Wednesday, December 30, 2015

Wifi အေၾကာင္း တေစ့တေစာင္း

ေလဆိပ္ပဲသြားသြား၊ ေကာ္ဖီဆိုင္တခ်ိဳ႕မွာပဲ ထိုင္ထိုင္၊ ေဟာ္တယ္တစ္ခုခုမွာပဲ တည္းတည္း လူစည္ကားရာ ေနရာတိုင္းလိုလိုမွာ Wifi လို႔ ေခၚတဲ့ 802.11 networking ကို ဖုန္း ဒါမွမဟုတ္ အိပ္ေဆာင္ကြန္ပ်ဴတာေတြနဲ႕ အသုံးျပဳနိုင္တာ သိၿပီးျဖစ္မွာပါ။ တခ်ိဳ႕နိုင္ငံေတြရဲ႕ ၿမိဳ႕တခ်ိဳ႕မွာဆို Free WiFi (သို႔မဟုတ္) တန္ဖိုးနည္း အင္တာနက္ေတြကို အသုံးခ်နိဳင္ေအာင္ စီစဥ္ေပးေနၾကပါၿပီ။ ဒီလိုနဲ႕ပဲ တျဖည္းျဖည္းနဲ႕ အင္တာနက္ကို ႀကိဳက္တဲ့ အခ်ိန္ ႀကိဳက္တဲ့ေနရာမွာ ေစ်းႏႈန္းခ်ိဳသာစြာ အသုံးျပဳနိုင္ဖို႔ လမ္းစေတြ စေပၚလို႔ ေနပါၿပီ။ Wireless Network တစ္ခုကို လြယ္လြယ္ကူကူ ျမန္ျမန္ဆန္ဆန္ ျပဳလုပ္နိုင္ျခင္းဟာလဲ WiFi ရဲ႕ အားသာခ်က္တစ္ခုျဖစ္တယ္။ အဲဒီ WiFi ရဲ႕ အေၾကာင္း တေစ့တေစာင္းကို ဒီတစ္ပတ္ လူငယ္ႏွင့္ နည္းပညာက႑မွာေဖာ္ျပခ်င္ပါတယ္။

ႀကိဳးမဲ့ကြန္ယက္စနစ္တစ္ခု(A wireless network) ဟာ လက္ကိုင္ဖုန္းတို႔၊ တီဗြီတို႔ ေရဒီယိုတို႔လိုပဲ ေရဒီယိုလွိုင္းေတြကို အသုံးျပဳထားတာပါ။ တိတိက်က်ေျပာရမယ္ဆိုရင္ လမ္းေၾကာင္းႏွစ္ခုသြား ေရဒီယို ဆက္သြယ္မႈတစ္ခုပါပဲ။ သူ႕ရဲ႕ အလုပ္လုပ္ပုံကေတာ့ ဖုန္း (သို႔) ကြန္ပ်ဴတာရဲ႕ ႀကိဳးမဲ့adapter က data ေတြကို ေရဒီယိုလွိုင္း အျဖစ္ေျပာင္းလဲၿပီး အင္တင္နာမွတဆင့္ ပို႔ေဆာင္ေစတယ္။ အဲဒီပို႔လိုက္တဲ့ အခ်က္အလက္ေတြကို wireless router ကေန လက္ခံရရွိၿပီး အင္တာနက္ေပၚကိုလႊင့္တင္ေပးပါတယ္။ အဲဒီပို႔ေဆာင္မႈဟာ ေျပာင္းျပန္လည္း အလုပ္လုပ္ပါတယ္။ Router က သတင္းအခ်က္အလက္ေတြကို  အင္တာနက္ေပၚမွ လက္ခံၿပီး ေရဒီယိုလွိုင္းအျဖစ္ေျပာင္းလို႔ ကြန္ပ်ဴတာရဲ႕ ႀကိဳးမဲ့ adapter ဆီပို႔လႊတ္ေပးပါတယ္။ WiFi ဆက္သြယ္မႈအတြက္ သုံးတဲ့ Radio စနစ္ဟာ Wailie-talkies (စကားေျပာစက္) ၊ လက္ကိုင္ဖုန္း စတာေတြမွာ သုံးတဲ့ စနစ္နဲ႕ ေတာ္ေတာ္ေလး ဆင္တူပါတယ္။ အဲဒီစနစ္ဟာ ေရဒီယိုလွိုင္းေတြကို လက္ခံၿပီး ဒစ္ဂ်စ္တယ္ ျဖစ္တဲ့ ၁ နဲ႕ ၀ ကို ေျပာင္းလဲေပးနိုင္သလို ၁နဲ႕ ၀ကို ေျပာင္းလဲၿပီး ေရဒီလွိုင္းေတြအျဖစ္ ပို႔လႊတ္ေပးပါတယ္။ အဓိက ကြာျခားခ်က္ကေတာ့ WiFi ဟာ ပိုၿပီး ျမင့္တဲ့ 2.4 GHz or 5 GHz Frequency ကို အသုံးျပဳထားတာပါ။ ပိုျမင့္တဲ့ Frequency ကို အသုံးျပဳျခင္းျဖင့္ ပိုမ်ားျပားတဲ့ Data ေတြကို သယ္ယူပို႔ေဆာင္ေပးနိုင္မွာ ျဖစ္တယ္။ 802.11 networking standard ကို အသုံးျပဳထားၿပီး ေအာက္ပါ အမ်ိဳးအစားေတြကို ထပ္မံ ခြဲထုတ္ထားတယ္။  802.11a ဟာ 5GHz နဲ႕ ပို႔ေဆာင္ၿပီး 52 Megabits / sec အျဖစ္ လည္းေကာင္း ၊ 802.11 b ဟာ အေႏွးဆုံးနဲ႕ ေစ်းအေပါဆုံးျဖစ္လို႔ 11 megabits / sec ကို 2.4GHz နဲ႕ လည္း ေကာင္း၊ 802.11g ဟာ 2.4 GHz နဲ႕ 54 megabits / Sec ကို ပို႔ေဆာင္ျခင္းျဖင့္ လည္း ေကာင္း၊ 802.11n ဟာ အျမင့္ဆုံး 140 megabits / sec ျဖင့္လည္း ေကာင္း၊ 802.11ac ဟာ ၂၀၁၃ ကမွ စမ္းသပ္ထားတဲ့ စနစ္တစ္ခုျဖစ္ၿပီး 450 megabits / sec အထိေအာင္ သြားနိုင္လိမ့္မယ္လို႔စမ္းသပ္ေတြ႕ရွိထားပါတယ္။

WiFi hotspot ဆိုတာဟာ ႀကိဳးမဲ့ကြန္ယက္စနစ္တစ္ခု ရွိတဲ့ ေနရာကို ေျပာတာျဖစ္ၿပီး ပုံမွန္အားျဖင့္ ေလဆိပ္ေတြတို႔ ေကာ္ဖီဆိုင္တို႔မွာ အေတြ႕မ်ားတယ္။ တခ်ိဳ႕က အလကားျဖစ္ၿပီး တခ်ိဳ႕က အသုံးျပဳဖို႔အတြက္ အခေၾကးေငြ အနည္းငယ္ေပးရတတ္တယ္။ အခုေနာက္ပိုင္း 4G နဲ႕ Smart Phone ေတြရဲ႕ ေက်းဇူးေၾကာင့္ မိမိကိုယ္ပိုင္ Wireless Hotspot တစ္ခုကို အလြယ္တကူ လႊင့္ထူနိုင္ပါၿပီ။ WiFi hotspot ေပးတဲ့ ေနရာေတြမွာ မိမိရဲ႕ ကြန္ပ်ဴတာနဲ႕ ခ်ိတ္ဆက္အသုံးျပဳခ်င္တယ္ဆိုရင္ ကြန္ပ်ဴတာကို ဖြင့္လိုက္ပါက ရွိေနတဲ့ network ေတြကို အလိုအေလွ်ာက္ ခ်ိတ္ဆက္ေပးမွာျဖစ္တယ္။ အကယ္၍ မိမိရဲ႕ ကြန္ပ်ဴတာက Built-in Wireless adapter မပါဘူးဆိုရင္ USB ဒါမွမဟုတ္ PCI adaptar ကို ၀ယ္ၿပီး ခ်ိတ္ဆက္အသုံးျပဳနိုင္ပါမယ္။ တခ်ိဳ႕ အိပ္ေဆာင္ကြန္ပ်ဴတာ အေဟာင္းေတြမွာ wireless hotspot ကို ေတြ႕နိုင္ဖို႔ ေဆာ့ဝဲလ္ တခ်ိဳ႕ သြင္းဖို႔ လိုနိုင္မွာပါ။ WiFi hotspot တစ္ခုကို အိမ္မွာ တပ္ဆင္ခ်င္တယ္ ဆိုရင္လည္း အလြယ္တကူ တပ္ဆင္နိုင္မွာပါ။ အင္တာနက္ကို ခ်ိတ္ဆက္ထားတဲ့ Modern တစ္ခုရယ္ wireless router တစ္ခုရယ္ ရွိ႐ုံနဲ႕ တအိမ္လုံး သုံးနိုင္မယ့္ ဒါမွမဟုတ္ တ႐ုံးလုံး သုံးနိုင္မယ့္ Wireless hotspot တစ္ခုကို တည္ေဆာက္နိုင္မွာပါ။ ပုံမွန္ Router တစ္ခုဟာ ေပ ၁၀၀ ပတ္လည္အထိ ျဖန႔္က်က္ထားနိုင္ေပမယ့္ နံရံ ၊ တံခါး စတာေတြ ၾကားခံေနရင္ Wireless ကို မမိတာမ်ိဳးျဖစ္တတ္ပါတယ္။ တကယ္လို႔ မိမိရဲ႕ အိမ္ (သို႔) ႐ုံးဟာ ေတာ္ေတာ္က်ယ္တယ္ Wireless ကို တခ်ိဳ႕ေနရာေတြမွာ မမိဘူးဆိုရင္ Range extenders တို႔ repeaters တို႔ ၀ယ္ၿပီး Router ရဲ႕ ျဖန႔္က်က္ထားနိုင္မႈကို တိုးခ်ဲ့နိုင္မွာျဖစ္တယ္။ ၿပီးေတာ့ အဲဒီ Network ကို အျပင္လူေတြ မသုံးနိုင္ေအာင္ Security Key ကိုလည္း Router ရဲ႕ Setting မွာ ထည့္သြင္းနိုင္ပါတယ္။

မိမိရဲ႕ လက္ကိုင္ဖုန္းကို wireless hotspot လုပ္ခ်င္တယ္ဆိုရင္ လက္ကိုင္ဖုန္း နံပါတ္ ၁ ကို potable WiFi hotspot Enable လုပ္လို႔ လက္ကိုင္ဖုန္း နံပါတ္ ၂ ဒါမွမဟုတ္ အိတ္ေဆာင္ကြန္ပ်ဴတာ ကေန အလြယ္ တကူ ခ်ိတ္ယူသုံးစြဲနိုင္ပါတယ္။ wireless မွာ Bluetooth, infrared စတဲ့ တျခား စနစ္ေတြလည္း ေျမာက္မ်ားစြာ ရွိၿပီး ေနာင္အပတ္မ်ားမွာ အလ်ဥ္းသင့္သလို ေဖာ္ျပနိုင္ဖို႔ ႀကိဳးစားေပးသြားမွာပါ။

Reference : How Wifi works by Marshall Brain, Tracy V. Wilson and Bernadette Johnson

ေနမ်ိဳး (သံလြင္)

(D-wave ဂ်ာနယ္မွ ေနမ်ိဳး (သံလြင္) ေရးသားသည့္ “Wifi အေၾကာင္း တေစ့တေစာင္း” မွ ကူးယူေဖာ္ျပသည္။)
Unicode
Wifi အကြောင်း တစေ့တစောင်း

လေဆိပ်ပဲသွားသွား၊ ကော်ဖီဆိုင်တချို့မှာပဲ ထိုင်ထိုင်၊ ဟော်တယ်တစ်ခုခုမှာပဲ တည်းတည်း လူစည်ကားရာ နေရာတိုင်းလိုလိုမှာ Wifi လို့ ခေါ်တဲ့ 802.11 networking ကို ဖုန်း ဒါမှမဟုတ် အိပ်ဆောင်ကွန်ပျူတာတွေနဲ့ အသုံးပြုနိုင်တာ သိပြီးဖြစ်မှာပါ။ တချို့နိုင်ငံတွေရဲ့ မြို့တချို့မှာဆို Free WiFi (သို့မဟုတ်) တန်ဖိုးနည်း အင်တာနက်တွေကို အသုံးချနိုင်အောင် စီစဉ်ပေးနေကြပါပြီ။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ အင်တာနက်ကို ကြိုက်တဲ့ အချိန် ကြိုက်တဲ့နေရာမှာ စျေးနှုန်းချိုသာစွာ အသုံးပြုနိုင်ဖို့ လမ်းစတွေ စပေါ်လို့ နေပါပြီ။ Wireless Network တစ်ခုကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်ခြင်းဟာလဲ WiFi ရဲ့ အားသာချက်တစ်ခုဖြစ်တယ်။ အဲဒီ WiFi ရဲ့ အကြောင်း တစေ့တစောင်းကို ဒီတစ်ပတ် လူငယ်နှင့် နည်းပညာကဏ္ဍမှာဖော်ပြချင်ပါတယ်။

ကြိုးမဲ့ကွန်ယက်စနစ်တစ်ခု(A wireless network) ဟာ လက်ကိုင်ဖုန်းတို့၊ တီဗွီတို့ ရေဒီယိုတို့လိုပဲ ရေဒီယိုလှိုင်းတွေကို အသုံးပြုထားတာပါ။ တိတိကျကျပြောရမယ်ဆိုရင် လမ်းကြောင်းနှစ်ခုသွား ရေဒီယို ဆက်သွယ်မှုတစ်ခုပါပဲ။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ ဖုန်း (သို့) ကွန်ပျူတာရဲ့ ကြိုးမဲ့adapter က data တွေကို ရေဒီယိုလှိုင်း အဖြစ်ပြောင်းလဲပြီး အင်တင်နာမှတဆင့် ပို့ဆောင်စေတယ်။ အဲဒီပို့လိုက်တဲ့ အချက်အလက်တွေကို wireless router ကနေ လက်ခံရရှိပြီး အင်တာနက်ပေါ်ကိုလွှင့်တင်ပေးပါတယ်။ အဲဒီပို့ဆောင်မှုဟာ ပြောင်းပြန်လည်း အလုပ်လုပ်ပါတယ်။ Router က သတင်းအချက်အလက်တွေကို  အင်တာနက်ပေါ်မှ လက်ခံပြီး ရေဒီယိုလှိုင်းအဖြစ်ပြောင်းလို့ ကွန်ပျူတာရဲ့ ကြိုးမဲ့ adapter ဆီပို့လွှတ်ပေးပါတယ်။ WiFi ဆက်သွယ်မှုအတွက် သုံးတဲ့ Radio စနစ်ဟာ Wailie-talkies (စကားပြောစက်) ၊ လက်ကိုင်ဖုန်း စတာတွေမှာ သုံးတဲ့ စနစ်နဲ့ တော်တော်လေး ဆင်တူပါတယ်။ အဲဒီစနစ်ဟာ ရေဒီယိုလှိုင်းတွေကို လက်ခံပြီး ဒစ်ဂျစ်တယ် ဖြစ်တဲ့ ၁ နဲ့ ၀ ကို ပြောင်းလဲပေးနိုင်သလို ၁နဲ့ ၀ကို ပြောင်းလဲပြီး ရေဒီလှိုင်းတွေအဖြစ် ပို့လွှတ်ပေးပါတယ်။ အဓိက ကွာခြားချက်ကတော့ WiFi ဟာ ပိုပြီး မြင့်တဲ့ 2.4 GHz or 5 GHz Frequency ကို အသုံးပြုထားတာပါ။ ပိုမြင့်တဲ့ Frequency ကို အသုံးပြုခြင်းဖြင့် ပိုများပြားတဲ့ Data တွေကို သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်တယ်။ 802.11 networking standard ကို အသုံးပြုထားပြီး အောက်ပါ အမျိုးအစားတွေကို ထပ်မံ ခွဲထုတ်ထားတယ်။  802.11a ဟာ 5GHz နဲ့ ပို့ဆောင်ပြီး 52 Megabits / sec အဖြစ် လည်းကောင်း ၊ 802.11 b ဟာ အနှေးဆုံးနဲ့ စျေးအပေါဆုံးဖြစ်လို့ 11 megabits / sec ကို 2.4GHz နဲ့ လည်း ကောင်း၊ 802.11g ဟာ 2.4 GHz နဲ့ 54 megabits / Sec ကို ပို့ဆောင်ခြင်းဖြင့် လည်း ကောင်း၊ 802.11n ဟာ အမြင့်ဆုံး 140 megabits / sec ဖြင့်လည်း ကောင်း၊ 802.11ac ဟာ ၂၀၁၃ ကမှ စမ်းသပ်ထားတဲ့ စနစ်တစ်ခုဖြစ်ပြီး 450 megabits / sec အထိအောင် သွားနိုင်လိမ့်မယ်လို့စမ်းသပ်တွေ့ရှိထားပါတယ်။

WiFi hotspot ဆိုတာဟာ ကြိုးမဲ့ကွန်ယက်စနစ်တစ်ခု ရှိတဲ့ နေရာကို ပြောတာဖြစ်ပြီး ပုံမှန်အားဖြင့် လေဆိပ်တွေတို့ ကော်ဖီဆိုင်တို့မှာ အတွေ့များတယ်။ တချို့က အလကားဖြစ်ပြီး တချို့က အသုံးပြုဖို့အတွက် အခကြေးငွေ အနည်းငယ်ပေးရတတ်တယ်။ အခုနောက်ပိုင်း 4G နဲ့ Smart Phone တွေရဲ့ ကျေးဇူးကြောင့် မိမိကိုယ်ပိုင် Wireless Hotspot တစ်ခုကို အလွယ်တကူ လွှင့်ထူနိုင်ပါပြီ။ WiFi hotspot ပေးတဲ့ နေရာတွေမှာ မိမိရဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင် ကွန်ပျူတာကို ဖွင့်လိုက်ပါက ရှိနေတဲ့ network တွေကို အလိုအလျှောက် ချိတ်ဆက်ပေးမှာဖြစ်တယ်။ အကယ်၍ မိမိရဲ့ ကွန်ပျူတာက Built-in Wireless adapter မပါဘူးဆိုရင် USB ဒါမှမဟုတ် PCI adaptar ကို ၀ယ်ပြီး ချိတ်ဆက်အသုံးပြုနိုင်ပါမယ်။ တချို့ အိပ်ဆောင်ကွန်ပျူတာ အဟောင်းတွေမှာ wireless hotspot ကို တွေ့နိုင်ဖို့ ဆော့ဝဲလ် တချို့ သွင်းဖို့ လိုနိုင်မှာပါ။ WiFi hotspot တစ်ခုကို အိမ်မှာ တပ်ဆင်ချင်တယ် ဆိုရင်လည်း အလွယ်တကူ တပ်ဆင်နိုင်မှာပါ။ အင်တာနက်ကို ချိတ်ဆက်ထားတဲ့ Modern တစ်ခုရယ် wireless router တစ်ခုရယ် ရှိရုံနဲ့ တအိမ်လုံး သုံးနိုင်မယ့် ဒါမှမဟုတ် တရုံးလုံး သုံးနိုင်မယ့် Wireless hotspot တစ်ခုကို တည်ဆောက်နိုင်မှာပါ။ ပုံမှန် Router တစ်ခုဟာ ပေ ၁၀၀ ပတ်လည်အထိ ဖြန့်ကျက်ထားနိုင်ပေမယ့် နံရံ ၊ တံခါး စတာတွေ ကြားခံနေရင် Wireless ကို မမိတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ မိမိရဲ့ အိမ် (သို့) ရုံးဟာ တော်တော်ကျယ်တယ် Wireless ကို တချို့နေရာတွေမှာ မမိဘူးဆိုရင် Range extenders တို့ repeaters တို့ ၀ယ်ပြီး Router ရဲ့ ဖြန့်ကျက်ထားနိုင်မှုကို တိုးချဲ့နိုင်မှာဖြစ်တယ်။ ပြီးတော့ အဲဒီ Network ကို အပြင်လူတွေ မသုံးနိုင်အောင် Security Key ကိုလည်း Router ရဲ့ Setting မှာ ထည့်သွင်းနိုင်ပါတယ်။

မိမိရဲ့ လက်ကိုင်ဖုန်းကို wireless hotspot လုပ်ချင်တယ်ဆိုရင် လက်ကိုင်ဖုန်း နံပါတ် ၁ ကို potable WiFi hotspot Enable လုပ်လို့ လက်ကိုင်ဖုန်း နံပါတ် ၂ ဒါမှမဟုတ် အိတ်ဆောင်ကွန်ပျူတာ ကနေ အလွယ် တကူ ချိတ်ယူသုံးစွဲနိုင်ပါတယ်။ wireless မှာ Bluetooth, infrared စတဲ့ တခြား စနစ်တွေလည်း မြောက်များစွာ ရှိပြီး နောင်အပတ်များမှာ အလျဉ်းသင့်သလို ဖော်ပြနိုင်ဖို့ ကြိုးစားပေးသွားမှာပါ။

Reference : How Wifi works by Marshall Brain, Tracy V. Wilson and Bernadette Johnson

နေမျိုး (သံလွင်)

(D-wave ဂျာနယ်မှ နေမျိုး (သံလွင်) ရေးသားသည့် “Wifi အကြောင်း တစေ့တစောင်း” မှ ကူးယူဖော်ပြသည်။)

1 comment:

  1. Hotspotဖြင့္ရင္ Hpလြတ္တ့ဲဖုန္းထိခိုက္လား

    ReplyDelete