပ္ႏိုင္ေစမယ့္အရာကို ရွာေဖြႏိုင္ပါေစ။
မၾကာခဏ ေကာင္းကင္ကိုေမာ့ၾကည့္ပါ။ ေကာင္းကင္ကိုေမာ့ၾကည့္ခ်ိန္ ေျခဖဝါးေအာက္ကအရာကို
လည္း ၾကည့္ဖို႔မေမ့ပါနဲ႔။
သင့္ရဲ႕အလိုလိုသိစိတ္ကို ယံုၾကည္ပါ။ တျခားလူကို ရန္မစပါနဲ႔။ တျခားလူကလည္း သင့္ကို ရန္မစေစပါနဲ႔။
တျခားလူနဲ႔ ဟိုလိုလို ဒီလိုလို မရႈပ္ပါနဲ႔။ သင္ တတ္ႏိုင္မွာ၊ ေပးစြမ္းႏိုင္မွာ မဟုတ္လို႔ပါ။
သင့္ကိုယ္သင္ အရမ္းႏွိမ္မခ်ပါနဲ႔။ တစ္ခါတေလ ရဲဝင့္ပါေစ။ အႏိုင္က်င့္ခံရတဲ့အခါ အမွန္ကို ျပန္ရယူပါ။
ဒါေပမယ့္ ရန္ၿငိဳးမထားပါနဲ႔။ လူသိမ္ လူႏုံေတြ သူတို႔လမ္းသူတို႔သြားပါေစ။ သနားညႇာတာျခင္းက သင့္ကို ပိုျမင့္ျမတ္ေစပါတယ္။

ခ်စ္ရတဲ့ _____ ေရ
ေပ်ာ္ေပ်ာ္ေနပါ၊ ရႊင္လန္းတက္ၾကြေအာင္ေနပါ၊ ႀကံ့ခိုင္ေအာင္ေနပါ၊ ေမတၱာေတြ ေႏြးေထြးပါေစ။ ဒါဟာ အက်င့္စရိုက္နဲ႔ မဆိုင္ပါဘူး။
ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိပါ။ ကိုယ့္ကိုယ္ကိုလည္း ျမတ္ႏိုးတတ္ပါေစ။ ကိုယ္ဟာအေကာင္းဆံုးကို ပိုင္ဆိုင္ထားေၾကာင္း ကိုယ့္ကိုယ္ကို အစဥ္အၿမဲ အသိေပးတတ္ပါေစ။
ေမွ်ာ္လင့္ခ်က္ကို အၿမဲေဆာင္ထားပါ။ ေရွ႕သို႔ အၿမဲဆက္လွမ္းပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဘာေတြပဲျဖစ္ျဖစ္ ေလာကမွာ သင့္ကိုအားေပးသူတစ္ေယာက္ အၿမဲရွိေနပါတယ္။အဲဒီလူကေတာ့ သင္ကိုယ္တိုင္ပဲျဖစ္ပါတယ္။

Credit : ႏုိင္းႏုိင္းစေန
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
-----------------------------------------------------------------------------
ချစ်ရတဲ့ _____ ရေ
ဒီကနေ့ကစ ကိုယ်ကိုယ်တိုင်အတွက် ဂုဏ်ယူစွာနဲ့ရှင်သန်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ဘယ်သူကမှ သင့်ကို သူကိုယ်တိုင်လောက်ချစ်မှာ မဟုတ်ပါဘူး။
လူတချို့ကို အရမ်းဂရုမစိုက်ပါနဲ့၊ အရာတချို့ကို အရမ်းအလေးမထားပါနဲ့။ ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ကြိုးစားပါ။ လောကကြီးဟာ အမြဲ မမျှတနိုင်ပါဘူး။ ကိုယ်ပိုအလေးထားတဲ့ လူ၊ အရာဝတ္ထုရှေ့မှာ ကိုယ်ဟာအမြဲတန်ဖိုးကျရလို့ပါပဲ။
ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိပ်စက်ပါနဲ့။ ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ ကိုယ့်ကိုယ်ကို ပိတ်လှောင်တာ၊ စိတ်အားငယ် စိတ်ဓာတ်ကျတာ.... ဒါတွေဟာ လူနုံ၊ လူအတွေမှ လုပ်တဲ့အရာတွေပါ။
ကိုယ့်ကိုယ်ကို နည်းနည်းထက်မြက်ပါစေ။
ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေကို တုံးအတဲ့မေးခွန်းတွေ ထပ်တလဲလဲ သွားမမေးပါနဲ့။ ဒါဟာ ပျင်းဖို့ ကောင်းလွန်းပါတယ်။
တကယ်လို့ မပျော်ဘူး၊ ဝမ်းနည်းရင် ထောင့်တစ်နေရာရာမှာ ဒါမှမဟုတ် စောင်ထဲဝင်ပြီး ငိုလိုက်ပါ။
တခြားလူ ကိုယ်ချင်းစာ သနားဖို့မလိုပါဘူး။ ငိုပြီးတဲ့နောက် ပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းပါ။
ကိုယ့်ခံစားချက်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ပါဘူး။
ဒါကြောင့် တခြားလူအပေါ် သင်ဒေါသထွက်ချင်တိုင်း မထွက်ပါနဲ့၊ စိတ်တိုချင်တိုင်း မတိုပါနဲ့။

ချစ်ရတဲ့ ______ ရေ
သင် စိတ်ပျက်လက်ပျက်ဖြစ်လို့ရတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ မမဲ့ပါစေနဲ့။ tomorrow is another day ဆိုတာကို ယုံယုံကြည်ကြည်ရှိပါ။
တခြားလူအပေါ် မှီခိုဖို့ပဲ မစဉ်းစားပါနဲ့။
သင်အကူအညီလိုချိန် အနားရောက်လာပြီးကူညီမယ့်လူကို ပိုလိုတောင် မမျှော်ကိုးပါနဲ့။
ဘယ်သူကမှ ဘယ်သူ့ဟာ မဟုတ်လို့ပါပဲ။
တခြားလူကို ဘယ်တော့မှ ကတိလွယ်လွယ်မပေးပါနဲ့။ ပေးလိုက်တဲ့ ကတိက ဆပ်စရာ အကြွေးဖြစ်တယ်။
ဒီလောကမှာ နောက်ပြန်လှည့်လို့ မရတာပဲရှိတယ်၊ ကျော်ဖြတ်လို့မရတဲ့အရာဆိုတာ မရှိပါဘူး။
သင့်အပေါ် သူကောင်းရင် သူ့အပေါ် သင်ဆတိုးကောင်းပါ။
သင့်အပေါ် သူမကောင်းရင်လည်း သူ့အပေါ် သင်ကောင်းသင့်ပါတယ်။ အကြောင်းက သင်မှာ ကောင်းတာတွေ မလုံလောက်သေးလို့ပါပဲ။
လက်တွေ့ဘဝဟာ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းပါစေ... အမှောင်လွန်ရင် အလင်းရောက်လာမယ်ဆိုတာကို ခေါင်းမာမာနဲ့ယုံကြည်ပေးပါ။

ချစ်ရတဲ့ _______ ရေ
အတိတ်ကို မလွှတ်တမ်း ဆုပ်ကိုင်မထားပါနဲ့။ ကြိုးပြတ်သွားတဲ့စွန်ကို ပျံသန်းခွင့်ပေးလိုက်ပါ။
သူ့ကိုလွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။
လောကမှာ "သင်"တစ်ယောက်ပဲရှိပါတယ်။ တခြားလူတွေ သင့်ကို မနှစ်သက်ခဲ့ရင်လည်း သင့်ကိုယ်သင် မြတ်နိုးတတ်ပါစေ။ မှန်ကန်သူဖြစ်ပါစေ။
သင့်ဘေးက သင့်ကိုအဖော်ပြုသူတွေကို ကောင်းကောင်းဆက်ဆံပါ။ အချစ်က တိုတောင်းနိုင်ပေမယ့် သူငယ်ချင်းက တစ်သက်လုံးအတွက်ပါ။
အချစ်အပြင် မြေပြင်ပေါ်မှာ သင်ခြေအစုံ ကြံ့ကြံ့ခံရပ်နိုင်စေမယ့်အရာကို ရှာဖွေနိုင်ပါစေ။
မကြာခဏ ကောင်းကင်ကိုမော့ကြည့်ပါ။ ကောင်းကင်ကိုမော့ကြည့်ချိန် ခြေဖဝါးအောက်ကအရာကို
လည်း ကြည့်ဖို့မမေ့ပါနဲ့။
သင့်ရဲ့အလိုလိုသိစိတ်ကို ယုံကြည်ပါ။ တခြားလူကို ရန်မစပါနဲ့။ တခြားလူကလည်း သင့်ကို ရန်မစစေပါနဲ့။
တခြားလူနဲ့ ဟိုလိုလို ဒီလိုလို မရှုပ်ပါနဲ့။ သင် တတ်နိုင်မှာ၊ ပေးစွမ်းနိုင်မှာ မဟုတ်လို့ပါ။
သင့်ကိုယ်သင် အရမ်းနှိမ်မချပါနဲ့။ တစ်ခါတလေ ရဲဝင့်ပါစေ။ အနိုင်ကျင့်ခံရတဲ့အခါ အမှန်ကို ပြန်ရယူပါ။
ဒါပေမယ့် ရန်ငြိုးမထားပါနဲ့။ လူသိမ် လူနုံတွေ သူတို့လမ်းသူတို့သွားပါစေ။ သနားညှာတာခြင်းက သင့်ကို ပိုမြင့်မြတ်စေပါတယ်။

ချစ်ရတဲ့ _____ ရေ
ပျော်ပျော်နေပါ၊ ရွှင်လန်းတက်ကြွအောင်နေပါ၊ ကြံ့ခိုင်အောင်နေပါ၊ မေတ္တာတွေ နွေးထွေးပါစေ။ ဒါဟာ အကျင့်စရိုက်နဲ့ မဆိုင်ပါဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကိုယ့်ကိုယ်ကိုလည်း မြတ်နိုးတတ်ပါစေ။ ကိုယ်ဟာအကောင်းဆုံးကို ပိုင်ဆိုင်ထားကြောင်း ကိုယ့်ကိုယ်ကို အစဉ်အမြဲ အသိပေးတတ်ပါစေ။
မျှော်လင့်ချက်ကို အမြဲဆောင်ထားပါ။ ရှေ့သို့ အမြဲဆက်လှမ်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်ဖြစ် လောကမှာ သင့်ကိုအားပေးသူတစ်ယောက် အမြဲရှိနေပါတယ်။အဲဒီလူကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

Credit : နိုင်းနိုင်းစနေ

0 comments:

Post a Comment