Sunday, June 14, 2015

ပြန်ဖတ်ချင်သောစာစုများ

၁။ ထိုင်မနေပါနဲ့

 လူအများစုဟာ သူတို့လုပ်သင့်တာတွေကို မလုပ်ဖြစ်ကြတဲ့ အကြောင်းတစ်ခုကတော့ ထိုင်တွေးနေတဲ့ နေရာမှာတင် လမ်းဆုံးသွားကြလို့ပါပဲ။

တစ်ခုခုကို လုပ်ဖို့အတွက်ဆိုရင် ” ဘာ့ကြောင့် ” ဆိုတာက အပေါ်ယံနဲ့ မလုံလောက်ပါဘူး။

တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။” ငါ ဒါကို ဘာလို့လုပ်နေတာလဲ၊ ဘာအတွက်လဲ ”

ဒီမေးခွန်းက အလွန် အရေးကြီးပါတယ်။ ဒီမေးခွန်းက သင်လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။သင်လုပ်နေတဲ့အရာတစ်ခုဟာ သင့်ကို သင့်ရည်မှန်းချက်နဲ့လည်း ပိုမနီးစေဘူး။ ပြီးတော့ သင့်ရဲ့စိတ်ကိုလည်း တက်ကြွအောင် မလုပ်နိုင်ဘူးဆိုရင် ဒီမေးခွန်းကို ပိုပြီး လေးလေးနက်နက် မေးဖို့ လိုနေပါပြီ။

” ငါ ဒါကို ဘာကြောင့် လုပ်နေတာလဲ။ ဘာအတွက်လဲ””

ငါ အဲဒါကို ဘာကြောင့် လုပ်သင့်သလဲ ”

သင့်မှာ တစ်ခုခုကို ဘာ့ကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက် လုံလုံလောက်လောက်ရှိပြီဆိုရင် အဲဒီအရာကို လုပ်ဖြစ်မှာပါပဲ။ဒါကြောင့်၊ ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို လုံလုံလောက်လောက် မေးပါ။အဲဒါက သင့်ကို ပိုပြီး ခရီးရောက်စေပါလိမ့်မယ်။

၂။ ဆင်ခြေများ

 ကျနော်တို့ လုပ်သင့်တဲ့အရာတစ်ခုခုကို မလုပ်ဖြစ်တာဟာ ဆင်ခြေတွေကြောင့်လည်း ပါပါတယ်။

ကျနော်တို့ဟာ ဆင်ခြေတွေ အများကြီး ပေးကြတယ်။” တခြားဟာတွေ လုပ်စရာရှိနေတယ်”” ငါ မအားဘူး”” အချိန် မရှိဘူး ”ကျနော်တို့ဟာ အဲဒီဆင်ခြေတွေကို သတိထား စောင့်ကြည့်နေဖို့လိုပါတယ်။

ပြီးတော့ ကျနော်တို့ ဘ၀မှာ နေထိုင်တဲ့အခါ ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို မေးဖို့နဲ့ ဆင်ခြေတွေထဲကို

ပြုတ်ကျမသွားဖို့လည်း သတိထားရပါမယ်။ကျနော်တို့ တစ်ယောက်ချင်းစီ အားလုံးဟာ ဆင်ခြေတွေကို ပြုလုပ်တတ်ကြပါတယ်။ ကျနော်တို့အားလုံးပါပဲ။ကျနော့်မှာလည်း ကျနော့်ရဲ့ ဆင်ခြေတွေရှိတယ်။

သင့်မှာလည်း သင့်ရဲ့ဆင်ခြေတွေ ရှိတာပါပဲ။ယုံပါ။

အဲဒီလို နေတဲ့အခါ ဆင်ခြေတစ်ခုပေးတော့မယ်ဆိုရင် ချက်ချင်းသိပြီး ရပ်ပစ်နိုင်ပါတယ်။

ဒါကြောင့် အမြဲတမ်း သတိရှိနေပါ။ကျနော်တို့ ပြုလုပ်သမျှအရာတိုင်းကို အမြဲတမ်း သတိထားပြီး ကြည့်နေရပါမယ်။

၃။ အာရုံစူးစိုက်မှု မရှိခြင်း

ကျနော်တို့ လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အာရုံစူးစိုက်မှု မရှိခြင်း ပါပဲ။ဘာကြောင့်လဲဆိုတော့ တစ်ချိန်ထဲမှာ အရာများစွာဟာ ဖြစ်ပျက်နေပါတယ်။

အဲဒီအထဲမှာ ကျနော်တို့ တကယ်လုပ်သင့်တဲ့အရာတွေဟာ ပျောက်သွားတတ်ပါတယ်။

ဒါကြောင့် ” အလေးထားရမယ့် အရာ(၆)ခု ” ဆိုတဲ့ နည်းလမ်းကို အသုံးပြုစေချင်ပါတယ်။

အဲဒီအရာတွေက ဘာလဲဆိုတော့ သင် မလုပ်မဖြစ် ပြီးအောင်လုပ်ရမယ့် အရေးအကြီးဆုံးအရာ (၆) ခုကို စာရင်းပြုထားဖို့ပါပဲ။

နေ့တစ်နေ့ကို စလိုက်ပြီဆိုတာနဲ့ အဲဒီစာရင်းထဲက ပထမဆုံးအရာကို စလုပ်ပါ။

အဲဒီအရာမပြီးမချင်း နောက်တစ်ခုကို မလုပ်ပါနဲ့။ဒီလိုနည်းနဲ့ ကျနော်တို့ဟာ အာရုံစူးစိုက်နိုင်လာပါလိမ့်မယ်။ လုပ်သင့်တယ်လို့သိနေတဲ့အရာတွေကိုလည်း လုပ်ဖြစ်ပါလိမ့်မယ်။

အာရုံစူးစိုက်တဲ့နေရာမှာလည်း မှန်ကန်တဲ့အရာတွေအပေါ်မှာသာ အာရုံထားပါ။

ဆင်ခြေတွေကို အလေးမထားပါနဲ့။ လူအတော်များများကတော့ ဆင်ခြေတွေကိုသာ အလေးထားနေတတ်ကြတယ်။

ဒါကြောင့် နေ့စဉ်နေ့တိုင်းအတွက် အရေးအကြီးဆုံး အရာ (၆)ခုကို စာရင်းပြုပါ။

ကွန်ပျူတာထဲက Notepad မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စာရွက်တစ်ရွက်ပေါ်မှာပဲဖြစ်ဖြစ် ချရေးပါ။အဲဒီအရာတွေကို တစ်ခုပြီးတစ်ခု လုပ်သွားပါ။

၎။ ကြောက်ရွံ့ခြင်း နှင့် မသေချာမရေရာမှုများ

ဒီနှစ်ခုဟာ လူတွေကို သူတို့လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်စေတဲ့ အကြောင်းရင်းကြီး နှစ်ခုပါပဲ။

လူတွေဟာ ကြောက်ကြတယ်။

ဥပမာ- ပရိသတ်ရှေ့မှာ စကားပြောဖို့ဆိုပါစို့။

သင်ဟာ ကြောက်နေတယ်။ အဲဒါဆိုရင် ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို အများကြီးမေးဖို့ လိုပါပြီ။ သင့်ရဲ့ ကြောက်စိတ်တွေကို ကျော်လွှားနိုင်ဖို့လိုပါတယ်။ ကျနော်တို့ဟာ လုပ်သင့်တဲ့အရာကို လုပ်ရမှာပါပဲ။

ဘ၀မှာ ကြောက်စိတ်တွေနဲ့ မသေချာမရေရာမှုတွေဟာ အများကြီးရှိမှာပါပဲ။ဘယ်သူမှ အမှားမလုပ်ချင်ကြပါဘူး။

ကျနော်တို့ဟာ ငြင်းပယ်ခံရမှာတွေကိုလည်း ကြောက်ကြပါတယ်။ဒါပေမဲ့ သင်ဟာ ယုံကြည်မှုရှိဖို့လိုပါတယ်။

သင့်ရဲ့ ဘ၀ကို အပြည့်အ၀နေထိုင်ဖို့လိုပါတယ်။ တခြားလူတွေကို သင့်ရဲ့ လမ်းကြောင်းမှာ အနှောင့်ယှက်မခံပါနဲ့။

ရည်မှန်းချက်ဟာ ကြီးမားတယ်ဆိုရင် တခြားအချက်တွေဟာ အရေးမကြီးတော့ပါဘူး။

တစ်ခုခုကို ဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းအချက် ရှိပါ။ ရည်မှန်းချက်ကို ကြီးကြီးမားမားထားပါ။သင့်ရဲ့ရည်မှန်းချက်အတိုင်းနေထိုင်ပါ။ သင် လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်ပါလိမ့်မယ်။

၅။ ခြောက်ပြစ်ကင်း၊ သဲလဲစင် (Perfection)

အောင်မြင်မှုဆိုတာ အစဉ်အဆက် တိုးတက်မှုဖြစ်စဉ်ပါ။

ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။လူတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ ပြင်ဆင်နေတာနဲ့ပဲ သူတို့လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်လိုက်ကြဘူး။ဒါကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ဆိုရင် အစဉ်အဆက်တိုးတက်မှုဖြစ်စဉ်ကိုပဲ အာရုံစိုက်ရပါလိမ့်မယ်။ ချက်ချင်းကြီးတော့ Perfect မဖြစ်နိုင်ပါဘူး။

တစ်ရက်ကို ၁% တိုးတက်ဖို့ကို အာရုံစိုက်ပါ။ ဒါဟာ သေးငယ်တယ်လို့ထင်ရပါတယ်။

ဒါပေမဲ့ ပုံမှန် ဆက်လုပ်သွားမယ်ဆိုရင် ကြီးမားတဲ့ ရလာဒ်တွေကို ရရှိနိုင်ပါတယ်။

တစ်နေ့မှာ ၁% ဆိုရင် တစ်နှစ်မှာ ၃၆၅% တိုးတက်မှုကို ရရှိနိုင်ပါတယ်။

ဒါကြောင့် အခြေခံတွေအပေါ်မှာ အာရုံစိုက်ပါ။Your Life Success Blog ကို ပုံမှန် ဖတ်ပါ။ ဒီ Blog ဟာ အစဉ်အဆက်တိုးတက်မှုဖြစ်စဉ်အတိုင်းပါပဲ။ သင့်ရဲ့ ရည်မှန်းချက်အတိုင်း ရှေ့ဆက်သွားနိုင်ဖို့ လိုအပ်တာတွေကို ပေးပါတယ်။

ဒီကနေ့ဟာ ပိုကောင်းတယ်။ နောက်တစ်နေ့မှာ ပိုပြီးတော့ ကောင်းလာပါတယ်။အစဉ်အဆက်တိုးတက်မှုကို အာရုံစိုက်ပါ။

ဒါဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။

မှတ်မိစေချင်တဲ့အရာတွေကတော့-ဒီအတိုင်း ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို များများမေးပါ။”ငါ ဒါကို ဘာကြောင့်လုပ်နေတာလဲ။ ”တစ်ခါတစ်ရံမှာ ဆင်ခြေတွေ ၀င်လာနိုင်ပါတယ်။

အဲဒီဆင်ခြေတွေကို မောင်းထုတ်ပစ်ပါ။စိတ်ထဲမှာ မသေချာမရောမရာဖြစ်မှုနဲ့ ကြောက်စိတ်တွေကို အနိုင်ယူပါ။ပြီးတော့ အောင်မြင်မှုနဲ့ ရည်မှန်းချက်တွေဟာ အစဉ်အဆက် တိုးတက်မှုဖြစ်စဉ်သာ ဖြစ်ပါတယ်။

ခြောက်ပစ်ကင်း သဲလဲစင် (Perfection) မဟုတ်ဘူးပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်မိနစ်ပြီးတစ်နစ် လုပ်သွားရတဲ့အရာတစ်ခုပါ။ဒီအခြေခံတွေကို အာရုံစိုက်ပါ။ ရှေ့ကိုဆက်ပြီး သွားနေ ပါ။ လုပ်သင့်တယ်လို့ သိနေတဲ့အရာတွေကို လုပ်ဖြစ်လာပါလိမ့်မယ်။ပြီးတော့ ရလာဒ်တွေဟာလည်း သိသာလာပါလိမ့်မယ်။

 Internet  မှကူးယူပါသည်။

0 comments:

Post a Comment