Saturday, June 20, 2015

ရင့်ကျက်ပြီး သင်ခန်းစာတွေ ရရှိလာကြတဲ့အခါ မှာ....


.
✿ မိသားစု သံယောဇဉ်က နံပါတ်(၁) နေရာကို
ပြန်လည်ရောက်ရှိလာတတ်ပါတယ်။
.
✿ သူငယ်ချင်းတွေကိုတော့ နံပါတ်(၂) နေရာမှာ
ပြန်ထားပေးနိုင်ပါတယ်။
.
✿ အချစ်ရေးကတော့ နံပါတ် (၃) သို့မဟုတ် (၄) နေရာမှာ
သူ့အတွက်နေရာသေးသေး ထားပေးလိုက်နိုင်ပါတယ်။
.
သည်းခံရမဲ့သူတွေအပေါ် သည်းခံရမယ်ဆိုတာ သိလာကြတယ်။
.
လျှော့ပေးသင့်တဲ့သူတွေကို လျှော့ပေးရမယ်ဆိုတာကိုလည်း သိလာကြတယ်။
.
သူများကိုအားကိုးနေလို့ချည်းပဲ မပြည့်စုံဘူးဆိုတာ သိလာကြတယ်။
.
ကိုယ်ကောင်းမှ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာ သိလာကြတယ်။
.
အမှားတွေလည်း တဖြည်းဖြည်း နည်းလာကြတယ်။

0 comments:

Post a Comment