Monday, June 22, 2015

ရင့်ကျက်တဲ့လူ '' တစ်ယောက်ဖြစ်ဖို့

.
မင်းအပေါ် မကောင်းတဲ့လူတစ်ယောက်ကို
ပြတ်ပြတ်သားသားစွန့်ပစ်နိုင်ရမယ် !~
.
ကိုယ့်ဘက်က ဘယ်လောက်ပဲ သည်းခံနေပါစေ ..
မင်းအတွက်မကြည့်တဲ့လူကတော့ မင်းကိုထပ်အနိုင်ယူနေဦးမှာပဲ !
.
ကိုယ့်ဘက်က ဘယ်လောက်ပဲ နားလည်ပေးနေပါစေ .. မင်းဘက်ကိုထည့်မစဉ်းစားပေးတဲ့သူက မင်းကိုထပ်နာကျင်စေဦးမှာပဲ !
.
မင်းဘက်က ချစ်တဲ့စိတ်ကြောင့် သူ့အတွက်နဲ့ ဘယ်လောက်ပဲ
မင်းမာနတွေ မင်းသိက္ခာတွေကို မင်းကိုယ်တိုင်ရိုက်ချိုးနေပါစေ ..
မင်းကို စာနာမပေးနိုင်တဲ့သူက မင်းကို ကွယ်ရာမှာ ဟားတိုက်ရယ်နေဦးမှာပဲ !
.
အကြောင်းပြချက်မရှိပဲ မင်းကိုစွန့်ပစ်သွားတဲ့သူအတွက်
အချိန်ကုန်ခံပြီး သူ့ဆီက ဖြေရှင်းချက် အကြောင်းပြချက်တွေကိုစောင့်မနေပါနဲ့ ..
တစ်ခါတစ်လေမှာ ကိစ္စတချို့က တစ်ဖက်သတ်ဆန်နေတတ်တယ် ..
အကြောင်းပြချက်မဲ့နေတတ်တယ် ..
.
အဲ့ဒီအတွက်လည်း အတတ်နိုင်ဆုံး လွမ်းစရာကို နာစရာနဲ့
အစားထိုးဖြေတတ်ရတယ်
.
မင်းကိုယ်မင်း ပေါ့ !~

0 comments:

Post a Comment