Wednesday, June 17, 2015

လူ့ဗီဇ

လူတွေရဲ့ ဗီဇ ဆိုတာ ဖျောက်ရခက်သတဲ့

ကိုယ့်ဆီက မကောင်းတဲ့ဗီဇ ကို ကိုယ်မမြင်နိုင်ပေမယ့်
တစ်ပါးသူတွေက မြင်နိုင်ပါတယ်

ကိုယ့်ရဲ့ပင်ကိုယ် အကျင့်စရိုက်ဟာ လူမြင်မတင့်တယ်တဲ့အခါ
လူရယ်မောစရာဖြစ်နေတတ်တယ် လှောင်ပြောင်စရာဖြစ်နေတတ်တယ်

ဒါကြောင့် ရှေးပညာရှိတွေကပြောခဲ့ကြတယ်

- မျက်စိကို ဖွင့် ( ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကိုယ့်ကို ဘယ်လို ဝေဖန်နေသလဲ ကိုယ့်ဗီဇ အကျင့်စရိုက်ဟာ တကယ်ပဲ လူမြင်တင့်တယ်ရဲ့လား )

- နားကို စွင့် ( ပတ်ဝန်းကျင်က ပြောစကားကို နားစွင့်ပါ ကိုယ်ကိုယ့်ကို မှန်ထဲကြည့်တာလောက်တော့ လူတိုင်းကြည့်တတ်ပါတယ် ဒါပေမယ့် တခြားသူတွေအမြင်ကိုလည်း ခံနိုင်ရည်ရှိဖို့လိုမယ် )

- သင့်မသင့်ကို ချိန် ( ဖြစ်ချင်တာလုပ်ချင်တာကတော့ လူတိုင်းမှာ ရှိတာပေါ့ ဒါပေမယ့်ဖြစ်သင့်တာလုပ်သင့်တာကို တကယ်ချင့်ချိန် ပြီး ဆုံးဖြတ်လုပ်နိုင်တဲ့သူကတော့ တော်တော်ရှားပါလိမ့်မယ် )

0 comments:

Post a Comment