Wednesday, January 13, 2016

အခ်ိန္ ၁၀မိနစ္ရမွ ဖတ္ပါ

အခ်ိန္ ၁၀မိနစ္ရမွ ဖတ္ပါ

အိႏၵိယ သမၼတေျပာသြားတဲ့ မင္းရဲ႕ႏိုင္ငံအတြက္ အခ်ိန္ ၁၀မိနစ္ေလာက္ေပးႏိုင္မလား တဲ့ ေပးႏိုင္ရင္ ဒီစာေလးကိုဖတ္ၾကည့္ပါ။ ျမန္မာႏိုင္ငံ က လူေတြ အတြက္လည္း တိုက္ဆိုင္လြန္းလို႕ သူငယ္ခ်င္းတို႔ အခ်ိန္ယူျပီး ဖတ္ေစခ်င္တယ္။ အခ်ိန္ နည္းနည္းေပးၿပီး ဖတ္ေပးပါ။

ဒီစာကို ဖတ္ ျပီးသြားရင္ သူငယ္ခ်င္းတို႔ရဲ႕ စိတ္ထဲမွာ ကိုယ့္တိုင္းျပည္အတြက္ ငါတို႔ဟာ တိုင္းျပည္ရဲ႕ အနာဂတ္ေတြ ဆိုတာ သေဘာေပါက္လာလိမ့္မယ္။ တာ၀န္ သိစိတ္ေတြ ျဖစ္ေပၚလာလိမ့္မယ္။
အိႏၵိယသမၼတေၿပာတဲ့ မိန္႕ခြန္းထဲက လက္ရွိၿမန္မာလူမ်ဳိး အေတာ္မ်ားမ်ားရဲ႕ စိတ္ဓါတ္ကုိ ထင္ဟပ္ေစတဲ့ အေၾကာင္းေလးပါ။

အခုလို ေျပာထားပါတယ္။
"မင္းရဲ႕ႏိုင္ငံအတြက္ အခ်ိန္ ၁၀မိနစ္ရမလား..?
ရတယ္ဆိုမွ ဒီစာကို ဆက္ဖတ္ပါ…
အခ်ိန္မရွိရင္ေတာ့ မင္းသေဘာပဲ…။

အိႏၵိယသမၼတ:
"တို႕အိႏိၵယအစိုးရက လုပ္ေဆာင္မႈေတြ မထိေရာက္ဘူး။
မင္းေျပာတယ္… တို႕ႏိုင္ငံရဲ႕ဥပေဒေတြကလဲ အုိေဟာင္းျပီး ေခတ္မမီေတာ့ဘူး။
မင္းေျပာတယ္… စည္ပင္ကလဲ အမိႈက္ေတြမရွင္းဘူး
မင္းေျပာတယ္…. ဖုန္းလိုင္းေတြကလဲ အလုပ္မလုပ္တာခပ္မ်ားမ်ားလို႕
မင္းေျပာတယ္… မီးရထားဆိုတာ ဟာသတစ္ခုပဲ.. အဲလိုင္းေတြဆို ကမာၻမွာ
အဆိုးဆံုး… စာပို႕စနစ္မွာလဲ ဘယ္ေတာ့မွ ပုိ႕တဲ႕စာက မေရာက္ဘူး…
တို႕တိုင္းျပည္မွာ အားလံုးက ေခြးစာေကၽြးပစ္ရေတာ့မေလာက္ ပ်က္စီးစုတ္ျပတ္မႈေတြခ်ည္းပဲ လို႕
မင္းေျပာတယ္…

မင္းေျပာ… မင္းအဲ႕ဒါေတြခ်ည္းပဲ ပါးစပ္ကေန ေျပာျပီး မင္းကေရာ ဘာတစ္ခုလုပ္လဲ…?

ေကာင္းျပီ.. မင္းစကၤာပူကို ေရာက္တဲ႔အခါက်ေတာ့...
စကၤာပူကလမ္းေတြေပၚ မင္းေဆးလိပ္လႊင့္မပစ္ရဲဘူး.. စတိုးဆိုင္မွာ မုန္႕မစားရဲဘူး..
ညေန ၅ နာရီနဲ႕ ၆ နာရီၾကား ေအာခတ္လမ္းေပၚ ကားျဖတ္ေမာင္းဖို႕ ၅ ေဒၚလာ မင္းေပးတယ္… အဲ႔လိုစကၤာပူမွာ မင္းတစ္ခုခုမ်ားေျပာလား.. ေျပာခဲ႕လား…?

ဒူဘိုင္းမွာ ဥပုသ္လမ်ိဳး လူျမင္ကြင္းမွာ မင္းအစားစားရဲလား…
မကာရ္မွာ ေခါင္းမေဆာင္းပဲ မင္းအျပင္ထြက္ရဲလား..
၀ါရွင္တန္မွာ တစ္နာရီ ၅၅မိုင္ထက္ေက်ာ္ျပီး မင္းကားေမာင္းရဲလား… ေမာင္းမိလို႕ ရဲလာဖမ္းရင္
ငါ့ကိုဘာမွတ္ေနလဲ ငါဘာေကာင္လဲ သိလား ငါဘယ္သူ႕သားလဲ သိလားလို႕ ရဲကို
မင္းေျပာရဲလား….

ေအာ္ဇီနဲ႕ နယူးဇီလန္ကမ္းေျခေတြမွာ စားျပီးသား အုန္းခြံေတြကို ေတြ႕ကရာ မင္းေလွ်ာက္ပစ္ရဲလား….
တိုက်ိဳကလမ္းေတြေပၚမွာ မင္းကြမ္းတံေတြး ေလွ်ာက္ေထြးရဲလား။
ဒါေတြက မင္းကို ေမးေနတာ။ သူမ်ားတိုင္းျပည္မွာ သူ႕စည္းကမ္းနဲ႕အညီ အတိအက် ေလးစားလိုက္နာႏိုင္ျပီး ကိုယ့္ႏိုင္ငံျပန္ေရာက္မွ စည္းကမ္းကို မေလးစား စည္းကမ္းပ်က္တတ္တဲ႕မင္းကိုပဲ ေမးေနတာ။

အိႏိၵယေျမကို စနင္းျပီဆိုတာနဲ႕ စိတ္ထင္သလို ေဆးလိပ္ေတြ စကၠဴစေတြ အမိႈက္ေလွ်ာက္ဖြတတ္တဲ႕
မင္းလိုလူေတြကို ေမးေနတာ။
တျခားတိုင္းတပါးမွာ စည္းကမ္းလိုက္နာ ေလးစားတတ္ခဲ႕တဲ႕မင္းက ကိုယ့္ေမြးရပ္ႏိုင္ငံမွက်ေတာ့ ဘာလို႕ ပံုစံအတူတူ မလုပ္ႏိုင္ရတာလဲ

အင္တာဗ်ဴးတစ္ခုမွာ အျငိမ္းစားဘံုေဘျမိဳ႕ စည္ပင္အေရးပိုင္ၾကီး Mr.Tinaikar ဘာေျပာသြား
လဲသိလား။ လူ႔မလိုင္ေတြက သူတို႕ေခြးေတြနဲ႕လမ္းေလွ်ာက္ထြက္ျပီး လမ္းေတြေပၚမွာ ေခြးအညစ္အေၾကးေတြ ထားခဲ႕ၾကတယ္။
ျပီးတာ့ အဲ႔လူေတြကပဲ တစ္ခါျပန္ျပီး ညစ္ေပေနတဲ႔ လူသြားလမ္းေတြအတြက္ တာ၀န္ရွိသူ
အဖြဲ႔အစည္းေတြ ညံ႔ဖ်င္းလွခ်ည္ရဲ႕ဆိုျပီး အျပစ္တင္တတ္ၾကတယ္… တာ၀န္ရွိသူေတြကို သူတို႕က ဘယ္လို လုပ္ေပးေစခ်င္တာလဲ။

သူတို႕ေခြးေတြ ေနာက္ကေန တံျမက္စည္းတစ္ေခ်ာင္းကိုင္ျပီး ေခြးစြန္႕ခဲ႕သမွ် အညစ္အပတ္ေတြကို တေကာက္ေကာက္ လိုက္ရွင္းေပးေစခ်င္တာလား။
အေမရိကားမွာ ကိုယ့္အိမ္ေမြးတိရစာၦန္ဆီက ထြက္တဲ႕ အညစ္အေၾကးေတြ သန္႕စင္ေပးဖို႕ ပိုင္ရွင္က တာ၀န္ယူရတယ္.. ဂ်ပန္မွာလဲဒီလိုပဲ… ဒီ အိႏိၵယကလူေတြ အဲ႔လိုလုပ္လား..? တို႕လူေတြကက်ေတာ့ မဲေပးပြဲသြား။ မဲေလးေပးျပီး.. ျဖစ္သမွ် အကုန္ကို တာ၀န္လႊဲခ်ေခါင္းခံေပးဖို႕ လူတစ္ေယာက္ ေရြးလိုက္သလိုပဲ။ ကိုယ္ကိုယ္တုိင္က ဘာတာ၀န္မွ မရွိသလို ေနျပီး အရာအားလံုးကို အစိုးရကပဲ ကၾကီးခေခြးကအစ လိုက္ေျဖရွင္းေပးဖို႕ ထိုင္ေမ်ွာ္လင့္ေနၾကတယ္။

ကိုယ္တုိင္ပါ၀င္အားျဖည့္မႈ သုည…. အမိႈ္က္ေလးေတြၾကံဳသလို ေလွ်ာက္ပစ္ရင္း ျမဳိ႕ေတာ္ သာယာလွပဖို႕ အာဏာပိုင္ေတြကို ထိုင္ေစာင့္ေနၾကတယ္။ အဲဒီ႕အစား အျမင္မေတာ္တဲ႕ စကၠဴတစ္စကို အမိႈက္ပံုးေလးထဲေရာက္ေအာင္ ထည့္လိုက္ဖို႕ေတာ့ မသိခ်င္ေယာင္ေဆာင္ထားတယ္။

ရထားဘူတာရံုေတြမွာ သန္႕စင္ခန္းေတြ ထားေပးေစခ်င္ၾကတယ္.. ဒါေပမဲ႕ အဲဒီ့သန္႕စင္ခန္းေတြကို
က်က်နန ဘယ္လိုသံုးရမလဲေတာ့ အေလးမထားဘူး။

အိႏိၵယအဲလိုင္းေတြမွာ အေကာင္းဆံုးအစားအေသာက္ေတြ ေရအိမ္ေတြရွိေစခ်င္ၾကတယ္။
ဒါေပမဲ႔ လစ္ရင္လစ္သလို ရသေလာက္ေလး ပိုယူလာဖို႕ ခိုးလာဖို႕လဲ ၀န္မေလးဘူး။
ကဲ.. ဒီေတာ့ ပ်က္စီးပုပ္သိုးေနပါတယ္ဆိုတဲ႕ ဒီစနစ္ၾကီး အဖြဲ႕အစည္းအတြက္ ဘယ္သူ႔မွာ တာ၀န္ရွိတာလဲ။

ဘယ္သူေတြက ေျပာင္းလဲဖို႕လိုေနတာလဲ… အဲဒီ႔စနစ္ၾကီးမွာ ဘယ္သူေတြ ပါ၀င္လႈပ္ရွား
လည္ပတ္ေနတာလဲ။ ကိုယ့္အိမ္ ကိုယ့္ပတ္၀န္းက်င္ ကိုယ့္ျမိဳ႕ ကိုယ့္အဖြဲ႕အစည္း တျခား
အဖြဲ႔အစည္းေတြနဲ႕ အစိုးရ အကုန္လံုးပါ၀င္ေနတာ မဟုတ္ဘူးလား။

ဒါေပမဲ႕ ေသခ်ာပါတယ္.. တကယ္တမ္း လက္ေတြ႕က်က် ပါ၀င္ေျပာင္းလဲလုပ္ေဆာင္ရမယ့္ အခ်ိန္က်ေတာ့ အားလံုးက ကိုယ့္မိသားစုေလးနဲ႔အတူတူ စိတ္ခ်လံုျခံဳတဲ႔အိမ္ေလးထဲ အတူတူထိုင္ေနၾကျပီး ျပတင္းေပါက္ကေန ခပ္လွမ္းလွမ္းပဲ ေစာင့္ၾကည့္ေနၾကမွာပါ။

သူတို႕စိတ္ထဲမွာေတာ့ ေမာင္သန္႔ရွင္းၾကီးတစ္ေယာက္ မိုးေပၚကေနက်လာျပီး
အာလံုးကို ေနရာတက်ျပန္ျဖစ္သြားေအာင္ လဲွက်င္းရွင္းလင္း ေျပာင္းလဲေပးသြားလိမ့္မယ္လို႕
ေမ်ွာ္လင့္ရင္လဲ ေမွ်ာ္လင့္ေနၾကမွာေပါ့။

ဒါမွမဟုတ္လဲ တတ္ႏိုင္သူေတြက တျခားတိုင္းတပါးကို ေျပာင္းေရႊ႕သြားရင္လဲ သြားလိမ့္မယ္…. ဘာနဲ႕တူလဲဆိုေတာ့ အမဲလိုက္ေခြးၾကီးလက္ကေန ကိုယ္လြတ္ရုန္းေျပးတဲ႕ သူရဲေဘာေလးေတြလိုပဲ။
သူတို႕စိတ္ထဲမွာ ၾကီးက်ယ္ခမ္းနားတယ္လို႕ထင္ရတဲ႕အေမရိကားရဲ႕ ဂုဏ္သေရေတာ္ေအာက္မွာ ေနပူစာလံႈခြင့္ ေတာင္းခံၾကျပီး အေမရိကားရဲ႕ လူေနမႈစနစ္ေတြကို တဖြဖြ ခ်ီးမြန္းခန္း ဖြင့္ေနၾကလိမ့္မယ္။

အဲ႔လိုေနရင္းနဲ႕မွာ နယူးေယာက္က မလံုျခံဳဘူးလို႕ ခံစားလာရရင္ အဂၤလန္ကိုဆက္ေျပးၾက။
အဂၤလန္မွာ အလုပ္အကိုင္ရွားပါးလာရင္ ပင္လယ္ေကြ႕ကို ေလယာဥ္နဲ႕ေျပး...။ ပင္လယ္ေကြ႕မွာ စစ္ျဖစ္လာတဲ႔အခါက်ေတာ့ လူမႈကယ္တင္ေရး အစီအစဥ္နဲ႕ အိႏိၵယကိုျပန္ပို႕ေပးဖို႕ ေတာင္းဆိုၾက။

ကိုယ့္ႏိုင္ငံရဲ႕စနစ္ ေခတ္ကို အားျပည့္တိုးတက္လာဖို႕ေတာ့ ဘယ္သူမွ အပင္ပန္းခံျပီး မစဥ္းစားခ်င္ၾကဘူး။ အေကာင္းအဆိုး ပိုင္းျခားႏိုင္တဲ႕အသိဥာဏ္ကို ေငြေၾကးပကာသနေတြနဲ႕ အေပါင္ခံ ထားၾကလိုက္သ လိုျဖစ္ေနတယ္။

၃၅ ေယာက္ေျမာက္ အေမရိကန္သမၼတ J F Kennedy က သူ႕ေနာက္လိုက္ အေမရိကန္ေတြကို ေတာင္းဆိုခဲ႕တဲ႕ စကားေလးနဲ႕ပဲ နိဂံုးခ်ဳပ္လိုက္မယ္။

“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင္းျပည္က သင့္ကို ဘာေပးႏိုင္လဲလို႕ ေမးမယ့္အစား.. တိုင္းျပည္အတြက္ သင္ ဘာေပးႏုိင္မလဲ ဆိုတာပဲ ေမးပါ" ….တဲ႕"
Unicode
အချိန် ၁၀မိနစ်ရမှ ဖတ်ပါ

အိန္ဒိယ သမ္မတပြောသွားတဲ့ မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်လောက်ပေးနိုင်မလား တဲ့ ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ။ မြန်မာနိုင်ငံ က လူတွေ အတွက်လည်း တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့ အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန် နည်းနည်းပေးပြီး ဖတ်ပေးပါ။

ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာ၀န် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။

အခုလို ပြောထားပါတယ်။
"မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကို ဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။

အိန္ဒိယသမ္မတ:
"တို့အိနိ္ဒယအစိုးရက လုပ်ဆောင်မှုတွေ မထိရောက်ဘူး။
မင်းပြောတယ်… တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။
မင်းပြောတယ်… စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်…. ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ.. အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး… စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…
တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျေွးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်…

မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေ ပြောပြီး မင်းကရော ဘာတစ်ခုလုပ်လဲ…?

ကောင်းပြီ.. မင်းစင်္ကာပူကို ရောက်တဲ့အခါကျတော့...
စင်္ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး.. စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ် ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးတယ်… အဲ့လိုစင်္ကာပူမှာ မင်းတစ်ခုခုများပြောလား.. ပြောခဲ့လား…?

ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား..
ဝါရှင်တန်မှာ တစ်နာရီ ၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား….

အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေကို တွေ့ကရာ မင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာ မင်းကွမ်းတံတွေး လျှောက်ထွေးရဲလား။
ဒါတွေက မင်းကို မေးနေတာ။ သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျ လေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကို မလေးစား စည်းကမ်းပျက်တတ်တဲ့မင်းကိုပဲ မေးနေတာ။

အိနိ္ဒယမြေကို စနင်းပြီဆိုတာနဲ့ စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။
တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာ လေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေးရပ်နိုင်ငံမှကျတော့ ဘာလို့ ပုံစံအတူတူ မလုပ်နိုင်ရတာလဲ

အင်တာဗျူးတစ်ခုမှာ အငြိမ်းစားဘုံဘေမြို့ စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွား
လဲသိလား။ လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေ ထားခဲ့ကြတယ်။
ပြီးတာ့ အဲ့လူတွေကပဲ တစ်ခါပြန်ပြီး ညစ်ပေနေတဲ့ လူသွားလမ်းတွေအတွက် တာ၀န်ရှိသူ
အဖွဲ့အစည်းတွေ ညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာ၀န်ရှိသူတွေကို သူတို့က ဘယ်လို လုပ်ပေးစေချင်တာလဲ။

သူတို့ခွေးတွေ နောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကို တကောက်ကောက် လိုက်ရှင်းပေးစေချင်တာလား။
အမေရိကားမှာ ကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ သန့်စင်ပေးဖို့ ပိုင်ရှင်က တာ၀န်ယူရတယ်.. ဂျပန်မှာလဲဒီလိုပဲ… ဒီ အိနိ္ဒယကလူတွေ အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး.. ဖြစ်သမျှ အကုန်ကို တာ၀န်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက် ရွေးလိုက်သလိုပဲ။ ကိုယ်ကိုယ်တိုင်က ဘာတာ၀န်မှ မရှိသလို နေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီးခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ ထိုင်မျှော်လင့်နေကြတယ်။

ကိုယ်တိုင်ပါ၀င်အားဖြည့်မှု သုည…. အမှို်က်လေးတွေကြုံသလို လျှောက်ပစ်ရင်း မြို့တော် သာယာလှပဖို့ အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေးထဲရောက်အောင် ထည့်လိုက်ဖို့တော့ မသိချင်ယောင်ဆောင်ထားတယ်။

ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်.. ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနန ဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။

အိနိ္ဒယအဲလိုင်းတွေမှာ အကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်။
ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ.. ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက် ဘယ်သူ့မှာ တာ၀န်ရှိတာလဲ။

ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ… အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါ၀င်လှုပ်ရှား
လည်ပတ်နေတာလဲ။ ကိုယ့်အိမ် ကိုယ့်ပတ်၀န်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့ အစိုးရ အကုန်လုံးပါ၀င်နေတာ မဟုတ်ဘူးလား။

ဒါပေမဲ့ သေချာပါတယ်.. တကယ်တမ်း လက်တွေ့ကျကျ ပါ၀င်ပြောင်းလဲလုပ်ဆောင်ရမယ့် အချိန်ကျတော့ အားလုံးက ကိုယ့်မိသားစုလေးနဲ့အတူတူ စိတ်ချလုံခြုံတဲ့အိမ်လေးထဲ အတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။

သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကို နေရာတကျပြန်ဖြစ်သွားအောင် လဲှကျင်းရှင်းလင်း ပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။

ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲ သွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့ အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ။
သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာ နေပူစာလှုံခွင့် တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွ ချီးမွန်းခန်း ဖွင့်နေကြလိမ့်မယ်။

အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ။
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး...။ ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေး အစီအစဉ်နဲ့ အိနိ္ဒယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။

ကိုယ့်နိုင်ငံရဲ့စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး။ အကောင်းအဆိုး ပိုင်းခြားနိုင်တဲ့အသိဉာဏ်ကို ငွေကြေးပကာသနတွေနဲ့ အပေါင်ခံ ထားကြလိုက်သ လိုဖြစ်နေတယ်။

၃၅ ယောက်မြောက် အမေရိကန်သမ္မတ J F Kennedy က သူ့နောက်လိုက် အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်။

“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင် ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့"

0 comments:

Post a Comment