Thursday, October 1, 2015

မိဘဆိုတာမ်ိဳးက

ဟိုးေရွးေရွးတုန္းက အလြန္ၾကီးမားတဲ့ ပန္းသီးသစ္ပင္ၾကီးတစ္ပင္ရွိတယ္ ။ ေကာင္ေလးတစ္ေယာက္ဟာ အဲဒီပန္းသီးပင္ၾကီးကို အလြန္ပဲ ခ်စ္ခင္တဲ့အတြက္ ေန႔တိုင္း အဲဒီအပင္ၾကီးနားမွာ လာၿပီးကစားေလ့ရွိတယ္ ။ သူဟာ ပန္းသီးပင္ထိပ္ကိုတက္တယ္ ပန္းသီးေတြကိုစားတယ္ အဲဒီအပင္ၾကီးရဲ႕ အရိပ္ေအာက္မွာ ခဏတာ အိပ္စက္ေလ့ရွိတယ္ ။ သူက ပန္းသီးပင္ၾကီးကိုခ်စ္သလို ပန္းသီးပင္ၾကီးကလည္းသူ႔ကိုခ်စ္တယ္ ။ ဒီလိုနဲ႔ အခ်ိန္ေတြၾကာလာေတာ့ ေကာင္ေလးဟာ တၿဖည္းၿဖည္းအရြယ္ေရာက္လာတယ္ ။ ၿပီးေတာ့ ပန္းသီးပင္ၾကီးနားမွာ ေန႔တိုင္းအခ်ိန္ၿပည့္လာမကစားႏုိင္ေတာ့ဘူး ။

တစ္ေန႔မွာ ေကာင္ေလးဟာ သစ္ပင္ၾကီးဆီကိုေရာက္လာတယ္ ။ သူ႔မ်က္ႏွာမွာ ၀မ္းနည္းေနတဲ့ပံုေပၚတယ္ ။ “ လာေလ ေကာင္ေလး ငါနဲ႔လာကစားပါ ” ပန္းသီးပင္ၾကီးက ေကာင္ေလးကိုေၿပာတယ္ ။ “ ကၽြန္ေတာ္က ကေလးေလးတစ္ေယာက္မဟုတ္ေတာ့ပါဘူး ဒါေၾကာင့္ ပန္းသီးပင္ၾကီးနားမွာ အခ်ိန္ၿပည့္မကစားႏိုင္ေတာ့ပါဘူး ” လို႔ေကာင္ေလးကၿပန္ေၿပာတယ္ ။ အဲဒီအခါ သစ္ပင္ၾကီးက “ စိတ္မေကာင္းပါဘူး ေကာင္ေလးရယ္ ငါ့မွာ မင္းကိုေပးဖို႔ေငြေတာ့မရွိပါဘူး ဒါေပမယ့္ ငါ့ရဲ႕ပန္းသီးေတြကို အကုန္လံုးမင္းယူလိုက္ပါၿပီးေတာ့အဲဒါေတြကိုေရာင္းလိုက္ပါ အဲဒါဆို မင္းမွာ ေငြေတြရွိလာမွာပါ ” လို႔ၿပန္ေၿပာတယ္ ။

ေကာင္ေလးဟာ အေတာ္စိတ္လႈပ္ရွားသြားတယ္ ။ သူဟာ ပန္းသီးပင္ၾကီးဆီက ပန္းသီးေတြအကုန္လံုးကို ဆြတ္ယူၿပီး ေပ်ာ္ရႊင္စြာနဲ႔ ၿပန္သြားခဲ့တယ္ ။ အဲဒီအခ်ိန္ကစၿပီးေကာင္ေလးဟာပန္းသီးပင္ၾကီးဆီကို ၿပန္မလာေတာ့ပါဘူး ။ ပန္းသီးပင္ၾကီးကေတာ့ ၀မ္းနည္းေနလွ်က္ရွိပါတယ္ ။

တစ္ေန႔မွာ လူၾကီးတစ္ေယာက္အၿဖစ္ ေၿပာင္းလဲသြားတဲ့ေကာင္ေလးဟာ ပန္းသီးပင္ၾကီးဆီကို တစ္ေခါက္ၿပန္ေရာက္လာခဲ့တယ္ ။ သူ႔မ်က္ႏွာမွာ ၀မ္းနည္းမႈေတြေပၚလြင္ေနတယ္ ။ “ ဟာ လာေလေကာင္ေလး ငါနဲ႔လာကစားပါဦး ” ပန္းသီးပင္ၾကီးက ေကာင္ေလးကို ၀မ္းသာစြာနဲ႔ေခၚတယ္ ။ “ ကၽြန္ေတာ့္မွာ ပန္းသီးပင္ၾကီးနဲ႔ အတူကစားဖို႔အခ်ိန္မရွိေတာ့ပါဘူး အခုဆိုရင္ မိသားစုအတြက္ အခ်ိန္ေတြအမ်ားၾကီးေပးၿပီးအလုပ္လုပ္ေနရပါၿပီ ကၽြန္ေတာ္တုိ႔ ေနဖို႔အတြက္ အခုဆိုရင္အိမ္တစ္လံုးလိုပါတယ္ ။ ခင္ဗ်ား ကၽြန္ေတာ့္ကို ကူညီႏိုင္မလားဟင္ ? ” လို႔ေမးတယ္ ။ အဲဒီအခါ ပန္းသီးပင္ၾကီးက “ စိတ္မေကာင္းပါဘူး ေကာင္ေလးရယ္ ငါမင္းကို အိမ္တစ္လံုးေတာ့မေပးႏုိင္ပါဘူး ဒါေပမယ့္ ငါ့အကိုင္းအခက္ေတြကို ခ်ိဳးၿပီး မင္းအတြက္ အိမ္တစ္လံုးတည္ေဆာက္ပါ ” လို႔ ၿပန္ေၿပာတယ္ ။ လူၾကီးတစ္ေယာက္ၿဖစ္လာၿပီၿဖစ္တဲ့ေကာင္ေလးဟာ ပန္းသီးပင္ၾကီးရဲ႕ အကိုင္းအခက္ေတြကို ခုတ္ယူၿပီး ေပ်ာ္ရႊင္စြာနဲ႔ ၿပန္သြားခဲ့တယ္ ။ ပန္းသီးပင္ၾကီးက ေကာင္ေလးေပ်ာ္ေနတာကိုၾကည့္ၿပီး ၀မ္းသာေနခဲ့တယ္ ။ ဒါေပမယ့္ အဲဒီအခ်ိန္ကစလို႔ ေကာင္ေလးဟာ သူ႔ဆီ ထပ္ေရာက္မလာၿပန္ေတာ့ပါဘူး ။ ပန္းသီးပင္ၾကီးဟာ တခါထပ္အထီးက်န္ခဲ့ရၿပီး ၀မ္းနည္းေနခဲ့ရပါတယ္ ။

အခ်ိန္ေတြအမ်ားၾကီးၾကာသြားၿပီးတဲ့ေနာက္ ေႏြရာသီရဲ႕ ေန႔တစ္ေန႔မွာေတာ့ ပန္းသီးပင္ၾကီးဆီကို အဲဒီလူဟာ တစ္ေခါက္ၿပန္ေရာက္လာခဲ့တယ္ ။ “ ေဟးး ေကာင္ေလး ငါနဲ႔အတူလာကစားပါဦး ” လို႔ ပန္းသီးပင္ၾကီးက ၀မ္းသာစြာနဲ႔ေခၚတယ္ ။ “ ကၽြန္ေတာ္ဟာ အသက္ၾကီးေနပါၿပီ ဒါေၾကာင့္ ကၽြန္ေတာ္ အပန္းေၿဖဖို႔ထြက္လာခဲ့တာပါ ကၽြႊန္ေတာ့္ကို ေလွတစ္စင္းေပးႏိုင္မလား ” လို႔ အဲဒီလူက ၿပန္ေၿပာတယ္ ။ ဒီအခါ ပန္းသီးပင္ၾကီးက “ ငါ့ရဲ႕ ပင္စည္ကို ခုတ္လွဲၿပီး မင္းအတြက္ ေလွတစ္စင္း တည္ေဆာက္လိုက္ပါ အဲဒီအခါ မင္း ၿမစ္ၿပင္ထဲမွာ ရြက္လႊင္ပၿပီး အပန္းေၿဖႏိုင္ပါလိမ့္မယ္ ” လို႔ေၿပာရွာတယ္ ။ အဲဒီလူက ပန္းသီးပင္ၾကီးရဲ႕ ပင္စည္ကိုခုတ္လွဲၿပီး ေလွတစ္စင္းတည္ေဆာက္ကာၿမစ္ၿပင္မွာ အပန္းေၿဖဖို႔ ေပ်ာ္ရႊင္စြာ ထြက္ခြာသြားပါတယ္ ။ အဲဒီအခ်ိန္ကစလို႔ သူဟာ ဘယ္ေတာ့မွ ၿပန္မလာေတာ့ပါဘူး ။

ဒီလိုနဲ႔ ေနာက္ဆံုးမွာေတာ့ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးတဲ့အခါ သူဟာ ပန္းသီးပင္ၾကီးဆီကို တစ္ေခါက္ၿပန္ေရာက္လာခဲ့တယ္ ။ ပန္းသီးပင္ၾကီးက ေတြ႔ေတြ႔ၿခင္း “ စိတ္မေကာင္းပါဘူး ေကာင္ေလးရယ္ ငါ့မွာ မင္းကို ေပးစရာဘာမွမရွိေတာ့ပါဘူး မင္းအတြက္ ပန္းသီး ေတြလည္းမရွိေတာ့ပါဘူး ” လို႔ေၿပာတယ္ ။ အဲဒီအခါ သူက “ ကိစၥမရွိပါဘူးဗ်ာ ကၽြန္ေတာ့္မွာလည္း ပန္းသီးေတြကိုကိုက္စားဖို႔ သြားေတြမရွိေတာ့ပါဘူး ” လို႔ၿပန္ေၿပာတယ္။ ဒီအခါ ပန္းသီးပင္ၾကီးက “ မင္းတက္ၿပီးေဆာ့ကစားဖို႔ ငါ့မွာ ပင္စည္လည္းမရွိေတာ့ပါဘူး ” လို႔ေၿပာတဲ့အခါ အဲဒီလူက “ ကၽြန္ေတာ္လည္းတက္ႏိုင္စြမ္းမရွိေတာ့ပါဘူး အိုေနပါၿပီ ” လို႔ၿပန္ေၿပာတယ္ ။ ပန္းသီးပင္ၾကီးက “ ငါတယ့္ကို စိတ္မေကာင္းပါဘူး ကြယ္ မင္းအတြက္ေပးစရာ ဘာမွမရွိေတာ့ပါဘူး ဒါေပမယ့္ တစ္ခုပဲ -- ငါ့ရဲ႕ ေသဆံုးေနၿပီၿဖစ္တဲ့ အၿမစ္ေတြေတာ့က်န္ပါေသးတယ္ ” လို႔ ပန္းသီးပင္ၾကီးက မ်က္ရည္ေတြနဲ႔ေၿပာရွာတယ္ ။

“ ကၽြန္ေတာ္ အခုခ်ိန္မွာ အမ်ားၾကီးမလိုခ်င္ေတာ့ပါဘူး ဒါေပမယ့္ ေအးခ်မ္းတဲ့ေနရာေလးမွာ ထာ၀ရ အနားယူခ်င္ပါတယ္ ကၽြန္ေတာ္ႏွစ္ေပါင္းမ်ားစြာလည္း ၾကိဳးစားလာခဲ့ၿပီးပါၿပီ ” လို႔ အဲဒီလူက ၿပန္ေၿပာတယ္ ။ “ အိုး--ေကာင္းပါၿပီ အပင္အိုရဲ႕ အၿမစ္ေတြဟာ မင္းအတြက္ နားခိုစရာအေကာင္းဆံုးေပါ့ေကာင္ေလးရယ္ လာပါ ဒီေနရာမွာ ငါ့အၿမစ္ေတြကို မွီၿပီးလွဲလိုက္ပါ ငါနဲ႔အတူ ၿငိမ္းခ်မ္းစြာေနပါလို႔ ” ပန္းသီးပင္ၾကီးကေၿပာတယ္ ။ အဲဒီလူက ပန္းသီးပင္အိုရဲ႕ အၿမစ္ေတြေပၚမွာ မွီၿပီးလွဲခ်လိုက္တယ္ ။ ပန္းသီးပင္ၾကီးကေတာ့ ၀မ္းသာၿပီး သူ႔မ်က္ႏွာမွာ ၿပံဳးရႊင္လုိ႔-- မ်က္ရည္ေတြစီးက်လာပါတယ္ ။

############################################

ပန္းသီးပင္ၾကီးဟာ ကၽြန္ေတာ္တို႔ မိဘေတြနဲ႔တူပါတယ္ ။ ကၽြန္ေတာ္တို႔ ငယ္စဥ္က အေဖ ရယ္အေမရယ္ဆိုၿပီးခ်စ္ခင္စြာနဲ႔ ေပ်ာ္ရႊင္စြာေဆာ့ကစားခဲ့ၾကတယ္ ။ အသက္ၾကီးလာတဲ့အခါ တစ္အိုးတစ္အိမ္ထူေထာင္ၿပီး သူတို႔ကိုစြန္႔ခြာခဲ့ၾကတယ္ ။ ကၽြန္ေတာ္တို႔ လိုအပ္တဲ့အခါ ကၽြန္ေတာ္တုိ႔ ဒုကၡၾကံဳေနရတဲ့အခါမွသာ သူတို႔ဆီတစ္ေခါက္ၿပန္ေရာက္ၿဖစ္ခဲ့ၾကတယ္ ။ ဘယ္လိုပၿဖစ္ပ်က္ေနပါေစ မိဘေတြကေတာ့ အၿမဲတမ္း သားသမီးေတြအတြက္ လိုအပ္တာမွန္သမွ် ၿဖည့္ဆည္းေပးေနတာပါပဲ ကၽြန္ေတာ္တို႔ ေပ်ာ္ရႊင္မယ္လို႔ ထင္တဲ့အရာအားလံုးကို သူတို႔ အၿပံဳးမပ်က္ပဲ ၿဖည့္ဆည္းေပးခဲ့ၾကတယ္ ။ သင္ကေတာ့ ေကာင္ေလးက ပန္းသီးပင္ၾကီးအေပၚရက္စက္လြန္းတယ္လို႔ ထင္ေနမွာပါ ။ ေသခ်ာေတြးၾကည့္ပါဦး ကၽြန္ေတာ္တို႔အားလံုးလည္း မိဘေတြကို ဒီလိုပဲ ၿပဳမူခဲ့ၾကတာပါပဲ ။ ဒီေတာ့ သိပ္ေနာက္မက်ေသးခင္မွာပဲ မိဘေတြကို ကၽြန္ေတာ္တို႔ တဖန္ၿပန္လည္ ေကၽြးေမြးေစာင့္ေရွာက္ၾကပါစို႔လား ။

မိဘေတြကို ခ်စ္ၿမတ္ႏိုးပါ ။ သူတို႔ ဘယ္ေနရာပဲေရာက္ေနေန--- သူတို႔ ဘာေတြပဲၿဖစ္ေနပါေစ --- ။ 

Unicode

ဟိုးရှေးရှေးတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးသစ်ပင်ကြီးတစ်ပင်ရှိတယ် ။ ကောင်လေးတစ်ယောက်ဟာ အဲဒီပန်းသီးပင်ကြီးကို အလွန်ပဲ ချစ်ခင်တဲ့အတွက် နေ့တိုင်း အဲဒီအပင်ကြီးနားမှာ လာပြီးကစားလေ့ရှိတယ် ။ သူဟာ ပန်းသီးပင်ထိပ်ကိုတက်တယ် ပန်းသီးတွေကိုစားတယ် အဲဒီအပင်ကြီးရဲ့ အရိပ်အောက်မှာ ခဏတာ အိပ်စက်လေ့ရှိတယ် ။ သူက ပန်းသီးပင်ကြီးကိုချစ်သလို ပန်းသီးပင်ကြီးကလည်းသူ့ကိုချစ်တယ် ။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကောင်လေးဟာ တဖြည်းဖြည်းအရွယ်ရောက်လာတယ် ။ ပြီးတော့ ပန်းသီးပင်ကြီးနားမှာ နေ့တိုင်းအချိန်ပြည့်လာမကစားနိုင်တော့ဘူး ။

တစ်နေ့မှာ ကောင်လေးဟာ သစ်ပင်ကြီးဆီကိုရောက်လာတယ် ။ သူ့မျက်နှာမှာ ၀မ်းနည်းနေတဲ့ပုံပေါ်တယ် ။ “ လာလေ ကောင်လေး ငါနဲ့လာကစားပါ ” ပန်းသီးပင်ကြီးက ကောင်လေးကိုပြောတယ် ။ “ ကျွန်တော်က ကလေးလေးတစ်ယောက်မဟုတ်တော့ပါဘူး ဒါကြောင့် ပန်းသီးပင်ကြီးနားမှာ အချိန်ပြည့်မကစားနိုင်တော့ပါဘူး ” လို့ကောင်လေးကပြန်ပြောတယ် ။ အဲဒီအခါ သစ်ပင်ကြီးက “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါ့မှာ မင်းကိုပေးဖို့ငွေတော့မရှိပါဘူး ဒါပေမယ့် ငါ့ရဲ့ပန်းသီးတွေကို အကုန်လုံးမင်းယူလိုက်ပါပြီးတော့အဲဒါတွေကိုရောင်းလိုက်ပါ အဲဒါဆို မင်းမှာ ငွေတွေရှိလာမှာပါ ” လို့ပြန်ပြောတယ် ။

ကောင်လေးဟာ အတော်စိတ်လှုပ်ရှားသွားတယ် ။ သူဟာ ပန်းသီးပင်ကြီးဆီက ပန်းသီးတွေအကုန်လုံးကို ဆွတ်ယူပြီး ပျော်ရွှင်စွာနဲ့ ပြန်သွားခဲ့တယ် ။ အဲဒီအချိန်ကစပြီးကောင်လေးဟာပန်းသီးပင်ကြီးဆီကို ပြန်မလာတော့ပါဘူး ။ ပန်းသီးပင်ကြီးကတော့ ၀မ်းနည်းနေလျှက်ရှိပါတယ် ။

တစ်နေ့မှာ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့ကောင်လေးဟာ ပန်းသီးပင်ကြီးဆီကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ သူ့မျက်နှာမှာ ၀မ်းနည်းမှုတွေပေါ်လွင်နေတယ် ။ “ ဟာ လာလေကောင်လေး ငါနဲ့လာကစားပါဦး ” ပန်းသီးပင်ကြီးက ကောင်လေးကို ၀မ်းသာစွာနဲ့ခေါ်တယ် ။ “ ကျွန်တော့်မှာ ပန်းသီးပင်ကြီးနဲ့ အတူကစားဖို့အချိန်မရှိတော့ပါဘူး အခုဆိုရင် မိသားစုအတွက် အချိန်တွေအများကြီးပေးပြီးအလုပ်လုပ်နေရပါပြီ ကျွန်တော်တို့ နေဖို့အတွက် အခုဆိုရင်အိမ်တစ်လုံးလိုပါတယ် ။ ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်မလားဟင် ? ” လို့မေးတယ် ။ အဲဒီအခါ ပန်းသီးပင်ကြီးက “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါမင်းကို အိမ်တစ်လုံးတော့မပေးနိုင်ပါဘူး ဒါပေမယ့် ငါ့အကိုင်းအခက်တွေကို ချိုးပြီး မင်းအတွက် အိမ်တစ်လုံးတည်ဆောက်ပါ ” လို့ ပြန်ပြောတယ် ။ လူကြီးတစ်ယောက်ဖြစ်လာပြီဖြစ်တဲ့ကောင်လေးဟာ ပန်းသီးပင်ကြီးရဲ့ အကိုင်းအခက်တွေကို ခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ ပြန်သွားခဲ့တယ် ။ ပန်းသီးပင်ကြီးက ကောင်လေးပျော်နေတာကိုကြည့်ပြီး ၀မ်းသာနေခဲ့တယ် ။ ဒါပေမယ့် အဲဒီအချိန်ကစလို့ ကောင်လေးဟာ သူ့ဆီ ထပ်ရောက်မလာပြန်တော့ပါဘူး ။ ပန်းသီးပင်ကြီးဟာ တခါထပ်အထီးကျန်ခဲ့ရပြီး ၀မ်းနည်းနေခဲ့ရပါတယ် ။

အချိန်တွေအများကြီးကြာသွားပြီးတဲ့နောက် နွေရာသီရဲ့ နေ့တစ်နေ့မှာတော့ ပန်းသီးပင်ကြီးဆီကို အဲဒီလူဟာ တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ “ ဟေးး ကောင်လေး ငါနဲ့အတူလာကစားပါဦး ” လို့ ပန်းသီးပင်ကြီးက ၀မ်းသာစွာနဲ့ခေါ်တယ် ။ “ ကျွန်တော်ဟာ အသက်ကြီးနေပါပြီ ဒါကြောင့် ကျွန်တော် အပန်းဖြေဖို့ထွက်လာခဲ့တာပါ ကျွွှန်တော့်ကို လှေတစ်စင်းပေးနိုင်မလား ” လို့ အဲဒီလူက ပြန်ပြောတယ် ။ ဒီအခါ ပန်းသီးပင်ကြီးက “ ငါ့ရဲ့ ပင်စည်ကို ခုတ်လှဲပြီး မင်းအတွက် လှေတစ်စင်း တည်ဆောက်လိုက်ပါ အဲဒီအခါ မင်း မြစ်ပြင်ထဲမှာ ရွက်လွှင်ပပြီး အပန်းဖြေနိုင်ပါလိမ့်မယ် ” လို့ပြောရှာတယ် ။ အဲဒီလူက ပန်းသီးပင်ကြီးရဲ့ ပင်စည်ကိုခုတ်လှဲပြီး လှေတစ်စင်းတည်ဆောက်ကာမြစ်ပြင်မှာ အပန်းဖြေဖို့ ပျော်ရွှင်စွာ ထွက်ခွာသွားပါတယ် ။ အဲဒီအချိန်ကစလို့ သူဟာ ဘယ်တော့မှ ပြန်မလာတော့ပါဘူး ။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အခါ သူဟာ ပန်းသီးပင်ကြီးဆီကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ် ။ ပန်းသီးပင်ကြီးက တွေ့တွေ့ခြင်း “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ငါ့မှာ မင်းကို ပေးစရာဘာမှမရှိတော့ပါဘူး မင်းအတွက် ပန်းသီး တွေလည်းမရှိတော့ပါဘူး ” လို့ပြောတယ် ။ အဲဒီအခါ သူက “ ကိစ္စမရှိပါဘူးဗျာ ကျွန်တော့်မှာလည်း ပန်းသီးတွေကိုကိုက်စားဖို့ သွားတွေမရှိတော့ပါဘူး ” လို့ပြန်ပြောတယ်။ ဒီအခါ ပန်းသီးပင်ကြီးက “ မင်းတက်ပြီးဆော့ကစားဖို့ ငါ့မှာ ပင်စည်လည်းမရှိတော့ပါဘူး ” လို့ပြောတဲ့အခါ အဲဒီလူက “ ကျွန်တော်လည်းတက်နိုင်စွမ်းမရှိတော့ပါဘူး အိုနေပါပြီ ” လို့ပြန်ပြောတယ် ။ ပန်းသီးပင်ကြီးက “ ငါတယ့်ကို စိတ်မကောင်းပါဘူး ကွယ် မင်းအတွက်ပေးစရာ ဘာမှမရှိတော့ပါဘူး ဒါပေမယ့် တစ်ခုပဲ -- ငါ့ရဲ့ သေဆုံးနေပြီဖြစ်တဲ့ အမြစ်တွေတော့ကျန်ပါသေးတယ် ” လို့ ပန်းသီးပင်ကြီးက မျက်ရည်တွေနဲ့ပြောရှာတယ် ။

“ ကျွန်တော် အခုချိန်မှာ အများကြီးမလိုချင်တော့ပါဘူး ဒါပေမယ့် အေးချမ်းတဲ့နေရာလေးမှာ ထာ၀ရ အနားယူချင်ပါတယ် ကျွန်တော်နှစ်ပေါင်းများစွာလည်း ကြိုးစားလာခဲ့ပြီးပါပြီ ” လို့ အဲဒီလူက ပြန်ပြောတယ် ။ “ အိုး--ကောင်းပါပြီ အပင်အိုရဲ့ အမြစ်တွေဟာ မင်းအတွက် နားခိုစရာအကောင်းဆုံးပေါ့ကောင်လေးရယ် လာပါ ဒီနေရာမှာ ငါ့အမြစ်တွေကို မှီပြီးလှဲလိုက်ပါ ငါနဲ့အတူ ငြိမ်းချမ်းစွာနေပါလို့ ” ပန်းသီးပင်ကြီးကပြောတယ် ။ အဲဒီလူက ပန်းသီးပင်အိုရဲ့ အမြစ်တွေပေါ်မှာ မှီပြီးလှဲချလိုက်တယ် ။ ပန်းသီးပင်ကြီးကတော့ ၀မ်းသာပြီး သူ့မျက်နှာမှာ ပြုံးရွှင်လို့-- မျက်ရည်တွေစီးကျလာပါတယ် ။

############################################

ပန်းသီးပင်ကြီးဟာ ကျွန်တော်တို့ မိဘတွေနဲ့တူပါတယ် ။ ကျွန်တော်တို့ ငယ်စဉ်က အဖေ ရယ်အမေရယ်ဆိုပြီးချစ်ခင်စွာနဲ့ ပျော်ရွှင်စွာဆော့ကစားခဲ့ကြတယ် ။ အသက်ကြီးလာတဲ့အခါ တစ်အိုးတစ်အိမ်ထူထောင်ပြီး သူတို့ကိုစွန့်ခွာခဲ့ကြတယ် ။ ကျွန်တော်တို့ လိုအပ်တဲ့အခါ ကျွန်တော်တို့ ဒုက္ခကြုံနေရတဲ့အခါမှသာ သူတို့ဆီတစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့ကြတယ် ။ ဘယ်လိုပဖြစ်ပျက်နေပါစေ မိဘတွေကတော့ အမြဲတမ်း သားသမီးတွေအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတာပါပဲ ကျွန်တော်တို့ ပျော်ရွှင်မယ်လို့ ထင်တဲ့အရာအားလုံးကို သူတို့ အပြုံးမပျက်ပဲ ဖြည့်ဆည်းပေးခဲ့ကြတယ် ။ သင်ကတော့ ကောင်လေးက ပန်းသီးပင်ကြီးအပေါ်ရက်စက်လွန်းတယ်လို့ ထင်နေမှာပါ ။ သေချာတွေးကြည့်ပါဦး ကျွန်တော်တို့အားလုံးလည်း မိဘတွေကို ဒီလိုပဲ ပြုမူခဲ့ကြတာပါပဲ ။ ဒီတော့ သိပ်နောက်မကျသေးခင်မှာပဲ မိဘတွေကို ကျွန်တော်တို့ တဖန်ပြန်လည် ကျေွးမွေးစောင့်ရှောက်ကြပါစို့လား ။

မိဘတွေကို ချစ်မြတ်နိုးပါ ။ သူတို့ ဘယ်နေရာပဲရောက်နေနေ--- သူတို့ ဘာတွေပဲဖြစ်နေပါစေ --- ။ 

0 comments:

Post a Comment