Friday, January 1, 2016

နတ္ျပည္ေရာက္သြားတဲ႕ စတိဗ္ေဂ်ာ႕ဘ္

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
.
တစ္ေန႕မွာ အေဖက သားကို အိမ္ေနာက္ေဖးက ျခံစည္းရိုးကုိ သစ္သားနဲ႕ရုိက္ခုိင္းလုိက္တယ္။ သားျဖစ္သူက ခိုင္းတဲ႕အတုိင္းလုပ္ျပီးတဲ႕အခါ ေမာေမာပမ္းပမ္းနဲ႕ အိမ္ထဲျပန္ဝင္လာတယ္။ အေဖက “ သစ္သားျခံစည္းရိုး ရဲ႕ အတြင္းပိုင္းကို ဘာျဖစ္လို႕ မေခ်ာထားတာလဲ ” လို႕ေမးတယ္။ သား က
.
“ လူေတြက အျပင္ဖက္ကေနပဲ ၾကည္႕တာေလ၊ လွဖို႕လုိလို႕လား .. ဘယ္သူမွ မျမင္တာ ” လို႕ ျပန္ေျပာလိုက္တယ္။ အဲဒီမွာ သူ႕အေဖေျပာတဲ႕စကားတစ္္ခြန္းက လူတိုင္းခ်စ္တဲ႕ပန္းသီးတစ္ျခမ္းကိုက္ရုပ္ပံုပါ လက္ေပၚတင္ပစၥည္းမ်ား ထုတ္လုပ္ေပးခဲ႕တဲ႕ စတိဗ္ေဂ်ာ႕ဘ္ ကို တစ္သက္စာလံုး မွတ္မိသြားေစပါတယ္။
.
စတိဗ္ ရဲ႕ အေဖေျပာတာက “ အတြင္းဖက္မွာအလွမလုပ္ထားလို႕ ဘယ္သူမွမျမင္ေပမယ္႕ မင္း .. ျမင္တယ္ေလ  ” ဟူ၍ပဲ ျဖစ္ပါတယ္။
.
အထက္ပါ အျဖစ္အပ်က္ေလးကေတာ႕ စတိဗ္ ရဲ႕ ကိုယ္ေရးအတၳဳပၸတိကုိေရးတဲ႕ စာေရးဆရာ ျပန္ေျပာျပတဲ႕ထဲက ေကာက္ႏႈတ္ခ်က္တစ္ခုပါ။
.
.
.
( ၁၂ ) ႏွစ္သား စတိဗ္ေဂ်ာ႕ဘ္ ဟာ နာမည္ၾကီးကြန္ပ်ဴတာကုမၸဏီျဖစ္တဲ႕ HP ရဲ႕ CEO ကို တယ္လီဖုန္းဆက္ပါတယ္။ အေၾကာင္းရင္းက တုန္ခါမႈမွတ္သားစက္ - Frequency Counter တစ္ခု တပ္ဆင္ခ်င္လုိ႕ပါ။ တယ္လီဖုန္းနံပါတ္ကိုလဲ လမ္းေဘးတယ္လီဖုန္းရံု - Telephone Booth မွာ အလကားခ်ေပးထားတဲ႕ လမ္းညႊန္စာအုပ္ထဲကေန လက္တန္းရွာလုိက္တာျဖစ္ပါတယ္။
.
စတိဗ္ စဥ္းစားပံုက .. ဒီေလာက္ၾကီးတဲ႕ကုမၸဏီမွာ သူလိုခ်င္တဲ႕ပစၥည္းအပိုအစေတြ ရွိကိုရွိရမယ္။ သူရွင္းျပျပီး ေကာင္းေကာင္းမြန္မြန္ေတာင္းရင္ေတာ႕ရမွာပဲဆုိျပီး ေတြးလိုက္တာပါ။ ဒီမွာတင္ ( ၈ ) တန္းေက်ာင္းသားရဲ႕ မုိးေလာက္ၾကီးတဲ႕ယံုၾကည္မႈရဲ႕အားလုိ႕ေျပာရမယ္ .. ထင္တယ္ .. သူေ႒းက ဖုန္းကိုင္ျပီး မိနစ္ ( ၂ဝ ) လက္ခံစကားေျပာအျပီးမွာ သူလိုတဲ႕အပိုပစၥည္းေတြေပးဖုိ႕ သေဘာတူခဲ႕တယ္။
.
အပုိဆုအေနနဲ႕  Frequency Counter ဆင္တဲ႕ ေႏြရာသီအလုပ္ကို လာလုပ္ဖို႕ကမ္းလွမ္းခဲ႕တယ္။ ဒီအမွတ္တရအျဖစ္အပ်က္ကိုေတာ႕ ( ၁၉၈၅ ) ခုႏွစ္ ပေလးဘိြဳင္းမဂၢဇင္းနဲ႕ အင္တာဗ်ဴးမွာ ေျပာခဲ႕တာပါ။
.
.
.
“ လူတစ္ေယာက္ဟာ ကုိယ္လိုတဲ႕တစ္ခုခုကို ေပးႏုိင္တဲ႕သူကို ဖုန္းဆက္ရဲရမယ္။  လူေတာ္ေတာ္မ်ားမ်ားဆီမွာ ဒီလိုအေတြ႕အၾကံဳေတြမရွိဘူး။ ဘာျဖစ္လို႕လဲဆိုေတာ႕ သူတို႕က မေမးဘူး။ အကူအညီမေတာင္းရဲဘူး။ အမွန္က သူတုိ႕ေမးၾကည္႕သင္႕တယ္။ ကြ်န္ေတာ္အကူအညီေတာင္းလိုက္တိုင္း မကူညီတဲ႕လူတစ္ေယာက္မွ ကြ်န္ေတာ္မေတြ႕ဖူးေသးဘူး ”
.
“ ကြ်န္ေတာ္႕ရဲ႕လွ်ိဳ႕ဝွက္ခ်က္က ဖုန္းဆက္တာပါ။ လူေတြက မေမးၾကည္႕ၾကဘူး။ တစ္ကယ္လုပ္ေနတဲ႕လူေတြ နဲ႕ မလုပ္ပဲအိပ္မက္လွလွမက္ေနတဲ႕လူေတြကုိ ကြဲျပားေစတဲ႕အခ်က္က ဒါပါပဲ ” လို႕ ( ၁၉၉၄ ) ခုႏွစ္မွာလုပ္ခဲ႕တဲ႕အင္တာဗ်ဴးတစ္ခုမွာ စတိဗ္က ေျဖခဲ႕ပါတယ္။
.
.
.
“ ကြ်န္ေတာ္ဟာ မူလီေတြ စကူေတြၾကားမွာအလုပ္လုပ္ရတယ္။ ဒါေပမယ္႕ ဒီေနရာဟာ ကြ်န္ေတာ႕အတြက္ေတာ႕ နတ္ျပည္ပါပဲ  ” လို႕ စတိဗ္က အႏွစ္ခ်ဳပ္အေနနဲ႕ Playboy မဂၢဇင္းၾကီးကို ေျပာခဲ႕တယ္။
.
ဟုတ္ပါတယ္။ စတီဗ္ေဂ်ာ႕ဘ္ ရဲ႕ စကားတစ္ခ်ိဳ႕ကုိၾကားရတိုင္း ကြ်န္ေတာ္လည္း နတ္ျပည္ကုိ ခဏခဏေရာက္သြားဖူးတယ္။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
ရည္ညႊန္းကိုးကား : Business Insider
.
" နတ္ျပည္ေရာက္သြားတဲ႕ စတိဗ္ေဂ်ာ႕ဘ္ " စာမူသည္ ၂ဝ၁၅ ခုႏွစ္၊  ၾသဂုတ္လ ( ၁ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၃ ) ၊ အမွတ္ ( ၉၅ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link:http://www.mediafire.com/download/e66jzjmjvfix9e1/NetGuide+Vol.3%2C+No.95.pdf

Unicode

နတ်ပြည်ရောက်သွားတဲ့ စတိဗ်ဂျော့ဘ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်နေ့မှာ အဖေက သားကို အိမ်နောက်ဖေးက ခြံစည်းရိုးကို သစ်သားနဲ့ရိုက်ခိုင်းလိုက်တယ်။ သားဖြစ်သူက ခိုင်းတဲ့အတိုင်းလုပ်ပြီးတဲ့အခါ မောမောပမ်းပမ်းနဲ့ အိမ်ထဲပြန်ဝင်လာတယ်။ အဖေက “ သစ်သားခြံစည်းရိုး ရဲ့ အတွင်းပိုင်းကို ဘာဖြစ်လို့ မချောထားတာလဲ ” လို့မေးတယ်။ သား က
.
“ လူတွေက အပြင်ဖက်ကနေပဲ ကြည့်တာလေ၊ လှဖို့လိုလို့လား .. ဘယ်သူမှ မမြင်တာ ” လို့ ပြန်ပြောလိုက်တယ်။ အဲဒီမှာ သူ့အဖေပြောတဲ့စကားတစ််ခွန်းက လူတိုင်းချစ်တဲ့ပန်းသီးတစ်ခြမ်းကိုက်ရုပ်ပုံပါ လက်ပေါ်တင်ပစ္စည်းများ ထုတ်လုပ်ပေးခဲ့တဲ့ စတိဗ်ဂျော့ဘ် ကို တစ်သက်စာလုံး မှတ်မိသွားစေပါတယ်။
.
စတိဗ် ရဲ့ အဖေပြောတာက “ အတွင်းဖက်မှာအလှမလုပ်ထားလို့ ဘယ်သူမှမမြင်ပေမယ့် မင်း .. မြင်တယ်လေ  ” ဟူ၍ပဲ ဖြစ်ပါတယ်။
.
အထက်ပါ အဖြစ်အပျက်လေးကတော့ စတိဗ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတိကိုရေးတဲ့ စာရေးဆရာ ပြန်ပြောပြတဲ့ထဲက ကောက်နှုတ်ချက်တစ်ခုပါ။
.
.
.
( ၁၂ ) နှစ်သား စတိဗ်ဂျော့ဘ် ဟာ နာမည်ကြီးကွန်ပျူတာကုမ္ပဏီဖြစ်တဲ့ HP ရဲ့ CEO ကို တယ်လီဖုန်းဆက်ပါတယ်။ အကြောင်းရင်းက တုန်ခါမှုမှတ်သားစက် - Frequency Counter တစ်ခု တပ်ဆင်ချင်လို့ပါ။ တယ်လီဖုန်းနံပါတ်ကိုလဲ လမ်းဘေးတယ်လီဖုန်းရုံ - Telephone Booth မှာ အလကားချပေးထားတဲ့ လမ်းညွှန်စာအုပ်ထဲကနေ လက်တန်းရှာလိုက်တာဖြစ်ပါတယ်။
.
စတိဗ် စဉ်းစားပုံက .. ဒီလောက်ကြီးတဲ့ကုမ္ပဏီမှာ သူလိုချင်တဲ့ပစ္စည်းအပိုအစတွေ ရှိကိုရှိရမယ်။ သူရှင်းပြပြီး ကောင်းကောင်းမွန်မွန်တောင်းရင်တော့ရမှာပဲဆိုပြီး တွေးလိုက်တာပါ။ ဒီမှာတင် ( ၈ ) တန်းကျောင်းသားရဲ့ မိုးလောက်ကြီးတဲ့ယုံကြည်မှုရဲ့အားလို့ပြောရမယ် .. ထင်တယ် .. သူေဋ္ဌးက ဖုန်းကိုင်ပြီး မိနစ် ( ၂ဝ ) လက်ခံစကားပြောအပြီးမှာ သူလိုတဲ့အပိုပစ္စည်းတွေပေးဖို့ သဘောတူခဲ့တယ်။
.
အပိုဆုအနေနဲ့  Frequency Counter ဆင်တဲ့ နွေရာသီအလုပ်ကို လာလုပ်ဖို့ကမ်းလှမ်းခဲ့တယ်။ ဒီအမှတ်တရအဖြစ်အပျက်ကိုတော့ ( ၁၉၈၅ ) ခုနှစ် ပလေးဘွိုင်းမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
.
.
.
“ လူတစ်ယောက်ဟာ ကိုယ်လိုတဲ့တစ်ခုခုကို ပေးနိုင်တဲ့သူကို ဖုန်းဆက်ရဲရမယ်။  လူတော်တော်များများဆီမှာ ဒီလိုအတွေ့အကြုံတွေမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မမေးဘူး။ အကူအညီမတောင်းရဲဘူး။ အမှန်က သူတို့မေးကြည့်သင့်တယ်။ ကျွန်တော်အကူအညီတောင်းလိုက်တိုင်း မကူညီတဲ့လူတစ်ယောက်မှ ကျွန်တော်မတွေ့ဖူးသေးဘူး ”
.
“ ကျွန်တော့်ရဲ့လျှို့ဝှက်ချက်က ဖုန်းဆက်တာပါ။ လူတွေက မမေးကြည့်ကြဘူး။ တစ်ကယ်လုပ်နေတဲ့လူတွေ နဲ့ မလုပ်ပဲအိပ်မက်လှလှမက်နေတဲ့လူတွေကို ကွဲပြားစေတဲ့အချက်က ဒါပါပဲ ” လို့ ( ၁၉၉၄ ) ခုနှစ်မှာလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ စတိဗ်က ဖြေခဲ့ပါတယ်။
.
.
.
“ ကျွန်တော်ဟာ မူလီတွေ စကူတွေကြားမှာအလုပ်လုပ်ရတယ်။ ဒါပေမယ့် ဒီနေရာဟာ ကျွန်တော့အတွက်တော့ နတ်ပြည်ပါပဲ  ” လို့ စတိဗ်က အနှစ်ချုပ်အနေနဲ့ Playboy မဂ္ဂဇင်းကြီးကို ပြောခဲ့တယ်။
.
ဟုတ်ပါတယ်။ စတီဗ်ဂျော့ဘ် ရဲ့ စကားတစ်ချို့ကိုကြားရတိုင်း ကျွန်တော်လည်း နတ်ပြည်ကို ခဏခဏရောက်သွားဖူးတယ်။
.
ခင်မင်ခြင်းများစွာဖြင့်

ရည်ညွှန်းကိုးကား : Business Insider
.
" နတ်ပြည်ရောက်သွားတဲ့ စတိဗ်ဂျော့ဘ် " စာမူသည် ၂ဝ၁၅ ခုနှစ်၊  သြဂုတ်လ ( ၁ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၉၅ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link:http://www.mediafire.com/download/e66jzjmjvfix9e1/NetGuide+Vol.3%2C+No.95.pdf

0 comments:

Post a Comment