Friday, October 23, 2015

ကိုယ့္ကိုယ္ကိုယံုၾကည္မႈတိုးပြားေစမယ့္ နည္းလမ္း ၈ သြယ္

အလုပ္မလုပ္ရေသးခင္ ငါလုပ္တာ ဟုတ္မွဟုတ္ရဲ႕လားလုိ႔ မယံုမၾကည္ျဖစ္ေနရင္ ဘာကိုမွ ျဖစ္ျဖစ္ေျမာက္ေျမာက္လုပ္ရဲမွာ မဟုတ္ပါဘူး။ ဒီအခါ ေအာင္ျမင္မႈလည္း မရႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈဟာ ေအာင္ျမင္မႈရဲ႕ အေၾကာင္းရင္းခံလုိ႔ ေျပာႏိုင္ပါတယ္။
ကိုယ့္ကိုယ္ကို ယံုၾကည္မႈတုိးပြားဖို႔ အခုအခ်ိန္က စၿပီး ေလ့က်င့္ႏိုင္ပါတယ္။

၁. ကိုယ့္ကိုယ္ကုိ ရုိးရုိးသားသားျပန္ၾကည့္ပါ

မာနႀကီးတာနဲ႔ ယံုၾကည္မႈရွွိတာ မတူပါဘူး။ မာနႀကီးတယ္ဆုိတာ ကိုယ့္ကိုယ္ကုိ ထင္တစ္လံုးျဖစ္ေနတာပါ။ ယံုၾကည္မႈရွိတာကေတာ့ ကုိယ္ အလုပ္တစ္ခုကို လုပ္ႏိုင္မယ္လို႔ သိတာျဖစ္ပါတယ္။ တနည္းဆုိရရင္ ယံုၾကည္မႈဆုိတာ ႀကိဳးစားပန္းစားအလုပ္လုပ္ကိုင္ျခင္းကေန ရလာတဲ့ ရလဒ္ျဖစ္ပါတယ္။
မွန္ကန္တဲ့ယံုၾကည္မႈကို စစ္မွန္တဲ့ဘဝကပဲ ရႏိုင္ပါတယ္။ ယံုၾကည္မႈတုိးပြားဖုိ႔ ကိုယ့္အရည္အခ်င္းေတြကို မေထာက္မညွာဘဲ မွန္္မွန္ကန္ကန္ဆန္းစစ္ရပါမယ္။ ကိုယ္ ဘာေတြေတာ္လို႔ ဘာေတြညံ့လဲ။ ကိုယ္ေတာ္တာေတြကို အားေကာင္းေအာင္ ဘယ္လုိလုပ္မလဲ။ ညံ့တဲ့အခ်က္ေတြကို ပစ္မထားဘဲ ဘယ္လုိ ေကာင္းလာေအာင္ လုပ္မလဲ။ ဒါေတြကုိ ႀကိဳးပမ္းသင့္ပါတယ္။ ကိုယ္ေတာ္တာေတြကုိ အစြမ္းျပရမယ့္အခ်ိန္မွာ သူမ်ားက ဘယ္ေလာက္ ေဝဖန္ေနပါေစ ယံုၾကည္ခ်က္ရွိရွိ အစြမ္းျပႏိုင္ပါလိမ့္မယ္။

၂. ဟင့္အင္းလို႔ ေျပာပါ

ကယ္လီဖုိးနီးယားတကၠသိုလ္က ျပဳလုပ္တဲ့သုေတသနအရ ဟင့္အင္းလို႔ ေျပာဖုိ႔ခက္ေလေလ၊ စိတ္ပင္ပန္းေလေလ၊ ကုိယ့္ကုိယ္ကုိယံုၾကည္စိတ္ ေလ်ာ့ပါးေလေလပဲလုိ႔ သိရပါတယ္။ မိမိကုိယ္ကုိ ယံုၾကည္တဲ့သူေတြဟာ ႏိုးဆုိတဲ့စကားကုိ ရွင္းေအာင္ ေျပာတတ္ၾကပါတယ္။ လုပ္ႏိုင္မယ္မထင္ဘူးတို႔၊ မေသခ်ာဘူးတို႔ မေျပာၾကပါဘူး။ ကိုယ္ျငင္းဆန္တဲ့အေၾကာင္းကို ျပတ္ျပတ္သားသား သိေစျခင္းျဖင့္ ဝိေရာဓိျဖစ္ပြားမႈေတြ ကင္းရွင္းေစပါတယ္။

၃။ ကိုယ့္သူေဌးနဲ႔ အဆင္ေျပပါေစ

သူေဌးနဲ႔ ဆက္ဆံေရးအဆင္မေျပတာဟာ အစြမ္းအစအရွိဆံုးသူတစ္ေယာက္ရဲ႕ ကိုယ့္ကိုယ္ကုိယံုၾကည္မႈကိုေတာင္မွ ပ်က္စီးေစပါတယ္။ ကုိယ့္လုပ္ပံုကိုင္ပံုေတြကို သူေဌးက တခ်ိန္လံုး အျပစ္ရွာေနရင္ ကိုယ့္ကိုယ္ကို ဘယ္လုိယံုၾကည္ႏိုင္ပါေတာ့မလဲ။ သည္ေတာ့ ဆက္ဆံေရးဘာေၾကာင့္ ဆိုးဝါးသြားတာလဲလုိ႔ အေျဖရွာၿပီး ႀကိဳးစားေျဖရွင္းၾကည့္ပါ။ တကယ္လုိ႔ လံုးဝမေျဖရွင္းႏိုင္ဘူးဆိုရင္ တျခားေနရာကို သြားဖို႔ အခ်ိန္တန္ပါၿပီ။

၄. ေအာင္ပြဲငယ္ေလးေတြ ရွာေဖြပါ

ကိုယ့္ကိုယ္ကုိ ယံုၾကည္တဲ့လူေတြဟာ ကုိယ့္ကုိယ္ကိုစိန္ေခၚၿပီး ကိုယ့္ကိုယ္ကုိ ယွဥ္ၿပိဳင္တတ္ပါတယ္။ ကိုယ့္ေအာင္ျမင္မႈေတြဟာ ဘယ္ေလာက္ပဲေသးငယ္သည္ျဖစ္ေစ ဦးေႏွာက္ရဲ႕ ဆုခ်ီးျမွင့္မႈနဲ႔ လံႈ႕ေဆာ္မႈနယ္ပယ္ေတြမွာ ထြန္းလင္းေတာက္ပေစပါတယ္။ အဲသည္လို ထြန္းလင္းေတာက္ပေလေလ ကိုယ့္ကိုယ္ကို ယံုၾကည္မႈတုိးပြားေလေလ ေနာက္ထပ္ စိန္ေခၚမႈေတြကို လက္ခံခ်င္ေလေလပါပဲ။ ေသးငယ္တဲ့ေအာင္ျမင္မႈေတြ ဆက္တုိက္ရၿပီဆုိရင္ ကိုယ့္ကိုယ္ကိုယံုၾကည္မႈဟာ လပိုင္းမ်ားစြာၾကာေအာင္ ျမင့္တက္ေနႏိုုင္ပါတယ္။

၅. ဆရာတစ္ေယာက္ကို ရွာေဖြပါ

ကုိယ့္စိတ္အားငယ္မႈေတြကို ကုသေပးၿပီး ယံုၾကည္မႈတုိးပြားေစဖုိ႔ ဆရာတစ္ေယာက္ထက္ ပုိေကာင္းတာ ဘာမွမရွိပါဘူး။ နည္းေပးလမ္းျပဆရာတစ္ေယာက္ဟာ မွန္လို က်င့္ႀကံၿပီး ကိုယ့္လုိအပ္ခ်က္ေတြကို မကြယ္မဝွက္ေထာက္ျပႏိုင္ပါတယ္။

၆. ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ေပးပါ

အေရွ႕ပိုင္း အြန္တာရီယုိ သုေတသနအင္စတီက်ဳေလ့လာမႈအရ တစ္ပတ္ကို ၂ ႀကိမ္နဲ႔ ၁၀ ပတ္ဆက္တုိက္ ေလ့က်င့္ခန္း လုပ္တဲ့သူေတြဟာ လူမႈေရး၊ ပညာေရးနဲ႔ အားကစားမွာ ပိုမိုစြမ္းေဆာင္ႏိုင္တယ္လို႔ ခံစားရေၾကာင္း သိရပါတယ္။ သူတုိ႔ရဲ႕ ခႏၶာကိုယ္ တုိးတက္လာတယ္လုိ႔ ခံစားရၿပီး ကိုယ့္ကို္ယ္ကုိ ယံုၾကည္မႈလည္း တုိးပြားလာပါတယ္။

၇. လွလွပပ သပ္သပ္ရပ္ရပ္ ဝတ္ပါ

ေတာင္းမွာအကြပ္၊ လူမွာ အဝတ္ ဆုိတဲ့စကားအတုိင္း ကြ်န္မတုိ႔ရဲ႕ ဝတ္စားဆင္ယင္ပံုက လူေတြရဲ႕အျမင္ကုိ ေျပာင္းလဲေစႏိုင္ပါတယ္။ ဒါတင္မက ကြ်န္မတုိိ႔အဝတ္အစားဟာ ကြ်န္မတုိ႔ကုိယ့္ကိုယ္ကို ျမင္တဲ့အျမင္ေပၚမွာလည္း အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ေလ့လာမႈေတြအရ လူေတြဟာ သားသားနားနားဝတ္စားခ်ိန္မွာ စကားေျပာပံုနဲ႔ သာမာန္ဝတ္စားခ်ိန္မွာ စကားေျပာပံု မတူဘူးလို႔ ေတြ႕ရပါတယ္။ အဲသည္ေတာ့ ကိုယ့္ကိုယ္ကုိယံုၾကည္မႈတုိးျမင့္ခ်င္ရင္ သားသားနားနားဝတ္ပါ။

၈. ကိုယ့္ကိုယ္ကို ယံုပါ၊ ရန္မလုိပါနဲ႔

အျငင္းအခုန္သန္တာ၊ ရန္လုိတာဟာ ယံုၾကည္မႈမဟုတ္ပါဘူး။ အႏိုင္က်င့္ခ်င္စိတ္ပါ။ ကိုယ့္အတြင္းစိတ္မွာ မလံုၿခံဳတဲ့အခါ ဆတ္ဆတ္ထိမခံျဖစ္တတ္ပါတယ္။
သည္အခ်က္ေတြ အားလံုးေပါင္းၿပီး က်င့္သံုးၾကည့္ပါ။

ကုိယ့္ယံုၾကည္မႈကို ကိုယ္ပဲ ျမွင့္တင္ႏိုင္၊ ရုိက္ခ်ိဳးႏိုင္ပါတယ္။ ကုိယ့္ကိုယ္ကုိ ယံုၾကည္မႈဟာ “အေကာင္းဆံုးကို ေမွ်ာ္လင့္ထားတယ္” ဆိုတာထက္ ပုိပါတယ္။ ကိုယ္ လုပ္ႏိုင္တာ ေသခ်ာတယ္ဆုိတာမွသာ ယံုၾကည္မႈအစစ္အမွန္ျဖစ္ပါတယ္။

Credit: စုျပည့္စံု
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျ႔ီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
---------------------------------------------------------------------------------

အလုပ်မလုပ်ရသေးခင် ငါလုပ်တာ ဟုတ်မှဟုတ်ရဲ့လားလို့ မယုံမကြည်ဖြစ်နေရင် ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်လုပ်ရဲမှာ မဟုတ်ပါဘူး။ ဒီအခါ အောင်မြင်မှုလည်း မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ အောင်မြင်မှုရဲ့ အကြောင်းရင်းခံလို့ ပြောနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားဖို့ အခုအချိန်က စပြီး လေ့ကျင့်နိုင်ပါတယ်။

၁. ကိုယ့်ကိုယ်ကို ရိုးရိုးသားသားပြန်ကြည့်ပါ

မာနကြီးတာနဲ့ ယုံကြည်မှုရှှိတာ မတူပါဘူး။ မာနကြီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ထင်တစ်လုံးဖြစ်နေတာပါ။ ယုံကြည်မှုရှိတာကတော့ ကိုယ် အလုပ်တစ်ခုကို လုပ်နိုင်မယ်လို့ သိတာဖြစ်ပါတယ်။ တနည်းဆိုရရင် ယုံကြည်မှုဆိုတာ ကြိုးစားပန်းစားအလုပ်လုပ်ကိုင်ခြင်းကနေ ရလာတဲ့ ရလဒ်ဖြစ်ပါတယ်။
မှန်ကန်တဲ့ယုံကြည်မှုကို စစ်မှန်တဲ့ဘဝကပဲ ရနိုင်ပါတယ်။ ယုံကြည်မှုတိုးပွားဖို့ ကိုယ့်အရည်အချင်းတွေကို မထောက်မညှာဘဲ မှန််မှန်ကန်ကန်ဆန်းစစ်ရပါမယ်။ ကိုယ် ဘာတွေတော်လို့ ဘာတွေညံ့လဲ။ ကိုယ်တော်တာတွေကို အားကောင်းအောင် ဘယ်လိုလုပ်မလဲ။ ညံ့တဲ့အချက်တွေကို ပစ်မထားဘဲ ဘယ်လို ကောင်းလာအောင် လုပ်မလဲ။ ဒါတွေကို ကြိုးပမ်းသင့်ပါတယ်။ ကိုယ်တော်တာတွေကို အစွမ်းပြရမယ့်အချိန်မှာ သူများက ဘယ်လောက် ဝေဖန်နေပါစေ ယုံကြည်ချက်ရှိရှိ အစွမ်းပြနိုင်ပါလိမ့်မယ်။

၂. ဟင့်အင်းလို့ ပြောပါ

ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့သုတေသနအရ ဟင့်အင်းလို့ ပြောဖို့ခက်လေလေ၊ စိတ်ပင်ပန်းလေလေ၊ ကိုယ့်ကိုယ်ကိုယုံကြည်စိတ် လျော့ပါးလေလေပဲလို့ သိရပါတယ်။ မိမိကိုယ်ကို ယုံကြည်တဲ့သူတွေဟာ နိုးဆိုတဲ့စကားကို ရှင်းအောင် ပြောတတ်ကြပါတယ်။ လုပ်နိုင်မယ်မထင်ဘူးတို့၊ မသေချာဘူးတို့ မပြောကြပါဘူး။ ကိုယ်ငြင်းဆန်တဲ့အကြောင်းကို ပြတ်ပြတ်သားသား သိစေခြင်းဖြင့် ဝိရောဓိဖြစ်ပွားမှုတွေ ကင်းရှင်းစေပါတယ်။

၃။ ကိုယ့်သူဌေးနဲ့ အဆင်ပြေပါစေ

သူဌေးနဲ့ ဆက်ဆံရေးအဆင်မပြေတာဟာ အစွမ်းအစအရှိဆုံးသူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတောင်မှ ပျက်စီးစေပါတယ်။ ကိုယ့်လုပ်ပုံကိုင်ပုံတွေကို သူဌေးက တချိန်လုံး အပြစ်ရှာနေရင် ကိုယ့်ကိုယ်ကို ဘယ်လိုယုံကြည်နိုင်ပါတော့မလဲ။ သည်တော့ ဆက်ဆံရေးဘာကြောင့် ဆိုးဝါးသွားတာလဲလို့ အဖြေရှာပြီး ကြိုးစားဖြေရှင်းကြည့်ပါ။ တကယ်လို့ လုံးဝမဖြေရှင်းနိုင်ဘူးဆိုရင် တခြားနေရာကို သွားဖို့ အချိန်တန်ပါပြီ။

၄. အောင်ပွဲငယ်လေးတွေ ရှာဖွေပါ

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့လူတွေဟာ ကိုယ့်ကိုယ်ကိုစိန်ခေါ်ပြီး ကိုယ့်ကိုယ်ကို ယှဉ်ပြိုင်တတ်ပါတယ်။ ကိုယ့်အောင်မြင်မှုတွေဟာ ဘယ်လောက်ပဲသေးငယ်သည်ဖြစ်စေ ဦးနှောက်ရဲ့ ဆုချီးမြှင့်မှုနဲ့ လှုံ့ဆော်မှုနယ်ပယ်တွေမှာ ထွန်းလင်းတောက်ပစေပါတယ်။ အဲသည်လို ထွန်းလင်းတောက်ပလေလေ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးပွားလေလေ နောက်ထပ် စိန်ခေါ်မှုတွေကို လက်ခံချင်လေလေပါပဲ။ သေးငယ်တဲ့အောင်မြင်မှုတွေ ဆက်တိုက်ရပြီဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုဟာ လပိုင်းများစွာကြာအောင် မြင့်တက်နေနိုုင်ပါတယ်။

၅. ဆရာတစ်ယောက်ကို ရှာဖွေပါ

ကိုယ့်စိတ်အားငယ်မှုတွေကို ကုသပေးပြီး ယုံကြည်မှုတိုးပွားစေဖို့ ဆရာတစ်ယောက်ထက် ပိုကောင်းတာ ဘာမှမရှိပါဘူး။ နည်းပေးလမ်းပြဆရာတစ်ယောက်ဟာ မှန်လို ကျင့်ကြံပြီး ကိုယ့်လိုအပ်ချက်တွေကို မကွယ်မဝှက်ထောက်ပြနိုင်ပါတယ်။

၆. လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးပါ

အရှေ့ပိုင်း အွန်တာရီယို သုတေသနအင်စတီကျုလေ့လာမှုအရ တစ်ပတ်ကို ၂ ကြိမ်နဲ့ ၁၀ ပတ်ဆက်တိုက် လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ လူမှုရေး၊ ပညာရေးနဲ့ အားကစားမှာ ပိုမိုစွမ်းဆောင်နိုင်တယ်လို့ ခံစားရကြောင်း သိရပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် တိုးတက်လာတယ်လို့ ခံစားရပြီး ကိုယ့်ကို်ယ်ကို ယုံကြည်မှုလည်း တိုးပွားလာပါတယ်။

၇. လှလှပပ သပ်သပ်ရပ်ရပ် ဝတ်ပါ

တောင်းမှာအကွပ်၊ လူမှာ အဝတ် ဆိုတဲ့စကားအတိုင်း ကျွန်မတို့ရဲ့ ဝတ်စားဆင်ယင်ပုံက လူတွေရဲ့အမြင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါတင်မက ကျွန်မတိုိ့အဝတ်အစားဟာ ကျွန်မတို့ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်ပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ လေ့လာမှုတွေအရ လူတွေဟာ သားသားနားနားဝတ်စားချိန်မှာ စကားပြောပုံနဲ့ သာမာန်ဝတ်စားချိန်မှာ စကားပြောပုံ မတူဘူးလို့ တွေ့ရပါတယ်။ အဲသည်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးမြင့်ချင်ရင် သားသားနားနားဝတ်ပါ။

၈. ကိုယ့်ကိုယ်ကို ယုံပါ၊ ရန်မလိုပါနဲ့

အငြင်းအခုန်သန်တာ၊ ရန်လိုတာဟာ ယုံကြည်မှုမဟုတ်ပါဘူး။ အနိုင်ကျင့်ချင်စိတ်ပါ။ ကိုယ့်အတွင်းစိတ်မှာ မလုံခြုံတဲ့အခါ ဆတ်ဆတ်ထိမခံဖြစ်တတ်ပါတယ်။
သည်အချက်တွေ အားလုံးပေါင်းပြီး ကျင့်သုံးကြည့်ပါ။

ကိုယ့်ယုံကြည်မှုကို ကိုယ်ပဲ မြှင့်တင်နိုင်၊ ရိုက်ချိုးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ “အကောင်းဆုံးကို မျှော်လင့်ထားတယ်” ဆိုတာထက် ပိုပါတယ်။ ကိုယ် လုပ်နိုင်တာ သေချာတယ်ဆိုတာမှသာ ယုံကြည်မှုအစစ်အမှန်ဖြစ်ပါတယ်။

Credit: စုပြည့်စုံ
ဒီသတင်းကိုသင်နှစ်သက်လျှင်ညာဘက်အပေါ်ထောင့်ကိုနှိပ်ြ့ီးသင့်ရဲ့သူငယ်ချင်းများကိုshareပေးပါ။
---------------------------------------------------------------------------------

0 comments:

Post a Comment