Thursday, June 18, 2015

ကိုယ့္အေပၚမွာပဲ မူတည္တယ္

အိႏိၵယအဘိုးအိုတစ္ဦးက သူ႔ေျမးကို ဒီလိုေျပာျပသတဲ့။

လူတိုင္းရဲ႕ခႏၶာကိုယ္ထဲမွာ ဝံပုေလြႏွစ္ေကာင္႐ွိတယ္။ အဲဒီဝံပုေလြႏွစ္ေကာင္ဟာ အခ်င္းခ်င္း ရက္ရက္စက္စက္သတ္ျဖတ္ၾကတယ္။

ဝံပုေလြတစ္ေကာင္က "ေဒါသ၊ မနာလိုျခင္း၊ ဝင့္ၾကြားေမာက္မာျခင္း၊ ေၾကာက္႐ြံ႕ျခင္းနဲ႔ မႏွစ္ၿမိဳ႕ျခင္း"ကို ကိုယ္စားျပဳတယ္။

ေနာက္တစ္ေကာင္က "ႏူးညံ့သိမ္ေမြ႔ျခင္း၊ ႐ိုးသားျခင္း၊ ေက်းဇူးတရားသိတတ္ျခင္း၊ ေမွ်ာ္လင့္ခ်က္၊ အၿပံဳးနဲ႔
ခ်စ္ျခင္းေမတၱာ"ကို ကိုယ္စားျပဳတယ္။

ေျမးက အဘိုးအိုေျပာေနတာကို ၾကားျဖတ္ၿပီး အလ်င္စလိုေမးတယ္
"ဘိုးဘိုး.. ဘယ္ဝံပုေလြက အင္အားအ႐ွိဆံုးလဲ"

"ေျမးေလး အစာေကၽြးတဲ့တစ္ေကာင္ေပါ့"လို႔ အဘိုးအိုက ေျဖတယ္။

ဘယ္တစ္ေကာင္ကို အစာေကၽြးခ်င္သလဲ.. ကိုယ့္ေပၚမွာပဲ မူတည္ပါတယ္။
Unicode
အိနိ္ဒယအဘိုးအိုတစ်ဦးက သူ့မြေးကို ဒီလိုပြောပြသတဲ့။

လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဝံပုလွေနှစ်ကောင်ရှိတယ်။ အဲဒီဝံပုလွေနှစ်ကောင်ဟာ အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်ကြတယ်။

ဝံပုလွေတစ်ကောင်က "ဒေါသ၊ မနာလိုခြင်း၊ ဝင့်ကြွားမောက်မာခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ မနှစ်မြို့ခြင်း"ကို ကိုယ်စားပြုတယ်။

နောက်တစ်ကောင်က "နူးညံ့သိမ်မွေ့ခြင်း၊ ရိုးသားခြင်း၊ ကျေးဇူးတရားသိတတ်ခြင်း၊ မျှော်လင့်ချက်၊ အပြုံးနဲ့
ချစ်ခြင်းမေတ္တာ"ကို ကိုယ်စားပြုတယ်။

မြေးက အဘိုးအိုပြောနေတာကို ကြားဖြတ်ပြီး အလျင်စလိုမေးတယ်
"ဘိုးဘိုး.. ဘယ်ဝံပုလွေက အင်အားအရှိဆုံးလဲ"

"မြေးလေး အစာကျေွးတဲ့တစ်ကောင်ပေါ့"လို့ အဘိုးအိုက ဖြေတယ်။

ဘယ်တစ်ကောင်ကို အစာကျေွးချင်သလဲ.. ကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်။

0 comments:

Post a Comment