Sunday, January 3, 2016

NFC ဆိုတာ

မၾကာမွီ ႏွစ္ အနည္းငယ္ အတြင္းမွာ လက္ကိုင္ဖုန္းတစ္လုံးဟာ သင့္ရဲ႕ ပိုက္ဆံအိတ္၊ credit card ေတြရဲ႕ ေနရာမွာ အစားထိုးဝင္ေရာက္လာမယ္၊ လက္ကိုင္ဖုန္းကို tap လိုက္တာနဲ႕ လိုခ်င္တဲ့ သတင္းအခ်က္အလက္ေတြ ရေစမယ့္ နည္းပညာတစ္ခုကေတာ့ Near Field Communication (NFC) ပါဘဲ။ NFC ဟာ ႀကိဳးမဲ့ ဆက္သြယ္ေရးစနစ္ (wireless technology) ေတြထဲက တစ္ခုျဖစ္ၿပီး ခုေနာက္ပိုင္းမွာ Android ရဲ႕ NFC-support ေၾကာင့္ ပိုၿပီး ေရပန္းစားလာခဲ့ပါတယ္။

NFC ဟာ (short range wireless − အကြာအေဝးအတိုအတြင္းသာ အလုပ္လုပ္တဲ့ ႀကိဳးမဲ့ နည္းပညာ ျဖစ္ၿပီးသီအိုရီအရေတာ့ ၁၀စင္တီမီတာ အကြာအေဝးအတြင္း အလုပ္လုပ္တယ္လို႔ ဆိုပါတယ္။ ပုံမွန္အားျဖင့္ေတာ့  ၁ မွ ၄ စင္တီမီတာအတြင္းသာ စြမ္းေဆာင္ရည္ေကာင္းပါတယ္။  13.56MHz အတြင္းမွာ operate လုပ္ၿပီး communicatin protocol ရယ္ data exchange format ရယ္က RFID (Radio Frequency Identification) ရဲ႕ စံႏႈန္းေတြကို လိုက္နာ ပါတယ္။ (RFID ကေတာ့ 125MHzလွိုင္းမွာ အလုပ္ လုပ္ပါတယ္။) ျမန္ႏႈန္း(speed) အေနနဲ႕ကေတာ့ 106-414kbps သာ ရွိပါတယ္။

NFC နည္းပညာ ကို ဘယ္လိုေနရာေတြမွာသုံးလာၾကမလဲ?

NFC chip ထည့္ထားေသာ ပိုစတာ၊ ပရိုမိုးရွင္း ကူပြန္ႏွင့္ ေရွာ့ပင္းစင္တာ
(photo courtesy to original owners)

ေနရာNFC ဖုန္းနဲ႕ tap လိုက္ရင္
ဘတ္စ္ကားမွတ္တိုင္မွာဘတ္စ္ကားအခ်ိန္စာရင္း
ျပတိုက္မွာျပခန္းပစၥည္းတစ္ခုရဲ႕ အက်ဥ္းခ်ဳပ္ သို႔မဟုတ္ အက်ယ္ေလ့လာနိုင္တဲ့ website URL ကို တစ္ခါတည္း ဖြင့္ေပးမယ္။
ကုန္ပစၥည္းေၾကာ္ျငာ − ၄င္းကုန္ပစၥည္းရဲ႕ ဝက္ဘ္ဆိုဒ္ သို႔မဟုတ္ ပရိုမိုးရွင္း ကူပြန္
free Wifi ဆိုတဲ့ signwifi password ရွိခဲ့ရင္ ေအာ္တို authenticate လုပ္ေပးၿပီး သင့္ဖုန္းကို အင္တာနက္ ခ်ိတ္ေပးမယ္။
ကုန္ပစၥည္း/ ဝန္ေဆာင္မႈလုပ္ငန္းကိုယ့္ရဲ႕ facebook page ကို ေအာ္တို like ေစမယ္။
အျခား NFC စြမ္းေဆာင္ရည္ ပါဝင္တဲ့
လက္ကိုင္ဖုန္း tablet အခ်င္းခ်င္းဓါတ္ပုံ၊ လိပ္စာကဒ္၊ သီခ်င္း၊ youtube link စသည္ျဖင့္…
check-inဘယ္ေနရာေရာက္ေရာက္ check-in ၾကတဲ့ေခတ္မွာ ေရာက္ေနတဲ့ ေနရာကို တကူးတက ရွာစရာမလိုေတာ့ဘဲ tap လိုက္တာနဲ႕ check-in လုပ္နိုင္ေတာ့မွာပါ။
Mobile PaymentPaypal ကလည္း သူ႕ရဲ႕ commercial NFC service ကို UK မွာ စတင္ launch လုပ္ထားပါတယ္။ Google ကလည္း Google Wallet ဆိုတဲ့ application ကို ထုတ္လုပ္ခဲ့ၿပီး credit card ကို NFC ဖုန္းကေနတဆင့္ သုံးနိုင္ေအာင္ လုပ္ထားပါတယ္။ (ICS ဖုန္းတိုင္းေတာ့ သုံးလို႔ မရေသးပါဘူး။ yakju နဲ႕ takju build ဖုန္းေတြဘဲ သုံးလို႔ ရဦးမွာပါ။)

Android ႏွင့္ NFC

NFC ကို စသုံးခဲ့တာ Android မဟုတ္ေပမယ့္ Android ေၾကာင့္ NFC က ပိုအသုံးဝင္လာခဲ့တယ္လို႔ ဆိုနိုင္ပါတယ္။ (နိုကီယာ ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ NFC ထည့္သြင္းထားတာ ေတြ႕ရေပမယ့္ developer အတြက္ API ေကာင္းေကာင္းမရွိေတာ့ သိပ္ အသုံးတြင္က်ယ္ဟန္ မရပါဘူး။ iOS မွာေတာ့ iPhone 4S ထိ NFC support ပါမလာေသးပါဘူး။ iOS6 မွာ ထည့္သြင္းလာမယ္လို႔ ခန႔္မွန္းၾကပါတယ္။) Android 2.3, Gingerbread မွာစၿပီး NFC support ထည့္သြင္းခဲ့ၿပီး ပထမဆုံး NFC-enabled Android ဖုန္းကေတာ့ Google ရဲ႕ Nexus S ျဖစ္ပါတယ္။ ဒါေပမယ့္ စစခ်င္းမွာ NFC tag ေတြကို ဖတ္နိုင္တဲ့ စြမ္းေဆာင္ရည္ဘဲ ပါလာေသးပါတယ္။ Android 2.3.3 မွာမွ NFC read/write နည္းပညာ စတင္မိတ္ဆက္ခဲ့ပါတယ္။ Android 4.0 နဲ႕ ပထမဆုံးထြက္လာတဲ့ Galaxy Nexus ဖုန္းမွာေတာ့ “Android Beam” ဆိုတဲ့ technology ကို စတင္ထည့္သြင္းခဲ့ပါတယ္။ Android beam ေၾကာင့္ NFC ပါတဲ့ ဖုန္းအခ်င္းခ်င္း data sharing လုပ္လို႔ရနိုင္လာၿပီး data format ကို NDEF message လို႔ေခၚပါတယ္။ data ဆိုတဲ့ေနရာမွာ ဓါတ္ပုံ၊ သီခ်င္း၊ လိပ္စာကဒ္၊ Google Play URL, youtube URL, website URL စသျဖင့္ပါဝင္ၿပီး ဖုန္းရဲ႕ ေက်ာဘက္ခ်င္း tap(ထိ) လိုက္တာနဲ႕ share လုပ္လို႔ရပါတယ္။ Sony Xperia SmartTags ဆိုတဲ့ ေၾကာ္ျငာကိုၾကည့္ရင္ Sony ရဲ႕ XperiaS နဲ႕အတူ NFC ကို တြင္တြင္က်ယ္က်ယ္ မိတ္ဆက္လာတာကို ေတြ႕ရမွာပါ။

NFC chips/ NFC stickers/ NFC tags

နမူနာ NFC chips/stickers/tags မ်ား
NFC အသုံးျပဳတဲ့ေနရာမွာ active target နဲ႕ passive target ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ NFC chip ထည့္သြင္းထားတဲ့ smartphone/tablet/otherdevices ေတြဟာ Active target ေတြပါ။ Passive target ကေတာ့ NFC sticker တို႔ NFC tags တို႔ေပါ့။ Android 2.3.3 ကေနစၿပီး NFC write support ပါလာတဲ့အတြက္ ဖုန္းကို အသုံးျပဳၿပီး NFC tags/sticker ေတြကို read/write လုပ္လို႔ရပါၿပီ။ Tags နဲ႕  sticker ေတြက rewritable ပါ။ read-only ျဖစ္ေအာင္ lock လုပ္လို႔ရပါတယ္။ တစ္ခါ lock ၿပီးတာနဲ႕ ျပန္ unlock လုပ္လို႔မရေတာ့တာကိုေတာ့ သတိထားပါ။ Samsung ဖုန္းေတြမွာ NFC chip ကို ဘက္ထရီနဲ႕ တြဲလ်က္ ထုတ္ၿပီး LG ကေတာ့ back cover မွာ NFC chip ကို ထည့္ထားပါတယ္။ က်မလည္း ဘက္ထရီနဲ႕ တြဲထုတ္ထားတာကို သေဘာမက်လွပါဘူး။ ဘက္ထရီလဲခ်င္တဲ့အခ်ိန္ၾကရင္ ဒုကၡေရာက္ပါတယ္။

NFC ႏွင့္ ဖုန္းလုံၿခဳံေရး အႏၲရာယ္

NFC နည္းပညာ အသုံးျပဳတာ တြင္က်ယ္လာတဲ့အခါ ေနာက္ဆက္တြဲ ပါလာနိုင္မယ့္ အႏၲရယ္ေတြကိုလည္း သတိျပဳသင့္ပါတယ္။ ျဖစ္နိုင္တာေတြကေတာ့

၁။ Eavesdropping − ၾကားထဲကေနျဖတ္ၿပီး ေဒတာခိုးယူမႈ ျဖစ္လာနိုင္တယ္။

၂။ Data Manipulation − အလယ္ကေနျဖတ္ၿပီး ေဒတာေတြ ေျပာင္းပစ္နိုင္တယ္။ စိတ္ႀကိဳက္ ျခယ္လွယ္နိုင္တယ္။
၃။ NFC ဖုန္းေတြဆီ ဗိုင္းရပ္စ္ ျဖန႔္ရတာ ပိုမို လြယ္ကူလာမယ္။
၄။ ဖုန္းေပ်ာက္သြားခဲ့မယ္ဆိုရင္ မိမိရဲ႕ credit card information ပါတစ္ခါတည္း ပါသြားနိုင္တယ္။

ဒါေတြမယ့္ အေပၚမွာ ေျပာသြားတဲ့ အႏၲရယ္ေတြကို ကာကြယ္နိုင္တာ မိမိကိုယ္တိုင္ဘဲ ျဖစ္ပါတယ္။
၁ နဲ႕ ၂ အတြက္ကေတာ့ NFC ဟာ ၅စင္တီမီတာေလာက္အတြင္းမွာသာ အလုပ္လုပ္တဲ့အတြက္ ေသခ်ာ ဂ႐ုတစိုက္ သတိထားရင္ အျခားသူေတြ ၾကားျဖတ္ၿပီး ေဒတာခိုးယူတာ/ ျခယ္လွယ္တာေတြ မျဖစ္နိုင္ေတာ့ပါဘူး။
၃။ မိမိ စိတ္မခ်တဲ့ NFC target ေတြကို tap မလုပ္ဘူးဆိုရင္ virus ကူးတာကေန ေရွာင္ရွားနိုင္မွာပါ။ ဖုန္းထဲမွာ anti-virus တစ္ခုခု သြင္းထားပါ။
၄။ NFC ဟာ ဖုန္းရဲ႕ screen lock ျဖစ္ေနရင္ အလုပ္မလုပ္ပါဘူး။ screen ကို ဖြင့္လို႔မရရင္ credit credit/Google Wallet ေတြ သုံးနိုင္မွာ မဟုတ္ပါဘူး။ ဒီေတာ့ screen unlock အတြက္ password-protect/pattern lock လုပ္ထားသင့္ပါတယ္။

NFC ကို စမ္းသပ္ျခင္း

NFC tags from tagsfordroid
Galaxy Nexus မွာ NFC support ပါလာေတာ့ Nexus သုံးတဲ့ အျခားသူငယ္ခ်င္းတစ္ေယာက္နဲ႕ အတူ စမ္းသပ္ၾကည့္ဖို႔ www.tagsfordroid.com ကေန NFC tags ၁၀ခုကို ပို႔ခအပါအဝင္ US$ 20နဲ႕ မွာလိုက္ပါတယ္။ ကံေကာင္းခ်င္ေတာ့ တစ္ပါတ္အတြင္းရပါတယ္။ စမ္းသပ္ထားသေလာက္ေတာ့

၁။ ဖုန္းအခ်င္းခ်င္း Android beam နဲ႕ contact sharing လုပ္ၾကည့္ပါတယ္။ ဖုန္း၂ခုလုံး NFC ဖြင့္၊ ဖုန္းတစ္ခုက share ခ်င္တဲ့ contact ကိုဖြင့္ၿပီး ေနာက္ဖုန္းတစ္ခုကို ေက်ာဘက္ခ်င္း tap လုပ္လိုက္တဲ့အခါ ဟိုဘက္ဖုန္းထဲကို contact card/business card တစ္ခုလုံး share ၿပီးသား ျဖစ္သြားပါတယ္။
၂။ Youtube app ကေန ဗီဒီယိုတစ္ခု ဖြင့္ထားၿပီး အျခားဖုန္းကို tap လိုက္ရင္ သူ႕ဖုန္းထဲမွာ အဲဒီ ဗီဒီယိုကို အလိုအေလ်ာက္ ဖြင့္ေပးပါတယ္။
၃။ Game တစ္ခု ကစားေနတဲ့အခ်ိန္ ေနာက္ဖုန္းတစ္ခုကို tap လိုက္ရင္ သူ႕ဆီမွာ အဲဒီgame ရွိခဲ့ရင္ တစ္ခါတည္း ဖြင့္ေပးၿပီး မရွိခဲ့ရင္ Google Play ကို တစ္ခါတည္း ေခၚသြားပါတယ္။
၄။ Google Play ကေန NFC Quick Actions ဆိုတဲ့ app ကို သြင္းၿပီး tags ေတြကို စမ္းေရးၾကည့္ပါတယ္။ Application, ဖုန္းနံပါတ္, foursquare check-in location, ကင္မရာ flash မီးအဖြင့္အပိတ္, အီးေမးလ္, sms, Google maps, maps navigation, settings, plain text, website URL, Wifi hotspot+password စသျဖင့္ အစုံေရးလို႔ရပါတယ္။ က်မတို႔ မွာထားတဲ့ tags က မမ္မိုရီ 768 bytes ရွိပါတယ္။ tags တစ္ခုနဲ႕တစ္ခု ေရးလို႔ရတဲ့ memory ကြာပါတယ္။ မဝယ္ခင္ ေသခ်ာစစ္ပါ။ tag တစ္ခုကို business card လုပ္ထားပါတယ္၊ အျခား tag ေတြကိုေတာ့ settings ထည့္ေရးထားပါတယ္။ ဥပမာ− ႐ုံးမွာထားတဲ့တစ္ခုက ဖုန္းအသံေလ်ာ့တယ္၊ vibrate on တယ္၊ wifi ဖြင့္ပါတယ္။ tap လိုက္တာနဲ႕ ကိုယ္ထည့္ေရးထားတဲ့ settings အကုန္လုပ္ေပးသြားမွာပါ။

NDEF message ေတြ ဘာေတြကိုေတာ့ ေသခ်ာ မေလ့လာရေသးပါဘူး။ အရင္ႏွစ္ Google I/O မွာ ေျပာသြားတဲ့ How to NFC ကိုလည္း စိတ္ဝင္စားရင္ ၾကည့္သင့္ပါတယ္။ ေတာ္ေတာ္ျပည့္ျပည့္စုံစုံ ရွင္းျပသြားတာပါ။ Google Wallet app ကလည္း မေလးရွားအတြက္ available မျဖစ္ေသးေတာ့ စမ္းၾကည့္လို႔မရပါဘူး။ Technical articles ေတြ မေရးတာ ၾကာေတာ့ ဒီတစ္ပုဒ္ရဖို႔ ေတာ္ေတာ္ ေရးယူလိုက္ရပါတယ္။ LG Optimus 4X HD တို႔ Sony Xperia S တို႔ဝယ္ရင္ NFC tags ေလးေတြပါ တစ္ခါတည္း ေပးတယ္လို႔ေတာ့ ဖတ္ရတယ္။ S3 ရဲ႕ feature တစ္ခုျဖစ္တဲ့ S-Beam ဆိုတာလည္း NFC ပါ။   ေနာက္ထြက္တဲ့ ဖုန္းေတြေတာ့ အားလုံးနီးပါး NFC support လုပ္လာေလာက္ပါတယ္။

ကိုးကား။ ။
၁။ What is NFC and why do we care? (Engadget)
၂။ NFC Security Risk
၃။ Near Field Communication (Wikipedia)
၄။ Android API 2.3.3
၅။ Android API 4.0
၆။ List of NFC-enabled handsets (Wikipedia)
Unicode
NFC ဆိုတာ

မကြာမှီ နှစ် အနည်းငယ် အတွင်းမှာ လက်ကိုင်ဖုန်းတစ်လုံးဟာ သင့်ရဲ့ ပိုက်ဆံအိတ်၊ credit card တွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာမယ်၊ လက်ကိုင်ဖုန်းကို tap လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်တွေ ရစေမယ့် နည်းပညာတစ်ခုကတော့ Near Field Communication (NFC) ပါဘဲ။ NFC ဟာ ကြိုးမဲ့ ဆက်သွယ်ရေးစနစ် (wireless technology) တွေထဲက တစ်ခုဖြစ်ပြီး ခုနောက်ပိုင်းမှာ Android ရဲ့ NFC-support ကြောင့် ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။

NFC ဟာ (short range wireless − အကွာအဝေးအတိုအတွင်းသာ အလုပ်လုပ်တဲ့ ကြိုးမဲ့ နည်းပညာ ဖြစ်ပြီးသီအိုရီအရတော့ ၁၀စင်တီမီတာ အကွာအဝေးအတွင်း အလုပ်လုပ်တယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့်တော့  ၁ မှ ၄ စင်တီမီတာအတွင်းသာ စွမ်းဆောင်ရည်ကောင်းပါတယ်။  13.56MHz အတွင်းမှာ operate လုပ်ပြီး communicatin protocol ရယ် data exchange format ရယ်က RFID (Radio Frequency Identification) ရဲ့ စံနှုန်းတွေကို လိုက်နာ ပါတယ်။ (RFID ကတော့ 125MHzလှိုင်းမှာ အလုပ် လုပ်ပါတယ်။) မြန်နှုန်း(speed) အနေနဲ့ကတော့ 106-414kbps သာ ရှိပါတယ်။

NFC နည်းပညာ ကို ဘယ်လိုနေရာတွေမှာသုံးလာကြမလဲ?

NFC chip ထည့်ထားသော ပိုစတာ၊ ပရိုမိုးရှင်း ကူပွန်နှင့် ရှော့ပင်းစင်တာ
(photo courtesy to original owners)

နေရာNFC ဖုန်းနဲ့ tap လိုက်ရင်
ဘတ်စ်ကားမှတ်တိုင်မှာဘတ်စ်ကားအချိန်စာရင်း
ပြတိုက်မှာပြခန်းပစ္စည်းတစ်ခုရဲ့ အကျဉ်းချုပ် သို့မဟုတ် အကျယ်လေ့လာနိုင်တဲ့ website URL ကို တစ်ခါတည်း ဖွင့်ပေးမယ်။
ကုန်ပစ္စည်းကြော်ငြာ − ၄င်းကုန်ပစ္စည်းရဲ့ ဝက်ဘ်ဆိုဒ် သို့မဟုတ် ပရိုမိုးရှင်း ကူပွန်
free Wifi ဆိုတဲ့ signwifi password ရှိခဲ့ရင် အော်တို authenticate လုပ်ပေးပြီး သင့်ဖုန်းကို အင်တာနက် ချိတ်ပေးမယ်။
ကုန်ပစ္စည်း/ ဝန်ဆောင်မှုလုပ်ငန်းကိုယ့်ရဲ့ facebook page ကို အော်တို like စေမယ်။
အခြား NFC စွမ်းဆောင်ရည် ပါဝင်တဲ့
လက်ကိုင်ဖုန်း tablet အချင်းချင်းဓါတ်ပုံ၊ လိပ်စာကဒ်၊ သီချင်း၊ youtube link စသည်ဖြင့်…
check-inဘယ်နေရာရောက်ရောက် check-in ကြတဲ့ခေတ်မှာ ရောက်နေတဲ့ နေရာကို တကူးတက ရှာစရာမလိုတော့ဘဲ tap လိုက်တာနဲ့ check-in လုပ်နိုင်တော့မှာပါ။
Mobile PaymentPaypal ကလည်း သူ့ရဲ့ commercial NFC service ကို UK မှာ စတင် launch လုပ်ထားပါတယ်။ Google ကလည်း Google Wallet ဆိုတဲ့ application ကို ထုတ်လုပ်ခဲ့ပြီး credit card ကို NFC ဖုန်းကနေတဆင့် သုံးနိုင်အောင် လုပ်ထားပါတယ်။ (ICS ဖုန်းတိုင်းတော့ သုံးလို့ မရသေးပါဘူး။ yakju နဲ့ takju build ဖုန်းတွေဘဲ သုံးလို့ ရဦးမှာပါ။)

Android နှင့် NFC

NFC ကို စသုံးခဲ့တာ Android မဟုတ်ပေမယ့် Android ကြောင့် NFC က ပိုအသုံးဝင်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ (နိုကီယာ ဖုန်းတော်တော်များများမှာ NFC ထည့်သွင်းထားတာ တွေ့ရပေမယ့် developer အတွက် API ကောင်းကောင်းမရှိတော့ သိပ် အသုံးတွင်ကျယ်ဟန် မရပါဘူး။ iOS မှာတော့ iPhone 4S ထိ NFC support ပါမလာသေးပါဘူး။ iOS6 မှာ ထည့်သွင်းလာမယ်လို့ ခန့်မှန်းကြပါတယ်။) Android 2.3, Gingerbread မှာစပြီး NFC support ထည့်သွင်းခဲ့ပြီး ပထမဆုံး NFC-enabled Android ဖုန်းကတော့ Google ရဲ့ Nexus S ဖြစ်ပါတယ်။ ဒါပေမယ့် စစချင်းမှာ NFC tag တွေကို ဖတ်နိုင်တဲ့ စွမ်းဆောင်ရည်ဘဲ ပါလာသေးပါတယ်။ Android 2.3.3 မှာမှ NFC read/write နည်းပညာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Android 4.0 နဲ့ ပထမဆုံးထွက်လာတဲ့ Galaxy Nexus ဖုန်းမှာတော့ “Android Beam” ဆိုတဲ့ technology ကို စတင်ထည့်သွင်းခဲ့ပါတယ်။ Android beam ကြောင့် NFC ပါတဲ့ ဖုန်းအချင်းချင်း data sharing လုပ်လို့ရနိုင်လာပြီး data format ကို NDEF message လို့ခေါ်ပါတယ်။ data ဆိုတဲ့နေရာမှာ ဓါတ်ပုံ၊ သီချင်း၊ လိပ်စာကဒ်၊ Google Play URL, youtube URL, website URL စသဖြင့်ပါဝင်ပြီး ဖုန်းရဲ့ ကျောဘက်ချင်း tap(ထိ) လိုက်တာနဲ့ share လုပ်လို့ရပါတယ်။ Sony Xperia SmartTags ဆိုတဲ့ ကြော်ငြာကိုကြည့်ရင် Sony ရဲ့ XperiaS နဲ့အတူ NFC ကို တွင်တွင်ကျယ်ကျယ် မိတ်ဆက်လာတာကို တွေ့ရမှာပါ။

NFC chips/ NFC stickers/ NFC tags

နမူနာ NFC chips/stickers/tags များ
NFC အသုံးပြုတဲ့နေရာမှာ active target နဲ့ passive target ဆိုပြီး နှစ်မျိုးရှိပါတယ်။ NFC chip ထည့်သွင်းထားတဲ့ smartphone/tablet/otherdevices တွေဟာ Active target တွေပါ။ Passive target ကတော့ NFC sticker တို့ NFC tags တို့ပေါ့။ Android 2.3.3 ကနေစပြီး NFC write support ပါလာတဲ့အတွက် ဖုန်းကို အသုံးပြုပြီး NFC tags/sticker တွေကို read/write လုပ်လို့ရပါပြီ။ Tags နဲ့  sticker တွေက rewritable ပါ။ read-only ဖြစ်အောင် lock လုပ်လို့ရပါတယ်။ တစ်ခါ lock ပြီးတာနဲ့ ပြန် unlock လုပ်လို့မရတော့တာကိုတော့ သတိထားပါ။ Samsung ဖုန်းတွေမှာ NFC chip ကို ဘက်ထရီနဲ့ တွဲလျက် ထုတ်ပြီး LG ကတော့ back cover မှာ NFC chip ကို ထည့်ထားပါတယ်။ ကျမလည်း ဘက်ထရီနဲ့ တွဲထုတ်ထားတာကို သဘောမကျလှပါဘူး။ ဘက်ထရီလဲချင်တဲ့အချိန်ကြရင် ဒုက္ခရောက်ပါတယ်။

NFC နှင့် ဖုန်းလုံခြုံရေး အန္တရာယ်

NFC နည်းပညာ အသုံးပြုတာ တွင်ကျယ်လာတဲ့အခါ နောက်ဆက်တွဲ ပါလာနိုင်မယ့် အန္တရယ်တွေကိုလည်း သတိပြုသင့်ပါတယ်။ ဖြစ်နိုင်တာတွေကတော့

၁။ Eavesdropping − ကြားထဲကနေဖြတ်ပြီး ဒေတာခိုးယူမှု ဖြစ်လာနိုင်တယ်။

၂။ Data Manipulation − အလယ်ကနေဖြတ်ပြီး ဒေတာတွေ ပြောင်းပစ်နိုင်တယ်။ စိတ်ကြိုက် ခြယ်လှယ်နိုင်တယ်။
၃။ NFC ဖုန်းတွေဆီ ဗိုင်းရပ်စ် ဖြန့်ရတာ ပိုမို လွယ်ကူလာမယ်။
၄။ ဖုန်းပျောက်သွားခဲ့မယ်ဆိုရင် မိမိရဲ့ credit card information ပါတစ်ခါတည်း ပါသွားနိုင်တယ်။

ဒါတွေမယ့် အပေါ်မှာ ပြောသွားတဲ့ အန္တရယ်တွေကို ကာကွယ်နိုင်တာ မိမိကိုယ်တိုင်ဘဲ ဖြစ်ပါတယ်။
၁ နဲ့ ၂ အတွက်ကတော့ NFC ဟာ ၅စင်တီမီတာလောက်အတွင်းမှာသာ အလုပ်လုပ်တဲ့အတွက် သေချာ ဂရုတစိုက် သတိထားရင် အခြားသူတွေ ကြားဖြတ်ပြီး ဒေတာခိုးယူတာ/ ခြယ်လှယ်တာတွေ မဖြစ်နိုင်တော့ပါဘူး။
၃။ မိမိ စိတ်မချတဲ့ NFC target တွေကို tap မလုပ်ဘူးဆိုရင် virus ကူးတာကနေ ရှောင်ရှားနိုင်မှာပါ။ ဖုန်းထဲမှာ anti-virus တစ်ခုခု သွင်းထားပါ။
၄။ NFC ဟာ ဖုန်းရဲ့ screen lock ဖြစ်နေရင် အလုပ်မလုပ်ပါဘူး။ screen ကို ဖွင့်လို့မရရင် credit credit/Google Wallet တွေ သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ screen unlock အတွက် password-protect/pattern lock လုပ်ထားသင့်ပါတယ်။

NFC ကို စမ်းသပ်ခြင်း

NFC tags from tagsfordroid
Galaxy Nexus မှာ NFC support ပါလာတော့ Nexus သုံးတဲ့ အခြားသူငယ်ချင်းတစ်ယောက်နဲ့ အတူ စမ်းသပ်ကြည့်ဖို့ www.tagsfordroid.com ကနေ NFC tags ၁၀ခုကို ပို့ခအပါအဝင် US$ 20နဲ့ မှာလိုက်ပါတယ်။ ကံကောင်းချင်တော့ တစ်ပါတ်အတွင်းရပါတယ်။ စမ်းသပ်ထားသလောက်တော့

၁။ ဖုန်းအချင်းချင်း Android beam နဲ့ contact sharing လုပ်ကြည့်ပါတယ်။ ဖုန်း၂ခုလုံး NFC ဖွင့်၊ ဖုန်းတစ်ခုက share ချင်တဲ့ contact ကိုဖွင့်ပြီး နောက်ဖုန်းတစ်ခုကို ကျောဘက်ချင်း tap လုပ်လိုက်တဲ့အခါ ဟိုဘက်ဖုန်းထဲကို contact card/business card တစ်ခုလုံး share ပြီးသား ဖြစ်သွားပါတယ်။
၂။ Youtube app ကနေ ဗီဒီယိုတစ်ခု ဖွင့်ထားပြီး အခြားဖုန်းကို tap လိုက်ရင် သူ့ဖုန်းထဲမှာ အဲဒီ ဗီဒီယိုကို အလိုအလျောက် ဖွင့်ပေးပါတယ်။
၃။ Game တစ်ခု ကစားနေတဲ့အချိန် နောက်ဖုန်းတစ်ခုကို tap လိုက်ရင် သူ့ဆီမှာ အဲဒီgame ရှိခဲ့ရင် တစ်ခါတည်း ဖွင့်ပေးပြီး မရှိခဲ့ရင် Google Play ကို တစ်ခါတည်း ခေါ်သွားပါတယ်။
၄။ Google Play ကနေ NFC Quick Actions ဆိုတဲ့ app ကို သွင်းပြီး tags တွေကို စမ်းရေးကြည့်ပါတယ်။ Application, ဖုန်းနံပါတ်, foursquare check-in location, ကင်မရာ flash မီးအဖွင့်အပိတ်, အီးမေးလ်, sms, Google maps, maps navigation, settings, plain text, website URL, Wifi hotspot+password စသဖြင့် အစုံရေးလို့ရပါတယ်။ ကျမတို့ မှာထားတဲ့ tags က မမ်မိုရီ 768 bytes ရှိပါတယ်။ tags တစ်ခုနဲ့တစ်ခု ရေးလို့ရတဲ့ memory ကွာပါတယ်။ မဝယ်ခင် သေချာစစ်ပါ။ tag တစ်ခုကို business card လုပ်ထားပါတယ်၊ အခြား tag တွေကိုတော့ settings ထည့်ရေးထားပါတယ်။ ဥပမာ− ရုံးမှာထားတဲ့တစ်ခုက ဖုန်းအသံလျော့တယ်၊ vibrate on တယ်၊ wifi ဖွင့်ပါတယ်။ tap လိုက်တာနဲ့ ကိုယ်ထည့်ရေးထားတဲ့ settings အကုန်လုပ်ပေးသွားမှာပါ။

NDEF message တွေ ဘာတွေကိုတော့ သေချာ မလေ့လာရသေးပါဘူး။ အရင်နှစ် Google I/O မှာ ပြောသွားတဲ့ How to NFC ကိုလည်း စိတ်ဝင်စားရင် ကြည့်သင့်ပါတယ်။ တော်တော်ပြည့်ပြည့်စုံစုံ ရှင်းပြသွားတာပါ။ Google Wallet app ကလည်း မလေးရှားအတွက် available မဖြစ်သေးတော့ စမ်းကြည့်လို့မရပါဘူး။ Technical articles တွေ မရေးတာ ကြာတော့ ဒီတစ်ပုဒ်ရဖို့ တော်တော် ရေးယူလိုက်ရပါတယ်။ LG Optimus 4X HD တို့ Sony Xperia S တို့ဝယ်ရင် NFC tags လေးတွေပါ တစ်ခါတည်း ပေးတယ်လို့တော့ ဖတ်ရတယ်။ S3 ရဲ့ feature တစ်ခုဖြစ်တဲ့ S-Beam ဆိုတာလည်း NFC ပါ။   နောက်ထွက်တဲ့ ဖုန်းတွေတော့ အားလုံးနီးပါး NFC support လုပ်လာလောက်ပါတယ်။

ကိုးကား။ ။
၁။ What is NFC and why do we care? (Engadget)
၂။ NFC Security Risk
၃။ Near Field Communication (Wikipedia)
၄။ Android API 2.3.3
၅။ Android API 4.0
၆။ List of NFC-enabled handsets (Wikipedia)

0 comments:

Post a Comment