Tuesday, June 16, 2015

ထို့ကြောင့်ဆင်တဲ့.....

ထို့ကြောင့် ဆင်တဲ့ ...

ထို့ကြောင့် ဆင်ဟုခေါ်သည် 

လူတယောက်လမ်းလျှောက်လာရင်း ဆင်တကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။
ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချည်ပြီး မြေပြင်မှာ တုတ်ရိုက်ထားတာကို
တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။ 

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေထောက်
တချောင်းထဲမှာ ကြိုးသေးသေးလေး ချည်ပြီး ဖမ်းထားရဲတာ။ ဒါဆို ဆင်က ရုန်းထွက်ပြီး
လူကို ရန်မူမှာ မကြောက်ဘူးလားဗျ"

ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခုလို ပြန်လည်ဖြေကြားပါတယ်။ 

"မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။
အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေးလေးနဲ့ပဲ ပြန်ချည်တယ်။
သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့
မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ"ဟူ၍
ဖြစ်ပါတယ်။ 

သာဓက-

လူတွေလည်း ဒီတိုင်းပါပဲ။ အရာရာ၊ အကြောင်းကြောင်း တစ်ခုကို ရှုံးနိမ့် သွားရင်
ဒါကို ငါမလုပ်နိုင်တော့ဘူးလို့ မှတ်ယူပြီး အားမာန်လျော့တတ်ကြပါတယ်။ ရည်မှန်း
ချက်များ၊ အိပ်မက်များကို ဆက်လက် အကောင်အထည် မဖော်တော့ပဲ စွန့်လွတ်
လိုက်တတ်ကြပါတယ်။ 

ဒါဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး အရှုံးပေါ် အရှုံးထပ်ခြင်း ဖြစ်ပါတယ်။
ရှုံးနိမ့်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ
ဆိုတာကို သိရှိနားလည်ထားမှသာ အောင်မြင်လာမှာ ဖြစ်ပါတယ်။ 
----
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment