Tuesday, December 29, 2015

လေ့လာတော့မယ်ဆိုရင် လိုက်စားတော့မယ်ဆိုရင် ......

၁။တကယ်လေ့လာတော့မယ်ပြင်တော့မယ်ဆို ဖုန်းဘဲဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် အခြေခံသိမှ ပြင်နိုင်တာပါ ပြင်သင့်တာပါ.(ဒါမှလည်း ရေရှည်ရပ်တည်နိုင်မယ်လို့ထင်ပါတယ်)

၂။လျှပ်စစ်ပစ္စည်းတစ်ခုကို ပြင်တော့မယ်ဆို အခြေခံကအဓိကပါ Circuits Tracing Technology အခြေတချ ဆားကစ်လိုက်နည်းကို ကျွမ်းကျင်စွာတတ်မြောက်ဖို့လိုပါတယ်

၃။Circuits Tracing Technology ဆိုတာ ဆားကစ်ပြားတစ်ခုရဲ့အပေါ်အောက် အလယ် ပတ်လမ်းအားလုံးကို ဘယ်လိုတည်ဆောက်သလဲ ဘယ်လိုရေးဆွဲတာလဲဆိုတာ ဘယ်လိုအလုပ်လုပ်တာ ကို လေ့လာသောပညာရပ်တခုပါ ။

၎။လေ့လာတော့မယ်ဆိုရင် electronic ပစ္စည်းတခုရဲ့ ပံ့ပိုးပစ္စည်းတွေအကြောင်းကို တိတိကျကျ  လေ့လာထားဖို့လိုပါတယ်(Tesistor , Transtor , diode , Multi  IC, Multi Coil&Transformer , Camera ,Sensor , Display ,Battery , Condenser&Semi & Capicitor, Multi LED , SIM, Slot, Switch , Intenna , Connector , Socket ,Touch......)

၅။အဲဒီပစ္စည်းတွေအကြောင်းကို အလုပ်လုပ်ပုံ သဘောတရား သင်္ကေံတပုံတွေကိုပါ သိထားဖို့လိုပါတယ်(Condenser ဆို လျှပ်စစ်ကို သိုလှောင်တဲ့နေရာ ကို Singinal ကိုဖြတ်စေပြီး DC ကို တားတဲ့နေရာ (coupling ) မလိုလားအပ်တဲ့ နှောက်ယှက်လှိုင်းတွေကို စစ်ထုတ်တဲ့ နေရာ  / frequency ကို ရရှိအောင် စစ်ထုတ်တဲ့နေရာ(filter) တွေ Resistor ဆို Current limiter အတွက်သုံးတာလား AC \ DC လျပ်စီးကြောင်းများနဲ့ Signal လို့ ခေါ်တဲ့ အချက်ပြလှိုင်းများကို မူလစွမ်းအင်မှ လျော့နည်းသွားအောင် လျော့ချ တဲ့နေရာမှာသုံးတာလား)စသဖြင့်ပါ

၆။meter(Analog,Digital ) မျိုးစုံ ဖြင့်ပံ့ပိုးပစ္စည်းများကို ကောင်းမကောင်းစမ်းသပ်ခြင်း volt (AC & DC)လမ်းကြောင်း ပတ်လမ်းကြောင်:များ တိုင်းတာစစ်ဆေးခြင်း တွေကိုသိထားရမှာပါ။

၇။ခဲဆော်ပုံဆော်နည်းပစ္စည်းအမျိုးမျိုးကို ဖြုတ်ပုံဖြုတ်နည်း တပ်ပုံတပ်နည်း ကိုလည်းသိထားရမှာပါ/(Air gun & nomal gun)

၉။Hardware ပိုင်းလုပ်ရင် Software ပိုင်းလည်း သိထားရမှာပါ ထို့အတူ Software ပိုင်းလုပ်ရင်လည်း Hardware ပိုင်းလည်းသိထားရမှာပါ

၈။မိမိ ညဏ်နဲ့ ဖြတ်ထိုးညဏ်နဲ့အတွေ့အကြုံ  ဆုံးဖြတ်ချက်မှန်ဖို့ လည်းလိုတာပေါ့။

အားလုံး အဆင်ပြေကြပါစေ.......။

0 comments:

Post a Comment