Tuesday, June 16, 2015

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်

လူရာဝင်ချင်ရင် အသုံးကျအောင်လုပ်
***********************************
ပညာတတ်ချင်တတ်မယ်၊ ဘွဲ့ရချင်ရမယ်၊ အသုံးမကျရင် လူရာမဝင်ဘူး။
ပတ်ဝန်းကျင်အတွက် မင်းဟာအမြဲတမ်း အသုံးဝင်နေအောင် လုပ်ပါ။
တချို့ ဆိုရင် ပညာမတတ်ဘူး၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ သူ့နည်းနဲ့သူ
အသုံးဝင်အောင် လုပ်တယ်။
အဲဒါကြောင့် လူရာဝင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အသုံးဝင်အောင်လုပ်တာ။
ဘာမှ အသုံးမဝင်ရင် အသုံးမကျတဲ့ကောင် ဖြစ်သွားမှာပေါ့။

(အောင်သင်း) _ စာပေထဲက လူငယ့်သမိုင်း
မန်း-ဓမ္မသာလာဟောပြောပွဲ

ကြောက်တတ်တဲ့ ဦးနှောက်
***************************
ဘဝကို အမှတ်မဲ့ ကုန်ဆုံးသွားစေတဲ့ လူငယ်တွေဟာ များသောအားဖြင့် ပျော်စရာကောင်းတဲ့ စာမျိုးတွေကိုသာ ဖတ်ချင်ကြတယ်။ စဉ်းစားစရာကောင်းတဲ့ စာမျိုးတွေကို သိပ်မဖတ်ချင်ကြ
ဘူး။ သူတို့ရဲ့ ဦးနှောက်က “စိန်ခေါ်ခြင်း”ကို လက်မခံနိုင်ကြဘူး။ သူတို့ဟာ ဖျော်ဖြေမှုကိုသာ
အစဉ် မွတ်သိပ်တောင့်တ နေတတ်ကြတယ်။

(အောင်သင်း) အတွေးစကား- မျိုးဆက်သစ်တိုးတက်ရစ်ဖို့

0 comments:

Post a Comment