Tuesday, December 22, 2015

ခ်စ္သူေတြၾကား အျပင္လူ တစ္ေယာက္ ထပ္မတိုးလာေအာင္

အခုရက္ပိုင္း ပတ္ဝန္းက်င္မွာ ေတြ႕ရမ်ားေနတာက ေတာ့ ၿခံခုန္ႏြားတို႔၊ စနိုက္ေၾကာ္ တယ္တို႔ ဆိုတာေတြမ်ားလာပါတယ္။သူတို႔ ဘာလို႔ ေပၚလာသလဲ ဆိုတာက ေတာ့ ရွိၿပီးသား ပက္သတ္မႈေလး တစ္ခုၾကားကို အျပင္လူေနာက္ထပ္ ေရာက္လာတယ္ ဆိုတာပါပဲ။အျပင္လူ ဝင္လာတယ္ဆိုကတည္းက မိမိတို႔အခ်င္းခ်င္း အရင္ကထက္ တစ္ဦးကို တစ္ဦး ပိုမိုနားလည္မႈေပးၿပီး ဆက္လက္ ေနမွ ရွိၿပီးသား ပက္သတ္မႈေလး က ဆက္လက္ တည္ျမဲမွာပါ။ေနာက္ထပ္ေရာက္လာတဲ့ သူကို အေရးေပးၿပီး အရင္က လူကို မေကာင္းျမင္လာၿပီ ဆိုရင္ေတာ့ ေသခ်ာပါတယ္။ရွိၿပီးသား အရာက ပ်က္ဆီးသြားမွာပါ။

အကယ္၍ အခ်င္းခ်င္း ၾကားက ေကာင္းမြန္ေသာ ဆက္ဆံေရး၊နားလည္မႈ နဲ႔ တည္ေဆာက္ထားေသာ ဆက္ဆံေရး ၊ အထူးသျဖင့္ တစ္ဦးကို တစ္ဦး အျပည့္ အဝ ယုံၾကည္ထားၿပီး သစၥာရွိပါက ေနာက္ထပ္ တစ္ဦးမက ႏွစ္ဦး ပဲ လာၿပီး ၾကားဝင္ေႏွာင့္ယွက္ေသာ္လည္း သစၥာရွိၿပီး ယုံၾကည္မႈႏွင့္ တည္ေဆာက္ထားေသာ လူႏွစ္ဦး ၾကားကို မည္သည့္အရာမွ ဝင္ေရာက္ၿပီး စိတ္အေႏွာက္အယွက္ေပးနိုင္မည္ မဟုတ္ပါ။

ထိုသို႔ မဟုတ္ပဲ နဂိုကတည္းက ယခုလက္ရွိထက္  ပိုမို သာလြန္ေကာင္းမြန္မည္ဟု ထင္မွတ္ေသာ အရာကို ေတာင့္တစိတ္ရွိၿပီး လက္ရွိ ပက္သတ္မႈကို ယာယီအျဖစ္သေဘာထားျပဳလုပ္ေနပါက ေသခ်ာပါတယ္။ၿခံခုန္သည္တို႔ စနိုက္ေၾကာ္ခံရသည္တို႔ က အလိုအေလ်ာက္ ေရာက္လာမည္ ေသခ်ာပါသည္။

ထို႔ေၾကာင့္ စနိုက္ေၾကာ္ခံရျခင္း ၊ ၿခံခုန္သြားျခင္း မ်ားျပဳလုပ္ခံရပါက သင္ဝမ္းသာ လိုက္ပါ။သစၥာမရွိေသာ ေၾကာင့္ ျပဳလုပ္သြားျခင္း ျဖစ္ပါသည္။ေနာင္မွ လြတ္သည့္ငါး က ပိုႀကီးသည္ ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ မိမိအမွားကို အခ်ိန္တန္လၽွင္ အလိုအေလ်ာက္သိရွိလာမည္ ျဖစ္ပါသည္။သို႔ေသာ္ သင္ဘက္က ေတာ့ စတင္ မျပဳလုပ္မိပါေစနဲ႔။ မိမိ တတ္နိုင္သေလာက္ အေကာင္းဆုံးျပဳမူ ဆက္ဆံေပးပါ။မိမိ ေကာင္းျခင္း ဆိုသည္မွာ မိမိဖို႔ပင္ ျဖစ္ပါသည္။

တစ္ဦးကို တစ္ဦး နားလည္မႈ ျဖင့္ သစၥာရွိၿပီး ယုံၾကည္မႈ ေပးပါက မည္သည့္အရာမွာ ၾကားဝင္ၿပီး စိတ္ကို အေႏွာင့္အယွက္ေပးနိုင္မည္ မဟုတ္ပါ။အခ်င္းခ်င္း စိတ္ဝမ္းကြဲ ေနပါက အျပင္လူမ်ား အလြယ္တကူ ဝင္ေရာက္လာမည္မွာ အမွန္ပါ။

Credit : ayesay
ဒီသတင္းကိုသင္ႏွစ္သင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင့္ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။

---------------------------------------------------------------------------

အခုရက်ပိုင်း ပတ်ဝန်းကျင်မှာ တွေ့ရများနေတာက တော့ ခြံခုန်နွားတို့၊ စနိုက်ကြော် တယ်တို့ ဆိုတာတွေများလာပါတယ်။သူတို့ ဘာလို့ ပေါ်လာသလဲ ဆိုတာက တော့ ရှိပြီးသား ပက်သတ်မှုလေး တစ်ခုကြားကို အပြင်လူနောက်ထပ် ရောက်လာတယ် ဆိုတာပါပဲ။အပြင်လူ ဝင်လာတယ်ဆိုကတည်းက မိမိတို့အချင်းချင်း အရင်ကထက် တစ်ဦးကို တစ်ဦး ပိုမိုနားလည်မှုပေးပြီး ဆက်လက် နေမှ ရှိပြီးသား ပက်သတ်မှုလေး က ဆက်လက် တည်မြဲမှာပါ။နောက်ထပ်ရောက်လာတဲ့ သူကို အရေးပေးပြီး အရင်က လူကို မကောင်းမြင်လာပြီ ဆိုရင်တော့ သေချာပါတယ်။ရှိပြီးသား အရာက ပျက်ဆီးသွားမှာပါ။

အကယ်၍ အချင်းချင်း ကြားက ကောင်းမွန်သော ဆက်ဆံရေး၊နားလည်မှု နဲ့ တည်ဆောက်ထားသော ဆက်ဆံရေး ၊ အထူးသဖြင့် တစ်ဦးကို တစ်ဦး အပြည့် အဝ ယုံကြည်ထားပြီး သစ္စာရှိပါက နောက်ထပ် တစ်ဦးမက နှစ်ဦး ပဲ လာပြီး ကြားဝင်နှောင့်ယှက်သော်လည်း သစ္စာရှိပြီး ယုံကြည်မှုနှင့် တည်ဆောက်ထားသော လူနှစ်ဦး ကြားကို မည်သည့်အရာမှ ဝင်ရောက်ပြီး စိတ်အနှောက်အယှက်ပေးနိုင်မည် မဟုတ်ပါ။

ထိုသို့ မဟုတ်ပဲ နဂိုကတည်းက ယခုလက်ရှိထက်  ပိုမို သာလွန်ကောင်းမွန်မည်ဟု ထင်မှတ်သော အရာကို တောင့်တစိတ်ရှိပြီး လက်ရှိ ပက်သတ်မှုကို ယာယီအဖြစ်သဘောထားပြုလုပ်နေပါက သေချာပါတယ်။ခြံခုန်သည်တို့ စနိုက်ကြော်ခံရသည်တို့ က အလိုအလျောက် ရောက်လာမည် သေချာပါသည်။

ထို့ကြောင့် စနိုက်ကြော်ခံရခြင်း ၊ ခြံခုန်သွားခြင်း များပြုလုပ်ခံရပါက သင်ဝမ်းသာ လိုက်ပါ။သစ္စာမရှိသော ကြောင့် ပြုလုပ်သွားခြင်း ဖြစ်ပါသည်။နောင်မှ လွတ်သည့်ငါး က ပိုကြီးသည် ဆိုသော အကြောင်းပြချက်ဖြင့် မိမိအမှားကို အချိန်တန်လျှင် အလိုအလျောက်သိရှိလာမည် ဖြစ်ပါသည်။သို့သော် သင်ဘက်က တော့ စတင် မပြုလုပ်မိပါစေနဲ့။ မိမိ တတ်နိုင်သလောက် အကောင်းဆုံးပြုမူ ဆက်ဆံပေးပါ။မိမိ ကောင်းခြင်း ဆိုသည်မှာ မိမိဖို့ပင် ဖြစ်ပါသည်။

တစ်ဦးကို တစ်ဦး နားလည်မှု ဖြင့် သစ္စာရှိပြီး ယုံကြည်မှု ပေးပါက မည်သည့်အရာမှာ ကြားဝင်ပြီး စိတ်ကို အနှောင့်အယှက်ပေးနိုင်မည် မဟုတ်ပါ။အချင်းချင်း စိတ်ဝမ်းကွဲ နေပါက အပြင်လူများ အလွယ်တကူ ဝင်ရောက်လာမည်မှာ အမှန်ပါ။

Credit : ayesay

0 comments:

Post a Comment