Sunday, January 10, 2016

Gmail အ​ေၾကာင္း


Google Mail ( Gmail ) သည္ Google Search Engine ကုမၸဏီမွေပးေသာ အခမဲ့ ဆားဗစ္တစ္ခုျဖစ္သည္။ ကၽြန္ေတာ္တို႔ ျမန္မာ အင္တာနက္ အသုံးျပဳသူတိုင္း ႏွင့္ေရာ ကမၻာတစ္ခြင္က အင္တာနက္ အသုံးျပဳသူ အားလုံးနီးပါး ေလာက္ႏွင့္ပါ ရင္းႏွီး ကၽြမ္းဝင္ၿပီးသား ျဖစ္တဲ့ Google ရဲ့ အခမဲ့ Web-Based e-mail ဝန္ေဆာင္မွု တစ္ခုျဖစ္တဲ့ Gmail ကို ၂၀၀၄ ခုႏွစ္ မွာ တရားဝင္ ထုတ္လြတ္ခဲ့ပါတယ္။ ၂၀၀၄ မတ္လတြင္ကမၻာေက်ာ္ New York Times သတင္းစာမွေန၍ ဧၿပီလ ၁ ရက္ေန႔တြင္ Gmail ကို စတင္လႊင့္ထုတ္မည္ ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ သိုေလွာင္မွုပမာဏ 1 GB အထိေပးမည္ဟု တရားဝင္ဖြင့္ဟခဲ့ရာ မယုံၾကည္သူမ်ားက ကုမၸဏီငယ္တစ္ခု၏ April Fool တစ္ခုမၽွသာ ျဖစ္ေၾကာင္း လက္ခံခဲ့ေသာ္လည္း Spam နည္းပါးျခင္းႏွင့္ အလြန္အဆင့္အတန္းျမင့္မားေသာ Ajax နည္းပညာသုံးထားသည့္ Gmail ကို Invite မွ တစ္ဆင့္ စတင္လက္ခံခဲ့ရၿပီးေနာက္ Gmail သည္ ကမၻာ၌ သက္ဝင္လွုပ္ရွားလာခဲ့ေတာ့သည္။

၂၀၀၅ ခုႏွစ္

၂၀၀၅ခုႏွစ္ ဇြန္တြင္ Hacker မ်ား အလြယ္တကူျဖင့္ ထိုးေဖာက္ဝင္ေရာက္နိုင္ေသာ လုံျခဳံေရးဟာကြက္တစ္ခုကို Slash dot တြင္ ေဖာ္ျပခဲ့ရာ အဆိုပါျပႆနာကို အလြယ္တကူျဖင့္ ျပန္လည္ျပင္ဆင္ၿပီးခ်ိန္တြင္ Google ကိုယ္တိုင္သည္ သူတို႔၏ Service ကို လူမ်ားစြာ စိတ္ဝင္စားေၾကာင္း ယုံၾကည္သြားခဲ့သည္။ ၂၀၀၅ ခုႏွစ္ ဧၿပီတြင္သိုေလွာင္မွုပမာဏကို 2 GB အထိ ျမႇင့္တင္ေပးခဲ့ၿပီး စာပို႔ေသာေနရာတြင္ Plain Text အဆင့္မွ HTML အဆင့္သို႔ တိုးျမႇင့္ေပးျခင္း၊ Font ေျပာင္းလဲနိုင္ျခင္းအပါအဝင္ Feature အသစ္မ်ားကို ထပ္မံေပါင္းထည့္ခဲ့သည္။ ၂၀၀၅ ခုႏွစ္ေမလတြင္ ျပင္သစ္၊ ဂ်ာမန္၊ အီတလီ၊ ဂ်ပန္၊ ကိုရီးယား အစရွိေသာ ဘာသာစကားမ်ားကိုပါ Gmail တြင္ ေပါင္းစပ္ ထည့္သြင္း အသုံးျပဳနိုင္ေစရန္ ျပဳလုပ္နိုင္ခဲ့သည္။ ၂၀၀၅ ခုႏွစ္ ဇြန္တြင္ တစ္ကမၻာလုံးတြင္ Gmail Account 1.2 သန္းခန႔္ရွိလာခဲ့ေၾကာင္းကို ကမၻာေက်ာ္ Popular Science မဂၢဇင္းႀကီးမွ Gmail ၏ ထုတ္လုပ္မွုမန္ေနဂ်ာကို စစ္တမ္းေကာက္ယူၿပီး ေဖာ္ျပေပးခဲ့သည္။ လကုန္ပိုင္းတြင္ ဖင္လန္၊ ပိုလန္ႏွင့္ ဆြီဒင္ဘာသာစကားမ်ားကို ထပ္မံထည့္သြင္းခဲ့သည္။ ၂၀၀၅ ဇူလိုင္လတြင္Gmail အသုံးျပဳေနစဥ္တြင္ Inbox အတြင္းမွေန၍ Google Search Engine ကို အသုံးျပဳနိုင္သည့္ Service ကို ထည့္သြင္းခဲ့ၿပီး Gmail ၏ သိုေလွာင္မွုပမာဏမွာ ၂ GB အေက်ာ္ထိ ေရာက္ရွိခဲ့ၿပီး တစ္ေန႔တြင္ ၁၄ MB ႏွုန္း သိုေလွာင္မွုပမဏာကို တျဖည္းျဖည္းခ်င္း တိုးျမႇင့္ေပးသည့္စနစ္ကို စတင္သုံးစြဲခဲ့သည္။ ၂၀၀၅ခုႏွစ္ ဩဂုတ္လတြင္ အခ်ိဳ႕ေသာ အသုံးျပဳသူ မ်ားကို လူသစ္မ်ား ဖိတ္ေခၚခြင့္ ၁၀၀ အထိေပးအပ္ခဲ့သည္။ ယုံၾကည္စိတ္ခ်ရေသာ Developer မ်ားႏွင့္ ပရိုဂရမ္မာမ်ားကို လူသစ္မ်ားဖိတ္ေခၚခြင့္ ၁၀၀၀ အထိ ရရွိခဲ့သည္။ ဂရိ၊ ဟန္ေဂရီ၊ အင္ဒိုးနီးရွား၊ ဗီယက္နမ္ စေသာ ဘာသာစကား ၁၂ မ်ိဳးအထိ ထပ္မံေပါင္းထည့္ခဲ့သည္။ ဩဂုတ္လ ၂၄ ရက္ေန႔တြင္ Mobile ဖုန္းမ်ားတြင္ Text Message ေပးပို႔နိုင္ရန္အတြက္ Gmail မွတစ္ဆင့္ အသုံးျပဳနိုင္ရန္ စတင္ျပဳလုပ္ေပးခဲ့သည္။ အေမရိကန္တြင္ Invitation ကုတ္ျဖင့္ Gmail Mobile မ်ားကို Tex Message မ်ား ေပးပို႔နိုင္သည္။ ထိုကဲ့သို႔ေပးပို႔ျခင္းတြင္ Web ေပၚတြင္သုံးေသာ Gmail ကဲ့သို႔ Spam မ်ားကို ရွင္းလင္းေသသပ္ေစသည္။ https စနစ္ကို ဂ႐ုတစိုက္သုံးစြဲသည့္အတြက္ လုံျခဳံေရးျပည့္ဝၿပီး လူႀကိဳက္မ်ားလာခဲ့သည္။ အခ်ိဳ႕ေသာ ISP Mail မ်ားအတြက္ စိတ္တိုင္းက် Customize လုပ္ခြင့္ကို ေပးအပ္ခဲ့သည္။ အဲဒီလိုနဲ႔ နိုင္ငံအသီးသီးမွာ ေအာင္ျမင္မွု အသီးသီးနဲ႔ Google ရဲ့ Gmail Service ဟာ United Kingdom နဲ႔ Germany နိုင္ငံတို႔မွာ ၂၀၀၅ ခုႏွစ္ အေရာက္၊ “Gmail” ဆိုေသာ နာမည္ႏွင့္ ပတ္သက္ၿပီး ပိုင္ဆိုင္မွု အျငင္းပြားျခင္း ျပႆနာျဖစ္ပြားခဲ့ပါတယ္။ အဲဒီ အတြက္ Google အေနနဲ႔ ၎ ႏွစ္နိုင္ငံရွိ သူ႔ရဲ့ စားသုံးသူေတြ အတြက္ “Gmail” တစ္ျဖစ္လဲ “Googlemail” ကို ၂၀၀၅ ခုႏွစ္၊ ေအာက္တိုဘာ ၁၉ ရက္ ေန႔မွာ UK နိုင္ငံ မွာ စတင္ ေျပာင္းလဲ သုံးစြဲခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္ စက္တင္ဘာလတြင္ခ်က္၊ ဟင္ဒီ၊ ထိုင္း၊ တူရကီ စေသာ ဘာသာစကား ၉ မ်ိဳး ထပ္မံေပါင္းထည့္ခဲ့သည္။ ထိႏွစ္ထဲရွိ ေအာက္တိုဘာလတြင္ အဂၤလန္တြင္ ရွိေသာ gmail.com ကုမၸဏီတစ္ခုႏွင့္ နာမည္ကိစၥ စကားေျပာဆိုခဲ့ရၿပီး Username@gmail.com ေနရာတြင္ Username@google.com အျဖစ္ အခ်ိဳ႕ေနရာမ်ားတြင္ ေျပာင္းလဲပစ္ရန္ သေဘာတူညီခဲ့ရသည္။ ၂၀၀၅ ခုႏွစ္ ဒီဇင္ဘာတြင္ဆက္သြယ္နိုင္ေသာအုပ္စုမ်ား (Contact Group)၊ သူငယ္ခ်င္းမ်ား၊ ဝန္ထမ္းမ်ား (Co-Wokers) စေသာ Feature အသစ္မ်ားကို ထပ္မံေပါင္းထည့္၍ သုံးစြဲသူတစ္ဦးအေနျဖင့္ gmail ကို စိတ္တိုင္းက် ထိန္းသိမ္းကြပ္ကဲ နိုင္ေစရန္ ျပဳလုပ္ေပးခဲ့သည္။ ဒီဇင္ဘာ ၁၆ တြင္ Gmail Mobile အသစ္တစ္ခုထပ္မံထုတ္လႊင့္ခဲ့သည္။ အဆိုပါ http://m.gmail.comသည္ Gmail Mobile မ်ားအတြက္ အထူးဝက္ဆိုက္ျဖစ္ၿပီး Source Forgeအဖြဲ႕အစည္းမွေန၍ Gmail Mobile 1.0 ကို Open Source အေနျဖင့္ ေရးသားေပးခဲ့သည္။

၂၀၀၆ ခုႏွစ္

၂၀၀၆ ခုႏွစ္ ဇန္နဝါရီတြင္ Menu bar တြင္ Delete button ကို ေပါင္းထည့္ေပးခဲ့သည္။ အဆိုပါ Bottom သည္ Gmail စစထြက္ခ်င္းတြင္ မပါဝင္ခဲ့၍ သုံးစြဲသူတိုင္းက ေဝဖန္ခဲ့ၾကသည္။ ေဖေဖာ္ဝါရီလတြင္ သုံးစြဲသူတိုင္း၏ Chatting စကားေျပဆိုမွုမ်ားကို မွတ္သားထားနိုင္ရန္ Chat History ကို ေပါင္းထည့္ေပးခဲ့သည္။ ၂၀၀၆ မတ္လတြင္Gmail for your domain ကို မိတ္ဆက္ေပးခဲ့သည္။ အဆိုပါ Gmail သည္ တစ္ႏွစ္လၽွင္ ၂၅ ေဒၚလာျဖင့္ ဝယ္ယူသုံးစြဲရၿပီး အဖြဲ႕အစည္းမ်ားအတြက္ အလြန္ေကာင္းမြန္ေသာ ဝန္ေဆာင္မွုတစ္ခု ျဖစ္ခဲ့သည္။ဧပရီ လ၌Google Calendar Service ကို Gmail မွ တစ္ဆင့္ ထုတ္လႊင့္ေၾကညာခဲ့သည္။ထိုႏွစ္၏ နိုဝင္ဘာတြင္ Java Application မ်ားျဖင့္ အသုံးခ်နိုင္ေသာ Gmail ကို Mobile ဖုန္းမ်ားေပၚတြင္ အလုပ္လုပ္နိုင္ေစရန္ အထူးသျဖင့္ ဓာတ္ပုံမ်ား၊ Document မ်ား၊ Attachment မ်ားကို ရရွိေစရန္ ေဆာင္ရြက္နိုင္ခဲ့သည္။

၂၀၀၇ခုႏွစ္

၂၀၀၇ခုႏွစ္ ဇန္နဝါရီလတြင္ Docs & Spread Sheets ကို Gmail မွ တစ္ဆင့္ ထုတ္လႊင့္ခဲ့ၿပီး အမ်ားျပည္သူ register ျပဳလုပ္၍ သုံးစြဲနိုင္ရန္ Gmail ကို Invite ျဖဳတ္ေပးခဲ့သည္။ေဖေဖာ္ဝါရီIMAP Access ကို ျပဳလုပ္နိုင္ေစရန္ စတင္ေၾကာ္ျငာခဲ့ၿပီး Gmail Lab ကို မိတ္ဆက္ခဲ့ပါသည္။

၂၀၀၈ ခုႏွစ္

နိုဝင္ဘာတြင္ Themes မ်ား ေပါင္းထည့္ခဲ့သည္။ ဒီဇင္ဘာတြင္ To do list ကို ေပါင္းထည့္ခဲ့သည္။ သုံးစြဲသူအေနျဖင့္ Task မ်ားေပၚတြင္ ေပါင္းထည့္ျခင္း၊ ဖ်က္ပစ္ျခင္းမ်ားကို ျပဳလုပ္နိုင္သည္။

၂၀၀၉ ခုႏွစ္

ဇန္နဝါရီလ ၂၀၀၉ခုႏွစ္တြင္ Google Gear ကို စတင္မိတ္ဆက္ခဲ့သည္။ ေနာင္တြင္ အဆိုပါ Google Gear သည္ Gmail ကို Off line Mode ျဖင့္ သုံးစြဲေစနိုင္ခဲ့သည္။ ေဖေဖာ္ဝါရီလတြင္Undo Bottom ကို ေပါင္းထည့္ခဲ့သည္။ သုံးစြဲသူေပါင္း သန္း ၁၀ဝ ခန႔္အထိ ရွိလာခဲ့ၿပီး Gmail သည္ မၾကာခဏ service Down သြားေလ့ရွိသည္။ ဇူလိုင္၌ Gmail တြင္ တစ္ဖက္အသုံးျပဳသူ၏ မ်က္ႏွာကိုပါ ျမင္ေတြ႕ေစနိုင္ေသာ Video Chat ကိုပါ ေပါင္းထည့္ေပးခဲ့သည္။ စက္တင္ဘာလတြင္ ယခုအခ်ိန္တြင္ သုံးစြဲသူအမ်ားအျပား၏ request လုပ္မွုေၾကာင့္ Gmail သည္ မၾကာခဏ ျပတ္ေတာက္မွုမ်ား ျဖစ္ပြားလ်က္ ရွိသည္။

၂၀၁၀ ခုႏွစ္

ဘေလာ့ဂ္ကဲ့သို႔ေသာ္ ကြန္မန႔္ေပးနိုင္၍ ဓာတ္ပုံ၊ ဗီဒီယိုမ်ားတင္နိုင္သည့္Buzz ဟူသည့္ Feature အသစ္ျဖင့္ မိတ္ဆက္ေပးခဲ့သည္။ Gmail ထဲတြင္ ဖုန္းဝန္ေဆာင္မွု အသစ္ထပ္မံ ထည့္သြင္းခဲ့ေသးသည္။ ယခင္က ဖုန္းေခၚဆိုနိုင္ေသာ္လည္း Gtalk တြင္ @gtalk2viop ဆိုေသာ address ကိုတဆင္ခံၿပီး ဖုန္းနာပါတ္ရိုက္ထည့္မွ ေခၚဆိုနိုင္ခဲ့သည္။ ယခု feature အသစ္တြင္ Phone feature အျပည့္ပါဝင္လာေသာေၾကာင့္ ေခၚဆိုမွု ပိုမိုအဆင္ေျပလာပါသည္။ Country code ကိုလည္း တပါတည္း တြဲထည့္ေပးထားပါသည္။ ၄င္း feature အသစ္တြင္ Call History, ဖုန္းေခၚဆိုမွုႏွုန္းထားႏွင့္ online မွ ေငြအလြယ္တကူေျခနိုင္ေသာ feature မ်ားထည့္ေပးထားပါသည္။

Credit >>> Orginal Uploader

Unicode
Gmail အကြောင်း

Google Mail ( Gmail ) သည် Google Search Engine ကုမ္ပဏီမှပေးသော အခမဲ့ ဆားဗစ်တစ်ခုဖြစ်သည်။ ကျွန်တော်တို့ မြန်မာ အင်တာနက် အသုံးပြုသူတိုင်း နှင့်ရော ကမ္ဘာတစ်ခွင်က အင်တာနက် အသုံးပြုသူ အားလုံးနီးပါး လောက်နှင့်ပါ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်တဲ့ Google ရဲ့ အခမဲ့ Web-Based e-mail ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Gmail ကို ၂၀၀၄ ခုနှစ် မှာ တရားဝင် ထုတ်လွတ်ခဲ့ပါတယ်။ ၂၀၀၄ မတ်လတွင်ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail သည် ကမ္ဘာ၌ သက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

၂၀၀၅ ခုနှစ်

၂၀၀၅ခုနှစ် ဇွန်တွင် Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။ ၂၀၀၅ ခုနှစ် ဧပြီတွင်သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအဝင် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။ ၂၀၀၅ ခုနှစ်မေလတွင် ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်တွင် တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။ ၂၀၀၅ ဇူလိုင်လတွင်Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ ၂ GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် ၁၄ MB နှုန်း သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။ ၂၀၀၅ခုနှစ် ဩဂုတ်လတွင် အချို့သော အသုံးပြုသူ များကို လူသစ်များ ဖိတ်ခေါ်ခွင့် ၁၀၀ အထိပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် ပရိုဂရမ်မာများကို လူသစ်များဖိတ်ခေါ်ခွင့် ၁၀၀၀ အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။ အဲဒီလိုနဲ့ နိုင်ငံအသီးသီးမှာ အောင်မြင်မှု အသီးသီးနဲ့ Google ရဲ့ Gmail Service ဟာ United Kingdom နဲ့ Germany နိုင်ငံတို့မှာ ၂၀၀၅ ခုနှစ် အရောက်၊ “Gmail” ဆိုသော နာမည်နှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿနာဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အတွက် Google အနေနဲ့ ၎င်း နှစ်နိုင်ငံရှိ သူ့ရဲ့ စားသုံးသူတွေ အတွက် “Gmail” တစ်ဖြစ်လဲ “Googlemail” ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် နေ့မှာ UK နိုင်ငံ မှာ စတင် ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင်ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။ ထိနှစ်ထဲရှိ အောက်တိုဘာလတွင် အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာတွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာတွင်ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ဝန်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။ ဒီဇင်ဘာ ၁၆ တွင် Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.comသည် Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forgeအဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့် ရေးသားပေးခဲ့သည်။

၂၀၀၆ ခုနှစ်

၂၀၀၆ ခုနှစ် ဇန်နဝါရီတွင် Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။ ဖေဖော်ဝါရီလတွင် သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။ ၂၀၀၆ မတ်လတွင်Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ဝယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။ဧပရီ လ၌Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။ထိုနှစ်၏ နိုဝင်ဘာတွင် Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၀၇ခုနှစ်

၂၀၀၇ခုနှစ် ဇန်နဝါရီလတွင် Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။ဖေဖော်ဝါရီIMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

၂၀၀၈ ခုနှစ်

နိုဝင်ဘာတွင် Themes များ ပေါင်းထည့်ခဲ့သည်။ ဒီဇင်ဘာတွင် To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

၂၀၀၉ ခုနှစ်

ဇန်နဝါရီလ ၂၀၀၉ခုနှစ်တွင် Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။ ဖေဖော်ဝါရီလတွင်Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀ဝ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။ ဇူလိုင်၌ Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။ စက်တင်ဘာလတွင် ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

၂၀၁၀ ခုနှစ်

ဘလော့ဂ်ကဲ့သို့သော် ကွန်မန့်ပေးနိုင်၍ ဓာတ်ပုံ၊ ဗီဒီယိုများတင်နိုင်သည့်Buzz ဟူသည့် Feature အသစ်ဖြင့် မိတ်ဆက်ပေးခဲ့သည်။ Gmail ထဲတွင် ဖုန်းဝန်ဆောင်မှု အသစ်ထပ်မံ ထည့်သွင်းခဲ့သေးသည်။ ယခင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင်ခံပြီး ဖုန်းနာပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာပါသည်။ Country code ကိုလည်း တပါတည်း တွဲထည့်ပေးထားပါသည်။ ၄င်း feature အသစ်တွင် Call History, ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် online မှ ငွေအလွယ်တကူခြေနိုင်သော feature များထည့်ပေးထားပါသည်။

Credit >>> Orginal Uploader

0 comments:

Post a Comment