Friday, October 23, 2015

ဘယ္ေလာက္ခ်မ္းသာရင္ ဇိမ္နဲ႕ေနႏုိင္မလဲ ...

ဇိမ္ခံရြက္သေဘၤာႏွင့္ အပန္းေျဖခရီးထြက္လာသည့္ ဧရာမ လုပ္ငန္းရွင္ႀကီးတစ္ေယာက္က ပင္လယ္
ကမ္းရုိုးတန္းတစ္ေနရာတြင္ လမ္းေလွ်ာက္ရင္း တံငါသည္ တစ္ေယာက္ႏွင့္ ေတြ႕သည္။
တံငါကေလွနံေဘးမွာ ေအးေအးေဆးေဆး လွဲကာေဆးတံကို ခဲ၍ေနသည္။

သူ႕ပံုစံက္ို ၾကည့္ကာ သူေ႒းႀကီး စိတ္ပ်က္သြားၿပီး ကရုဏာေဒါသာႏွင့္ ေမးသည္။
“မင္း ဘာလို႕ ငါးဖမ္းမထြက္ဘဲ ဒီမွာ ထုိင္ေနတာလဲ၊”

“မနက္အေစာႀကီးကတည္းကပဲ တစ္ေန႕စာဖမ္းလို႕ရၿပီးျပီဗ် ၊” တံငါက ေျဖသည္။

“ဟဒါဆို ေနာက္ထပ္မဖမ္းေတာ့ဘူးလား ၊ ”

“ဖမ္းၿပီး ဘာလုပ္ရမွာလဲ ၊ ”

“ထပ္ဖမ္းေတာ့ ေရာင္းစားရင္ ပိုက္ဆံပိုရမွာေပါ့ကြ ၊ပိုက္ဆံမ်ားမ်ားရရင္ မင္းေလွမွာ စက္တပ္လို႕
ရမယ္၊စက္နဲ႕ဆုိရင္ ပင္လယ္ထဲ အေ၀းႀကီးထြက္နုိင္မယ္၊ အဲဒီမွာ ငါးပိုရမယ္ ၊ အဲဒါေတြေရာင္းၿပီး ပုိက္ဆံစုရင္မင္းနိုုင္လြန္ပိုက္ ၀ယ္နုိင္မယ္၊ နုိင္လြန္ပိုက္နဲ႕ ဖမ္းေတာ့ ငါးပိုရမယ္ ၊ေငြပိုရမယ္၊ ေလွတစ္စီးက ႏွစ္စီးျဖစ္လာမယ္၊ဒီထက္ အေျမာက္အျမားလဲ ျဖစ္လာနုိင္တယ္ ၊ အဲဒီခါ ငါ့လိုသူေ႒းတစ္ေယာက္ ျဖစ္လာမွာေပါ့ကြ ၊” သူေ႒းႀကီးက
ႀကီးပြားေရးလမ္းေၾကာင္းကို တြက္ျပသည္ ။

” အဲဒီခါက်ေတာ့ ကၽြန္ေတာ္က ဘာလုပ္ရမွာလဲ ၊”

” အဲဒီခါ မင္းငါ့လို ေအးေအးေဆးေဆး ဇိမ္နဲ႕ေနနို္င္မွာေပါ့ကြ ၊ ”

“ေၾသာ္ ၊ ကၽြန္ေတာ္ အခုေကာ ဘာလုပ္ေနတယ္ ထင္လုိ႕လဲ ၊ ”

Credit: ( ေဖၿမင့္ ၏ ႏွလံုးသားအဟာရ စာစုမ်ား (၃) )
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
-----------------------------------------------------------------------------------
ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမ လုပ်ငန်းရှင်ကြီးတစ်ယောက်က ပင်လယ်
ကမ်းရိုုးတန်းတစ်နေရာတွင် လမ်းလျှောက်ရင်း တံငါသည် တစ်ယောက်နှင့် တွေ့သည်။
တံငါကလှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာဆေးတံကို ခဲ၍နေသည်။

သူ့ပုံစံက်ို ကြည့်ကာ သူဋ္ဌေးကြီး စိတ်ပျက်သွားပြီး ကရုဏာဒေါသာနှင့် မေးသည်။
“မင်း ဘာလို့ ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ၊”

“မနက်အစောကြီးကတည်းကပဲ တစ်နေ့စာဖမ်းလို့ရပြီးပြီဗျ ၊” တံငါက ဖြေသည်။

“ဟဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ၊ ”

“ဖမ်းပြီး ဘာလုပ်ရမှာလဲ ၊ ”

“ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့
ရမယ်၊စက်နဲ့ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီမှာ ငါးပိုရမယ် ၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင်မင်းနိုုင်လွန်ပိုက် ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့ ဖမ်းတော့ ငါးပိုရမယ် ၊ငွေပိုရမယ်၊ လှေတစ်စီးက နှစ်စီးဖြစ်လာမယ်၊ဒီထက် အမြောက်အမြားလဲ ဖြစ်လာနိုင်တယ် ၊ အဲဒီခါ ငါ့လိုသူဋ္ဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ ၊” သူဋ္ဌေးကြီးက
ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည် ။

” အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ ၊”

” အဲဒီခါ မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနို်င်မှာပေါ့ကွ ၊ ”

“သြော် ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ် ထင်လို့လဲ ၊ ”

Credit: ( ဖေမြင့် ၏ နှလုံးသားအဟာရ စာစုများ (၃) )
ဒီသတင်းကိုသင်နှစ်သက်လျှင်ညာဘက်အပေါ်ထောင့်ကိုနှိပ်ပြီးသင့်ရဲ့သူငယ်ချင်းများကိုshareပေးပါ။
-----------------------------------------------------------------------------------

0 comments:

Post a Comment