Saturday, January 9, 2016
(၁)SQL
(၂)Java
(၃)HTML
(၄)JavaScript
(၅)C++
(၆)C#
(၇)XML
(၈)C
(၉)Perl
(၁၀)Python
------------------------------------------
------------------------------------------
Unicode
လုပ်ငန်းခွင်က စောင့်ကြိုနေမယ့် ထိပ်တန်း Programming Skill များ
(Tech Space နည်းပညာဂျာနယ် Vol-2 Issue-6 Geeks Corner တွင်ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်)
ဘယ်လိုမျိုးProgramming Skillsတွေကသင့်ကို လုပ်ငန်းခွင်၀င်ဖို့အာမခံချက်ပေးနိုင်ပါသလဲ။ဘယ်အရာတွေကျွမ်းကျင်
စွာတတ်မြောက်ထားမယ်ဆိုရင် သင့်ကို အိုင်တီကုမ္ပဏီကြီးတွေက ကမ်းလင့်လို့ကြိုဆိုနေမယ်ဆိုတာကိုသိပါသလား။ဆော့ဖ်၀ဲ
သမားများအဖို့ ဘယ်လိုမျိုးToolsတွေက သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ(ခေတ်နဲ့လျော်ညီပြီး တကယ့်ကိုစွမ်းဆောင်ရည်မြင့်
မြင့်မြင့်မားမားနဲ့ အသုံးချနိုင်မယ့်)ကို ဖြည့်ဆည်းထားရမလဲ၊စူးစိုက်စွာလိုက်စားသင့်သလဲဆိုတာတွေကိုဖော်ပြလိုက်ပါတယ်။
Programmer များအဖို့ ဘယ်လိုမျိုးSkillsတွေက ရှိထားဖို့အရေးတကြီးလိုအပ်သလဲဆိုတာကို သိထားမယ်ဆိုရင် သူတို့လျှောက်ရမယ့်လမ်းက ပိုမိုမြန်ဆန်မှာပဲဖြစ်ပါတယ်။
Programming Languageပေါင်းများစွာရှိရာ အားလုံးကိုသိဖို့၊တတ်ဖို့တော့မလိုအပ်ပါဘူး။သို့သော် အချို့သောLanguageများကတော့
Essentialအဖြစ်သိကိုသိ၊တတ်ကိုတတ်ရမှာပါ။အချို့သောProgramming Language
တွေကတော့ အသေးစိတ်ကိုသိကျွမ်းနားလည်ဖို့လိုအပ်ပါတယ်။မတူညီတဲ့Project သဘောသဘာ၀များအရ လိုက်ဖက်တဲ့
Toolsများကို သူ့နေရာနဲ့သူ အံ၀င်ခွင်ကျအသုံးချတတ်ဖို့လိုအပ်ပါတယ်။
ယခုဖော်ပြမယ့် Skillsများကတော့ indeed.comနဲ့ cio.com တို့ ရ ဲ့စနစ်တကျပြုလုပ်ထားတဲ့ သုတေသနများမှ နောက်ဆုံးထွက်ရှိလာခဲ့တဲ့Reportပဲဖြစ်ပါတယ်။အလုပ်ခေါ် စာများ၊အလုပ်အကိုင်ရရှိမှုနဲ့ လစာနှုန်းထားများစသည့်အချက်
အလက်ပေါင်းစုံကို အခြေခံကာနောက်ဆုံးအနှစ်ချုပ်ထွက်ရှိလာခဲ့သည့်စစ်တမ်းများလည်းဖြစ်ပါသည်။နောက်ထပ်ဆယ်စုနှစ်တစ်
ခု(အနည်းဆုံးတော့) ၅နှစ်ကျော်အတွင်းကတော့ ဒီ စစ်တမ်းတွေက မှန်နေဦးမယ့်အလားအလာရှိပါတယ်။ဘယ်မြို့တွေကတော့
ဘယ်လို မျိုးSkillsရှိတဲ့ သူတွေပိုလိုအပ်သလဲ၊ဘယ်Skillsတွေကလစာနှုန်းထားနဲ့ လိုအပ်ချက်ပိုမိုမြင့်မားသလဲဆိုတာတွေလည်း
သိရှိနိုင်မှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့လေ့လာလိုက်ကြရအောင်။
(၁)SQL
ကျွန်တော်တို့သုံးစွဲနေတဲ့စီးပွားရေးလုပ်ငန်းသုံးဆော့ဖ်၀ဲတွေ၊web siteတွေရဲ့မျက်နှာပြင်ရဲ့နောက်ကွယ်မှာdatabase
တွေရဲ့ယန္တရားကြီးရှိပါတယ်။ဒီdatabaseတွေအတွက် SQL(Structured Query Language )အပေါ် များစွာမှီခိုရပါတယ်။Informationတွေကိုထည့်သွင်းဖို့၊ထုတ်ယူဖို့၊ပြုပြင်ဖို့၊တွက်ချက်ဖို့ စသည့်အမျိုးစုံသောလုပ်ငန်းဆောင်တာ
အားလုံးအတွက် တကယ့်ကို အသုံးတည့်ပြီးမဖြစ်မနေသိထားတတ်ထားရမယ့်အရေးအကြီးသော languageဖြစ်ပြီးမည့်သည့်
Programmar များအတွက်မဆို မဖြစ်မနေတတ်မြောက်ကျွမ်းကျင်ထားဖို့လိုအပ်သောကြောင့်ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။
ယခုပေးထားသောပုံတွင် လစာ၊အလုပ်ရသည့်အရေအတွက်၊US ရှိမည်သည့်မြို့များမှာ လိုအပ်ချက်မြင့်မားသလဲ ၊ဘယ်ကုမ္ပဏီများကအခေါ်အများဆုံးလဲဆိုတာတွေကို ဖော်ပြထားပါတယ်။
(၂)Java
Write-once-any-where ဆိုတဲ့စကားလုံးနဲ့နာမည်ကြီးခဲ့တဲ့Javaဟာ ဒီနေ့ခေတ်လို ကွန်ပျူတာသာမက အခြားသော
Electronics divicesပေါင်းစုံကို ကွန်ပျူတာဆော့ဖ်၀ဲထိန်းချုပ်စနစ်တွေနဲ့အသုံးချနေတဲ့အချိန်မှာ နေရာတကာမှာအသုံးတည့်တဲ့
Languageဖြစ်သလို Open Sourceလည်းဖြစ်၊cross platformလည်း runလို့ရတဲ့အပြင် Software Engineering လုပ်ငန်းစဉ်
များအတွက် လွယ်လင့်တကူ developing,maintainingတွေ လုပ်နိုင်မယ့်Object oriented programming သွင်ပြင်များနဲ့ဖွဲ့
စည်းတည်ဆောက်ထားတဲ့ languageတစ်ခုဖြစ်ပါတယ်။1995ကတည်းကတောက်လျှောက်ယနေ့ခေတ်ထက်ထိတိုင်အောင် developerများနဲ့ employer များကြားမှာ ရေပန်းအစားဆုံး၊နာမည်အကျော်ဆုံးနဲ့ အာမခံချက်အပေးနိုင်ဆုံးlanguageတစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါတယ်။
(၃)HTML
အင်တာနက် Web siteတွေကိုပင်မတည်ဆောက်ထားတာကတော့HTML(Hyper Text Markup Language) ပါပဲ။ကမ္ဘာတလွှားဖြန့်ကျက်ထားတဲ့အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးအတွက် စံသတ်မှတ်ထားတဲ့ languageတစ်ခုလည်းဖြစ်ပါတယ်။ယခုနောက်ဆုံး HTML5 အထိ ရောက်ရှိလို့လာခဲ့တဲ့အခါမှာတော့သူ့ရဲ့ powerဟာ ထင်မှတ်မထားလောက်အောင်ကို ကြီးမားသွားပါတယ်။သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေပိုမိုများပြားလာသလို ယခင်က third party applicationတွေပေါ်မှာမှီခိုခဲ့ရမှုတွေက တဖြည်းဖြည်းလျော့ကျလာပြီး မိုဘိုင်းOSပေါင်းစုံရဲ့ appsတွေဖန်တီးဖို့အထိအားထားလို့လာခဲ့ရပါတယ်။HTMLကို JavaScript နဲ့ CSSတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပိုမိုဆွဲဆောင်မှုရှိပြီး interactive ဖြစ်တဲ့web စာမျက်နှာများကို ဖန်တီးနိုင်ပါတယ်။Geolocation, Video နဲ့ ဂိမ်းများအတွက်လိုအပ်တဲ့ ဒီဇိုင်းပုံစံများကိုဖန်တီးနိုင်မှာဖြစ်သလို CSSနဲ့jQueryတို့ကိုရောစပ်သုံးစွဲလိုက်တဲ့အခါမှာတော့ Web siteတွေထဲမှာ hot အဖြစ်ဆုံးသောဒီဇိုင်းပုံစံများကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
(၄)JavaScript
Java Scriptကတော့HTMLလိုဘဲwebအတွက်အလွန်အရေးကြီးပါတယ်။ကျွန်တော်တို့အနေနဲ့ တော်ရုံတန်ရုံ processingလုပ်ဆောင်ဖို့ လိုအပ်တဲ့ကိစ္စတွေအတွက်ဆိုရင် ကျွန်တော်တို့ကြည့်နေတဲ့Web Browser မှာrunကာserver side မှာလုပ်ဆောင်တာထက်ပိုမိုမြန်ဆန်တဲ့responseများကိုရရှိနိုင်မှာပါ။မကြာသေးမီက java script libraryများကို အသုံးပြုပြီး ဒီဇိုင်းများအတွက် ပိုမိုလွယ်ကူစွာ ဖန်တီးနိုင်(အသင့်သုံးနိုင်မယ့်) jQuery လိုမျိုး library တွေများစွာပေါ်ပေါက်လာတာကလည်း
Java Scriptကို ပိုမိုတွင်ကျယ်စွာအသုံးချလာနိုင်ခြင်းပဲဖြစ်ပါတယ်။
(၅)C++
1983 ခုနှစ်က Bjarne Strousup တီထွင်ဖန်တီးခဲ့တဲ့ C++ဟာ C languageအပေါ် အဆင့်မြှင့်တင်မှုတွေများစွာပြုလုပ်ခဲ့ပြီး programming ရဲ့ လမ်းကြောင်းသစ်တစ်ခုကိုဖောက်နိုင်ခဲ့ပါတယ်။low-level စွမ်းဆောင်ရည်တွေကို OOP စနစ်များနဲ့ပြုပြင်ပြောင်းလဲအစားထိုးလိုက်နိုင်ကာ OOPရဲ့ခေတ်ကိုစဖောက်ခဲ့တဲ့languageလည်းဖြစ်ပါတယ် ။ Reusable code တွေကို ပြန်လည်အသုံးချနိုင်စွမး်ကြောင့် High-level languageတစ်ခုအဖြစ် applicationများစွာကိုလွယ်ကူလျှင်မြန်စွာတည်ဆောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကွန်ပျူတာစနစ်ရဲ့ တကယ့်အတွင်းပိုင်းSystemတွေနဲ့ပတ်သက်တဲ့နယ်ပယ်တွေမှာတော့C နဲ့ C++တို့ဟာ ပင်မ အသုံးချရတဲ့languageတွေပဲဖြစ်ပါတယ်။များသောအားဖြင့်ဒီLanguageတွေနဲ့ တိုက်ရိုက်အသုံးချပြီးDevelopingလုပ်တာဟာ တကယ့်ကြီးမားလှတဲ့ကုမ္ပဏီကြီးတွေမှာဖြစ်ပြီး programmerများအတွက် ကတော့ C++ကျွမ်းကျင်မယ်ဆိုရင် အခြားသော languageတွေကို လွယ်လင့်တကူ လျှင်မြန်စွာတတ်မြောက်နိုင်မှာပါ။ဥပမာအားဖြင့် C++ ကျွမ်းကျင်သူတစ်ယောက်ဟာ Java,C#နဲ့ Object-C languageများကို လျှင်မြန်စွာတတ်မြောက်မှာပဲဖြစ်ပါတယ်။
(၆)C#
C Sharpလို့အသံထွက်တဲ့Object-oriented C#ဟာMicrosoft ရဲ့ .Net libraryတွေနဲ့ လုံး၀သုံးစွဲနိုင်စွမ်းရှိတဲ့ Multi –paradigm programming languageပဲဖြစ်ပြီး Microsoftမှ ဖန်တီးခဲ့ခြင်းလည်းဖြစ်ပါတယ်။ကမ္ဘာတစ်၀ှမ်းအသုံးအများဆုံးOS ဖြစ်တဲ့Windows OSများအတွက ်တော့C#ဟာပင်မလိုအပ်ချက် languageဖြစ်ပြီး cross-platform languageတစ်ခုအဖြစ်ဒီဇိုင်းချပြုလုပ်ထားတာဖြစ်ပါတယ်။
(၇)XML
Extensible Markup Language သို့မဟုတ် XMLဟာလည်းHTMLလိုမျိုးmarkup languageတစ်ခုဖြစ်ပြီး dataများကို web စာမျက်နှာများမှာဖော်ပြနိုင်ဖို့၊transfarလုပ်နိုင်ဖို့ ၊သိုလှောင်သိမ်းဆည်းထားနိုင်ဖို့တို့အတွက ်ပေါ့ပေါ့ပါးပါးသုံးစွဲနိုင်တဲ့formatတစ်ခုပဲဖြစ်ပါတယ်။XML codeတွေကလူတွေနားလည်နိုင်မယ့်ပုံစံနဲ့ဖတ်ရှုနိုင်ပြီးစက်ကလည်းinterpret လုပ်နိုင်ပါတယ်။
(၈)C
Cကတော့ဘယ်အချိန်ပဲမဆို ထိပ်ဆုံးကရပ်နေမယ့်languageပဲဖြစ်ပါတယ်။ဘာလို့လဲဆိုသောအားလုံးသောအခြားနာမည်ကြီးprogramming languageများ(ဥပမာ-C#,Phthon,PHPနဲ့Perl)တို့လိုမျိုးGeneral purpose languageတွေရဲ့မိခင်ဖြစ်နေလို့ပါပဲ။သူ့ဆီကနေပဲ
ခွဲထွက်ကာစံအဖြစ်ယူထားတာပါ။
(၉)Perl
Perl ကလည်းထွက်ရှိခဲ့တာကြာပါပြီ။1987 ခုနှစ်က Larry Wallကဖန်တီးခဲ့ပြီး Unix Scripting languageတစ်ခုအဖြစ်စတင်ခဲ့ပါတယ်။Perlက C, Shell Script ,AWK တို့ရဲ့featureများကို ပေါင်းစပ်ပြီး developerများအတွက် ပိုမိုလွယ်ကူစွာရေးသားနိုင်စေမယ့်text dataများအဖြစ် သုံးစွဲနိုင်ရန်ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။
(၁၀)Python
High-level OOP languageတစ်ခုဖြစ်တဲ့ Pythonဟာ Googleရဲ့ပင်မအသုံးပြုတဲ့Languageတွေထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး ပုံစံမျိုးစုံနဲ့သုံးစွဲနိုင်ပါတယ်။pythonက နားလည်လွယ်တဲ့languageတစ်ခုလည်းဖြစ်ပါတယ်။ codeများကို တိုတိုတောင်းတောင်းနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။dynamicဖြစ်တဲ့languageတစ်ခုလည်းဖြစ်ပါတယ်။
------------------------------------------
Nyein Chan(TSJ Tech Team)
------------------------------------------
0 comments:
Post a Comment