Monday, June 29, 2015

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်း

ခေါင်းဆောင်ဆိုတာ လူတွေကောင်းစားဖို့အတွက် ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်နိုင်တဲ့သူ လူတွေကောင်းစားဖို့အတွက် အနစ်နာခံတဲ့သူကို ပြောတာပါ။ လူတွေကိုဖြစ်သလိုပြစ်ထား ကိုယ်ကောင်းစားဖို့ပဲ လုပ်နေရင် ခေါင်းဆောင်ကောင်းမဟုတ်ပါဘူး။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ သူ့မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်း ပြည့်စုံဖို့လိုတယ်။ ပရမ်းပတာခန့်လို့မရပါဘူး။ 

ဘုရားရှင်က ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အခြေခံအရည်အချင်းတွေကို ဟောခဲ့တယ်။

 
ထကြွ နိုးကြား၊ သနားသည်းခံ၊ ဝေဖန်ကြည့်ရှု၊ ဤခြောက်ခုကား၊ ကြီးသူကျင့်ရာတရားတည်း။

၁။ ထကြွလုံလရှိရမယ်
၂။ နိုးကြားရမယ်
၃။ သနားကြင်နာရမယ်
၎။ သည်းခံတတ်ရမယ်
၅။ ဝေဘန်ခွဲခြားတတ်ရမယ်
၆။ အမြော်အမြင်ကြီးရမယ်
ဒီအရည်အချင်းတွေနဲ့ ပြည့်စုံရင်တော့ ခေါင်းဆောင်ဖြစ်ထိုက်ပါတယ်။ 

ဂဏန်းပုတ်သင်၊ ကိုင်းပင်နွားသိုး၊ လိပ်မျိုးခွေးအ၊ ဤခြောက်ဝ၊ နာယကမတင်ထိုက်။

 
၁။ ဂဏန်းလို အမြဲလက်မထောင်တတ်တဲ့သူ
၂။ ပုတ်သင်ညိုလို သူများလုပ်သမျှ ခေါင်းညိမ့်တတ်သူ
၃။ လေလာရာ ယိမ်းပါးတတ်တဲ့ကိုင်းပင်လို ဟိုဘက်ဒီဘက် ယိမ်းပါးတတ်သူ
၎။ နွားသိုးလို ရှုးရှုးဒိုင်းဒိုင်းပြုမူပြီး စိတ်တိုတတ်သူ
၅။ လိပ်လို ကိုယ့်ဘက်ကိုပဲ ယက်တတ်သူ
၆။ ခွေးအလို စားပိုးနင့်အောင်စားပြီး ဇိမ်ခံတတ်သူ

 
ဒီခြောက်မျိုးနဲ့ ပြည့်စုံတဲ့သူကို ခေါင်းဆောင်မတင်ထိုက်ပါဘူး။ 

ဒါကြောင့် ခေါင်းဆောင်ရွေးမယ်ဆိုရင် ဒါတွေသိထားဖို့လိုပါတယ်။

1 comment: