Tuesday, December 22, 2015

သူနဲ႕ေရွ႕ဆက္ဖုိ႕ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ဆိုတာ

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြမုိ႔ ကိုယ္ခ်စ္ရသူ၊ ကုိယ္န႔ဲတြဲေနတဲ့ ကိုယ့္ရည္းစားမွာလည္း ကိုယ္မႀကိဳက္တဲ့ အမူအက်င့္၊ စိတ္ေနစိတ္ထားေတြ ရွိႏိုင္ပါတယ္။ ႏွစ္ဦးသား တစ္ဦးနဲ႔တစ္ဦး ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ဘူးလို႔ ေတြးမိတဲ့အခါ သံုးသပ္မိေလ့ရွိတဲ့ အခ်က္ေလးေတြ ရွိပါတယ္။ ဒီေတာ့ အဲ့ဒီအခ်က္ေလးေတြကို ကိုယ့္ကိုကိုယ္ ျပန္ေမးၾကည့္ရင္ ေရွ႕ဆက္သြားသင့္သလဲ၊ လမ္းခြဲသင့္သလားဆုိတာ စဥ္းစားၾကည့္လိုက္ပါ။

၁။သူနဲ႔ဆို ဘာလုပ္လုပ္ ေျပာဆိုခံေနရတာပဲ။

သူနဲ႔ဆို ကိုယ္လုပ္ႏိုင္တယ္လို႔ ထင္တဲ့အရာေတြေတာင္ မလုပ္ႏိုင္ေတာ့ေလာက္ေအာင္ ျဖစ္လာတယ္။ ယံုၾကည္ခ်က္မရွိေတာ့ဘူး။ တစ္ခုခုုလုပ္လုိက္တုိင္းလည္း ကိုယ့္ကို စသလုိလို၊ ေနာက္သလိုလိုနဲ႔ ေလွာင္ေျပာင္ေနေတာ့တာပဲ။ အဆိုးဆံုးကေတာ့ ကိုယ့္ခ်စ္သူျဖစ္ၿပီး ကိုယ့္ကိုအသားကုန္ ေ၀ဖန္တာမ်ိဳးကိုပဲ။

၂။သူကပဲအမွန္၊ သူကပဲအေကာင္း။

ႏွစ္ေယာက္ျပႆနာျဖစ္ၿပီဆုိ ကိုယ့္ဘက္က ဘယ္ေတာ့မွ ေျဖရွင္းခြင့္မရဘူး။ သူအမွန္ဆုိတာခ်ည္းပဲ။ ရန္မျဖစ္တဲ့အခ်ိန္ ကိုယ္တစ္ခုခုခံစားေနရၿပီဆိုရင္လည္း သူဘယ္ေတာ့မွ နားေထာင္ေပးေလ့ မရွိဘူး။ ႏွစ္သိမ့္ေပးဖုိ႔ဆိုတာကလည္း ေ၀းလာေ၀းပဲ။ တစ္ဖက္သတ္ ဆန္လြန္းတယ္။

၃။သူနဲ႔ေနရတာ မေပ်ာ္ေတာ့ပါဘူး။

တစ္ရက္၊ တစ္ရက္ သူနဲ႔အတူတူရွိေနရျခင္းကို စိတ္ပ်က္လာတယ္။ ၿငီးေငြ႕တယ္ဆိုတာထက္ သည္းမခံႏို္င္ေတာ့သလို ခံစားခ်က္မ်ိဳးႀကီး ျဖစ္လာတာ။ ေပ်ာ္လည္း မေပ်ာ္ေတာ့ပါဘူး။ ဒီလိုမ်ိဳးေရွ႕ဆက္ရင္ ႏွစ္ဦးစလံုးအတြက္ ပိုဆိုးကုန္ေတာ့မယ္။

၄။သူနဲ႔အတူ ရွိေနခ်ိန္ေတြ ကိုယ့္အတြက္ ဘယ္ေတာ့မွ စိတ္သက္သက္သာသာ မျဖစ္ဘူး။

စကားေျပာရင္လည္း ထိန္းထိန္းသိမ္းသိမ္း ေျပာေနရတယ္။ မ်က္ႏွာထားကိုလည္း အၿမဲျပင္ထားရတယ္။ ကိုယ့္ကိုကိုယ္ေတာ့ ငါခ်စ္လုိ႔ သူစိတ္ခ်မ္းသာေအာင္ ေနေပးေနတယ္ေပါ့။ ေဘးက သူငယ္ခ်င္းေတြ၊ မိသားစုေတြကေတာင္ မင္းတုိ႔ႏွစ္ေယာက္ၾကည့္ရတာ တစ္မ်ိဳးပဲလို႔ ေမးလာၾကၿပီ။ သူငယ္ခ်င္းေတြ၊ မိသားစု၀င္ေတြနဲ႔ ရွိခ်ိန္ဆို ကိုယ့္ပံုက တစ္မ်ိဳး၊ သူနဲ႔ဆို တစ္မ်ိဳး၊ သူနဲ႔ရွိေနခ်ိန္ဆို စိတ္သက္သက္သာသာကို မရွိခဲ့တာပါ။

၅။ကိုယ့္ရဲ႕အနာဂတ္ကို ကိုယ္တိုင္ဖန္တီးဖုိ႔၊ ေျပာင္းလဲမႈေတြအတြက္လည္း ထိန္းခ်ဳပ္ခံထားရသလိုပဲ။

ကိုယ့္ဘာသာကိုယ္ တုိးတက္ရာ၊ တိုးတက္ေၾကာင္းေလး လုပ္ခ်င္ရင္ေတာင္ သူက မလုပ္ေစခ်င္သလိုလို အၿမဲေျပာတယ္။ အိပ္မက္ေတြ အေကာင္အထည္ေဖာ္မယ္ဆုိရင္ ေလွာင္ေျပာင္ေတာ့တာပဲ။ သူ႔ဆီက ဘာခြန္အားမွ မရတဲ့အျပင္ နင္ေျပာင္းလဲလုိ႔ မရပါဘူးဟာ ဆုိတဲ့ အထင္ေသးတဲ့ စကားေတြပဲ ရေနခဲ့တာ။

credit-trend myanmar

ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။

--------------------------------------------------------------------------------
လူအမျိုးမျိုး  စိတ်အထွေထွေမို့ ကိုယ်ချစ်ရသူ၊ ကိုယ်နဲ့တွဲနေတဲ့ ကိုယ့်ရည်းစားမှာလည်း ကိုယ်မကြိုက်တဲ့ အမူအကျင့်၊ စိတ်နေစိတ်ထားတွေ ရှိနိုင်ပါတယ်။ နှစ်ဦးသား တစ်ဦးနဲ့တစ်ဦး ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ တွေးမိတဲ့အခါ သုံးသပ်မိလေ့ရှိတဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီတော့ အဲ့ဒီအချက်လေးတွေကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရင် ရှေ့ဆက်သွားသင့်သလဲ၊ လမ်းခွဲသင့်သလားဆိုတာ စဉ်းစားကြည့်လိုက်ပါ။

၁။သူနဲ့ဆို ဘာလုပ်လုပ် ပြောဆိုခံနေရတာပဲ။

သူနဲ့ဆို ကိုယ်လုပ်နိုင်တယ်လို့ ထင်တဲ့အရာတွေတောင် မလုပ်နိုင်တော့လောက်အောင် ဖြစ်လာတယ်။ ယုံကြည်ချက်မရှိတော့ဘူး။ တစ်ခုခုုလုပ်လိုက်တိုင်းလည်း ကိုယ့်ကို စသလိုလို၊ နောက်သလိုလိုနဲ့ လှောင်ပြောင်နေတော့တာပဲ။ အဆိုးဆုံးကတော့ ကိုယ့်ချစ်သူဖြစ်ပြီး ကိုယ့်ကိုအသားကုန် ဝေဖန်တာမျိုးကိုပဲ။

၂။သူကပဲအမှန်၊ သူကပဲအကောင်း။

နှစ်ယောက်ပြဿနာဖြစ်ပြီဆို ကိုယ့်ဘက်က ဘယ်တော့မှ ဖြေရှင်းခွင့်မရဘူး။ သူအမှန်ဆိုတာချည်းပဲ။ ရန်မဖြစ်တဲ့အချိန် ကိုယ်တစ်ခုခုခံစားနေရပြီဆိုရင်လည်း သူဘယ်တော့မှ နားထောင်ပေးလေ့ မရှိဘူး။ နှစ်သိမ့်ပေးဖို့ဆိုတာကလည်း ဝေးလာဝေးပဲ။ တစ်ဖက်သတ် ဆန်လွန်းတယ်။

၃။သူနဲ့နေရတာ မပျော်တော့ပါဘူး။

တစ်ရက်၊ တစ်ရက် သူနဲ့အတူတူရှိနေရခြင်းကို စိတ်ပျက်လာတယ်။ ငြီးငွေ့တယ်ဆိုတာထက် သည်းမခံနို်င်တော့သလို ခံစားချက်မျိုးကြီး ဖြစ်လာတာ။ ပျော်လည်း မပျော်တော့ပါဘူး။ ဒီလိုမျိုးရှေ့ဆက်ရင် နှစ်ဦးစလုံးအတွက် ပိုဆိုးကုန်တော့မယ်။

၄။သူနဲ့အတူ ရှိနေချိန်တွေ ကိုယ့်အတွက် ဘယ်တော့မှ စိတ်သက်သက်သာသာ မဖြစ်ဘူး။

စကားပြောရင်လည်း ထိန်းထိန်းသိမ်းသိမ်း ပြောနေရတယ်။ မျက်နှာထားကိုလည်း အမြဲပြင်ထားရတယ်။ ကိုယ့်ကိုကိုယ်တော့ ငါချစ်လို့ သူစိတ်ချမ်းသာအောင် နေပေးနေတယ်ပေါ့။ ဘေးက သူငယ်ချင်းတွေ၊ မိသားစုတွေကတောင် မင်းတို့နှစ်ယောက်ကြည့်ရတာ တစ်မျိုးပဲလို့ မေးလာကြပြီ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရှိချိန်ဆို ကိုယ့်ပုံက တစ်မျိုး၊ သူနဲ့ဆို တစ်မျိုး၊ သူနဲ့ရှိနေချိန်ဆို စိတ်သက်သက်သာသာကို မရှိခဲ့တာပါ။

၅။ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးဖို့၊ ပြောင်းလဲမှုတွေအတွက်လည်း ထိန်းချုပ်ခံထားရသလိုပဲ။

ကိုယ့်ဘာသာကိုယ် တိုးတက်ရာ၊ တိုးတက်ကြောင်းလေး လုပ်ချင်ရင်တောင် သူက မလုပ်စေချင်သလိုလို အမြဲပြောတယ်။ အိပ်မက်တွေ အကောင်အထည်ဖော်မယ်ဆိုရင် လှောင်ပြောင်တော့တာပဲ။ သူ့ဆီက ဘာခွန်အားမှ မရတဲ့အပြင် နင်ပြောင်းလဲလို့ မရပါဘူးဟာ ဆိုတဲ့ အထင်သေးတဲ့ စကားတွေပဲ ရနေခဲ့တာ။

credit-trend myanmar

0 comments:

Post a Comment