Saturday, January 9, 2016

စမတ္ဖုန္းမ်ားမွာ ပါတဲ့ NFC ရဲ႕ အသံုး၀င္ပံုမ်ား

NFC Hardware မ်ားကို Device ေတာ္ေတာ္မ်ားမ်ား မွာ ထည့္သြင္းလာၾကပါၿပီ။ အထူးသျဖင့္ စမတ္ဖုန္း မ်ားမွာ NFC ကို ထည့္သြင္းလာၾကသလို Laptop အခ်ိဳ႕မွာလည္း NFC ကို ထည့္သြင္းလာၾကပါတယ္။ NFC ကို ေငြေပးေခ်ျခင္း ၊ လံုျခံဳေရးေသာ့ အျဖစ္ အသံုးျပဳျခင္း၊ သတင္းအခ်က္အလက္မ်ား ေပးပို႔ရယူျခင္း စတာေတြအျပင္ အျခားကိစၥမ်ား မွာ အသံုးျပဳႏုိင္ပါတယ္။
NFC ဟာ QR Code ေတြထက္ ပိုမိုေကာင္းမြန္တဲ့ အဆင့္ျမင့္ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းထုတ္ စမတ္ဖုန္းမ်ား မွာ NFC Hardware ပါရွိၾကပါတယ္။ ဒါေပမယ့္ လူအမ်ားစု ဟာ NFC ကို အသံုးျပဳေလ့မရွိၾကပါဘူး။

NFC ဆိုတာဘာလဲ?
--------------------
NFC ရဲ႕ အရွည္ က Near Field Communication ျဖစ္ပါတယ္။ NFC ဟာ စမတ္ဖုန္း နဲ႔ အျခား Device မ်ားကို ေရဒီယိုလႈိင္းမ်ား ကေနတစ္ဆင့္ ဆက္သြယ္လို႔ရေစတဲ့ စံႏႈန္း တစ္ခု ျဖစ္ပါတယ္။ စမတ္ဖုန္းမ်ား ကို နီးကပ္တဲ့အကြာအေ၀း မွာ ထားရွိရမွာ ျဖစ္ပါတယ္။ NFC က RFID နဲ႔ အလုပ္လုပ္ပံုခ်င္း ဆင္တူေပမယ့္ NFC ဟာ RFID ထက္ နီးကပ္တဲ့ အကြာအေ၀းမွာ အသံုးျပဳရမွာျဖစ္ပါတယ္။ NFC ကို အသံုးျပဳႏုိင္တဲ့ အကြာအေ၀း မွာ ေလးလက္မ ျဖစ္ပါတယ္။

NFC Hardware တပ္ဆင္ထားတဲ့ Device အခ်င္းခ်င္း ဆက္သြယ္မႈေတြ ျပဳလုပ္ႏုိင္သလို NFC Device မ်ားနဲ႔ NFC Tags မ်ား ကိုလည္း ဆက္သြယ္ႏုိင္ပါတယ္။ NFC Tag ဆိုတာ အျခား စမတ္ဖုန္း ဒါမွမဟုတ္ NFC Device မ်ားက စြမ္းအင္ ကို အသံုးျပဳလည္ပတ္တဲ့ NFC Chip ျဖစ္ပါတယ္။ NFC Tag မ်ားမွာ ကိုယ္ပိုင္ ဘက္ထရီ မပါရွိၾကပါဘူး။ NFC Tag မ်ား ဟာ QR Codes အသံုးျပဳတာထက္ ပိုမိုလွ်င္ျမန္ လြယ္ကူေစပါ တယ္။

NFC Device မ်ား ကို ခ်ိတ္ဆက္ဖို႔အတြက္ Device ႏွစ္ခု ကို ထိေတြ႔ေပးရမွာ ျဖစ္ပါတယ္။ ဥပမာ အားျဖင့္ NFC Smartphone ႏွစ္လံုး ကို ေက်ာခ်င္းကပ္ ေပးရမွာ ျဖစ္ပါတယ္။ NFC Tag နဲ႔ ခ်ိတ္ဆက္ဖို႔ NFC Smartphone ရဲ႕ ေနာက္ေက်ာ ကို NFC Tag နဲ႔ ထိကပ္ေပးရမွာ ျဖစ္ပါတယ္။

NFC ကို Nexus 4, Galaxy Nexus, Nexus 5, Galaxy S3 , Galaxy S4, Galaxy S5, HTC One X, HTC One M8 တို႔ အပါအ၀င္ အျခား စြမ္းေဆာင္ရည္ျမင့္ Android Device မ်ားမွာ ထည့္သြင္းေပးထား ပါတယ္။ NFC ကို အသံုးျပဳလို႔ရတာ Android တစ္ခုထဲ မဟုတ္ပါဘူး။ Nokia Lumia လို Windows Phone မ်ားနဲ႔ HTC Windows Phone 8X မွာလည္း NFC ပါရွိပါတယ္။ BlackBerry Device အေတာ္ မ်ားမ်ား မွာလည္း NFC ပါရွိၾကပါတယ္။ Apple ရဲ႕ iPhone မ်ားမွာေတာ့ NFC Hardware မပါရွိၾကပါဘူး။

Mobile Payments
-------------------
NFC ကို ေငြေပးေခ်တဲ့ ကိစၥမ်ား မွာ အသံုးျပဳႏုိင္ပါတယ္။ MasterCard’s ရဲ႕ PayPass က NFC ကို အသံုးျပဳပါတယ္။ NFC Smartphone ကို NFC ေငြလက္ခံတဲ့စက္ကို ထိေတြ႔ေပးရံု ဒါမွမဟုတ္ စက္နား မွာ စမတ္ဖုန္း ကို ေ၀ွ႕ယမ္းရံု နဲ႔ ေငြေပးေခ်ျခင္း ကို လွ်င္ျမန္စြာ ျပဳလုပ္ႏုိင္ပါတယ္။ Google Wallet ကလည္း NFC ကို အသံုးျပဳတာျဖစ္ပါတယ္။ San Francisco မွာ NFC Parking Meters မ်ား ရွိပါတယ္။ NFC Phone ကို Parking Meter ကို ထိေတြ႔ရံုျဖင့္ ကားရပ္နားခေငြ ကို ေပးေခ်ႏုိင္ပါတယ္။

ေဒတာမ်ားကို ႀကိဳးမဲ့ ေပးပို႔ ရယူႏိုင္ျခင္း
----------------------------------------
NFC Smartphone ႏွစ္လံုးၾကားမွာ ေဒတာမ်ား ကို ႀကိဳးမဲ့ ေပးပို႔ ရယူ ႏုိင္ပါတယ္။ Android Phone မ်ားမွာ Web Page,Contact, Photo, Video နဲ႔ အျခား သတင္းအခ်က္အလက္မ်ားကို လွ်င္ျမန္စြာ ေပးပို႔ရယူ ႏုိင္ တဲ့ Android Beam စြမ္းေဆာင္ခ်က္ ပါရွိပါတယ္။ ဖုန္း ႏွစ္လံုးကို ေက်ာခ်င္းကပ္ ထိေတြ႔ေပးၿပီး ေဒတာမ်ား ကို ကူးေျပာင္းႏုိင္ပါတယ္။ ဖိုင္ကူးေျပာင္းမႈကို Bluetooth ဆက္သြယ္မႈမွ တစ္ဆင့္ ျပဳလုပ္တာျဖစ္ပါတယ္။ ဒါေပမယ့္ Pair ျပဳလုပ္စရာမလိုဘဲ အလုပ္ရႈပ္သက္သာေစပါတယ္။ BlackBerry နဲ႔ Windows Phone မ်ားမွာလည္း အဲဒီနည္းအတိုင္း ျပဳလုပ္ရတာ ျဖစ္ပါတယ္။

NFC Tags
------------
NFC Tags မ်ား ဟာ ေစ်းႏႈန္း ခ်ိဳသာပါတယ္။ စမတ္ဖုန္း က NFC Tag ကို ထိေတြ႔ရင္ ျပဳလုပ္ေစခ်င္တဲ့ အလုပ္ကို NFC Tag မ်ားမွာ သတ္မွတ္ရမွာ ျဖစ္ပါတယ္။ ဥပမာ အားျဖင့္ ညအိပ္ယာ၀င္ရင္ စမတ္ဖုန္း ကို Silent Mode ျပဳလုပ္ေလ့ရွိသူမ်ား ရွိၾကပါတယ္။ အဲဒီလူမ်ား ဟာ ေန႔စဥ္ေန႔တိုင္း အိပ္ယာ၀င္ ရင္ Silent Mode ကို ကိုယ္တိုင္ ေျပာင္းလဲရပါတယ္။ ဒီလို ကိုယ္တိုင္ ေျပာင္းလဲမႈ မျပဳလုပ္ခ်င္ရင္ NFC Tag ကို အသံုးျပဳႏုိင္ပါတယ္။ NFC Tag ကို အိပ္ယာ ရဲ႕ ေဘးနား က စားပြဲ မွာ ထားရွိရမွာ ျဖစ္ပါတယ္။ အိပ္ယာ၀င္ရင္ စမတ္ဖုန္း ကို NFC Tag ေပၚတင္လိုက္ရံုနဲ႔ Silent Mode ကို အလိုအေလွ်ာက္ ေျပာင္းေပး မွာ ျဖစ္ပါတယ္။  WiFi Network ရဲ႕ SSID နဲ႔ Password ပါတဲ့ NFC Tag မ်ားကိုလည္း ျပဳလုပ္ႏုိင္ပါတယ္။ သူငယ္ခ်င္းမ်ား သင့္ အိမ္ ကို အလည္လာရင္ သူတို႔ရဲ႕ ဖုန္းမ်ား ကို NFC Tag ကို ထိေတြ႔ေပးျခင္းျဖင့္ WiFi Network ကို Log On ၀င္ေရာက္ ႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ NFC Tag ဟာ Password မ်ား ရိုက္ထည့္ရတဲ့ အလုပ္ရႈပ္မႈ ကို သက္သာေစမွာ ျဖစ္ပါတယ္။ ဒါေတြဟာ ဥပမာ အနည္းငယ္သာ ျဖစ္ၿပီး NFC Tag မ်ား ဟာ အလုပ္မ်ားစြာ ျပဳလုပ္ေပးႏုိင္ပါတယ္။

အျခား အသံုး၀င္ပံုမ်ား
----------------------
NFC ရဲ႕ အသံုး၀င္ပံုမ်ားစြာ ရွိၿပီး အနည္းငယ္ ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

• သတင္းအခ်က္အလက္မ်ားကို လွ်င္ျမန္စြာ Download ျပဳလုပ္ႏုိင္ျခင္း။ စီးပြားေရးလုပ္ငန္းမ်ား ၊ ေၾကာ္ညာမ်ား နဲ႔ ထုတ္ကုန္မ်ား ဟာ QR Code မ်ားကို အသံုးျပဳၾကပါတယ္။ QR Code မ်ားကို စမတ္ဖုန္း ရဲ႕ ကင္မရာကေန Scan ျပဳလုပ္ၿပီး သတင္းအခ်က္အလက္မ်ားကို ၾကည့္ရႈႏိုင္ပါတယ္။ NFC ကလည္း QR Code ရဲ႕ စြမ္းေဆာင္ခ်က္လို ျပဳလုပ္ေပးႏုိင္ပါတယ္။ သတင္းအခ်က္အလက္မ်ား ထည့္သြင္းထားတဲ့ NFC Chip ကို စမတ္ဖုန္း ျဖင့္ ထိေတြ႔ေပးရံု နဲ႔ သတင္းအခ်က္အလက္မ်ားကို လွ်င္ျမန္စြာ သိႏုိင္မွာ ျဖစ္ပါတယ္။ QR Code မွာလို ကင္မရာ ကေန Scan လုပ္ရတဲ့ အလုပ္ရႈပ္မႈမ်ား ကင္းေ၀းေစပါတယ္။
• လံုျခံဳေရး။ NFC Smartphone မ်ား ကို လံုျခံဳေရးေသာ့ အျဖစ္ အသံုးျပဳႏုိင္ပါတယ္။ ကားထုတ္လုပ္သူမ်ား က NFC ကားေသာ့မ်ားကို တီထြင္ေနၾကပါတယ္။
• ထြက္ခြာခြင့္လက္မွတ္။ အခ်ိဳ႕ေလေၾကာင္းလိုင္းမ်ားနဲ႔ ေမာ္ေတာ္ကားလိုင္းမ်ားမွာ NFC Smartphone ကို အသံုးျပဳၿပီး ထြက္ခြာခြင့္ေပးတဲ့ စနစ္ကို စမ္းသပ္ေနၾကပါတယ္။

အခုေဆာင္းပါးမွာ ေရးသားေပးလိုက္တာေတြကေတာ့ အခုေလာေလာဆယ္ မွာ NFC ရဲ႕ အသံုး၀င္ပံု မ်ား ျဖစ္ပါတယ္။ အနာဂတ္ မွာ NFC နည္းပညာဟာ ပိုမိုတိုးတက္ ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။  ဗဟုသုတရေစရန္အလို႔ငွာတင္ေပးထားျခင္းျဖစ္ပါသည္။

စာေရးသူ - သူရ (Myanmar Digital Life Journal)
Visit website

Unicode
စမတ်ဖုန်းများမှာ ပါတဲ့ NFC ရဲ့ အသုံး၀င်ပုံများ

NFC Hardware များကို Device တော်တော်များများ မှာ ထည့်သွင်းလာကြပါပြီ။ အထူးသဖြင့် စမတ်ဖုန်း များမှာ NFC ကို ထည့်သွင်းလာကြသလို Laptop အချို့မှာလည်း NFC ကို ထည့်သွင်းလာကြပါတယ်။ NFC ကို ငွေပေးချေခြင်း ၊ လုံခြုံရေးသော့ အဖြစ် အသုံးပြုခြင်း၊ သတင်းအချက်အလက်များ ပေးပို့ရယူခြင်း စတာတွေအပြင် အခြားကိစ္စများ မှာ အသုံးပြုနိုင်ပါတယ်။
NFC ဟာ QR Code တွေထက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် စမတ်ဖုန်းများ မှာ NFC Hardware ပါရှိကြပါတယ်။ ဒါပေမယ့် လူအများစု ဟာ NFC ကို အသုံးပြုလေ့မရှိကြပါဘူး။

NFC ဆိုတာဘာလဲ?
--------------------
NFC ရဲ့ အရှည် က Near Field Communication ဖြစ်ပါတယ်။ NFC ဟာ စမတ်ဖုန်း နဲ့ အခြား Device များကို ရေဒီယိုလှိုင်းများ ကနေတစ်ဆင့် ဆက်သွယ်လို့ရစေတဲ့ စံနှုန်း တစ်ခု ဖြစ်ပါတယ်။ စမတ်ဖုန်းများ ကို နီးကပ်တဲ့အကွာအေ၀း မှာ ထားရှိရမှာ ဖြစ်ပါတယ်။ NFC က RFID နဲ့ အလုပ်လုပ်ပုံချင်း ဆင်တူပေမယ့် NFC ဟာ RFID ထက် နီးကပ်တဲ့ အကွာအေ၀းမှာ အသုံးပြုရမှာဖြစ်ပါတယ်။ NFC ကို အသုံးပြုနိုင်တဲ့ အကွာအေ၀း မှာ လေးလက်မ ဖြစ်ပါတယ်။

NFC Hardware တပ်ဆင်ထားတဲ့ Device အချင်းချင်း ဆက်သွယ်မှုတွေ ပြုလုပ်နိုင်သလို NFC Device များနဲ့ NFC Tags များ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ NFC Tag ဆိုတာ အခြား စမတ်ဖုန်း ဒါမှမဟုတ် NFC Device များက စွမ်းအင် ကို အသုံးပြုလည်ပတ်တဲ့ NFC Chip ဖြစ်ပါတယ်။ NFC Tag များမှာ ကိုယ်ပိုင် ဘက်ထရီ မပါရှိကြပါဘူး။ NFC Tag များ ဟာ QR Codes အသုံးပြုတာထက် ပိုမိုလျှင်မြန် လွယ်ကူစေပါ တယ်။

NFC Device များ ကို ချိတ်ဆက်ဖို့အတွက် Device နှစ်ခု ကို ထိတွေ့ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် NFC Smartphone နှစ်လုံး ကို ကျောချင်းကပ် ပေးရမှာ ဖြစ်ပါတယ်။ NFC Tag နဲ့ ချိတ်ဆက်ဖို့ NFC Smartphone ရဲ့ နောက်ကျော ကို NFC Tag နဲ့ ထိကပ်ပေးရမှာ ဖြစ်ပါတယ်။

NFC ကို Nexus 4, Galaxy Nexus, Nexus 5, Galaxy S3 , Galaxy S4, Galaxy S5, HTC One X, HTC One M8 တို့ အပါအ၀င် အခြား စွမ်းဆောင်ရည်မြင့် Android Device များမှာ ထည့်သွင်းပေးထား ပါတယ်။ NFC ကို အသုံးပြုလို့ရတာ Android တစ်ခုထဲ မဟုတ်ပါဘူး။ Nokia Lumia လို Windows Phone များနဲ့ HTC Windows Phone 8X မှာလည်း NFC ပါရှိပါတယ်။ BlackBerry Device အတော် များများ မှာလည်း NFC ပါရှိကြပါတယ်။ Apple ရဲ့ iPhone များမှာတော့ NFC Hardware မပါရှိကြပါဘူး။

Mobile Payments
-------------------
NFC ကို ငွေပေးချေတဲ့ ကိစ္စများ မှာ အသုံးပြုနိုင်ပါတယ်။ MasterCard’s ရဲ့ PayPass က NFC ကို အသုံးပြုပါတယ်။ NFC Smartphone ကို NFC ငွေလက်ခံတဲ့စက်ကို ထိတွေ့ပေးရုံ ဒါမှမဟုတ် စက်နား မှာ စမတ်ဖုန်း ကို ေ၀့ှယမ်းရုံ နဲ့ ငွေပေးချေခြင်း ကို လျှင်မြန်စွာ ပြုလုပ်နိုင်ပါတယ်။ Google Wallet ကလည်း NFC ကို အသုံးပြုတာဖြစ်ပါတယ်။ San Francisco မှာ NFC Parking Meters များ ရှိပါတယ်။ NFC Phone ကို Parking Meter ကို ထိတွေ့ရုံဖြင့် ကားရပ်နားခငွေ ကို ပေးချေနိုင်ပါတယ်။

ဒေတာများကို ကြိုးမဲ့ ပေးပို့ ရယူနိုင်ခြင်း
----------------------------------------
NFC Smartphone နှစ်လုံးကြားမှာ ဒေတာများ ကို ကြိုးမဲ့ ပေးပို့ ရယူ နိုင်ပါတယ်။ Android Phone များမှာ Web Page,Contact, Photo, Video နဲ့ အခြား သတင်းအချက်အလက်များကို လျှင်မြန်စွာ ပေးပို့ရယူ နိုင် တဲ့ Android Beam စွမ်းဆောင်ချက် ပါရှိပါတယ်။ ဖုန်း နှစ်လုံးကို ကျောချင်းကပ် ထိတွေ့ပေးပြီး ဒေတာများ ကို ကူးပြောင်းနိုင်ပါတယ်။ ဖိုင်ကူးပြောင်းမှုကို Bluetooth ဆက်သွယ်မှုမှ တစ်ဆင့် ပြုလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် Pair ပြုလုပ်စရာမလိုဘဲ အလုပ်ရှုပ်သက်သာစေပါတယ်။ BlackBerry နဲ့ Windows Phone များမှာလည်း အဲဒီနည်းအတိုင်း ပြုလုပ်ရတာ ဖြစ်ပါတယ်။

NFC Tags
------------
NFC Tags များ ဟာ ဈေးနှုန်း ချိုသာပါတယ်။ စမတ်ဖုန်း က NFC Tag ကို ထိတွေ့ရင် ပြုလုပ်စေချင်တဲ့ အလုပ်ကို NFC Tag များမှာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ညအိပ်ယာ၀င်ရင် စမတ်ဖုန်း ကို Silent Mode ပြုလုပ်လေ့ရှိသူများ ရှိကြပါတယ်။ အဲဒီလူများ ဟာ နေ့စဉ်နေ့တိုင်း အိပ်ယာ၀င် ရင် Silent Mode ကို ကိုယ်တိုင် ပြောင်းလဲရပါတယ်။ ဒီလို ကိုယ်တိုင် ပြောင်းလဲမှု မပြုလုပ်ချင်ရင် NFC Tag ကို အသုံးပြုနိုင်ပါတယ်။ NFC Tag ကို အိပ်ယာ ရဲ့ ဘေးနား က စားပွဲ မှာ ထားရှိရမှာ ဖြစ်ပါတယ်။ အိပ်ယာ၀င်ရင် စမတ်ဖုန်း ကို NFC Tag ပေါ်တင်လိုက်ရုံနဲ့ Silent Mode ကို အလိုအလျှောက် ပြောင်းပေး မှာ ဖြစ်ပါတယ်။  WiFi Network ရဲ့ SSID နဲ့ Password ပါတဲ့ NFC Tag များကိုလည်း ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းများ သင့် အိမ် ကို အလည်လာရင် သူတို့ရဲ့ ဖုန်းများ ကို NFC Tag ကို ထိတွေ့ပေးခြင်းဖြင့် WiFi Network ကို Log On ၀င်ရောက် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် NFC Tag ဟာ Password များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဥပမာ အနည်းငယ်သာ ဖြစ်ပြီး NFC Tag များ ဟာ အလုပ်များစွာ ပြုလုပ်ပေးနိုင်ပါတယ်။

အခြား အသုံး၀င်ပုံများ
----------------------
NFC ရဲ့ အသုံး၀င်ပုံများစွာ ရှိပြီး အနည်းငယ် ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

• သတင်းအချက်အလက်များကို လျှင်မြန်စွာ Download ပြုလုပ်နိုင်ခြင်း။ စီးပွားရေးလုပ်ငန်းများ ၊ ကြော်ညာများ နဲ့ ထုတ်ကုန်များ ဟာ QR Code များကို အသုံးပြုကြပါတယ်။ QR Code များကို စမတ်ဖုန်း ရဲ့ ကင်မရာကနေ Scan ပြုလုပ်ပြီး သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ပါတယ်။ NFC ကလည်း QR Code ရဲ့ စွမ်းဆောင်ချက်လို ပြုလုပ်ပေးနိုင်ပါတယ်။ သတင်းအချက်အလက်များ ထည့်သွင်းထားတဲ့ NFC Chip ကို စမတ်ဖုန်း ဖြင့် ထိတွေ့ပေးရုံ နဲ့ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိနိုင်မှာ ဖြစ်ပါတယ်။ QR Code မှာလို ကင်မရာ ကနေ Scan လုပ်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းေ၀းစေပါတယ်။
• လုံခြုံရေး။ NFC Smartphone များ ကို လုံခြုံရေးသော့ အဖြစ် အသုံးပြုနိုင်ပါတယ်။ ကားထုတ်လုပ်သူများ က NFC ကားသော့များကို တီထွင်နေကြပါတယ်။
• ထွက်ခွာခွင့်လက်မှတ်။ အချို့လေကြောင်းလိုင်းများနဲ့ မော်တော်ကားလိုင်းများမှာ NFC Smartphone ကို အသုံးပြုပြီး ထွက်ခွာခွင့်ပေးတဲ့ စနစ်ကို စမ်းသပ်နေကြပါတယ်။

အခုဆောင်းပါးမှာ ရေးသားပေးလိုက်တာတွေကတော့ အခုလောလောဆယ် မှာ NFC ရဲ့ အသုံး၀င်ပုံ များ ဖြစ်ပါတယ်။ အနာဂတ် မှာ NFC နည်းပညာဟာ ပိုမိုတိုးတက် ကောင်းမွန်လာမှာ ဖြစ်ပါတယ်။  ဗဟုသုတရစေရန်အလို့ငှာတင်ပေးထားခြင်းဖြစ်ပါသည်။

စာရေးသူ - သူရ (Myanmar Digital Life Journal)
Visit website

0 comments:

Post a Comment