Wednesday, December 30, 2015

ဂရုမစိုက္နဲ႕

လူေတြကကိုယ္ကိုဘယ္လိုျမင္တယ္ဆိုတာထက္ ကိုယ္ကဘာဆိုတာ ကိုယ္တိုင္သိဖို႕အေရးၾကီးပါတယ္ 
ဒါေၾကာင့္ သူမ်ားေတြကိုယ့္ကိုဘယ္လိုျမင္တယ္ ဆိုတာ ဂရုမစိုက္ပါနဲ့ ..ကိုယ့္ပန္းတိုင္သာအေရာက္လွမ္းပါ 
တေန႔ကိုယ္ဘာဆိုတာ အလုပ္နဲ႕သက္ေသျပတာအေကာင္းဆံုးသက္ေသျပမႈပါ....

တစ္ခါတုန္းက ရြာေလးတစ္ရြာမွာ က႒ရူပါလို႔ ေခၚတဲ့ သစ္ရုပ္လူသားေလူေတြ ေနထိုင္ၾကတယ္။ အဲဒီ က႒ရူပါေလးေတြအားလံုးကို ပန္းပုပညာရွင္ၾကီး ဦးဉာဏ္ႀကြယ္က ထုထားသတဲ့။ အဲဒီ အဖိုးဦးဉာဏ္ၾကြယ္ဟာ တစ္ရြာလံုးကို အေပၚစီးကေနျမင္ရတဲ့ သူအလုပ္လုပ္တဲ့ အလုပ္ရံုေလးမွာ ေနတယ္။ အဲဒီ က႒ရူပါေလးေတြဟာ တခ်ိဳ႕က ႏွာေခင္းၾကီးျပီး၊ တခ်ိဳ႕က မ်က္လံုးျပဴးျပဴး၊ တခ်ိဳ႕ကေတာ့ အရပ္ပုပုနဲ႔ တခ်ိဳ႕ကေတာ့ ဦးထုပ္ေတြ ဘာေတြေဆာင္းထားျပီး၊ တခ်ိဳ႕မ်ားဆို ကုတ္အက်ၤ ီေတြေတာင္ ၀တ္ထားၾကတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္မတူဘဲ ပုံစံတစ္မ်ိဳးစီ ရွိၾကတာေပါ့။ ဒါေပမဲ့ သူတို႔အားလံုးကို ပန္းပုဆရာ တစ္ေယာက္ထဲက ထုလုပ္ထားတာျဖစ္သလို သူတို႔အားလံုးဟာ တစ္ရြာထဲမွာပဲ ေနထိုင္ၾကတယ္။
အဲဒီ က႒ရူပါေလး တစ္ေယာက္စီတိုင္းမွာ ေသတၱာေလးတစ္လံုးစီ ရွိၾကတယ္။ အဲဒီ ေသတၱာေလးေတြထဲမွာေတာ့ ၾကယ္ပံုေလးေတြနဲ႔ အမဲ၀ိုင္းပံုေလးေတြပါသတဲ့၊ ဒီ့ျပင္ သူတို႔ဟာ တစ္ျမိဳ႕လံုးအႏွံ႔ လမ္းတကာ လမ္းေလွ်ာက္သြားျပီး ၾကယ္ပံုေလး ဒါမွမဟုတ္ အမဲ၀ိုင္းေလးေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ အမွတ္အသားလုပ္ျပီး ကိုယ္ေပါၚမွာ ကပ္ေပးတတ္ၾကတယ္။
သူတို႔ေတြ အားလံုးဟာ အဲဒီအလုပ္ကိုပဲ ေန႔တိုင္း၊ ေနတိုင္း တစ္ေနကုန္၊ တစ္ေနခန္း လုပ္ၾကသတဲ့။ မ်ားေသာအားျဖင့္ ရုပ္လွလွေလး၊ မ်က္ႏွာျပင္ ေခ်ာေခ်ာမြတ္မြတ္ေလး၊ ေဆးေရာင္ေတာက္ေတာက္ေလးေတြနဲ႔ က႒ရူပါေလးေတြဆိုရင္ ၾကယ္ပံုအမွတ္အသားေလးေတြကို ကပ္ေပးတတ္ၾကတယ္။
အဲဒီလိုမွမဟုတ္ မ်က္ႏွာၾကမ္းၾကမ္းနဲ႔ ေဆးေရာင္ျပယ္ေနတဲ့ က႒ရူပါေလးေတြကိုေတြ႔ရင္ အမဲ၀ိုင္းေလးေတြ ကပ္ေပးတတ္ၾကတယ္။
ဒီ့ျပင္ တစ္ခုခုမွာ ထူးခြ်န္တဲ့သူေတြကိုလည္း၊ ၾကယ္ပံုေလးေတြ ကပ္ေပးတတ္ၾကတယ္။
ဥပမာအားျဖင့္ သစ္ေခ်ာင္းၾကီးၾကီးေတြကို ေခါင္းေပၚအထိ မ ႏိုင္တဲ့သူ၊ ေသတၱာေတြဆင့္ျပီး အျမင့္ၾကီးအထိ ခုန္ႏိုင္တဲ့သူ၊ ဒါမွမဟုတ္ စကားလံုးခက္ခက္ၾကီးေတြရဲ႕ အဓိပၸာယ္ကို သိတဲ့သူမ်ိဳးေတြနဲ႔ သီခ်င္းအဆိုေကာင္းတဲ့ သူေတြလိုမ်ိဳးေပါ့၊ တခ်ိဳ႕မ်ားဆို တစ္ကိုယ္လံုးမွာ ၾကယ္ေတြနဲ႔ အျပည့္ပဲ။ ၾကယ္ပံုရတဲ့ သူတိုင္းဟာ သူတို႔ကိုယ္သူတို႔ ၀မ္းသာဂုဏ္ယူတတ္ၾကသတဲ့။
ဒါေၾကာင့္ က႒ရူပါေလးေတြဟာ ေနာက္ထပ္၊ ေနာက္ထပ္ ၾကယ္ပံုေတြရဖို႔ တစ္မ်ိဳးျပီးတစ္မ်ိဳး ၾကိဳးစားလုပ္ေဆာင္ၾကသတဲ့၊ အဲဒီလို ၾကိဳးစားလုပ္ေဆာင္ေပမယ့္ တခ်ိ္ဳ႕မလုပ္ႏိုင္သူေတြမွာေတာ့ အမဲ၀ိုင္းအမွတ္အသားေတြပဲ အေပးခံရတယ္။
ဖိုးေမာင္လို႔အမည္ရွိတဲ့ က႒ရူပါေလးဟာလည္း အဲဒီလိုသူမ်ိဳးထဲမွာ တစ္ေယာက္အပါအ၀င္ေပါ့။ သူမ်ားေတြလို အျမင့္ၾကီးေရာက္ေအာင္ ၾကိဳးစားခုန္ၾကည့္ေပမယ့္ အျမဲတမ္း ျပန္ျပန္ျပဳတ္က်လာတတ္တယ္။ အဲဒီလိုျပဳတ္က်တဲ့ အခ်ိန္မွာ အျခားသူေတြက ၀ိုင္းလာၾကျပီး သူကို အမဲ၀ိုင္းေလးေတြ ကပ္ေပးၾကေတာ့တာဘဲ။
အဲဒီလို ခုန္ရင္းျပဳတ္က်လို႔ တစ္ခါတေလကိုယ္ေပၚမွာ အစင္းရာထင္က်န္ရင္ အမဲ၀ိုင္းေတြ ထပ္ကပ္ေပးၾကျပန္ေရာ။ ဒါေၾကာင့္ သူစိတ္ပ်က္လာျပီး သူဘာေၾကာင့္ ျပဳတ္က်ရတယ္ ဆိုတဲ့ အေၾကာင္းကို ၾကမ္းၾကမ္းတမ္း ေျပာမိလို႔ဆိုျပီး အမဲ၀ိုင္းေတြ ပိုျပီးေတာ့ ေတာင္မွ ကပ္ေပးေသးတယ္။
အဲဒါေၾကာင့္လည္း အခ်ိန္တခဏေလးအတြင္းမွာဘဲ သူကိုယ္ေပၚမွာ အမဲ၀ိုင္းေတြအမ်ားၾကီး အကပ္ခံလိုက္ရတာေၾကာင့္ အျပင္ကိုေတာင္ မထြက္ခ်င္ေတာ့ဘူး၊ အကယ္၍ ဦးထုတ္ ေမးက်န္ခဲ့တာမ်ိ္ဳး၊ ေရထဲ ေခ်ာ္က်သြားတာမ်ိဳးတို႔လို အမွားတစ္ခုခု ထပ္မွာမိျပီး ေနာက္ထပ္ အမဲ၀ိုင္းေတြ အကပ္ခံရမွာကိုလည္း ေၾကာက္ေနရတယ္။ ဒါေတာင္ ဘာအမွားမွ မလုပ္ဘဲနဲ႔ ကိုယ္ေပၚမွာ အမဲ၀ိုင္းေတြ အမ်ားၾကီး အကပ္ခံထားရလို႔ ဆိုျပီး ေနာက္ထပ္ အမဲ၀ိုင္းတစ္ခု အေၾကာင္းမရွိ အသားလြတ္ လာကပ္သြားတာမ်ိဳးက ရွိေသးတယ္။
" သူဟာ သစ္ရုပ္လူသားေကာင္ မဟုတ္လို႔ အမဲ၀ိုင္းပံုေတြနဲ႔ပဲတန္တယ္ " လို႔ အားလံုးက တညီတညြတ္တည္း ယူဆထားၾကတယ္။ ေနာက္ပိုင္းေတာ့ ဖိုးေမာင္လည္း သူတို႔ေျပာတာ ဟုတ္မွာပါေလလို႔ ယံုလာျပီး " ငါကိုယ္တိုင္ကိုယ္က အသံုးမက်တာပါ " လို႔ သူ႔ကိုယ္သူ ယူဆလာတယ္။
ရက္ေတာ္ေတာ္ၾကာမွ တစ္ေခါက္ေလာက္ အျပင္ထြက္ရင္လည္း သူ႔လိုပဲ အမဲ၀ိုင္းအမ်ားၾကီး အကပ္ခံထားရတဲ့ သူေတြရွိတဲ့ ေနရာမ်ိဳးေတြကိုပဲ သူသြားတယ္။
အဲဒါမွ သူ႔အတြက္ စိတ္ေအးလက္ေအး ေနသာထိုင္သာရွိေသးတယ္။
တစ္ေန႔ေတာ့ သူတစ္ခါမွ မေတြ႔ဘူးတဲ့ သိပ္ထူးဆန္းတဲ့ က႒ရူပါေလး တစ္ဥိးနဲ႔ ဆံုမိတယ္။ သူ႔နာမည္က မပြင့္လို႔ေခၚတယ္။ သူက သစ္သားနဲ႔ လုပ္ထားတာပါပဲ။ ဒါေပမဲ့ သူ႔မွာက ဘာအမွတ္အသားမွ မရွိဘူး။ အဲဒီ က႒ရူပါေလးကို ၾကည့္ျပီး သူစဥ္းစားမိတယ္။ ဘယ္သူကမွ သူ႔ကို ဘာအမွတ္အသားမွ ကပ္မေပးဘူး ဆိုတာေတာ့ မျဖစ္ႏိုင္ဘူး၊ ကပ္လို႔မရတာေနမွာ။ အကယ္၍ တခ်ိဳ႕သူေတြက သူ႔ကိုယ္ေပၚမွာ ဘာအမဲ၀ိုင္း အမွတ္အသား တစ္ခုမွမရွိလို႔ဆိုျပီး ၾကယ္ပံုေတြကပ္ေပးမွာပဲ။ ဒါမွမဟုတ္ တခ်ိဳ႕ကလဲ ဘာၾကယ္ပံုတစ္ခုမွ ရေအာင္ မလုပ္ႏိုင္လို႔ဆိုျပီး အမဲ၀ိုင္းပံုေတြ လာကပ္ေပးမွာဘဲ။ ကပ္လို႔မရတာ၊ ဒါမွမဟုတ္ ျပန္ျပဳတ္က်ကုန္တာပဲေနမွာ " ငါလဲသူ႔လိုမ်ိဳး ျဖစ္ခ်င္လိုက္တာ၊ ငါ့ကိုဘာအမွတ္အသားမွ ေပးတာ ငါမၾကိဳက္ဘူး " ဆိုျပီး သူအားက်လာမိတယ္။
ဒါေၾကာင့္ အမွတ္အသားတစ္ခုမွမရွိတဲ့ က႒ရူပါေလးကို ဘယ္လိုလုပ္ယူသလဲလို႔ ေမးလိုက္တယ္။
"ဒါကလြယ္ပါတယ္၊ ေနတိုင္း အဖိုးဉာဏ္ၾကြယ္နဲ႔ သြားေတြ႔လို႔ေပါ့"လို႔ မပြင့္ေလးကျပန္ေျဖတယ္။
"အဖိုး ဦးဉာဏ္ၾကယ္ဟုတ္လား"
"ဟုတ္တယ္။ ပန္းပုဆရာၾကီး ဦးဉာဏ္ႀကြယ္ေပါ့။ သူအလုပ္လုပ္တဲ့ေနရာသြားျပီး သူနဲ႔စကားသြားေျပာတာေလ"
"ဘာျဖစ္လို႔ သြားစကားေျပာရတာလဲ"
"ဒါကေတာ့ နင္ကိုယ္တိုင္ လက္ေတြ႔ စမ္းသပ္ၾကည့္ေပါ့။ ေတာင္ကုန္းေပၚတက္သြားပါလား၊ အဖိုးရွိတယ္" လို႔ေျပာျပီး မပြင့္ကေလးဟာ လွစ္ခနဲ လွည့္ေပးသြားေတာ့တယ္။
"ဒါေပမယ့္ သူကငါ့ကို ေတြ႔ခ်င္မလား"လို႔ ဖိုးေမာင္ မေက်မနပ္ ေအာ္မိတယ္။
ဒါေမမယ့္ မပြင့္ကေလးကေတာ့ အေ၀းၾကီးေရာက္ေနျပီမို႔ မၾကားေတာ့ဘူး၊ ဒါနဲ႔ပဲ အိမ္ကိုျပန္လာခဲ့ေတယ္။
ျပဴတင္းေပါက္နားမွာ ေနျပီေတာ့ က႒ရူပါေလးေတြအားလံုး ၾကယ္ပံုေတြနဲ႔ အမဲ၀ို္င္းေလးေတြကို တစ္ေယာက္နဲ႔ တစ္ေယာက္ အေျပးအလႊား လိုက္ကပ္ေပးေနတာကိုထိုင္ၾကည့္ျပီး သူစိတ္ကုန္လာတယ္။
"'ဒါေတြကမွားတယ္"လို႔ သူယူဆလာတယ္။ ဒါေၾကာင့္ အဖိုးဦးဉာဏ္ၾကြယ္ဆီသြားဖို႔ သူဆံုးျဖတ္လိုက္တယ္။
သူဟာ ေလွ်ာက္လွမ္းက်ဥး္က်ဥ္းေလးအတိုင္း ေလွ်ာက္ကာ ေတာင္ေပၚတက္လာျပီး အိမ္ထဲကိုလွမ္း၀င္လိုက္တာနဲ႔ အဲဒီအခန္းထဲက ပစၥည္းေတြကို ၾကည့္ျပီး မ်က္လံုးျပဴးသြားတယ္။ ထိုင္ခံု တစ္လံုးဟာဆိုရင္ သူ႔အရပ္ေလာက္ရွည္တယ္။ အလုပ္လုပ္တဲ့ထိုင္ခံုအေပၚကို ျမင္ႏိုင္ဖို႔ဆိုရင္ သူေျခဖ်ားေတာင္ေထာက္ရေသးတယ္။ တူတစ္ေခ်ာင္း၊ တစ္ေခ်ာင္းဆိုရင္လည္း သူ႔လက္ေမာင္းေလာက္ရွည္တယ္။ အဲဒါေတြကိုၾကည့္ျပီး "ေတာ္ျပီ၊ ဒီေနရာမွာမေနဘူး" ဆိုျပီး လွည့္ထြက္မယ္လုပ္တုံး အသံတစ္သံၾကားရတယ္။
"ဖိုးေမာင္လား" ဆိုျပီး ေမးလိုက္တဲ့ အသံဟာ ေလးေလးနက္နက္နဲ႔ ၾသဇာမာန္အျပည့္ ပါေနတာေၾကာင့္ သူရပ္လိုက္မိတယ္။ "ေအး-ဖိုးေမာင္ရာ ငါမင္းကို ေတြ႔ရတာအရမ္း၀မ္းသာပါတယ္။ လာပါအံုး မင္းကိုငါၾကည့္ပါရေစအံုး" ဖိုးေမာင္ဟာ တုံ႕ခနဲရပ္လိုက္ျပီး တျဖည္းျဖည္းခ်င္းလွည္ကာ မုတ္ဆိတ္ေမႊးအရွည္ၾကီးနဲ႔ ပန္းပုဆရာၾကိးကို ၾကည့္ျပိးေတာ့ "အဖိုးက ကၽြန္ေတာ့နာမည္ကို သိတယ္ဟုတ္လား" "သိတာေပါ့၊ မင္းကို ငါကိုယ္တိုင္ ထုလုပ္ထားတာပဲ" လို႔ ျပန္ေျဖလိုက္တယ္။
အဲဒီေနာက္ ဆရာၾကီးဟာ ဖိုးေမာင္ကေလးကို မ ျပီး သူအလုပ္လုပ္တဲ့ စားပြဲေပၚတင္ေပးလိုက္တယ္။ ျပီးေတာ့ "အင္း-သူမ်ားေတြက မင္းကို ၀ိုင္းေပးထားတဲ့ မွတ္ခ်က္ေတြကလည္း မေကာင္းပါလား"လို႔ သူ႔ကိုယ္က အမဲ၀ိုင္းေလးေတြကို ေသခ်ာၾကည့္ျပီး ေျပာလိုက္တယ္။ "ကၽြန္ေတာ္လည္း ဒါမ်ိဳးေတြမရခ်င္လို႔ ၾကိဳးစားခဲ့ပါတယ္" "ကေလးရယ္ ငါ့အေရွ႕မွာ မင္းကိုမင္းကာကြယ္ဖို႔ ဆင္ျခင္ေတြေပးစရာမလိုသလို အျခားသူေတြ မင္းကို ဘယ္လိုထင္တယ္ဆိုတာလည္း ငါဂရုမစိုက္ဘူး"
"တကယ္လား"
"တကယ္ေပါ့ မင္းလည္းသိပ္ဂရုမစိုက္နဲ႔၊ မင္းစဥ္းစားၾကည့္၊ မင္းကို အမွတ္အသားေတြ ၀ိုင္းေပးၾကတဲ့သူေတြက ဘယ္သူေတြလဲ၊ မင္းလို သစ္သားရုပ္လူသားေတြပဲမဟုတ္လား၊ သူတို႔မင္းကို ဘယ္လိုထင္လဲဆိုတာ အေရးမၾကီးပါဘူး၊ ငါကမင္းကို ဘယ္လိုျမင္သလဲဆိုတာက ပိုအေရးၾကီးတယ္။ ငါ့အတြက္ေတာ့ မင္းဟာ အေတာ့္ကိုထူးျခားတယ္။"
ဖိုးေမာင္ဟာ မဲ့ျပဳံံးျပံဳးလိုက္ျပၤး "ကၽြန္ေတာ္က ထူးျခားတယ္။ မျဖစ္ႏိုင္တာ ကြ်န္ေတာ္က လမ္းလည္းျမန္ျမန္မေလွ်ာက္ႏိုင္၊ ကၽြန္ေတာ္ရဲ႕ကိုယ္ေပၚက ေဆးေရာေတြကလည္း အေရာင္ျပယ္ေနပါျပီ။ ဒါနဲ႔မ်ား ကၽြန္ေတာ္က အဖိုးအတြက္ အေရးပါတဲ့သူ ျဖစ္ႏိုင္မွာလား" လို႔ျပန္ေျပာလိုက္တယ္။
ပန္းပုဆရာၾကီးဟာ ဖိုးေမာင္ကို စိုက္ၾကည့္လိုက္ျပီး သူ႔လက္ႏွစ္ဖက္နဲ႕ ဖိုးေမာင္ရဲ႕ ပခံုးေသးေသးေလးေတြကို ဖက္လိုက္ကာ "မင္းကို ငါပိုင္တယ္။ ဒါေၾကာင့္ မင္းဟာငါ့အတြက္ အေရးပါတယ္" လို႔ တစ္လံုးခ်င္းစီ ျဖည္းျဖည္းေလးေျပာလိုက္တယ္။
ဖိုးေမာင္ဟာ ဆရာၾကီးၾကည့္တဲ့ အၾကည့္မ်ိဳးနဲ႔ တစ္ေယာက္မွ သူ႔ကို တစ္ခါေလးေတာင္မွ မၾကည့္ဖူးဘူး။ ဒါေၾကာင့္ သူၾကက္ေသေသသြားျပီး ဘာျပန္ေျပာရမလဲေတာင္မသိေတာ့ဘူးေပါ့။
"မင္းဘယ္ေတာ့လာမလဲဆိုျပီး ငါေန႔တိုင္းေမွ်ာ္ေနတာ"ဆိုျပီး ဆရာၾကီးက ဆက္ေျပာေတာ့ "ဘာအမွတ္အသားမွ မရွိတဲ့ က႒ရူပါေလး တစ္ေယာက္ကေျပာလို႔လာတာ" လို႔ျပန္ေျပာလိုက္တယ္။ "ငါသိပါျပီ၊ သူကမင္းရဲ႕အေၾကာင္းေတြငါ့ကိုေျပာျပထားတယ္ေလ" "သူကေတာ့ဘာျဖစ္လို႔ အမွတ္အသားတစ္ခုမွ မရွိတာလဲ"လို႔ ဖိုးေမာင္က ေမးလိုက္တယ္။
ဒီေတာ့ ဆရာၾကီးက "ဘာေၾကာင့္လည္းဆိုေတာ့ အျခားသူေတြက သူ႔ကို ဘယ္လိုထင္သလဲဆိုတာထက္ ငါက သူ႔အေပၚဘယ္လိုျမင္တယ္ဆိုတာကသာ အေရးၾကီးတယ္လို႔ သူယံုၾကည္တယ္ေလ။ အဲဒီ ဘာအမွတ္အသား ညာအမွတ္အသားဆိုတာေတြကလဲ ကိုယ္တိုင္လက္ခံမွ ကပ္လို႔လို႔ရတာပါ" လို႔ သူ႔ကို ေအးေအးေဆးေဆးရွင္းျပတယ္။
"ဘာျဖစ္လို႔လဲ"လို႔ ဖိုးေမာင္က ဆက္ေမးေတာ့ "မင္းက အဲဒီအမွတ္အသားေတြကို အေရးတယူလုပ္ျပီး ဂရုစိုက္မွ မင္းကိုယ္ေပၚမွာ ကပ္ေနႏိုင္တာပါ။ ဒါေပမယ့္ အဲဒိအမွတ္အသားေတြေၾကာင့္ စိတ္ဓာတ္က် စိတ္ပ်က္ရတာေတြဟာလည္း၊ ငါမင္းကို ဘယ္ေလာက္အထိ ခ်စ္သလဲဆိုတာ နားလည္လာတာနဲ႔အမွ် ေလ်ာ့နည္းလာလိမ့္မယ္။" လို႔ ဆရာၾကီးကျပန္ေျဖတယ္။
"အဖိုးက ဘာကိုဆိုလိုတာလဲလို႔ ကၽြန္ေတာ္မရွင္းဘူး"လို႔ ဖိုးေမာင္က ျပန္ေျပာေတာ့ ဆရာၾကီးက ျပဳံးေနျပီး "မင္းေနာက္တာ့ နားလည္လာမွာပါ"
"မင္းကိုယ္ေပၚမွာ အမွတ္အသားေတြက မ်ားလြန္းေတာ့ အခ်ိန္နည္းနည္းယူရမွာေပါ့။"
"ေလာေလာဆယ္ မွာလိုက္မယ္၊ မင္းငါ့ဆီကို ေန႔တိုင္းလာပါ။" "မင္းကိုငါ ဘယ္ေလာက္ဂရုစိုက္သလဲဆိုတာ နားလည္လာလိမ့္မယ္" ထို႔ေနာက္ ပန္းပုဆရာၾကီးဟာ သူ႔ကိုစားပြဲေပၚကေန ေျမၾကီးေပၚကိခ်ေပးလိုက္တယ္။
ဖိုးေမာင္ကေလးဟာ တံခါး၀ဆီကို လမ္းေလွ်ာက္လာတုန္း အဖိုးက လွမ္းျပီး ထပ္သတိေပးလိုက္တာကေတာ့ "မေမ့နဲ႔ေနာ္။ မင္းကိုငါကိုယ္တိုင္ ထုလုပ္ထားတဲ့အတြက္ ငါသိတယ္။ မင္းမွာသူမတူတဲ့ ထူးျခားခ်က္ေတြရွိတယ္ဆိုတာ ယံုထားလိုက္။ ဘာျဖစ္လို႔လဲဆိုေတာ့ ငါဘယ္ေတာ့မွ မွားျပီးမလုပ္ဘူး" လို႔ လွမ္းေျပာလိုက္တဲ့ အသံကိုၾကားေပမယ့္ ေရွ႕ဆက္ေလွ်ာက္သြားလိုက္တယ္။
သူစိတ္ထဲမွာေတာ့ ဆရာၾကီးေျပာတဲ့ စကားေတြဟာ အမွန္ေတြပဲလို႔ ခံစားလိုက္ရတယ္။ အဲဒိလို ဆရာၾကီးရဲ႕ စကားေတြကို ျပန္စဥ္းစားၾကားေယာင္ေနတဲ့ အခ်ိန္မွာဘဲ အမွတ္မထင္ သူ႔ကိုယ္ေပၚက အမဲ၀ိုင္းေလးတစ္ခု ျပဳတ္က်သြားတာကိုေတာင္ သူသတိမထားမိေတာ့ဘူး။
Unicode
ဂရုမစိုက်နဲ့

လူတွေကကိုယ်ကိုဘယ်လိုမြင်တယ်ဆိုတာထက် ကိုယ်ကဘာဆိုတာ ကိုယ်တိုင်သိဖို့အရေးကြီးပါတယ် 
ဒါကြောင့် သူများတွေကိုယ့်ကိုဘယ်လိုမြင်တယ် ဆိုတာ ဂရုမစိုက်ပါနဲ့ ..ကိုယ့်ပန်းတိုင်သာအရောက်လှမ်းပါ 
တနေ့ကိုယ်ဘာဆိုတာ အလုပ်နဲ့သက်သေပြတာအကောင်းဆုံးသက်သေပြမှုပါ....

တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ကဋ္ဌရူပါလို့ ခေါ်တဲ့ သစ်ရုပ်လူသားလေူတွေ နေထိုင်ကြတယ်။ အဲဒီ ကဋ္ဌရူပါလေးတွေအားလုံးကို ပန်းပုပညာရှင်ကြီး ဦးဉာဏ်ကြွယ်က ထုထားသတဲ့။ အဲဒီ အဖိုးဦးဉာဏ်ကြွယ်ဟာ တစ်ရွာလုံးကို အပေါ်စီးကနေမြင်ရတဲ့ သူအလုပ်လုပ်တဲ့ အလုပ်ရုံလေးမှာ နေတယ်။ အဲဒီ ကဋ္ဌရူပါလေးတွေဟာ တချို့က နှာခေင်းကြီးပြီး၊ တချို့က မျက်လုံးပြူးပြူး၊ တချို့ကတော့ အရပ်ပုပုနဲ့ တချို့ကတော့ ဦးထုပ်တွေ ဘာတွေဆောင်းထားပြီး၊ တချို့များဆို ကုတ်အကျၤ ီတွေတောင် ၀တ်ထားကြတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ပုံစံတစ်မျိုးစီ ရှိကြတာပေါ့။ ဒါပေမဲ့ သူတို့အားလုံးကို ပန်းပုဆရာ တစ်ယောက်ထဲက ထုလုပ်ထားတာဖြစ်သလို သူတို့အားလုံးဟာ တစ်ရွာထဲမှာပဲ နေထိုင်ကြတယ်။
အဲဒီ ကဋ္ဌရူပါလေး တစ်ယောက်စီတိုင်းမှာ သေတ္တာလေးတစ်လုံးစီ ရှိကြတယ်။ အဲဒီ သေတ္တာလေးတွေထဲမှာတော့ ကြယ်ပုံလေးတွေနဲ့ အမဲ၀ိုင်းပုံလေးတွေပါသတဲ့၊ ဒီ့ပြင် သူတို့ဟာ တစ်မြို့လုံးအနှံ့ လမ်းတကာ လမ်းလျှောက်သွားပြီး ကြယ်ပုံလေး ဒါမှမဟုတ် အမဲ၀ိုင်းလေးတွေကို တစ်ယောက်နဲ့တစ်ယောက် အမှတ်အသားလုပ်ပြီး ကိုယ်ပေါါ်မှာ ကပ်ပေးတတ်ကြတယ်။
သူတို့တွေ အားလုံးဟာ အဲဒီအလုပ်ကိုပဲ နေ့တိုင်း၊ နေတိုင်း တစ်နေကုန်၊ တစ်နေခန်း လုပ်ကြသတဲ့။ များသောအားဖြင့် ရုပ်လှလှလေး၊ မျက်နှာပြင် ချောချောမွတ်မွတ်လေး၊ ဆေးရောင်တောက်တောက်လေးတွေနဲ့ ကဋ္ဌရူပါလေးတွေဆိုရင် ကြယ်ပုံအမှတ်အသားလေးတွေကို ကပ်ပေးတတ်ကြတယ်။
အဲဒီလိုမှမဟုတ် မျက်နှာကြမ်းကြမ်းနဲ့ ဆေးရောင်ပြယ်နေတဲ့ ကဋ္ဌရူပါလေးတွေကိုတွေ့ရင် အမဲ၀ိုင်းလေးတွေ ကပ်ပေးတတ်ကြတယ်။
ဒီ့ပြင် တစ်ခုခုမှာ ထူးချွန်တဲ့သူတွေကိုလည်း၊ ကြယ်ပုံလေးတွေ ကပ်ပေးတတ်ကြတယ်။
ဥပမာအားဖြင့် သစ်ချောင်းကြီးကြီးတွေကို ခေါင်းပေါ်အထိ မ နိုင်တဲ့သူ၊ သေတ္တာတွေဆင့်ပြီး အမြင့်ကြီးအထိ ခုန်နိုင်တဲ့သူ၊ ဒါမှမဟုတ် စကားလုံးခက်ခက်ကြီးတွေရဲ့ အဓိပ္ပာယ်ကို သိတဲ့သူမျိုးတွေနဲ့ သီချင်းအဆိုကောင်းတဲ့ သူတွေလိုမျိုးပေါ့၊ တချို့များဆို တစ်ကိုယ်လုံးမှာ ကြယ်တွေနဲ့ အပြည့်ပဲ။ ကြယ်ပုံရတဲ့ သူတိုင်းဟာ သူတို့ကိုယ်သူတို့ ၀မ်းသာဂုဏ်ယူတတ်ကြသတဲ့။
ဒါကြောင့် ကဋ္ဌရူပါလေးတွေဟာ နောက်ထပ်၊ နောက်ထပ် ကြယ်ပုံတွေရဖို့ တစ်မျိုးပြီးတစ်မျိုး ကြိုးစားလုပ်ဆောင်ကြသတဲ့၊ အဲဒီလို ကြိုးစားလုပ်ဆောင်ပေမယ့် တချိ်ု့မလုပ်နိုင်သူတွေမှာတော့ အမဲ၀ိုင်းအမှတ်အသားတွေပဲ အပေးခံရတယ်။
ဖိုးမောင်လို့အမည်ရှိတဲ့ ကဋ္ဌရူပါလေးဟာလည်း အဲဒီလိုသူမျိုးထဲမှာ တစ်ယောက်အပါအ၀င်ပေါ့။ သူများတွေလို အမြင့်ကြီးရောက်အောင် ကြိုးစားခုန်ကြည့်ပေမယ့် အမြဲတမ်း ပြန်ပြန်ပြုတ်ကျလာတတ်တယ်။ အဲဒီလိုပြုတ်ကျတဲ့ အချိန်မှာ အခြားသူတွေက ၀ိုင်းလာကြပြီး သူကို အမဲ၀ိုင်းလေးတွေ ကပ်ပေးကြတော့တာဘဲ။
အဲဒီလို ခုန်ရင်းပြုတ်ကျလို့ တစ်ခါတလေကိုယ်ပေါ်မှာ အစင်းရာထင်ကျန်ရင် အမဲ၀ိုင်းတွေ ထပ်ကပ်ပေးကြပြန်ရော။ ဒါကြောင့် သူစိတ်ပျက်လာပြီး သူဘာကြောင့် ပြုတ်ကျရတယ် ဆိုတဲ့ အကြောင်းကို ကြမ်းကြမ်းတမ်း ပြောမိလို့ဆိုပြီး အမဲ၀ိုင်းတွေ ပိုပြီးတော့ တောင်မှ ကပ်ပေးသေးတယ်။
အဲဒါကြောင့်လည်း အချိန်တခဏလေးအတွင်းမှာဘဲ သူကိုယ်ပေါ်မှာ အမဲ၀ိုင်းတွေအများကြီး အကပ်ခံလိုက်ရတာကြောင့် အပြင်ကိုတောင် မထွက်ချင်တော့ဘူး၊ အကယ်၍ ဦးထုတ် မေးကျန်ခဲ့တာမျိ်ုး၊ ရေထဲ ချော်ကျသွားတာမျိုးတို့လို အမှားတစ်ခုခု ထပ်မှာမိပြီး နောက်ထပ် အမဲ၀ိုင်းတွေ အကပ်ခံရမှာကိုလည်း ကြောက်နေရတယ်။ ဒါတောင် ဘာအမှားမှ မလုပ်ဘဲနဲ့ ကိုယ်ပေါ်မှာ အမဲ၀ိုင်းတွေ အများကြီး အကပ်ခံထားရလို့ ဆိုပြီး နောက်ထပ် အမဲ၀ိုင်းတစ်ခု အကြောင်းမရှိ အသားလွတ် လာကပ်သွားတာမျိုးက ရှိသေးတယ်။
" သူဟာ သစ်ရုပ်လူသားကောင် မဟုတ်လို့ အမဲ၀ိုင်းပုံတွေနဲ့ပဲတန်တယ် " လို့ အားလုံးက တညီတညွတ်တည်း ယူဆထားကြတယ်။ နောက်ပိုင်းတော့ ဖိုးမောင်လည်း သူတို့ပြောတာ ဟုတ်မှာပါလေလို့ ယုံလာပြီး " ငါကိုယ်တိုင်ကိုယ်က အသုံးမကျတာပါ " လို့ သူ့ကိုယ်သူ ယူဆလာတယ်။
ရက်တော်တော်ကြာမှ တစ်ခေါက်လောက် အပြင်ထွက်ရင်လည်း သူ့လိုပဲ အမဲ၀ိုင်းအများကြီး အကပ်ခံထားရတဲ့ သူတွေရှိတဲ့ နေရာမျိုးတွေကိုပဲ သူသွားတယ်။
အဲဒါမှ သူ့အတွက် စိတ်အေးလက်အေး နေသာထိုင်သာရှိသေးတယ်။
တစ်နေ့တော့ သူတစ်ခါမှ မတွေ့ဘူးတဲ့ သိပ်ထူးဆန်းတဲ့ ကဋ္ဌရူပါလေး တစ်ဥိးနဲ့ ဆုံမိတယ်။ သူ့နာမည်က မပွင့်လို့ခေါ်တယ်။ သူက သစ်သားနဲ့ လုပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာက ဘာအမှတ်အသားမှ မရှိဘူး။ အဲဒီ ကဋ္ဌရူပါလေးကို ကြည့်ပြီး သူစဉ်းစားမိတယ်။ ဘယ်သူကမှ သူ့ကို ဘာအမှတ်အသားမှ ကပ်မပေးဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ကပ်လို့မရတာနေမှာ။ အကယ်၍ တချို့သူတွေက သူ့ကိုယ်ပေါ်မှာ ဘာအမဲ၀ိုင်း အမှတ်အသား တစ်ခုမှမရှိလို့ဆိုပြီး ကြယ်ပုံတွေကပ်ပေးမှာပဲ။ ဒါမှမဟုတ် တချို့ကလဲ ဘာကြယ်ပုံတစ်ခုမှ ရအောင် မလုပ်နိုင်လို့ဆိုပြီး အမဲ၀ိုင်းပုံတွေ လာကပ်ပေးမှာဘဲ။ ကပ်လို့မရတာ၊ ဒါမှမဟုတ် ပြန်ပြုတ်ကျကုန်တာပဲနေမှာ " ငါလဲသူ့လိုမျိုး ဖြစ်ချင်လိုက်တာ၊ ငါ့ကိုဘာအမှတ်အသားမှ ပေးတာ ငါမကြိုက်ဘူး " ဆိုပြီး သူအားကျလာမိတယ်။
ဒါကြောင့် အမှတ်အသားတစ်ခုမှမရှိတဲ့ ကဋ္ဌရူပါလေးကို ဘယ်လိုလုပ်ယူသလဲလို့ မေးလိုက်တယ်။
"ဒါကလွယ်ပါတယ်၊ နေတိုင်း အဖိုးဉာဏ်ကြွယ်နဲ့ သွားတွေ့လို့ပေါ့"လို့ မပွင့်လေးကပြန်ဖြေတယ်။
"အဖိုး ဦးဉာဏ်ကြယ်ဟုတ်လား"
"ဟုတ်တယ်။ ပန်းပုဆရာကြီး ဦးဉာဏ်ကြွယ်ပေါ့။ သူအလုပ်လုပ်တဲ့နေရာသွားပြီး သူနဲ့စကားသွားပြောတာလေ"
"ဘာဖြစ်လို့ သွားစကားပြောရတာလဲ"
"ဒါကတော့ နင်ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ပေါ့။ တောင်ကုန်းပေါ်တက်သွားပါလား၊ အဖိုးရှိတယ်" လို့ပြောပြီး မပွင့်ကလေးဟာ လှစ်ခနဲ လှည့်ပေးသွားတော့တယ်။
"ဒါပေမယ့် သူကငါ့ကို တွေ့ချင်မလား"လို့ ဖိုးမောင် မကျေမနပ် အော်မိတယ်။
ဒါမေမယ့် မပွင့်ကလေးကတော့ အေ၀းကြီးရောက်နေပြီမို့ မကြားတော့ဘူး၊ ဒါနဲ့ပဲ အိမ်ကိုပြန်လာခဲ့တေယ်။
ပြူတင်းပေါက်နားမှာ နေပြီတော့ ကဋ္ဌရူပါလေးတွေအားလုံး ကြယ်ပုံတွေနဲ့ အမဲ၀ို်င်းလေးတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြေးအလွှား လိုက်ကပ်ပေးနေတာကိုထိုင်ကြည့်ပြီး သူစိတ်ကုန်လာတယ်။
"'ဒါတွေကမှားတယ်"လို့ သူယူဆလာတယ်။ ဒါကြောင့် အဖိုးဦးဉာဏ်ကြွယ်ဆီသွားဖို့ သူဆုံးဖြတ်လိုက်တယ်။
သူဟာ လျှောက်လှမ်းကျဥး်ကျဉ်းလေးအတိုင်း လျှောက်ကာ တောင်ပေါ်တက်လာပြီး အိမ်ထဲကိုလှမ်း၀င်လိုက်တာနဲ့ အဲဒီအခန်းထဲက ပစ္စည်းတွေကို ကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ထိုင်ခုံ တစ်လုံးဟာဆိုရင် သူ့အရပ်လောက်ရှည်တယ်။ အလုပ်လုပ်တဲ့ထိုင်ခုံအပေါ်ကို မြင်နိုင်ဖို့ဆိုရင် သူခြေဖျားတောင်ထောက်ရသေးတယ်။ တူတစ်ချောင်း၊ တစ်ချောင်းဆိုရင်လည်း သူ့လက်မောင်းလောက်ရှည်တယ်။ အဲဒါတွေကိုကြည့်ပြီး "တော်ပြီ၊ ဒီနေရာမှာမနေဘူး" ဆိုပြီး လှည့်ထွက်မယ်လုပ်တုံး အသံတစ်သံကြားရတယ်။
"ဖိုးမောင်လား" ဆိုပြီး မေးလိုက်တဲ့ အသံဟာ လေးလေးနက်နက်နဲ့ သြဇာမာန်အပြည့် ပါနေတာကြောင့် သူရပ်လိုက်မိတယ်။ "အေး-ဖိုးမောင်ရာ ငါမင်းကို တွေ့ရတာအရမ်း၀မ်းသာပါတယ်။ လာပါအုံး မင်းကိုငါကြည့်ပါရစေအုံး" ဖိုးမောင်ဟာ တုံ့ခနဲရပ်လိုက်ပြီး တဖြည်းဖြည်းချင်းလှည်ကာ မုတ်ဆိတ်မွှေးအရှည်ကြီးနဲ့ ပန်းပုဆရာကြိးကို ကြည့်ပြိးတော့ "အဖိုးက ကျွန်တော့နာမည်ကို သိတယ်ဟုတ်လား" "သိတာပေါ့၊ မင်းကို ငါကိုယ်တိုင် ထုလုပ်ထားတာပဲ" လို့ ပြန်ဖြေလိုက်တယ်။
အဲဒီနောက် ဆရာကြီးဟာ ဖိုးမောင်ကလေးကို မ ပြီး သူအလုပ်လုပ်တဲ့ စားပွဲပေါ်တင်ပေးလိုက်တယ်။ ပြီးတော့ "အင်း-သူများတွေက မင်းကို ၀ိုင်းပေးထားတဲ့ မှတ်ချက်တွေကလည်း မကောင်းပါလား"လို့ သူ့ကိုယ်က အမဲ၀ိုင်းလေးတွေကို သေချာကြည့်ပြီး ပြောလိုက်တယ်။ "ကျွန်တော်လည်း ဒါမျိုးတွေမရချင်လို့ ကြိုးစားခဲ့ပါတယ်" "ကလေးရယ် ငါ့အရှေ့မှာ မင်းကိုမင်းကာကွယ်ဖို့ ဆင်ခြင်တွေပေးစရာမလိုသလို အခြားသူတွေ မင်းကို ဘယ်လိုထင်တယ်ဆိုတာလည်း ငါဂရုမစိုက်ဘူး"
"တကယ်လား"
"တကယ်ပေါ့ မင်းလည်းသိပ်ဂရုမစိုက်နဲ့၊ မင်းစဉ်းစားကြည့်၊ မင်းကို အမှတ်အသားတွေ ၀ိုင်းပေးကြတဲ့သူတွေက ဘယ်သူတွေလဲ၊ မင်းလို သစ်သားရုပ်လူသားတွေပဲမဟုတ်လား၊ သူတို့မင်းကို ဘယ်လိုထင်လဲဆိုတာ အရေးမကြီးပါဘူး၊ ငါကမင်းကို ဘယ်လိုမြင်သလဲဆိုတာက ပိုအရေးကြီးတယ်။ ငါ့အတွက်တော့ မင်းဟာ အတော့်ကိုထူးခြားတယ်။"
ဖိုးမောင်ဟာ မဲ့ပြုံံးပြုံးလိုက်င်္ပြး "ကျွန်တော်က ထူးခြားတယ်။ မဖြစ်နိုင်တာ ကျွန်တော်က လမ်းလည်းမြန်မြန်မလျှောက်နိုင်၊ ကျွန်တော်ရဲ့ကိုယ်ပေါ်က ဆေးရောတွေကလည်း အရောင်ပြယ်နေပါပြီ။ ဒါနဲ့များ ကျွန်တော်က အဖိုးအတွက် အရေးပါတဲ့သူ ဖြစ်နိုင်မှာလား" လို့ပြန်ပြောလိုက်တယ်။
ပန်းပုဆရာကြီးဟာ ဖိုးမောင်ကို စိုက်ကြည့်လိုက်ပြီး သူ့လက်နှစ်ဖက်နဲ့ ဖိုးမောင်ရဲ့ ပခုံးသေးသေးလေးတွေကို ဖက်လိုက်ကာ "မင်းကို ငါပိုင်တယ်။ ဒါကြောင့် မင်းဟာငါ့အတွက် အရေးပါတယ်" လို့ တစ်လုံးချင်းစီ ဖြည်းဖြည်းလေးပြောလိုက်တယ်။
ဖိုးမောင်ဟာ ဆရာကြီးကြည့်တဲ့ အကြည့်မျိုးနဲ့ တစ်ယောက်မှ သူ့ကို တစ်ခါလေးတောင်မှ မကြည့်ဖူးဘူး။ ဒါကြောင့် သူကြက်သေသေသွားပြီး ဘာပြန်ပြောရမလဲတောင်မသိတော့ဘူးပေါ့။
"မင်းဘယ်တော့လာမလဲဆိုပြီး ငါနေ့တိုင်းမျှော်နေတာ"ဆိုပြီး ဆရာကြီးက ဆက်ပြောတော့ "ဘာအမှတ်အသားမှ မရှိတဲ့ ကဋ္ဌရူပါလေး တစ်ယောက်ကပြောလို့လာတာ" လို့ပြန်ပြောလိုက်တယ်။ "ငါသိပါပြီ၊ သူကမင်းရဲ့အကြောင်းတွေငါ့ကိုပြောပြထားတယ်လေ" "သူကတော့ဘာဖြစ်လို့ အမှတ်အသားတစ်ခုမှ မရှိတာလဲ"လို့ ဖိုးမောင်က မေးလိုက်တယ်။
ဒီတော့ ဆရာကြီးက "ဘာကြောင့်လည်းဆိုတော့ အခြားသူတွေက သူ့ကို ဘယ်လိုထင်သလဲဆိုတာထက် ငါက သူ့အပေါ်ဘယ်လိုမြင်တယ်ဆိုတာကသာ အရေးကြီးတယ်လို့ သူယုံကြည်တယ်လေ။ အဲဒီ ဘာအမှတ်အသား ညာအမှတ်အသားဆိုတာတွေကလဲ ကိုယ်တိုင်လက်ခံမှ ကပ်လို့လို့ရတာပါ" လို့ သူ့ကို အေးအေးဆေးဆေးရှင်းပြတယ်။
"ဘာဖြစ်လို့လဲ"လို့ ဖိုးမောင်က ဆက်မေးတော့ "မင်းက အဲဒီအမှတ်အသားတွေကို အရေးတယူလုပ်ပြီး ဂရုစိုက်မှ မင်းကိုယ်ပေါ်မှာ ကပ်နေနိုင်တာပါ။ ဒါပေမယ့် အဲဒိအမှတ်အသားတွေကြောင့် စိတ်ဓာတ်ကျ စိတ်ပျက်ရတာတွေဟာလည်း၊ ငါမင်းကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ နားလည်လာတာနဲ့အမျှ လျော့နည်းလာလိမ့်မယ်။" လို့ ဆရာကြီးကပြန်ဖြေတယ်။
"အဖိုးက ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်မရှင်းဘူး"လို့ ဖိုးမောင်က ပြန်ပြောတော့ ဆရာကြီးက ပြုံးနေပြီး "မင်းနောက်တာ့ နားလည်လာမှာပါ"
"မင်းကိုယ်ပေါ်မှာ အမှတ်အသားတွေက များလွန်းတော့ အချိန်နည်းနည်းယူရမှာပေါ့။"
"လောလောဆယ် မှာလိုက်မယ်၊ မင်းငါ့ဆီကို နေ့တိုင်းလာပါ။" "မင်းကိုငါ ဘယ်လောက်ဂရုစိုက်သလဲဆိုတာ နားလည်လာလိမ့်မယ်" ထို့နောက် ပန်းပုဆရာကြီးဟာ သူ့ကိုစားပွဲပေါ်ကနေ မြေကြီးပေါ်ကိချပေးလိုက်တယ်။
ဖိုးမောင်ကလေးဟာ တံခါး၀ဆီကို လမ်းလျှောက်လာတုန်း အဖိုးက လှမ်းပြီး ထပ်သတိပေးလိုက်တာကတော့ "မမေ့နဲ့နော်။ မင်းကိုငါကိုယ်တိုင် ထုလုပ်ထားတဲ့အတွက် ငါသိတယ်။ မင်းမှာသူမတူတဲ့ ထူးခြားချက်တွေရှိတယ်ဆိုတာ ယုံထားလိုက်။ ဘာဖြစ်လို့လဲဆိုတော့ ငါဘယ်တော့မှ မှားပြီးမလုပ်ဘူး" လို့ လှမ်းပြောလိုက်တဲ့ အသံကိုကြားပေမယ့် ရှေ့ဆက်လျှောက်သွားလိုက်တယ်။
သူစိတ်ထဲမှာတော့ ဆရာကြီးပြောတဲ့ စကားတွေဟာ အမှန်တွေပဲလို့ ခံစားလိုက်ရတယ်။ အဲဒိလို ဆရာကြီးရဲ့ စကားတွေကို ပြန်စဉ်းစားကြားယောင်နေတဲ့ အချိန်မှာဘဲ အမှတ်မထင် သူ့ကိုယ်ပေါ်က အမဲ၀ိုင်းလေးတစ်ခု ပြုတ်ကျသွားတာကိုတောင် သူသတိမထားမိတော့ဘူး။

0 comments:

Post a Comment