Friday, January 22, 2016

ကြန္ပ်ဴတာ ဆာဗာ ဆိုသည္မွာ


ကြန္ပ်ဴတာ ဆာဗာ ဆိုၿပီး ေျပာေနၾကတယ္ ဘာရယ္ လို႔ တိတိ က်က် သိလွတဲ့သူ နည္းမယ္ ထင္ပါတယ္။ ကြန္ပ်ဴတာ ကေတာ့ ေျပာစရာ သိပ္လိုမယ္ မထင္ပါဘူး အားလုံး သိၾကတယ္။ ဆာဗာ (Server) ဆိုတာ က ခုေခတ္မွာ ေက်ာင္း၊ ႐ုံး၊ တကၠသိုလ္၊ ေဆး႐ုံက အစ အားလုံး သုံးလာၾကပါၿပီ။ 

ဘာေၾကာင့္လဲ ဆိုေတာ့ ကြန္ပ်ဴတာ သုံးတယ္ ဆိုတာ တစ္လုံးတည္း မဟုတ္ေတာ့ဘူး။ ေနရာတိုင္း မွာ ကြန္ပ်ဴတာေတြ အမ်ားႀကီး သုံးလာၾကတာ ဆိုေတာ့ အဲဒီ ကြန္ပ်ဴတာ အခ်င္းခ်င္း ခ်ိတ္ဆက္ႏိုင္ဖို႔ လိုလာ တယ္။ 

ဒါေၾကာင့္ ဆာဗာ ဆိုတာလည္း ေပၚေပါက္လာရတယ္။ ဆာဗာ ကို ဘယ္လို ရည္႐ြယ္ခ်က္ နဲ႔ သုံးရတယ္ ဆိုတာ သိဖို႔လိုတယ္။

လူေတြက “ဆာဗာ ကေတာ့ က်ေနၿပီ” “ဆာဗာ ကို ခ်ိတ္လို႔ မရဘူး” စသျဖင့္ ေျပာဆို သံေတြ ဌာနဆိုင္ ရာေတြ နဲ႔ လုပ္ငန္းေတြ မွာ ၾကားလာရတယ္။ 

အလားတူ ပဲ ကြန္ပ်ဴတာ အင္တာနက္ ဆိုင္ရာ ပစၥည္းေတြကို သုံးေနရင္လည္း The server is down ဆိုတာ နဲ႔ Cannot establish connection to server ဆိုတဲ့ စာတန္းေတြနဲ႔ လည္း မၾကာၾကာ ရင္ဆိုင္ ဖူးၾကမယ္ ထင္ပါတယ္။ 




ဒီလိုျဖစ္ရတာ အေၾကာင္းႏွစ္ခ်က္ ရွိပါတယ္။

-         ကြန္ပ်ဴတာေၾကာင့္ လည္း ျဖစ္ႏိုင္တယ္။ ကြန္ပ်ဴတာေတြ အမ်ားႀကီး ခ်ိတ္ဆက္ ထားမယ္၊ လိုအပ္တဲ့ ပမာဏထက္ ပိုၿပီး ခ်ိတ္ဆက္ သုံးေနမယ္ ဆိုရင္လည္းျဖစ္တတ္တယ္။

-         Client/ Server ဆိုတဲ့ programming model ေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္။

ကြန္ပ်ဴတာ ဆာဗာ တစ္ခုတြင္ ရွိရမည့္ အဂၤါရပ္မ်ား

 စြမ္းအားျမင့္ တဲ့ RAM သို႔မဟုတ္ Memory ထည့္ထား ရမယ္

ဆာဗာေထာင္လိုက္ၿပီ ဆိုတာ နဲ႔ ကြန္ပ်ဴတာ အသီးသီးရဲ႕ ဆက္သြယ္မႈ ကို ခံရေတာ့ မွာျဖစ္တာေၾကာင့္ အျမန္ႏႈန္းျမင့္ျမင့္ ေဆာင္႐ြက္ႏိုင္ဖို႔လိုပါတယ္။ ဒါေၾကာင့္ RAM မ်ားမ်ား ထည့္ႏိုင္စြမ္း ရွိဖို႔လိုတယ္။

ပ႐ိုဆက္ဆာ Speed ကလည္း လုံေလာက္တဲ့ ပမာဏျဖစ္ရမယ္

ပ႐ိုဆက္ဆာ (processor) နိမ့္ရင္ လုပ္ငန္း လုပ္ေဆာင္ႏိုင္စြမ္းေႏွးၿပီး အျခား ခ်ိတ္ဆက္ လုပ္ေဆာင္ရတဲ့ လုပ္ငန္းေတြ မွာ အားနည္း တတ္တယ္။ ဒါေၾကာင့္ ကိုယ့္ ဆာဗာ အျဖစ္သုံးမယ့္ ကြန္ပ်ဴတာ မွ ပ႐ိုဆက္ဆာ ကလည္း အားေကာင္းဖို႔လိုတယ္။

ဟာ့ဒ္ဒစ္ ကလည္း သိုေလွာင္ႏိုင္စြမ္း ပမာဏ ျမင့္မားရမယ္

ဆာဗာ ဆိုတဲ့ အတြက္ ေဒတာေတြ ကို လာၿပီး ထည့္ၾကလိမ့္မယ္။ ကြန္ပ်ဴတာ မ်ားမ်ား နဲ႔ ခ်ိတ္ဆက္ ထားေလ ေဒတာ မ်ားမ်ား သိုေလွာင္ဖို႔ ေနရာလြတ္ မ်ားမ်ား လိုေလပဲ။ ဒါေၾကာင့္ သိုေလွာင္ (storage) ပမာဏမ်ားမ်ား ထည့္ႏိုင္ေအာင္ စီစဥ္ ေပးထားသင့္တယ္။

အေအးေပး ပန္ကာ စနစ္ေကာင္းရမယ္

တစ္ေန႔လုံး တစ္ညလုံး ဖြင့္သုံး မွာျဖစ္တဲ့ အျပင္၊ ကြန္ပ်ဴတာ အမ်ားႀကီး နဲ႔ ခ်ိတ္သုံးေနရတာ ဆိုေတာ့ အပူခ်ိန္ ကလည္း အနည္း နဲ႔ အမ်ား ဆိုသလို တက္ေနမွာပဲ။ ဒါေၾကာင့္ ဆာဗာ ထဲမွာပဲ အေအးေပး စနစ္ေကာင္းေန ဖို႔ လိုသလို ေလဝင္ေလထြက္ လည္း ေကာင္းတဲ့ေနရာ မွာ ထားဖို႔လိုတယ္။ 

မ်ားေသာ အားျဖင့္ေတာ့ ဆာဗာထဲ ထည့္တဲ့ ဟာ့ဒ္ဝဲေတြ က အဆင့္အတန္းျမင့္တာေတြ နဲ႔ အာမခံခ်က္ရွိတဲ့ ပစၥည္းေတြျဖစ္ဖို႔ လိုတယ္။ ဟာ့ဒ္ဝဲေကာင္းေကာင္း ဆိုရင္ စြမ္းေဆာင္ရည္ေကာင္းတာေၾကာင့္ အပူရွိန္ တက္တာကို ထိန္းႏိုင္တဲ့ အျပင္ ပ်က္စီးႏႈန္း လည္း နည္းႏိုင္တယ္။

စက္လည္ပတ္ေရး စနစ္ OS (Operating System) ကို ထိေရာက္တာမ်ိဳး သုံးရမယ္

ဆာဗာ မွာ သုံးတဲ့ OS က အေရးႀကီးတယ္။ ဌာန တစ္ခုလုံး နဲ႔ အဆင္ေျပစြာ သုံးႏိုင္တဲ့ OS ျဖစ္ရန္ လို သလို OS တိုင္း လိုလို နဲ႔ အဆင္ေျပစြာ သုံးႏိုင္တာမ်ိဳး လည္း ျဖစ္ရမယ္။ ဆာဗာ အတြက္ အေကာင္းဆုံး သုံးႏိုင္ တဲ့ OS အျဖစ္ ႏိုင္ငံတကာ မွာေတာ့ Linux ကို အမွတ္ေပးၾကတယ္။

ဆာဗာမွာ သုံးတဲ့ ဟာ့ဒ္ဝဲေတြ အာမခံခ်က္ ရွိရမယ္

ဆာဗာ ဆိုတာ ရပ္သြားလို႔၊ ပိတ္ထားလိုက္ လို႔ မရဘူး။ စက္ပစၥည္း ဟာ့ဒ္ဝဲ အပိုင္း မေကာင္းလို႔ ထိုးရပ္ သြားရင္ အားလုံး ဒုကၡ ေတြ႕ႏိုင္တယ္။ လုပ္ငန္းေတြ အားလုံး သူ႕ကို မွီခို လုပ္ကိုင္ေနရတာျဖစ္လို႔ ပိုၿပီး အေရးႀကီးတယ္။ ဒါေၾကာင့္ ဟာ့ဒ္ဝဲလည္းေကာင္း ရမယ္၊ သတ္မွတ္ထားတာထက္ လည္း ပို မသုံးမိေအာင္ ဂ႐ုစိုက္ရမယ္။

Power Supply ေကာင္းေကာင္းထားရမယ္

UPS (uninterrupted power supply) လို႔ေခၚတဲ့ မီးပ်က္ရင္ ဆက္ၿပီး အလုပ္လုပ္ႏိုင္ တဲ့ ပစၥည္း ကို ခံထား ရမယ္။ UPS ကို အင္ဗာတာ (inverter) နဲ႔ လည္း တြဲထားေကာင္း တြဲထား ရမယ္။ လၽွပ္စစ္ ဓာတ္ အား အျဖတ္ အေတာက္၊ အျပတ္ အေတာက္ေကာင္းစြာ ခံႏိုင္စြမ္း ရွိရမယ္။

ဆာဗာ အမ်ိဳးအစားမ်ား
Application servers, Database server, File server, FTP servers, Game server, Mail server, Network server, Home server, Fax server, Name server, Print server, Proxy server, Stand-alone server, Virtual servers, Sound server, Web server, Real-time communication servers (chat servers)

Unicode
ကွန်ပျူတာ ဆာဗာ ဆိုသည်မှာ

ကွန်ပျူတာ ဆာဗာ ဆိုပြီး ပြောနေကြတယ် ဘာရယ် လို့ တိတိ ကျကျ သိလှတဲ့သူ နည်းမယ် ထင်ပါတယ်။ ကွန်ပျူတာ ကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံး သိကြတယ်။ ဆာဗာ (Server) ဆိုတာ က ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံက အစ အားလုံး သုံးလာကြပါပြီ။ 

ဘာကြောင့်လဲ ဆိုတော့ ကွန်ပျူတာ သုံးတယ် ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်း မှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာ ဆိုတော့ အဲဒီ ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာ တယ်။ 

ဒါကြောင့် ဆာဗာ ဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ သုံးရတယ် ဆိုတာ သိဖို့လိုတယ်။

လူတွေက “ဆာဗာ ကတော့ ကျနေပြီ” “ဆာဗာ ကို ချိတ်လို့ မရဘူး” စသဖြင့် ပြောဆို သံတွေ ဌာနဆိုင် ရာတွေ နဲ့ လုပ်ငန်းတွေ မှာ ကြားလာရတယ်။ 

အလားတူ ပဲ ကွန်ပျူတာ အင်တာနက် ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာ နဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့ လည်း မကြာကြာ ရင်ဆိုင် ဖူးကြမယ် ထင်ပါတယ်။ 




ဒီလိုဖြစ်ရတာ အကြောင်းနှစ်ချက် ရှိပါတယ်။

-         ကွန်ပျူတာကြောင့် လည်း ဖြစ်နိုင်တယ်။ ကွန်ပျူတာတွေ အများကြီး ချိတ်ဆက် ထားမယ်၊ လိုအပ်တဲ့ ပမာဏထက် ပိုပြီး ချိတ်ဆက် သုံးနေမယ် ဆိုရင်လည်းဖြစ်တတ်တယ်။

-         Client/ Server ဆိုတဲ့ programming model တွေကြောင့်လည်း ဖြစ်နိုင်တယ်။

ကွန်ပျူတာ ဆာဗာ တစ်ခုတွင် ရှိရမည့် အင်္ဂါရပ်များ

 စွမ်းအားမြင့် တဲ့ RAM သို့မဟုတ် Memory ထည့်ထား ရမယ်

ဆာဗာထောင်လိုက်ပြီ ဆိုတာ နဲ့ ကွန်ပျူတာ အသီးသီးရဲ့ ဆက်သွယ်မှု ကို ခံရတော့ မှာဖြစ်တာကြောင့် အမြန်နှုန်းမြင့်မြင့် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် RAM များများ ထည့်နိုင်စွမ်း ရှိဖို့လိုတယ်။

ပရိုဆက်ဆာ Speed ကလည်း လုံလောက်တဲ့ ပမာဏဖြစ်ရမယ်

ပရိုဆက်ဆာ (processor) နိမ့်ရင် လုပ်ငန်း လုပ်ဆောင်နိုင်စွမ်းနှေးပြီး အခြား ချိတ်ဆက် လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေ မှာ အားနည်း တတ်တယ်။ ဒါကြောင့် ကိုယ့် ဆာဗာ အဖြစ်သုံးမယ့် ကွန်ပျူတာ မှ ပရိုဆက်ဆာ ကလည်း အားကောင်းဖို့လိုတယ်။

ဟာ့ဒ်ဒစ် ကလည်း သိုလှောင်နိုင်စွမ်း ပမာဏ မြင့်မားရမယ်

ဆာဗာ ဆိုတဲ့ အတွက် ဒေတာတွေ ကို လာပြီး ထည့်ကြလိမ့်မယ်။ ကွန်ပျူတာ များများ နဲ့ ချိတ်ဆက် ထားလေ ဒေတာ များများ သိုလှောင်ဖို့ နေရာလွတ် များများ လိုလေပဲ။ ဒါကြောင့် သိုလှောင် (storage) ပမာဏများများ ထည့်နိုင်အောင် စီစဉ် ပေးထားသင့်တယ်။

အအေးပေး ပန်ကာ စနစ်ကောင်းရမယ်

တစ်နေ့လုံး တစ်ညလုံး ဖွင့်သုံး မှာဖြစ်တဲ့ အပြင်၊ ကွန်ပျူတာ အများကြီး နဲ့ ချိတ်သုံးနေရတာ ဆိုတော့ အပူချိန် ကလည်း အနည်း နဲ့ အများ ဆိုသလို တက်နေမှာပဲ။ ဒါကြောင့် ဆာဗာ ထဲမှာပဲ အအေးပေး စနစ်ကောင်းနေ ဖို့ လိုသလို လေဝင်လေထွက် လည်း ကောင်းတဲ့နေရာ မှာ ထားဖို့လိုတယ်။ 

များသော အားဖြင့်တော့ ဆာဗာထဲ ထည့်တဲ့ ဟာ့ဒ်ဝဲတွေ က အဆင့်အတန်းမြင့်တာတွေ နဲ့ အာမခံချက်ရှိတဲ့ ပစ္စည်းတွေဖြစ်ဖို့ လိုတယ်။ ဟာ့ဒ်ဝဲကောင်းကောင်း ဆိုရင် စွမ်းဆောင်ရည်ကောင်းတာကြောင့် အပူရှိန် တက်တာကို ထိန်းနိုင်တဲ့ အပြင် ပျက်စီးနှုန်း လည်း နည်းနိုင်တယ်။

စက်လည်ပတ်ရေး စနစ် OS (Operating System) ကို ထိရောက်တာမျိုး သုံးရမယ်

ဆာဗာ မှာ သုံးတဲ့ OS က အရေးကြီးတယ်။ ဌာန တစ်ခုလုံး နဲ့ အဆင်ပြေစွာ သုံးနိုင်တဲ့ OS ဖြစ်ရန် လို သလို OS တိုင်း လိုလို နဲ့ အဆင်ပြေစွာ သုံးနိုင်တာမျိုး လည်း ဖြစ်ရမယ်။ ဆာဗာ အတွက် အကောင်းဆုံး သုံးနိုင် တဲ့ OS အဖြစ် နိုင်ငံတကာ မှာတော့ Linux ကို အမှတ်ပေးကြတယ်။

ဆာဗာမှာ သုံးတဲ့ ဟာ့ဒ်ဝဲတွေ အာမခံချက် ရှိရမယ်

ဆာဗာ ဆိုတာ ရပ်သွားလို့၊ ပိတ်ထားလိုက် လို့ မရဘူး။ စက်ပစ္စည်း ဟာ့ဒ်ဝဲ အပိုင်း မကောင်းလို့ ထိုးရပ် သွားရင် အားလုံး ဒုက္ခ တွေ့နိုင်တယ်။ လုပ်ငန်းတွေ အားလုံး သူ့ကို မှီခို လုပ်ကိုင်နေရတာဖြစ်လို့ ပိုပြီး အရေးကြီးတယ်။ ဒါကြောင့် ဟာ့ဒ်ဝဲလည်းကောင်း ရမယ်၊ သတ်မှတ်ထားတာထက် လည်း ပို မသုံးမိအောင် ဂရုစိုက်ရမယ်။

Power Supply ကောင်းကောင်းထားရမယ်

UPS (uninterrupted power supply) လို့ခေါ်တဲ့ မီးပျက်ရင် ဆက်ပြီး အလုပ်လုပ်နိုင် တဲ့ ပစ္စည်း ကို ခံထား ရမယ်။ UPS ကို အင်ဗာတာ (inverter) နဲ့ လည်း တွဲထားကောင်း တွဲထား ရမယ်။ လျှပ်စစ် ဓာတ် အား အဖြတ် အတောက်၊ အပြတ် အတောက်ကောင်းစွာ ခံနိုင်စွမ်း ရှိရမယ်။

ဆာဗာ အမျိုးအစားများ
Application servers, Database server, File server, FTP servers, Game server, Mail server, Network server, Home server, Fax server, Name server, Print server, Proxy server, Stand-alone server, Virtual servers, Sound server, Web server, Real-time communication servers (chat servers)

0 comments:

Post a Comment