Saturday, June 20, 2015

ဖတ္သင္႔ေသာစာစုေလးမ်ား


(၁) တကယ္လို႔ ကိုယ့္ကို အေဖာ္ျပဳေပးသူမရွိတဲ့အခါ တစ္ေယာက္တည္း သီခ်င္းနားေထာင္ပါ။ 
စာဖတ္ပါ၊ စာေရးပါ။ ဒါဟာ ေကာင္းတဲ့အက်င့္ျဖစ္တယ္။

(၂) တကယ္လို႔ တစ္ေယာက္တည္း အထီးက်န္ဝမ္းနည္းတဲ့အခါ ေထာင့္တစ္ေနရာမွာ
ဒါမွမဟုတ္ ေစာင္ေခါင္းၿမီးျခဳံၿပီး ငိုလိုက္ပါ။ တျခားလူရဲ့ႏွစ္သိမ့္မွုေတြ မလိုပါဘူး။ 
ငိုၿပီးတာနဲ႔ စိတ္ေတြလန္းဆန္းလာလိမ့္မယ္။

(၃) စိတ္ထိခိုက္တဲ့အခါ ယုံၾကည္ရတဲ့သူငယ္ခ်င္းကို ရင္ဖြင့္ပါ။
တစ္ေယာက္တည္း စိတ္ညစ္စရာေတြကို ရင္ထဲသိုဝွက္ထားရင္ ကိုယ့္ကိုယ္ပိုၿပီး စိတ္ထိခိုက္ေစတယ္။

(၄) မေပ်ာ္ရႊင္တဲ့အခ်ိန္မွာ ေကာင္းကင္ျပာကို ေမာ္ၾကည့္ပါ။ ၾကယ္ေတြကို ေရတြက္ပါ။ 
အေျပာက်ယ္တဲ့ေကာင္းကင္မွာ ကိုယ္နဲ႔သက္ဆိုင္တဲ့ အခ်စ္တစ္ခုေတာ့ရွိလိမ့္မယ္။ 
"ငါ မဆိုးဘူး" ဆိုၿပီး ကိုယ့္ကိုယ္ ယုံၾကည္မွုတစ္ခုေတာ့ေပးပါ။

(၅) မိသားစုအပါအဝင္ ကိုယ္ႏွစ္သက္တဲ့သူရဲ့ ေမြးေန႔ကိုမွတ္ထားပါ။
ကိုယ့္ေမြးေန႔ကိုလည္း မွတ္ထားပါ။ ေမြးေန႔မွာ လက္ေဆာင္ေပးသူမရွိရင္
ဝမ္းမနည္းပါနဲ႔။ လွပတဲ့လက္ေဆာင္ေတြဝယ္ၿပီး အေဖ၊ အေမကို ေပးနိုင္ပါတယ္။

(၆) အားလပ္ခ်ိန္မွာ ၿငိမ့္ေညာင္းတဲ့ သီခ်င္းေလးေတြ နားေထာင္ပါ၊
စာေကာင္းေလးေတြရွာဖတ္ပါ။ ခဏတာ အိပ္စက္ပါ။

(၇) အခုခ်ိန္ကစၿပီး ထက္ျမက္သူျဖစ္ပါေစ။ ငါ့ကို လြမ္းလား? ခ်စ္လား? လို႔ တစ္ဘက္သားကို သြားမေမ့ပါနဲ႔။ 
တကယ္လို႔ သူလြမ္းရင္၊ သူခ်စ္ရင္ သူဘာသာသူေျပာလိမ့္မယ္။ ကိုယ္သြားေမးေနရင္ သူဘဝင္ျမင့္သြားလိမ့္မယ္။

(၈) ကိစၥတခ်ိဳ႕၊ လူတခ်ိဳ႕ေၾကာင့္ ကိုယ့္ကိုယ္ သိပ္မရက္စက္မိေစနဲ႔။ 
ဥပမာ- ထမင္းမစားတာ၊ ငိုတာ၊ အခန္းေအာင္းတာ၊ စိတ္အေႏွာင့္အယွက္ျဖစ္တာ... 
ဒါေတြက လူႏုံ႔လူအေတြ လုပ္တဲ့အလုပ္ျဖစ္တယ္။ တစ္ခါတေလမွာ ႏုံ႔အတာပဲ ေကာင္းပါတယ္။

(၉) ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သူတစ္ပါးေနာက္ကြယ္မွာ သူ႔မေကာင္းေၾကာင္း မေျပာပါနဲ႔။
ေျပာခဲ့ရင္လည္း ေကာင္းေၾကာင္းပဲေျပာပါ။ မိတ္ေဆြတစ္ဦးပိုတာက ရန္သူတစ္ေယာက္တိုးတာထက္ ပိုေကာင္းပါတယ္။

(၁ဝ) တစ္ခါတေလမွာ ကားပိုင္းဆက္ေတြ ၾကည့္လို႔ရတယ္။ ဒါေပမယ့္ မွိန္းေမာ မသြားရဘူး။ 
တစ္ခါတေလမွာ ဆံပင္ေတြ ရွုပ္ပြၾကည့္လို႔ရတယ္။ ဒါေပမယ့္ အခ်ိန္အခါနဲ႔ ကိုက္ညီရမယ္။ 
တစ္ခါတေလမွာ ညစ္ညစ္ပတ္ပတ္ေတြ ဆဲၾကည့္လို႔ရတယ္။ ဒါေပမယ့္ ကိုယ့္တစ္ေယာက္တည္းရွိခ်ိန္ ဒါမွမဟုတ္
အရင္းဆုံးသူငယ္ခ်င္းေရွ႕ျဖစ္ရမယ္။ ဆဲၿပီးတာနဲ႔ ကိုယ့္ကိုစိတ္ညစ္ေစတဲ့အရာေတြ ေမ့ပစ္နိုင္ရမယ္။

(၁၁) အတတ္နိုင္ဆုံး လူေတြနဲ႔မျငင္းခုန္မိေအာင္ ႀကိဳးစားပါ။
ေဒါသထြက္ေနသူတစ္ေယာက္က ကိုယ့္ခံစားခ်က္ကိုမထိန္းနိုင္တဲ့ အ႐ူးတစ္ေယာက္နဲ႔တူၿပီး အရမ္းေၾကာက္ဖို႔ေကာင္းပါတယ္။ 
သည္းခံၿပီး ျပသနာရင္းျမစ္ကိုရွာပါ။ စိတ္ေတြတည္ၿငိမ္ခ်ိန္မွ ေျဖရွင္းပါ။
Unicode

(၁) တကယ်လို့ ကိုယ့်ကို အဖော်ပြုပေးသူမရှိတဲ့အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ။ 
စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ မလိုပါဘူး။ 
ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို ရေတွက်ပါ။ 
အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အချစ်တစ်ခုတော့ရှိလိမ့်မယ်။ 
"ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကို လွမ်းလား? ချစ်လား? လို့ တစ်ဘက်သားကို သွားမမေ့ပါနဲ့။ 
တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင် သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ 
ဥပမာ- ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... 
ဒါတွေက လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ ကောင်းပါတယ်။

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတစ်ပါးနောက်ကွယ်မှာ သူ့မကောင်းကြောင်း မပြောပါနဲ့။
ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။ မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) တစ်ခါတလေမှာ ကားပိုင်းဆက်တွေ ကြည့်လို့ရတယ်။ ဒါပေမယ့် မှိန်းမော မသွားရဘူး။ 
တစ်ခါတလေမှာ ဆံပင်တွေ ရှုပ်ပွကြည့်လို့ရတယ်။ ဒါပေမယ့် အချိန်အခါနဲ့ ကိုက်ညီရမယ်။ 
တစ်ခါတလေမှာ ညစ်ညစ်ပတ်ပတ်တွေ ဆဲကြည့်လို့ရတယ်။ ဒါပေမယ့် ကိုယ့်တစ်ယောက်တည်းရှိချိန် ဒါမှမဟုတ်
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ဆဲပြီးတာနဲ့ ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့ အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ 
သည်းခံပြီး ပြသနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။

0 comments:

Post a Comment