Thursday, December 31, 2015

Transistor ( ထရန္စစၥတာ ) - အပုိင္း ၂

ထရန္စစၥတာ တစ္လံုးကို အီလက္ထေရာနစ္ ပါတ္လမ္းမ်ားမွာ ခလုပ္တစ္ခုသဖြယ္ေသာ္လည္းေကာင္း၊ အခ်က္ၿပလိွဳင္းမ်ားကို ပိုမိုၾကီးထြားလာေအာင္ ခ်ဲ႕ထြင္ရာတြင္လည္းေကာင္း အမ်ိဳးမ်ိဳး အသံုးၿပဳၾကပါတယ္။

ခလုပ္တစ္ခုသဖြယ္ အလုပ္လုပ္ပံု
>>ထရန္စစၥတာတစ္လံုးကို ဗို႔အားေပးသြင္းမထားေသာ သာမန္အေၿခေနမွာ Collector ငုတ္နဲ႔ Emitter ငုတ္တို႔ဟာ အဆက္အသြယ္ မရွိေသာ အေၿခအေနမွာ ၿဖစ္ပါတယ္။
>>၄င္း ထရန္စစၥတာရဲ႕ Base ငုတ္ကို 0.6 ဗို႔အထက္ (သို႔မဟုတ္) သတ္မွတ္ထားေသာ ဗို႔အားတစ္ခုကုိ ေပးသြင္းလုိက္ပါကCollector ငုတ္နဲ႔ Emitter ငုတ္တို႔ဟာ အဆက္အသြယ္ရွိသြားပါတယ္။

                                        ပံု (၁)   ထရန္စစၥတာရဲ႕ ဆားကစ္ သေကၤတပံုပါ။

>> ထရန္စစၥတာရဲ႕ Base ငုတ္ကို ဗို႔အားေပးသြင္းထားၿခင္း မရွိေသးခ်ိန္မွာ အထက္ပါပံုအတိုင္း Emitter ငုတ္နဲ႔ Collector ငုတ္ဟာ အဆက္အသြယ္မရွိတဲ႔အတြက္ လ်ပ္စစ္စီးဆင္းနုိင္ၿခင္း မရွိပါလို႔ ေယ်ဘူယ် မွတ္သားနိုင္ပါတယ္။

>> ထရန္စစၥတာရဲ႕ Base ငုတ္ကို 0.6 ဗို႔ထက္ ေက်ာ္ၿပီး ( သို႔မဟုတ္) သတ္မွတ္ထားေသာ ဗို႔အားကို ေပးသြင္းလိုက္ပါက Collector ငုတ္နဲ႔ Emitter ငုတ္တို႔ဟာ ပံုမွာ ၿပထားတဲ႔အတိုင္း အဆက္အသြယ္ ေကာင္းမြန္စြာၿဖင့္ လ်ပ္စီးကို စီးဆင္းနိုင္ပါတယ္။

PNP အမ်ိဳးစားတြင္ ၿဖစ္ေစ၊ NPN အမ်ိဳးစားတြင္ၿဖစ္ေစ ခလုပ္အၿဖစ္ အလုပ္လုပ္ပံုမွာ အထက္ပါအတိုင္း အတူတူပဲ ၿဖစ္ပါတယ္။

>> PNP Transistor ေတြဟာ Negative (အနုတ္) ဗို႔ၿဖင့္သာ အဓိက အလုပ္လုပ္တာေၾကာင့္ Base ရဲ႕ ေပးသြင္းဗို႔ဟာ Negative ( အနုတ္) ဗို႔ ၿဖစ္ပါတယ္။

>> NPN Transistor ေတြဟာ Positive (အေပါင္း) ဗို႔ၿဖင့္သာ အဓိက အလုပ္လုပ္တာေၾကာင့္ Base ရဲ႕ ေပးသြင္းဗို႔ဟာ Positive ( အေပါင္း) ဗို႔ ၿဖစ္ပါတယ္။

ဆက္လက္ တင္ၿပသြားပါမယ္...............။

မင္းညိဳ
minnyo.elec@gmail.com
http://ourelectronicnote.blogspot.com/
Unicode
Transistor ( ထရန်စစ္စတာ ) - အပိုင်း ၂
ထရန်စစ္စတာ တစ်လုံးကို အီလက်ထရောနစ် ပါတ်လမ်းများမှာ ခလုပ်တစ်ခုသဖွယ်သော်လည်းကောင်း၊ အချက်ပြလှိုင်းများကို ပိုမိုကြီးထွားလာအောင် ချဲ့ထွင်ရာတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုကြပါတယ်။

ခလုပ်တစ်ခုသဖွယ် အလုပ်လုပ်ပုံ
>>ထရန်စစ္စတာတစ်လုံးကို ဗို့အားပေးသွင်းမထားသော သာမန်အခြေနေမှာ Collector ငုတ်နဲ့ Emitter ငုတ်တို့ဟာ အဆက်အသွယ် မရှိသော အခြေအနေမှာ ဖြစ်ပါတယ်။
>>၄င်း ထရန်စစ္စတာရဲ့ Base ငုတ်ကို 0.6 ဗို့အထက် (သို့မဟုတ်) သတ်မှတ်ထားသော ဗို့အားတစ်ခုကို ပေးသွင်းလိုက်ပါကCollector ငုတ်နဲ့ Emitter ငုတ်တို့ဟာ အဆက်အသွယ်ရှိသွားပါတယ်။

                                        ပုံ (၁)   ထရန်စစ္စတာရဲ့ ဆားကစ် သငေ်္ကတပုံပါ။

>> ထရန်စစ္စတာရဲ့ Base ငုတ်ကို ဗို့အားပေးသွင်းထားခြင်း မရှိသေးချိန်မှာ အထက်ပါပုံအတိုင်း Emitter ငုတ်နဲ့ Collector ငုတ်ဟာ အဆက်အသွယ်မရှိတဲ့အတွက် လျပ်စစ်စီးဆင်းနိုင်ခြင်း မရှိပါလို့ ယျေဘူယျ မှတ်သားနိုင်ပါတယ်။

>> ထရန်စစ္စတာရဲ့ Base ငုတ်ကို 0.6 ဗို့ထက် ကျော်ပြီး ( သို့မဟုတ်) သတ်မှတ်ထားသော ဗို့အားကို ပေးသွင်းလိုက်ပါက Collector ငုတ်နဲ့ Emitter ငုတ်တို့ဟာ ပုံမှာ ပြထားတဲ့အတိုင်း အဆက်အသွယ် ကောင်းမွန်စွာဖြင့် လျပ်စီးကို စီးဆင်းနိုင်ပါတယ်။

PNP အမျိုးစားတွင် ဖြစ်စေ၊ NPN အမျိုးစားတွင်ဖြစ်စေ ခလုပ်အဖြစ် အလုပ်လုပ်ပုံမှာ အထက်ပါအတိုင်း အတူတူပဲ ဖြစ်ပါတယ်။

>> PNP Transistor တွေဟာ Negative (အနုတ်) ဗို့ဖြင့်သာ အဓိက အလုပ်လုပ်တာကြောင့် Base ရဲ့ ပေးသွင်းဗို့ဟာ Negative ( အနုတ်) ဗို့ ဖြစ်ပါတယ်။

>> NPN Transistor တွေဟာ Positive (အပေါင်း) ဗို့ဖြင့်သာ အဓိက အလုပ်လုပ်တာကြောင့် Base ရဲ့ ပေးသွင်းဗို့ဟာ Positive ( အပေါင်း) ဗို့ ဖြစ်ပါတယ်။

ဆက်လက် တင်ပြသွားပါမယ်...............။

မင်းညို
minnyo.elec@gmail.com
http://ourelectronicnote.blogspot.com/

0 comments:

Post a Comment