Tuesday, January 19, 2016

သင့္ကုိယ္သင္ ဘယ္လုိရင့္က်က္ေစမလဲ?


လူေတာ္ေတာ္မ်ားမ်ားထင္ေနၾကတာက အသက္အရြယ္ၾကီးလာလို႔ အေတြ႔အၾကံဳမ်ားလာတဲ့အခါ ရင့္က်က္သြားတာပါပဲလုိ႔ အလြယ္သတ္မွတ္ၾကတယ္။
ဒါက မွန္သင့္သေလာက္မွန္ေပမယ့္ ရာႏႈန္းျပည့္ေတာ့ မမွန္ပါဘူး။ အသက္အရြယ္ၾကီးတဲ့တုိင္ေအာင္ ရင့္က်က္တည္ျငိမ္မႈမရွိေသးတဲ့သူေတြ
ရွိၾကသလုိ၊ အသက္ငယ္ငယ္ေလးနဲ႔ အံ့ၾသစရာေကာင္းေလာက္ေအာင္ ရင့္က်က္တဲ့သူေတြလည္း ရွိၾကပါတယ္။
ရင့္က်က္တယ္ဆုိတုိင္းလည္း ေယာက္်ားေလးဆုိ ပုဆိုးနဲ႔လည္ကတံုး၊ မိန္းကေလးဆုိ ရင္ဖံုးနဲ႔ ထဘီ။ ဒါေတြဝတ္ရမယ္လုိ႔ ေျပာတာမဟုုတ္ပါဘူး။
ဒါေတြက ကုိယ္အမူအယာရင့္က်က္ျခင္းပါ။ တကယ္တမ္းဘဝမွာ ျဖတ္သန္းရမယ့္အခ်ိန္မွာ လုိအပ္တာ စိတ္ႏွလံုးရင့္က်က္ဖုိ႔ပါ။
သင္ကုိယ္တုိင္ ရင့္က်က္ဖို႔အတြက္ အသက္ေတြၾကီးလာတဲ့အထိ ေစာင့္စရာမလုိပါဘူး။ ပုဆိုးေတြ ဝတ္ေနဖို႔လည္း မလိုပါဘူး။ စိတ္ဓါတ္ေတြ
မာေက်ာျပီး ေလာကဓံကုိ ခံနုိင္ရည္ရွိဖုိ႔ လူငယ္အရြယ္မွာတင္ ရင့္က်က္ေအာင္ သင့္စိတ္ကုိသင္ ပ်ိဳးေထာင္နုိင္ပါတယ္။
(၁) ဇြဲလံုလ ရွိရမယ္။
-----------------------------
ရင့္က်က္ေတာ့မယ္လို႔ ဆံုးျဖတ္ခ်က္ခ်လုိက္တာဟာ မနက္ျဖန္ကစျပီး အစားေလွ်ာ့စားေတာ့မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ထက္ ပုိခက္ခဲပါတယ္။
ဒါေၾကာင့္ ေန႔ခ်င္းညခ်င္းေတာ့ သင္ဟာ ရင့္က်က္တဲ့သူတစ္ေယာက္ ျဖစ္လာမွာမဟုတ္ပါဘူး။ ဘယ္အရာေတြက သင့္စိတ္ကုိ
တည္ျငိမ္မႈေပးလဲ၊ အေတြးအေခၚ အေမွ်ာ္အျမင္အသစ္ေတြ ျဖစ္လာေစလဲ ဆုိတာေတြ သင္ကုိယ္တုိင္ ေရေရရာရာနားလည္လာနုိင္ဖို႔
အခ်ိန္အတုိင္းအတာတစ္ခုနဲ႔ ဇြဲလံုလတုိ႔ လုိအပ္ပါတယ္။
ေန႔ခ်င္းညခ်င္း မရင့္က်က္နုိင္ဘူးဆုိလုိ႔ စိတ္ေတာ့ မပ်က္သြားပါနဲ႔။ ဒါဟာ အမွန္တရားပါ။ ဒါေပမယ့္ ရင့္က်က္သူတစ္ေယာက္ျဖစ္ျပီဆုိရင္ေတာ့
သင့္ဘဝဟာ လက္ရွိဘဝနဲ႔ ေနရထုိင္ရတာခ်င္း အစေပါင္းမ်ားစြာ ကြာသြားပါလိမ့္မယ္။
(၂) ကုိယ့္ကုိယ္ကုိ ထိန္းခ်ဳပ္ျခင္း။
------------------------------
သင့္ ခံစားခ်က္ေတြနဲ႔ အျပဳအမူေတြကုိ ထိန္းခ်ဳပ္နုိင္ျခင္းဟာ ရင့္က်က္ျခင္းရဲ႕ ပထမဦးဆံုးအဆင့္ပါပဲ။ ဒီလုိ စိတ္နဲ႔ကုိယ္ကုိ ထိန္းခ်ဳပ္နုိင္ဖို႔ဆုိရင္
အရင္ဆံုး သင့္အေတြးေတြကုိ ျပဳျပင္ရပါမယ္။ အရင္ကလုိ အလြယ္ေတြးတတ္တဲ့အက်င့္ေတြ၊ ျဖစ္သလုိေနတတ္တဲ့အက်င့္ေတြကုိ
ေဖ်ာက္ပစ္ရပါမယ္။ အရုိးရွင္းဆံုး ထိန္းခ်ဳပ္နည္းကေတာ့ ကုိယ္အမူအယာေတြကုိ ဦးစြာထိန္းခ်ဳပ္ပါ။ ကုိယ္အမူအယာတည္ျငိမ္လာတာနဲ႔အမွ်
စိတ္ရဲ႕တည္ျငိမ္ျခင္းကုိလည္း သင္ခံစားလာရပါလိမ့္မယ္။
(၃) စိတ္ရွည္ရမယ္။
----------------------
ဘယ္အရာကုိမဆုိ စိတ္ရွည္ရွည္ထားတတ္ဖို႔ လုိပါတယ္။ စိတ္မရွည္ျခင္း၊ ေဒါသထြက္ျခင္း၊ သည္းမခံတတ္ျခင္းေတြဟာ ရင့္က်က္တဲ့စိတ္ရဲ႕
လကၡဏာေတြ မဟုတ္ပါဘူး။
(၄) ကုိယ္ခ်င္းစာတရားထာရမယ္။
---------------------------------
ရင့္က်က္တဲ့သူအေတာ္မ်ားမ်ားဟာ တစ္ကုိယ္ေကာင္းမဆန္တတ္သလို၊ သူ႔ဘက္ကုိယ့္ဘက္ ခ်င့္ခ်ိန္ၾကည့္ရႈတတ္ပါတယ္။
တစ္ကုိယ္ေကာင္းမဆန္တတ္လာတာနဲ႔အမွ် သူမ်ားခံစားခ်က္ကုိ နားလည္လာမယ္။ လူေတြရဲ႕ အျမင္ေတြကုိ သိလာမယ္။ ပိုျပီး
က်ယ္ျပန္႔တဲ့ အေတြးအေခၚေတြကုိလည္း ပုိင္ဆုိင္လာနုိင္ပါတယ္။
(၅) ယဥ္ေက်းပါ။
-----------------
ကုိယ္အမူအရာ ယဥ္ေက်းျခင္းဟာ စိတ္ရဲ႕ယဥ္ေက်းျခင္းကုိ ဦးတည္နုိင္ပါတယ္။ အေျပာအဆုိကုိ တတ္နုိင္သမွ် ယဥ္ယဥ္ေက်းေက်းေျပာပါ။
ရုိင္းရိုင္းျပျပေျပာဆုိမွ ရင္းႏွီးတာမဟုတ္ပါဘူး။ ေဖာ္ေဖာ္ေရြေရြေျပာဆုိျခင္းျဖင့္လည္း သင့္ရင္းႏွီးမႈကုိ ျပနုိင္ပါတယ္။ ရင့္က်က္တဲ့သူတုိင္းဟာ
ရုိင္းျပေလ့မရွိပါဘူး။
(၆) သင္ယူပါ။
---------------
သင္ယူျခင္းဟာ သင့္ရဲ႕အေတြးအေခၚေတြ၊ ယံုၾကည္ခ်က္ေတြနဲ႔ ခံယူခ်က္ေတြကုိ ေျပာင္းလဲေစနုိင္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ေကာင္းတဲ့
အေျပာင္းအလဲေတြပဲ ျဖစ္ေစပါတယ္။ လူေတြဆီကေန သင္ယူပါ။ ခရီးသြားျခင္းကေန သင္ယူပါ။ စာအုပ္စာေပေတြကေန သင္ယူပါ။
အတိတ္သမုိင္းေတြထဲက သင္ယူပါ။ သင္ယူခ်င္စိတ္ရွိတဲ့သူတုိင္းအတြက္ ေနရာတုိင္းမွာ သင္ယူစရာေတြ ရွိေနပါတယ္။
(၇) ယံုၾကည္မႈရွိပါ။
-------------------
သင့္ကုိယ္သင္ ယံုၾကည္မႈရွိဖို႔လည္းပဲ လုိအပ္ပါတယ္။ ယံုၾကည္မႈဟာ စြမ္းအင္တစ္ခုအေနနဲ႔ သင့္ရဲ႕ရင့္က်က္ျခင္းေတြကုိ ပုိျပီး ခံညားေစမွာပါ။
(၈) ေလာကဓံ။
-----------------
အေကာင္းေတြကုိ ရယူနုိင္တဲ့ခါမွာလည္း စိတ္လြတ္ကုိယ္လြတ္ အေပ်ာ္မၾကဴးသင့္သလို၊ အဆုိးေတြ ျဖစ္လာတဲ့အခါမွာလည္း
စိတ္ေထာင္းကုိယ္ေၾက အရံႈးမေပးသင့္ပါဘူး။ ေကာင္းသမွ်၊ ဆုိးသမွ်ကုိ ခံနုိင္ရည္ရွိဖို႔ နွလံုးသြင္းထားရပါမယ္။
အေကာင္းဆံုးကုိ ရည္ရြယ္ျပီး လုပ္ေနေပမယ့္ အဆုိးဆံုးအတြက္လည္း ျပင္ဆင္ထားပါ။
(Focus Youth E-magazine)
Unicode
သင့်ကိုယ်သင် ဘယ်လိုရင့်ကျက်စေမလဲ?

လူတော်တော်များများထင်နေကြတာက အသက်အရွယ်ကြီးလာလို့ အတွေ့အကြုံများလာတဲ့အခါ ရင့်ကျက်သွားတာပါပဲလို့ အလွယ်သတ်မှတ်ကြတယ်။
ဒါက မှန်သင့်သလောက်မှန်ပေမယ့် ရာနှုန်းပြည့်တော့ မမှန်ပါဘူး။ အသက်အရွယ်ကြီးတဲ့တိုင်အောင် ရင့်ကျက်တည်ငြိမ်မှုမရှိသေးတဲ့သူတွေ
ရှိကြသလို၊ အသက်ငယ်ငယ်လေးနဲ့ အံ့သြစရာကောင်းလောက်အောင် ရင့်ကျက်တဲ့သူတွေလည်း ရှိကြပါတယ်။
ရင့်ကျက်တယ်ဆိုတိုင်းလည်း ယောက်ျားလေးဆို ပုဆိုးနဲ့လည်ကတုံး၊ မိန်းကလေးဆို ရင်ဖုံးနဲ့ ထဘီ။ ဒါတွေဝတ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။
ဒါတွေက ကိုယ်အမူအယာရင့်ကျက်ခြင်းပါ။ တကယ်တမ်းဘဝမှာ ဖြတ်သန်းရမယ့်အချိန်မှာ လိုအပ်တာ စိတ်နှလုံးရင့်ကျက်ဖို့ပါ။
သင်ကိုယ်တိုင် ရင့်ကျက်ဖို့အတွက် အသက်တွေကြီးလာတဲ့အထိ စောင့်စရာမလိုပါဘူး။ ပုဆိုးတွေ ဝတ်နေဖို့လည်း မလိုပါဘူး။ စိတ်ဓါတ်တွေ
မာကျောပြီး လောကဓံကို ခံနိုင်ရည်ရှိဖို့ လူငယ်အရွယ်မှာတင် ရင့်ကျက်အောင် သင့်စိတ်ကိုသင် ပျိုးထောင်နိုင်ပါတယ်။
(၁) ဇွဲလုံလ ရှိရမယ်။
-----------------------------
ရင့်ကျက်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာဟာ မနက်ဖြန်ကစပြီး အစားလျှော့စားတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထက် ပိုခက်ခဲပါတယ်။
ဒါကြောင့် နေ့ချင်းညချင်းတော့ သင်ဟာ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ ဘယ်အရာတွေက သင့်စိတ်ကို
တည်ငြိမ်မှုပေးလဲ၊ အတွေးအခေါ် အမျှော်အမြင်အသစ်တွေ ဖြစ်လာစေလဲ ဆိုတာတွေ သင်ကိုယ်တိုင် ရေရေရာရာနားလည်လာနိုင်ဖို့
အချိန်အတိုင်းအတာတစ်ခုနဲ့ ဇွဲလုံလတို့ လိုအပ်ပါတယ်။
နေ့ချင်းညချင်း မရင့်ကျက်နိုင်ဘူးဆိုလို့ စိတ်တော့ မပျက်သွားပါနဲ့။ ဒါဟာ အမှန်တရားပါ။ ဒါပေမယ့် ရင့်ကျက်သူတစ်ယောက်ဖြစ်ပြီဆိုရင်တော့
သင့်ဘဝဟာ လက်ရှိဘဝနဲ့ နေရထိုင်ရတာချင်း အစပေါင်းများစွာ ကွာသွားပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း။
------------------------------
သင့် ခံစားချက်တွေနဲ့ အပြုအမူတွေကို ထိန်းချုပ်နိုင်ခြင်းဟာ ရင့်ကျက်ခြင်းရဲ့ ပထမဦးဆုံးအဆင့်ပါပဲ။ ဒီလို စိတ်နဲ့ကိုယ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင်
အရင်ဆုံး သင့်အတွေးတွေကို ပြုပြင်ရပါမယ်။ အရင်ကလို အလွယ်တွေးတတ်တဲ့အကျင့်တွေ၊ ဖြစ်သလိုနေတတ်တဲ့အကျင့်တွေကို
ဖျောက်ပစ်ရပါမယ်။ အရိုးရှင်းဆုံး ထိန်းချုပ်နည်းကတော့ ကိုယ်အမူအယာတွေကို ဦးစွာထိန်းချုပ်ပါ။ ကိုယ်အမူအယာတည်ငြိမ်လာတာနဲ့အမျှ
စိတ်ရဲ့တည်ငြိမ်ခြင်းကိုလည်း သင်ခံစားလာရပါလိမ့်မယ်။
(၃) စိတ်ရှည်ရမယ်။
----------------------
ဘယ်အရာကိုမဆို စိတ်ရှည်ရှည်ထားတတ်ဖို့ လိုပါတယ်။ စိတ်မရှည်ခြင်း၊ ဒေါသထွက်ခြင်း၊ သည်းမခံတတ်ခြင်းတွေဟာ ရင့်ကျက်တဲ့စိတ်ရဲ့
လက္ခဏာတွေ မဟုတ်ပါဘူး။
(၄) ကိုယ်ချင်းစာတရားထာရမယ်။
---------------------------------
ရင့်ကျက်တဲ့သူအတော်များများဟာ တစ်ကိုယ်ကောင်းမဆန်တတ်သလို၊ သူ့ဘက်ကိုယ့်ဘက် ချင့်ချိန်ကြည့်ရှုတတ်ပါတယ်။
တစ်ကိုယ်ကောင်းမဆန်တတ်လာတာနဲ့အမျှ သူများခံစားချက်ကို နားလည်လာမယ်။ လူတွေရဲ့ အမြင်တွေကို သိလာမယ်။ ပိုပြီး
ကျယ်ပြန့်တဲ့ အတွေးအခေါ်တွေကိုလည်း ပိုင်ဆိုင်လာနိုင်ပါတယ်။
(၅) ယဉ်ကျေးပါ။
-----------------
ကိုယ်အမူအရာ ယဉ်ကျေးခြင်းဟာ စိတ်ရဲ့ယဉ်ကျေးခြင်းကို ဦးတည်နိုင်ပါတယ်။ အပြောအဆိုကို တတ်နိုင်သမျှ ယဉ်ယဉ်ကျေးကျေးပြောပါ။
ရိုင်းရိုင်းပြပြပြောဆိုမှ ရင်းနှီးတာမဟုတ်ပါဘူး။ ဖော်ဖော်ရွေရွေပြောဆိုခြင်းဖြင့်လည်း သင့်ရင်းနှီးမှုကို ပြနိုင်ပါတယ်။ ရင့်ကျက်တဲ့သူတိုင်းဟာ
ရိုင်းပြလေ့မရှိပါဘူး။
(၆) သင်ယူပါ။
---------------
သင်ယူခြင်းဟာ သင့်ရဲ့အတွေးအခေါ်တွေ၊ ယုံကြည်ချက်တွေနဲ့ ခံယူချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။ များသောအားဖြင့်တော့ ကောင်းတဲ့
အပြောင်းအလဲတွေပဲ ဖြစ်စေပါတယ်။ လူတွေဆီကနေ သင်ယူပါ။ ခရီးသွားခြင်းကနေ သင်ယူပါ။ စာအုပ်စာပေတွေကနေ သင်ယူပါ။
အတိတ်သမိုင်းတွေထဲက သင်ယူပါ။ သင်ယူချင်စိတ်ရှိတဲ့သူတိုင်းအတွက် နေရာတိုင်းမှာ သင်ယူစရာတွေ ရှိနေပါတယ်။
(၇) ယုံကြည်မှုရှိပါ။
-------------------
သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့လည်းပဲ လိုအပ်ပါတယ်။ ယုံကြည်မှုဟာ စွမ်းအင်တစ်ခုအနေနဲ့ သင့်ရဲ့ရင့်ကျက်ခြင်းတွေကို ပိုပြီး ခံညားစေမှာပါ။
(၈) လောကဓံ။
-----------------
အကောင်းတွေကို ရယူနိုင်တဲ့ခါမှာလည်း စိတ်လွတ်ကိုယ်လွတ် အပျော်မကြူးသင့်သလို၊ အဆိုးတွေ ဖြစ်လာတဲ့အခါမှာလည်း
စိတ်ထောင်းကိုယ်ကြေ အရှုံးမပေးသင့်ပါဘူး။ ကောင်းသမျှ၊ ဆိုးသမျှကို ခံနိုင်ရည်ရှိဖို့ နှလုံးသွင်းထားရပါမယ်။
အကောင်းဆုံးကို ရည်ရွယ်ပြီး လုပ်နေပေမယ့် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ။
(Focus Youth E-magazine)

0 comments:

Post a Comment