Friday, June 26, 2015

အပြောအဆို ဂရုစိုက်စေလို

(၁) ဆင်းရဲနွမ်းပါးတဲ့ သူတစ်ယောက်ရဲ့ရှေ့မှာ သင်၏ ချမ်းသာကြွယ်ဝမူကို မပြောပါနဲ့။

(၂) ဖျားနာပြီး အိပ်ယာထဲသို့ လဲနေတဲ့ လူနာတစ်ယောက်ရဲ့ ရှေ့မှာ သင်၏ ကျန်းမာရေး ကောင်းမွန်မူကို မပြောပါနဲ့။

(၃) အားနည်းနေတဲ့ သူတစ်ယောက်ရှေ့မှာ သင်၏ သန်းစွမ်းမူတွေကို မပြောပါနဲ့။

(၄) ဝမ်းနည်းနေတဲ့ သူတစ်ယောက်ရှေ့မှာ သင်၏ ပျော်ရွှင်မူအကြောင်းတွေကို မပြောပါနဲ့။

(၅) ထောင်အကျဉ်းကျခံနေရတဲ့ လူတစ်ယောက်ရှေ့မှ သင်၏ လွတ်လပ်မူ အကြောင်းကို မပြောပါနဲ့။

တစ်ပါးသူ နာကျင်စွာ ခံစားရနေချိန်မှာ သူ့နဲ့ထပ်တူ မခံစားပေးနိုင်ဘူး ဆိုရင်တောင် သူ့ကိုနာကျင်စေမယ့် စကားလုံးများ ပြောဆိုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ 

0 comments:

Post a Comment