Wednesday, December 30, 2015

႐ုံးအေစခံ

တစ္ခါက အလုပ္လက္မဲ့လူငယ္ေလးတစ္ေယာက္ဟာ ကုမၸဏီႀကီးတစ္ခုရဲ ႔ ရုံးအေစခံ သန္႔ရွင္းေရးေနရာအတြက္ အလုပ္ေလွ်ာက္ပါတယ္..။ ကုမၸဏီရဲ ႔ လူႀကီးတစ္ေယာက္က သူ႔ကိုအင္တာဗ်ဴးၿပီး အစမ္းသေဘာအေနနဲ႔ ၾကမ္းတိုက္ခိုင္းပါတယ္…။ ၿပီးေတာ့ ေျပာတယ္…

“ ေအး ..ေကာင္းၿပီ…မင္းကို အလုပ္ခန္႔လိုက္ၿပီ… မင္းရဲ ႔ အီးေမးလ္ လိပ္စာေလးေျပာပါ… မင္းအတြက္ ကိုယ္ေရးအခ်က္အလက္ပုံစံနဲ႔ မင္းဘယ္ေန႔အလုပ္စဆင္းရမယ္ဆိုတာ…ဆက္သြယ္လိုက္မယ္…”
လူငယ္ေလးကျပန္ေျဖပါတယ္…

“ က်ေနာ့မွာ ကြန္ျပဴတာမရွိဘူးဗ်… အီးေမးလ္လည္း မရွိဘူး”

“ ေအး…ဒါဆိုရင္ေတာ့ စိတ္မေကာင္းပါဘူးကြ…ဒီေခတ္ႀကီးထဲမွာ အီးေမးလ္မရွိတဲ့လူဆိုတာ ေလာကမွာရွိေနတယ္လို႔ ေျပာလို႔မရဘူးကြ… ငါတို႔ကမင္းကို အဆက္အသြယ္လုပ္ဖို႔ အီးေမးလ္ရွိဖို႔လိုတယ္… ဒါဆိုရင္ေတာ့ မင္းအလုပ္မရႏုိင္ဘူး…”

လူငယ္ဟာ ေမ်ွာ္လင့္ခ်က္မဲ့စြာ ျပန္ထြက္လာခဲ့ပါတယ္…။ အိတ္ကပ္ထဲကေငြေလး သုံးေထာင္ေလာက္နဲ႔ ဘာလုပ္လို႔ဘာကိုင္ရမွန္းလည္း မသိေတာ့ဘူး။

သူဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္တယ္… ရွိတဲ့ေငြေလးနဲ႔ ကုန္စိမ္းေစ်းသြား…. အသီးအႏွံေလးေတြဝယ္ၿပီး တစ္အိမ္တက္တစ္အိမ္ဆင္း လိုက္ေရာင္းပါတယ္… ႏွစ္နာရီေတာင္ျပည့္ေအာင္ မေရာင္းလိုက္ရဘူး… သူ႔အရင္းက ႏွစ္ဆပြားသြားတယ္…။ သူေတာ္ေတာ္သေဘာက်သြားတယ္… ေနာက္ထပ္ႏွစ္ေခါက္ေလာက္ ထပ္ႀကိဳးစာလိုက္တာ လက္ထဲ ေငြတစ္ေသာင္းနီး⁠နီးေရာက္လာတယ္…။ လူငယ္ေလးက သူဒီအလုပ္နဲ႔ အက်ိဳးေပးတာကို သေဘာေပါက္သြားတယ္… ။ ဒါေၾကာင့္ေနာက္ေန႔ေတြမွာလည္း ေစာေစာသြား ေနာက္က်မွျပန္လာနဲ႔ ႀကိဳးစားလိုက္တာေၾကာင့္ သူဟာေန႔စဥ္ အျမတ္ေငြေတြတိုးတိုးလာပါေတာ့တယ္…။ မ်ားမၾကာမီမွာပဲ လက္တြန္းလွည္းေလး ဝယ္လိုက္တယ္…။ ေနာက္တစ္ဆင့္ ကားေလးတစ္စီး နဲ႔ ေနာက္ေတာ့ ျဖန္႔ခ်ိေရးကားေတြ အမ်ားႀကီး ပိုင္ဆိုင္လာပါေတာ့တယ္…။

ေနာက္ငါးႏွစ္အၾကာမွာေတာ့ အေအာင္ျမင္ဆုံး စားေသာက္ကုန္ျဖန္႔ခ်ိေရးကုမၸဏီႀကီးကို ပိုင္ဆိုင္လာပါေတာ့တယ္…။

တစ္ေန႔မွာေတာ့ သူရဲ ႔ လုပ္ငန္းကို္ အာမခံထားဖို႔ အတြက္ အာမခံကိုယ္စားလွယ္တစ္ေယာက္နဲ႔ တိုင္ပင္ပါတယ္…။ အာမခံအတြက္တိုင္ပင္ၾကရင္း ကိုယ္စားလွယ္က သူ႔ရဲ ႔ အီးေမးလ္လိပ္စာကို ေမးတဲ့အခါ…

“ က်ေနာ့မွာ အီးေမးမရွိဘူးဗ် …”
လို႔ျပန္ေျဖပါတယ္…။ဒီေတာ့ ဟိုလူက အေတာ္အ့ံၾသသြားၿပီး…

“ ဟ…ခင္ဗ်ားကခုလိုအိုင္တီေခတ္ႀကီးထဲမွာ အီးေမးလိပ္စာမရွိဘဲေတာင္ ဒီလိုစီးပြားေရးလုပ္ငန္းႀကီးကို ထူေထာင္ႏိုင္ခဲ့တယ္ေနာ္… ခင္ဗ်ား အီးေမးသာရွိခဲ့ရင္ ဘယ္လိုမ်ားျဖစ္လာမလဲ စဥ္းစားသာၾကည့္စမ္းဗ်ာ…”
လို႔ တအ့ံတေၾသာေျပာတဲ့အခါ သူျပန္ေျဖလိုက္တာက…

“က်ေနာ္သာ အီးေမးလိပ္စာရွိခဲ့ရင္… ရုံးအေစခံျဖစ္ေနၿပီေပါ့ဗ်ာ…” တဲ့…။

## မင္းလိုခ်င္တဲ့ အခြင့္ေရးတစ္ခု ဆုံးရွဴံးသြားတဲ့အခါ စိတ္မပ်က္ပါနဲ႔…
သူ႔ထက္ေကာင္းတဲ့ အခြင့္အေရးတစ္ခုက ေရွ ႔မွာေစာင့္ေနပါတယ္…##

Credit :  Nyein Chan Win
တစ်ခါက အလုပ်လက်မဲ့လူငယ်လေးတစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ ့ ရုံးအစေခံ သန့်ရှင်းရေးနေရာအတွက် အလုပ်လျှောက်ပါတယ်..။ ကုမ္ပဏီရဲ ့ လူကြီးတစ်ယောက်က သူ့ကိုအင်တာဗျူးပြီး အစမ်းသဘောအနေနဲ့ ကြမ်းတိုက်ခိုင်းပါတယ်…။ ပြီးတော့ ပြောတယ်…

“ အေး ..ကောင်းပြီ…မင်းကို အလုပ်ခန့်လိုက်ပြီ… မင်းရဲ ့ အီးမေးလ် လိပ်စာလေးပြောပါ… မင်းအတွက် ကိုယ်ရေးအချက်အလက်ပုံစံနဲ့ မင်းဘယ်နေ့အလုပ်စဆင်းရမယ်ဆိုတာ…ဆက်သွယ်လိုက်မယ်…”
လူငယ်လေးကပြန်ဖြေပါတယ်…

“ ကျနော့မှာ ကွန်ပြူတာမရှိဘူးဗျ… အီးမေးလ်လည်း မရှိဘူး”

“ အေး…ဒါဆိုရင်တော့ စိတ်မကောင်းပါဘူးကွ…ဒီခေတ်ကြီးထဲမှာ အီးမေးလ်မရှိတဲ့လူဆိုတာ လောကမှာရှိနေတယ်လို့ ပြောလို့မရဘူးကွ… ငါတို့ကမင်းကို အဆက်အသွယ်လုပ်ဖို့ အီးမေးလ်ရှိဖို့လိုတယ်… ဒါဆိုရင်တော့ မင်းအလုပ်မရနိုင်ဘူး…”

လူငယ်ဟာ မျှော်လင့်ချက်မဲ့စွာ ပြန်ထွက်လာခဲ့ပါတယ်…။ အိတ်ကပ်ထဲကငွေလေး သုံးထောင်လောက်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း မသိတော့ဘူး။

သူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်… ရှိတဲ့ငွေလေးနဲ့ ကုန်စိမ်းစျေးသွား…. အသီးအနှံလေးတွေဝယ်ပြီး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ရောင်းပါတယ်… နှစ်နာရီတောင်ပြည့်အောင် မရောင်းလိုက်ရဘူး… သူ့အရင်းက နှစ်ဆပွားသွားတယ်…။ သူတော်တော်သဘောကျသွားတယ်… နောက်ထပ်နှစ်ခေါက်လောက် ထပ်ကြိုးစာလိုက်တာ လက်ထဲ ငွေတစ်သောင်းနီး⁠နီးရောက်လာတယ်…။ လူငယ်လေးက သူဒီအလုပ်နဲ့ အကျိုးပေးတာကို သဘောပေါက်သွားတယ်… ။ ဒါကြောင့်နောက်နေ့တွေမှာလည်း စောစောသွား နောက်ကျမှပြန်လာနဲ့ ကြိုးစားလိုက်တာကြောင့် သူဟာနေ့စဉ် အမြတ်ငွေတွေတိုးတိုးလာပါတော့တယ်…။ များမကြာမီမှာပဲ လက်တွန်းလှည်းလေး ဝယ်လိုက်တယ်…။ နောက်တစ်ဆင့် ကားလေးတစ်စီး နဲ့ နောက်တော့ ဖြန့်ချိရေးကားတွေ အများကြီး ပိုင်ဆိုင်လာပါတော့တယ်…။

နောက်ငါးနှစ်အကြာမှာတော့ အအောင်မြင်ဆုံး စားသောက်ကုန်ဖြန့်ချိရေးကုမ္ပဏီကြီးကို ပိုင်ဆိုင်လာပါတော့တယ်…။

တစ်နေ့မှာတော့ သူရဲ ့ လုပ်ငန်းကို် အာမခံထားဖို့ အတွက် အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ တိုင်ပင်ပါတယ်…။ အာမခံအတွက်တိုင်ပင်ကြရင်း ကိုယ်စားလှယ်က သူ့ရဲ ့ အီးမေးလ်လိပ်စာကို မေးတဲ့အခါ…

“ ကျနော့မှာ အီးမေးမရှိဘူးဗျ …”
လို့ပြန်ဖြေပါတယ်…။ဒီတော့ ဟိုလူက အတော်အ့ံသြသွားပြီး…

“ ဟ…ခင်ဗျားကခုလိုအိုင်တီခေတ်ကြီးထဲမှာ အီးမေးလိပ်စာမရှိဘဲတောင် ဒီလိုစီးပွားရေးလုပ်ငန်းကြီးကို ထူထောင်နိုင်ခဲ့တယ်နော်… ခင်ဗျား အီးမေးသာရှိခဲ့ရင် ဘယ်လိုများဖြစ်လာမလဲ စဉ်းစားသာကြည့်စမ်းဗျာ…”
လို့ တအ့ံတသြောပြောတဲ့အခါ သူပြန်ဖြေလိုက်တာက…

“ကျနော်သာ အီးမေးလိပ်စာရှိခဲ့ရင်… ရုံးအစေခံဖြစ်နေပြီပေါ့ဗျာ…” တဲ့…။

## မင်းလိုချင်တဲ့ အခွင့်ရေးတစ်ခု ဆုံးရှူံးသွားတဲ့အခါ စိတ်မပျက်ပါနဲ့…
သူ့ထက်ကောင်းတဲ့ အခွင့်အရေးတစ်ခုက ရှေ ့မှာစောင့်နေပါတယ်…##

Credit :  Nyein Chan Win

0 comments:

Post a Comment