Friday, January 8, 2016

ဂ်ပန္ေတြဆီက အတုယူစရာေကာင္းတဲ့အခ်က္ ၇ခ်က္။

၁။ ။ယဥ္ေက်းသိမ္ေမြ႕ျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ အလြန္ယဥ္ေက်းသိမ္ေမြ႕ၾကပါတယ္။
တစ္ေယာက္ႏွင့္တစ္ေယာက္ေတြ့တဲ့အခါ"ေကာင္းေသာေန့ေလးပါ၊ေကာင္းေသာညေလးပါ "စသည္ျဖင့္ ႏႈတ္ဆက္ၾကပါတယ္။
အလုပ္ဝင္တဲ့အခါမွာလည္း ေတြ့တဲ့လူတိုင္းကို "ေကာင္းေသာနံနက္ခင္းပါခင္ဗ်ာ"လို့ႏႈတ္ဆက္ၿပီး၊
အလုပ္ၿပီးလို့ျပန္တဲ့အခါမွာလည္း "ဒီေန့ပင္ပန္းသြားပါပီ၊ျပန္ပါေတာ့မယ္ခင္ဗ်ာ"စသည္ျဖင့္ ႏႈတ္ဆက္ၿပီးမွျပန္ၾကပါတယ္။
မ်က္လံုးခ်င္းဆံုလွ်င္ ေခါင္းညိတ္၊ၿပံဳးျပတတ္ၾကၿပီး၊ မေတာ္တစ တိုက္မိၾကတဲ့အခါမွာ သူတို့က စတင္ၿပီးေတာင္းပန္တတ္ၾကပါတယ္။

၂။ ။ အခ်ိန္ကိုေလးစားျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ အခ်ိန္ကို အလြန္ေလးစားတန္ဖိုးထားၾကပါတယ္။
ခ်ိန္းဆိုမႈေတြလုပ္တဲ့အခါမွာ အၿမဲတမ္း ခ်ိန္းဆိုထားတဲ့အခ်ိန္ထက္ ေစာေရာက္ေနေလ့ရွိပါတယ္။
ရထားေတြ၊ကားေတြဟာလည္း အခ်ိန္မွန္ကန္တိက်စြာ ေျပးဆြဲၾကပါတယ္။

၃။ ။စည္းကမ္းရွိျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ အလြန္စည္းကမ္းရွိၾကပါတယ္။
တန္းစီတဲ့အခါမွာ စနစ္တက် စည္းကမ္းရွိရွိ ညီညီညာညာ တန္းစီၾကပါတယ္။
အမႈိက္ပစ္တဲ့အခါမွာလည္း အမႈိက္ကို အမႈိက္ပံုးရွိတဲ့ေနရာအထိ သယ္ျပန္ပီး အမႈိက္ပံုးထဲမွာပဲပစ္ေလ့ရွိပါတယ္။
ေပ်ာ္ပြဲစားထြက္တဲ့အခါမွာလည္း မိမိတို့အမႈိက္ကို မိမိတို့သန့္ရွင္းေအာင္ သိမ္းၿပီးမွျပန္ေလ့ရွိပါတယ္။

၄။ ။ပတ္ဝန္းက်င္ကို အေလးထားျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ မိမိအတြက္ေၾကာင့္ တျခားလူ ဒုကၡေရာက္မွာကို အလြန္စိုးရိမ္ၾကပါတယ္။
ရထားထဲ၊ကားထဲမွာ ပတ္ဝန္းက်င္ အေႏွာင့္အယွက္ျဖစ္ေအာင္ တယ္လီဖုန္းမေျပာၾကပါဘူး။ဖုန္းကိုလည္း အၿမဲတမ္း အသံမထြက္ေအာင္ vibrate mode(တုန္ခါမႈ)ပဲလုပ္ထားၾကပါတယ္။
ဖုန္းလာလွ်င္ ရထား၊ကားကေနဆင္း၊ အျပင္ထြက္ပီး စကားေျပာၾကပါတယ္။
ၿမိဳ့ထဲမွာ ကားအမ်ိဳးမ်ိဳး ေမာင္းႏွင္သြားလာေနၾကေပမယ့္ ကားဟြန္းမတီးၾကပါဘူး။ကားဟြန္းသံ မၾကားရပါဘူး။

၅။ ။ တာဝန္ယူမႈရွိျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ ကိုယ့္တာဝန္ ကိုယ္ယူလိုစိတ္ ျပင္းထန္ၾကပါတယ္။
ကေလးကအစ လူႀကီးအဆံုး ကိုယ့္တာဝန္ကိုယ္ယူၾကပါတယ္။
ဂ်ပန္ေက်ာင္းေတြမွာ သန့္ရွင္းေရးဝန္ထမ္းေတြမထားပါဘူး။
အိမ္သာကအစ စာသင္ခန္းအဆံုး ေက်ာင္းသားေလးေတြက အလွည့္က် သန့္ရွင္ေရးလုပ္ၾကရပါတယ္။
လူႀကီးေတြကလည္း တာဝန္ယူစိတ္အလြန္ ျပင္းထန္ၾကပါတယ္။
ဂ်ပန္အိမ္ေတြမွာ အိမ္ေဖာ္ထားတဲ့ ယဥ္ေက်းမႈဆိုတာ မရွိပါဘူး။
ကိုယ့္အိမ္ကို ကိုယ္ကိုတိုင္ သန့္ရွင္းေရးလုပ္ၿပီး၊ ကိုယ့္မိသားစုအတြက္ ကိုယ္ကိုတိုင္ခ်က္ျပဳတ္ၾကပါတယ္။
ဝန္ထမ္းေတြကလည္း မိမိတို့အမွားလုပ္မိလွ်င္ အမွားလုပ္မိေၾကာင္း ဝန္ခံေတာင္းပန္ၿပီး တာဝန္ယူတဲ့အေနနဲ့ အလုပ္ ကေနႏႈတ္ထြက္ၾကပါတယ္။

၆။ ။အလုပ္ႀကိဳးစားျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ အလုပ္အလြန္ႀကိဳးစားၾကပါတယ္။
ဝန္ထမ္းေတြဟာ အလုပ္ခ်ိန္ထက္ အၿမဲတမ္း နာရီဝက္ ေစာလာေလ့ရွိပါတယ္။
အလုပ္လုပ္ရတာကို အလြန္ႏွစ္သက္ျမတ္ႏိုးၾကပါတယ္။
ေနစရာမရွိလို့ ဘူတာတို့ ပန္းျခံတို့မွာ ေနထိုင္ေနတဲ့ အိုးမဲ့အိမ္မဲ့ေတြေတာင္ မေတာင္းစားၾကပါဘူး။
ကိုယ့္ဝမ္းစာ ကိုယ္ရွာစားၾကပါတယ္။

၇။ ။ခိုင္မာတဲ့ ရည္မွန္းခ်က္ပန္းတိုင္ရွိျခင္း
ဂ်ပန္လူမ်ိဳးေတြဟာ ကိုယ့္ရဲ့အားနည္းခ်က္၊အားသာခ်က္၊ဝါသနာကို တိတိက်က်သိၾကပါတယ္။
ကိုယ္ဘာလုပ္ခ်င္တယ္၊ ဘာျဖစ္ရမယ္ဆိုတဲ့ တိက်တဲ့ရည္မွန္းခ်က္ပန္းတိုင္ရွိၿပီး ရည္မွန္းခ်က္ပန္းတိုင္အထိေရာက္ေအာင္ မျဖစ္မေနႀကိဳးစားၾကပါတယ္။
Unicode
ဂျပန်တွေဆီက အတုယူစရာကောင်းတဲ့အချက် ၇ချက်။

၁။ ။ယဉ်ကျေးသိမ်မွေ့ခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။
တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ"ကောင်းသောနေ့လေးပါ၊ကောင်းသောညလေးပါ "စသည်ဖြင့် နှုတ်ဆက်ကြပါတယ်။
အလုပ်ဝင်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို "ကောင်းသောနံနက်ခင်းပါခင်ဗျာ"လို့နှုတ်ဆက်ပြီး၊
အလုပ်ပြီးလို့ပြန်တဲ့အခါမှာလည်း "ဒီနေ့ပင်ပန်းသွားပါပီ၊ပြန်ပါတော့မယ်ခင်ဗျာ"စသည်ဖြင့် နှုတ်ဆက်ပြီးမှပြန်ကြပါတယ်။
မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တစ တိုက်မိကြတဲ့အခါမှာ သူတို့က စတင်ပြီးတောင်းပန်တတ်ကြပါတယ်။

၂။ ။ အချိန်ကိုလေးစားခြင်း
ဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။
ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။
ရထားတွေ၊ကားတွေဟာလည်း အချိန်မှန်ကန်တိကျစွာ ပြေးဆွဲကြပါတယ်။

၃။ ။စည်းကမ်းရှိခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။
တန်းစီတဲ့အခါမှာ စနစ်တကျ စည်းကမ်းရှိရှိ ညီညီညာညာ တန်းစီကြပါတယ်။
အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။
ပျော်ပွဲစားထွက်တဲ့အခါမှာလည်း မိမိတို့အမှိုက်ကို မိမိတို့သန့်ရှင်းအောင် သိမ်းပြီးမှပြန်လေ့ရှိပါတယ်။

၄။ ။ပတ်ဝန်းကျင်ကို အလေးထားခြင်း
ဂျပန်လူမျိုးတွေဟာ မိမိအတွက်ကြောင့် တခြားလူ ဒုက္ခရောက်မှာကို အလွန်စိုးရိမ်ကြပါတယ်။
ရထားထဲ၊ကားထဲမှာ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် တယ်လီဖုန်းမပြောကြပါဘူး။ဖုန်းကိုလည်း အမြဲတမ်း အသံမထွက်အောင် vibrate mode(တုန်ခါမှု)ပဲလုပ်ထားကြပါတယ်။
ဖုန်းလာလျှင် ရထား၊ကားကနေဆင်း၊ အပြင်ထွက်ပီး စကားပြောကြပါတယ်။
မြို့ထဲမှာ ကားအမျိုးမျိုး မောင်းနှင်သွားလာနေကြပေမယ့် ကားဟွန်းမတီးကြပါဘူး။ကားဟွန်းသံ မကြားရပါဘူး။

၅။ ။ တာဝန်ယူမှုရှိခြင်း
ဂျပန်လူမျိုးတွေဟာ ကိုယ့်တာဝန် ကိုယ်ယူလိုစိတ် ပြင်းထန်ကြပါတယ်။
ကလေးကအစ လူကြီးအဆုံး ကိုယ့်တာဝန်ကိုယ်ယူကြပါတယ်။
ဂျပန်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေမထားပါဘူး။
အိမ်သာကအစ စာသင်ခန်းအဆုံး ကျောင်းသားလေးတွေက အလှည့်ကျ သန့်ရှင်ရေးလုပ်ကြရပါတယ်။
လူကြီးတွေကလည်း တာဝန်ယူစိတ်အလွန် ပြင်းထန်ကြပါတယ်။
ဂျပန်အိမ်တွေမှာ အိမ်ဖော်ထားတဲ့ ယဉ်ကျေးမှုဆိုတာ မရှိပါဘူး။
ကိုယ့်အိမ်ကို ကိုယ်ကိုတိုင် သန့်ရှင်းရေးလုပ်ပြီး၊ ကိုယ့်မိသားစုအတွက် ကိုယ်ကိုတိုင်ချက်ပြုတ်ကြပါတယ်။
ဝန်ထမ်းတွေကလည်း မိမိတို့အမှားလုပ်မိလျှင် အမှားလုပ်မိကြောင်း ဝန်ခံတောင်းပန်ပြီး တာဝန်ယူတဲ့အနေနဲ့ အလုပ် ကနေနှုတ်ထွက်ကြပါတယ်။

၆။ ။အလုပ်ကြိုးစားခြင်း
ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်ကြိုးစားကြပါတယ်။
ဝန်ထမ်းတွေဟာ အလုပ်ချိန်ထက် အမြဲတမ်း နာရီဝက် စောလာလေ့ရှိပါတယ်။
အလုပ်လုပ်ရတာကို အလွန်နှစ်သက်မြတ်နိုးကြပါတယ်။
နေစရာမရှိလို့ ဘူတာတို့ ပန်းခြံတို့မှာ နေထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့တွေတောင် မတောင်းစားကြပါဘူး။
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါတယ်။

၇။ ။ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိခြင်း
ဂျပန်လူမျိုးတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊အားသာချက်၊ဝါသနာကို တိတိကျကျသိကြပါတယ်။
ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ရမယ်ဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိပြီး ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် မဖြစ်မနေကြိုးစားကြပါတယ်။

0 comments:

Post a Comment