Saturday, December 12, 2015

မနက္လန္းဆန္းစြာႏုိးထဖို႔အိပ္ရာဝင္ခံနီးအေလ့က်င့္္ေတြကိုသိထားသင့္

အိပ္ခ်င္မူတူးနဲ႔ မူးေနာက္ေနာက္ အိပ္ရာထျခင္းက မနက္ေစာေစာစီးစီး သင့္ကို ေပ်ာ္ရႊင္မႈ မေပးႏိုင္ပါဘူး။ ဒီလိုဆုိ သင့္အေနနဲ႕ ဒီအိပ္ရာဝင္ခါနီး အေလ့အက်င့္ေတြ ျပဳလုပ္ၾကည့္ပါ။ အက်ဳိးေက်းဇူးေတြ လက္ငင္းရရိွခံစားရပါလိမ့္မယ္။

၁။ ဝုိင္ေလးတစ္ခြက္ ဒါမွမဟုတ္ ညအိပ္ရာဝင္ခါနီး အမူးေသာက္ျခင္းက တစ္ညတာအတြက္ အဆင္ေျပေစႏုိင္ေပမယ့္ ေနာက္တစ္ေန႔ ေဆာင္ရမယ့္အရာေတြ ေထာက္ပံ့မႈ မရိွေစပါဘူး။

၂။ အဆာေျပမုန္႔စားျခင္းက ညေကာင္းမြန္စြာ အိပ္စက္ေစႏုိင္ပါတယ္။ ကယ္လုိရီး ၁၅၀ ဝန္းက်င္ရိွ အစာေၾကလြယ္တဲ့ အရာတစ္ခုခု ေရြးခ်ယ္စားသုံးပါ။

၃။ ေနာက္တစ္ေန႔ ေဆာင္ရြက္ဖုိ႔ လုိအပ္တဲ့အခ်က္ေတြကို စိတ္ထဲမွတ္တာထက္ မွတ္စုထဲေရးမွတ္ပါ။ အထူးသျဖင့္ ေမ့တတ္တဲ့ အရာေတြေပါ့။ အဲဒီ အေလ့အက်င့္ရသြားျပီးဆုိရင္ မနက္ေစာေစာ အလုပ္ရႈပ္မေနေတာ့ဘဲ  မနက္စာ မစားအားဘဲ အိမ္မွ ထြက္သြားစရာ အေၾကာင္းမရိွဘူးေပါ့။

၄။ မိမိရဲ႕ အီလက္ထေရာနစ္ ကိရိယာေတြ တစ္ညလုံးဖြင့္ထားတာ အိပ္ေရးပ်က္ေစျပီး ေနာက္တစ္ေန႔ အားအင္ေတြ ကုန္ခန္းေစႏုိင္ပါတယ္။ အဲဒီအစား စာအုပ္ သုိ႔မဟုတ္ မဂၢဇင္းတစ္ခုခု အပန္းေျဖဖတ္ပါ။

၅။ ပင္ပန္းတဲ့အခါ မိမိခႏၶာကုိယ္ကို အနားေပးပါ။ တစ္ည အနည္းဆုံး ၇ နာရီ အိပ္ခ်ိန္ေပးဖုိ႔ မျဖစ္မေန အေရးၾကီးပါတယ္။ ဒါမွ ေနာက္တစ္ေန႔ႏုိးၾကားတက္ၾကြျပီး ေဆာင္ရြက္မယ့္အရာေတြအတြက္ အဆင္သင့္ျဖစ္ေနမွာ ျဖစ္ပါတယ္။
Credit // Owner

Unicode
အိပ်ချင်မူတူးနဲ့ မူးနောက်နောက် အိပ်ရာထခြင်းက မနက်စောစောစီးစီး သင့်ကို ပျော်ရွှင်မှု မပေးနိုင်ပါဘူး။ ဒီလိုဆို သင့်အနေနဲ့ ဒီအိပ်ရာဝင်ခါနီး အလေ့အကျင့်တွေ ပြုလုပ်ကြည့်ပါ။ အကျိုးကျေးဇူးတွေ လက်ငင်းရရှိခံစားရပါလိမ့်မယ်။

၁။ ဝိုင်လေးတစ်ခွက် ဒါမှမဟုတ် ညအိပ်ရာဝင်ခါနီး အမူးသောက်ခြင်းက တစ်ညတာအတွက် အဆင်ပြေစေနိုင်ပေမယ့် နောက်တစ်နေ့ ဆောင်ရမယ့်အရာတွေ ထောက်ပံ့မှု မရှိစေပါဘူး။

၂။ အဆာပြေမုန့်စားခြင်းက ညကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။ ကယ်လိုရီး ၁၅၀ ဝန်းကျင်ရှိ အစာကြေလွယ်တဲ့ အရာတစ်ခုခု ရွေးချယ်စားသုံးပါ။

၃။ နောက်တစ်နေ့ ဆောင်ရွက်ဖို့ လိုအပ်တဲ့အချက်တွေကို စိတ်ထဲမှတ်တာထက် မှတ်စုထဲရေးမှတ်ပါ။ အထူးသဖြင့် မေ့တတ်တဲ့ အရာတွေပေါ့။ အဲဒီ အလေ့အကျင့်ရသွားပြီးဆိုရင် မနက်စောစော အလုပ်ရှုပ်မနေတော့ဘဲ  မနက်စာ မစားအားဘဲ အိမ်မှ ထွက်သွားစရာ အကြောင်းမရှိဘူးပေါ့။

၄။ မိမိရဲ့ အီလက်ထရောနစ် ကိရိယာတွေ တစ်ညလုံးဖွင့်ထားတာ အိပ်ရေးပျက်စေပြီး နောက်တစ်နေ့ အားအင်တွေ ကုန်ခန်းစေနိုင်ပါတယ်။ အဲဒီအစား စာအုပ် သို့မဟုတ် မဂ္ဂဇင်းတစ်ခုခု အပန်းဖြေဖတ်ပါ။

၅။ ပင်ပန်းတဲ့အခါ မိမိခန္ဓာကိုယ်ကို အနားပေးပါ။ တစ်ည အနည်းဆုံး ၇ နာရီ အိပ်ချိန်ပေးဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ ဒါမှ နောက်တစ်နေ့နိုးကြားတက်ကြွပြီး ဆောင်ရွက်မယ့်အရာတွေအတွက် အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။
Credit // Owner

0 comments:

Post a Comment