ကြန္ပ်ဴတာ တစ္လံုးမွာ က်ေနာ္တို႔ window တင္ၿပီးကတည္းက စသံုးရတဲ့ User အဆင့္က Administrator (95%) unlimited သူ႔ေအာက္မွာကေတာ့ Standard User (50%) limited ပထမ window စၿပီးကတည္းက အသံုးျပဳခြင့္ရရွိထားတဲ့ Admin အဆင့္ရွိတဲ့သူဟာ Standard User ကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ကန္႔သတ္ခ်က္ေတြ ထားၿပီးေတာ့ ထိန္းခ်ဳပ္ထားလို႔ရပါတယ္။ ေျပာရရင္ standard user ဟာ Administrator Laval အဆင့္ရဲ့ သတ္မွတ္ခ်က္ေအာက္မွာဘဲ ရွင္သန္ရတဲ့သူေပါ့. Admin က မသံုးေစခ်င္တာကိုလည္း သူ႔မွာ အသံုးျပဳခြင့္ မရရွိဘူး။ အဆိုပါ administrator အဆင့္ရွိတဲ့သူဟာ ကြန္ပ်ဴတာ တစ္လံုးမွာ အားလံုးလုပ္လို႔ရပါတယ္။ သူနဲ႔အဆင့္တူတဲ့ Administrator ေတြကိုလည္း ဖ်က္ခ်င္ရင္ ဖ်က္လို႔ရပါတယ္။ အဲဒါေပမယ့္ သူ႔မွာ တစ္ခုေတာ့ လုပ္ပိုင္ခြင့္ မရွိဘူး။ အဲ့ဒါက ????? အဲ့ဒီ့အေၾကာင့္ကို မရွင္းျပခင္ က်ေနာ္ အလြယ္ဆံုး တစ္ခုနဲ႔ ဥပမာေပးပါ့မယ္။ အဲ့ဒီ့ဥပမာကို နားလည္မယ္ဆိုရင္ေတာ့ ခု က်ေနာ္ေျပာျပမွာကို လံုးဝနားလည္သြားပါလိမ့္မယ္။ က်ေနာ္တို႔ wordpress , Joomla, Php Forum စတဲ့ ဆိုက္ေတြကို လုပ္ေတာ့မယ္ဆိုရင္. သတ္မွတ္တဲ့ အဆင့္ကို ၃ မ်ိဳးနဲ႔ပဲ ခြဲျပပါ့မယ္။ အဲ့ထက္အဆင့္ေတြမ်ားပါတယ္။ ဒါေပမယ့္ အားလံုးျမင္ႏိုင္ေအာင္ က်ေနာ္ သံုးဆင့္ကိုပဲ ခြဲျပပါ့မယ္။ အဆင့္(၁) ဝဘ္ဆိုက္ကို စတင္အသက္သြင္းသူ (တည္ေထာင္သူ) ကို Creator အဆင့္(၂) Creator က ေန သူနဲ႔လုပ္ကိုင္ခြင့္ တန္းတူထားေပးထားတဲ့သူကို Administrator အဆင့္(၃) Creator နဲ႔ Administrator ရဲ့ ထိန္းခ်ဳပ္မႈ့ေအာက္မွာပဲ ရွိေနတဲ့သူအားလံုးကို user လို႔ပဲ အလြယ္မွတ္လိုက္ပါ။ တကယ္တမ္းခြဲထုတ္မယ္ဆို အဆင့္ေတြ အမ်ားႀကီးခြဲထုတ္လို႔ရပါတယ္။ အဲ့ေတာ့ က်ေနာ္ေျပာခ်င္တာက Admin ေအာက္မွာ ရွိတဲ့သူအားလံုးကို User လို႔ပဲ ေပါင္းမွတ္ေပးပါ။ အဲ့ေတာ့ က်ေနာ္တို႔ ခု အဆင့္ ၃ ဆင့္မွာ အေပၚက (၂) ေယာက္သည္ ႐ုတ္တရက္ၾကည့္မယ္ဆို တူညီတယ္လို႔ ထင္ရပါတယ္။ ဘာလို႔လဲဆိုရင္ ၂ ေယာက္စလံုးက Administrator အဆင့္ေတြခ်ည္းျဖစ္ေနလို႔ပါ။ လုပ္ကိုင္ခြင့္တူပါတယ္။ ဒါေပမယ့္ Creator ဟာ ဆိုက္တစ္ခုမွာ တစ္ေယာက္ပဲရွိပါတယ္။ အဲ့ Creator ကေန သူနဲ႔တန္းတူရွိေနတဲ့ Administrator နဲ႔ User အားလံုးကို ထုတ္ခြင့္ ထိန္းခ်ဳပ္ခြင့္ကို အျပည့္အဝ ရရွိထားပါတယ္။ သူထည့္ခ်င္ထည့္လို႔ရသလို ထုတ္ခ်င္လည္း ထုတ္ခြင့္ရွိပါတယ္။ ဒါေပမယ့္ Administrator ကေတာ့ သူ႔ကို ျပန္ထုတ္တာတို႔ ဘာတို႔ လုပ္ခြင့္မရွိပါဘူး။ ကဲ ဒီအဆင့္ ၃ ဆင့္ကို နားလည္ၿပီဆိုရင္ ခုနက က်ေနာ္တို႔ ကြန္ပ်ဴတာဖက္ကို နည္းနည္းျပန္လွည့္ရေအာင္ဗ်ာ .. ကြန္ပ်ဴတာမွာ က်ေနာ္တို႔ စၿပီးေတာ့ window တင္ၿပီးၿပီးခ်င္မွာ အသံုးျပဳခြင့္ရထားတာက အဆင့္(၂) အဆင့္ရွိတဲ့ Administrator အဆင့္ကိုပဲ ရရွိထားတာပါ။ ဒါဆိုရင္ သူ႔အထက္က Creator အဆင့္ရွိတဲ့ အေကာင့္ကေကာလို႔ ေမးစရာရွိပါတယ္။ အဲ့အေကာင့္ကို Microsoft ဟာ window တင္ၿပီးကတည္းကကို မသံုးေစခ်င္လို႔ ေဖ်ာက္ထားပါတယ္။ အဲ့ေတာ့ အဲ့ဒီ့ ေပ်ာက္ေနတဲ့ Creator ကို ေပၚေအာင္ လုပ္တဲ့နည္းရွိပါတယ္။ အဲ့နည္းနဲ႔လုပ္မယ္ဆိုရင္ေတာ့ Microsoft က မသံုး ေစခ်င္လို႔ ေဖ်ာက္ထားတဲ့ Creator အဆင့္ရွိတဲ့ Laval ဟာ ေပၚလာပါလိမ့္မယ္။ အဲ့ေပၚလာတဲ့ အဆင့္ကမွ က်ေနာ္တို႔အတြက္ လုပ္ကိုင္ခြင့္အျပည့္အဝ ရရွိထားတဲ့ အဆင့္ျဖစ္ပါတယ္။ အဲ့ဒီ့ creator ဟာ ခုနက က်ေနာ္တို႔ website နဲ႔ ဥပမာရွင္းျပထားသလိုမ်ိဳး Admin အားလံုးရဲ့ အေကာင့္ေတြကို ဖ်က္ထုတ္ပစ္လို႔ရပါတယ္. ကြန္ပ်ဴတာကို သံုးေနတဲ့ user အားလံုးကို ဖ်က္ခြင့္ရွိပါတယ္။ ဒါေပမယ့္ အဲ့ေပၚလာတဲ့ Creator(Admin) ကိုေတာ့ တစ္ျခား Admin အေကာင့္ေတြနဲ႔ ဖ်က္ခြင့္ မရွိပါဘူး။ ေပ်ာက္ေနတဲ့ Creator အဆင့္ကို ေဖာ္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ ေအာက္က နည္းနဲ႔ ေဖာ္ၾကည့္ပါ။ ဒီေန႔ဟာ က်ေနာ္ နည္းပညာေလာကထဲကို ျပန္လည္ ေျခခ်တဲ့ ေန႔အျဖစ္ အမွတ္တရ ပို႔စ္ေရးတင္ေပးလိုက္တာပါ။ http://www.nyinaymin.org/2014/…/window-admin-password_9.html အဲ့ပို႔စ္ထဲက နည္းအတိုင္း လုပ္ၾကည့္ရင္ Admin အေကာင့္အသစ္တစ္ခု ေပၚလာပါလိမ့္မယ္။ အဲ့ဒီ့အေကာင့္ကမွ သင့္ကို 100% အျပည့္အဝ လုပ္ကိုင္ခြင့္ေပးထားတဲ့ အေကာင့္ျဖစ္ပါတယ္။ အားလံုးကို ခင္မင္ေလးစားလ်ွက္ ညီေနမင္း(နည္းပညာ)
Unicode
ပြည့်အဝရှိရဲ့လား??
ကွန်ပျူတာ တစ်လုံးမှာ ကျနော်တို့ window တင်ပြီးကတည်းက စသုံးရတဲ့ User အဆင့်က Administrator (95%) unlimited သူ့အောက်မှာကတော့ Standard User (50%) limited ပထမ window စပြီးကတည်းက အသုံးပြုခွင့်ရရှိထားတဲ့ Admin အဆင့်ရှိတဲ့သူဟာ Standard User ကို ပုံစံအမျိုးမျိုးနဲ့ ကန့်သတ်ချက်တွေ ထားပြီးတော့ ထိန်းချုပ်ထားလို့ရပါတယ်။ ပြောရရင် standard user ဟာ Administrator Laval အဆင့်ရဲ့ သတ်မှတ်ချက်အောက်မှာဘဲ ရှင်သန်ရတဲ့သူပေါ့. Admin က မသုံးစေချင်တာကိုလည်း သူ့မှာ အသုံးပြုခွင့် မရရှိဘူး။ အဆိုပါ administrator အဆင့်ရှိတဲ့သူဟာ ကွန်ပျူတာ တစ်လုံးမှာ အားလုံးလုပ်လို့ရပါတယ်။ သူနဲ့အဆင့်တူတဲ့ Administrator တွေကိုလည်း ဖျက်ချင်ရင် ဖျက်လို့ရပါတယ်။ အဲဒါပေမယ့် သူ့မှာ တစ်ခုတော့ လုပ်ပိုင်ခွင့် မရှိဘူး။ အဲ့ဒါက ????? အဲ့ဒီ့အကြောင့်ကို မရှင်းပြခင် ကျနော် အလွယ်ဆုံး တစ်ခုနဲ့ ဥပမာပေးပါ့မယ်။ အဲ့ဒီ့ဥပမာကို နားလည်မယ်ဆိုရင်တော့ ခု ကျနော်ပြောပြမှာကို လုံးဝနားလည်သွားပါလိမ့်မယ်။ ကျနော်တို့ wordpress , Joomla, Php Forum စတဲ့ ဆိုက်တွေကို လုပ်တော့မယ်ဆိုရင်. သတ်မှတ်တဲ့ အဆင့်ကို ၃ မျိုးနဲ့ပဲ ခွဲပြပါ့မယ်။ အဲ့ထက်အဆင့်တွေများပါတယ်။ ဒါပေမယ့် အားလုံးမြင်နိုင်အောင် ကျနော် သုံးဆင့်ကိုပဲ ခွဲပြပါ့မယ်။ အဆင့်(၁) ဝဘ်ဆိုက်ကို စတင်အသက်သွင်းသူ (တည်ထောင်သူ) ကို Creator အဆင့်(၂) Creator က နေ သူနဲ့လုပ်ကိုင်ခွင့် တန်းတူထားပေးထားတဲ့သူကို Administrator အဆင့်(၃) Creator နဲ့ Administrator ရဲ့ ထိန်းချုပ်မှု့အောက်မှာပဲ ရှိနေတဲ့သူအားလုံးကို user လို့ပဲ အလွယ်မှတ်လိုက်ပါ။ တကယ်တမ်းခွဲထုတ်မယ်ဆို အဆင့်တွေ အများကြီးခွဲထုတ်လို့ရပါတယ်။ အဲ့တော့ ကျနော်ပြောချင်တာက Admin အောက်မှာ ရှိတဲ့သူအားလုံးကို User လို့ပဲ ပေါင်းမှတ်ပေးပါ။ အဲ့တော့ ကျနော်တို့ ခု အဆင့် ၃ ဆင့်မှာ အပေါ်က (၂) ယောက်သည် ရုတ်တရက်ကြည့်မယ်ဆို တူညီတယ်လို့ ထင်ရပါတယ်။ ဘာလို့လဲဆိုရင် ၂ ယောက်စလုံးက Administrator အဆင့်တွေချည်းဖြစ်နေလို့ပါ။ လုပ်ကိုင်ခွင့်တူပါတယ်။ ဒါပေမယ့် Creator ဟာ ဆိုက်တစ်ခုမှာ တစ်ယောက်ပဲရှိပါတယ်။ အဲ့ Creator ကနေ သူနဲ့တန်းတူရှိနေတဲ့ Administrator နဲ့ User အားလုံးကို ထုတ်ခွင့် ထိန်းချုပ်ခွင့်ကို အပြည့်အဝ ရရှိထားပါတယ်။ သူထည့်ချင်ထည့်လို့ရသလို ထုတ်ချင်လည်း ထုတ်ခွင့်ရှိပါတယ်။ ဒါပေမယ့် Administrator ကတော့ သူ့ကို ပြန်ထုတ်တာတို့ ဘာတို့ လုပ်ခွင့်မရှိပါဘူး။ ကဲ ဒီအဆင့် ၃ ဆင့်ကို နားလည်ပြီဆိုရင် ခုနက ကျနော်တို့ ကွန်ပျူတာဖက်ကို နည်းနည်းပြန်လှည့်ရအောင်ဗျာ .. ကွန်ပျူတာမှာ ကျနော်တို့ စပြီးတော့ window တင်ပြီးပြီးချင်မှာ အသုံးပြုခွင့်ရထားတာက အဆင့်(၂) အဆင့်ရှိတဲ့ Administrator အဆင့်ကိုပဲ ရရှိထားတာပါ။ ဒါဆိုရင် သူ့အထက်က Creator အဆင့်ရှိတဲ့ အကောင့်ကကောလို့ မေးစရာရှိပါတယ်။ အဲ့အကောင့်ကို Microsoft ဟာ window တင်ပြီးကတည်းကကို မသုံးစေချင်လို့ ဖျောက်ထားပါတယ်။ အဲ့တော့ အဲ့ဒီ့ ပျောက်နေတဲ့ Creator ကို ပေါ်အောင် လုပ်တဲ့နည်းရှိပါတယ်။ အဲ့နည်းနဲ့လုပ်မယ်ဆိုရင်တော့ Microsoft က မသုံး စေချင်လို့ ဖျောက်ထားတဲ့ Creator အဆင့်ရှိတဲ့ Laval ဟာ ပေါ်လာပါလိမ့်မယ်။ အဲ့ပေါ်လာတဲ့ အဆင့်ကမှ ကျနော်တို့အတွက် လုပ်ကိုင်ခွင့်အပြည့်အဝ ရရှိထားတဲ့ အဆင့်ဖြစ်ပါတယ်။ အဲ့ဒီ့ creator ဟာ ခုနက ကျနော်တို့ website နဲ့ ဥပမာရှင်းပြထားသလိုမျိုး Admin အားလုံးရဲ့ အကောင့်တွေကို ဖျက်ထုတ်ပစ်လို့ရပါတယ်. ကွန်ပျူတာကို သုံးနေတဲ့ user အားလုံးကို ဖျက်ခွင့်ရှိပါတယ်။ ဒါပေမယ့် အဲ့ပေါ်လာတဲ့ Creator(Admin) ကိုတော့ တစ်ခြား Admin အကောင့်တွေနဲ့ ဖျက်ခွင့် မရှိပါဘူး။ ပျောက်နေတဲ့ Creator အဆင့်ကို ဖော်ကြည့်ချင်တယ်ဆိုရင်တော့ အောက်က နည်းနဲ့ ဖော်ကြည့်ပါ။ ဒီနေ့ဟာ ကျနော် နည်းပညာလောကထဲကို ပြန်လည် ခြေချတဲ့ နေ့အဖြစ် အမှတ်တရ ပို့စ်ရေးတင်ပေးလိုက်တာပါ။ http://www.nyinaymin.org/2014/…/window-admin-password_9.html အဲ့ပို့စ်ထဲက နည်းအတိုင်း လုပ်ကြည့်ရင် Admin အကောင့်အသစ်တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့အကောင့်ကမှ သင့်ကို 100% အပြည့်အဝ လုပ်ကိုင်ခွင့်ပေးထားတဲ့ အကောင့်ဖြစ်ပါတယ်။ အားလုံးကို ခင်မင်လေးစားလျှက် ညီနေမင်း(နည်းပညာ)
0 comments:
Post a Comment