Friday, October 23, 2015

လူသားတိုင္း လက္ကိုင္ထားသင့္တဲ့တရား"

လူအမ်ားၾကိဳက္ႏွစ္သက္ျပီး စြဲစြဲလမ္းလမ္း သံုးေနၾကလို႔ အရမ္းကို ေအာင္ျမင္တဲ့ social network တစ္ခုျဖစ္တဲ့ Facebook ရဲ႕ ပိုင္ရွင္ျဖစ္သူ  မတ္ခ္ ဇူကာဘတ္ (Mark Zuckerberg)  က facebook status ရဲ႕ေအာက္မွာ Like, Comment, Share Button ေတြနဲ႔အတူ Empathy button ထည့္မယ္လို႔ ေၾကျငာလိုက္ပါတယ္။ ဒါကိုၾကည့္ျပီး ေတြးမိတာက လူသားတိုင္းရဲ႕ ႏွလံုးသားမွာ Empathy ဆိုတဲ့ ကိုယ္ခ်င္းစာတရားကို တန္ဖိုးထား ျမတ္ႏိုးတယ္ဆိုတာကိုပါပဲ။

ျမန္မာႏုိင္ငံမွာသာမက ႏုိင္ငံတကာမွာ သံုးစြဲၾကတဲ့ Facebook မွာ empathy button ထည့္လိုက္ျခင္းဟာ အမ်ားၾကီးေလးနက္တဲ့ အဓိပၸာယ္ကို ေဆာင္တယ္လို႔ စာေရးသူက ခံစားမိပါတယ္။ လူေတြဟာ ေပ်ာ္စရာတင္ရင္ like လုပ္ၾကတာ သေဘာသဘာ၀အရ မွန္ေပမဲ့ စိတ္ညစ္စရာ ၀မ္းနည္းစရာတစ္ခုခုကို status တင္တဲ့အခါ အသိအမွတ္ျပဳေၾကာင္း ေျပာဖို႔ like လုပ္ဖို႔လည္းခက္၊ comment ေပးဖို႔ကလည္း အခ်ိန္မရတဲ့ အခါမ်ိဳးေတြရွိပါတယ္။ ဒါဆို empathy button ေလးေပၚလာရင္ေတာ့ ကိုယ္ခ်င္းစာ နားလည္ပါေၾကာင္း ေျပာလို႔ရျပီေပါ့။ လူ႔ဘ၀မွာ ေန႔စဥ္ေနထိုင္ ရွင္သန္ဖို႔ ႐ုပ္ပိုင္း၊ စိတ္ပိုင္းအတြက္ လိုအပ္တဲ့အရာေတြက အမ်ားၾကီးထဲကမွ အေရးအၾကီးဆံုးနဲ႔ အလိုအပ္ဆံုးျဖစ္တဲ့ ကိုယ္ခ်င္းစာတရားကို ေလလိႈင္းကေန မွ်ေ၀ေပးလို႔ရျပီေပါ့။

ကိုယ္ခ်င္းစာတရားဆိုတာ ဘာလဲ -
ကိုယ္ခ်င္းစာတရားဆိုတာက အားလံုးသိၾကတဲ့အတိုင္း ကိုယ္နဲ႔ ႏႈိင္းယွဥ္ျပီး ခံစားနားလည္ေပးမႈပါပဲ။ သူတပါးကို မမွန္တာတစ္ခုခု လုပ္ေတာ့မယ္ဆို ကိုယ္ဆိုရင္ေရာ ခံႏုိင္ပါ့မလားလို႔ ေတြးလိုက္ျပီး ကိုယ္မခံႏိုင္တာကို သူမ်ားကို မလုပ္ျဖစ္ေအာင္ ထိန္းတာဟာ ကိုယ္ခ်င္းစာတရား လက္ကိုင္ထားျခင္းပါပဲ။ ပရြက္ဆိတ္ေလးတစ္ေကာင္ကို သတ္ျခင္း၊ သူမ်ားရဲ႕ မေကာင္းေၾကာင္းကို ေျပာျခင္း စတဲ့ ေသးငယ္တဲ့ ကိစၥေလးေတြကိုေတာင္ ကိုယ္ခ်င္းစာတရားနဲ႔ ၾကည့္တဲ့အခါ  လုပ္သင့္တဲ့ အရာေတြမဟုတ္ေတာ့တာ ေတြ႔ရပါလိမ့္မယ္။

ဘာေၾကာင့္ ကိုယ္နဲ႔ႏိႈင္းတာလဲ -
ဗုဒၶဘာသာ အယူ၀ါဒတစ္ခုျဖစ္တဲ့ ကံကံ၏အက်ိဳး ဆိုတဲ့ အယူ၀ါဒဟာ မိမိလုပ္သမွ်အရာတိုင္း မိမိအေပၚ ေရာင္ျပန္ဟပ္မယ္ဆိုတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။ ဒါဟာ တကယ့္အမွန္တရားပါပဲ။ အ႐ိုးရွင္းဆံုးဥပမာေပးရရင္ သင္ အလုပ္ၾကိဳးစားရင္ ေအာင္ျမင္မယ္၊ မၾကိဳးစားရင္မေအာင္ျမင္ဘူး။ ဒါဟာ သင့္လုပ္ရပ္က သင့္အေပၚ ေရာင္ျပန္ဟပ္မႈပါပဲ။ ဗုဒၶဘာသာမွာ ဘ၀သံသရာဆိုတာ ရွိတယ္လို႔ ယံုၾကည္တဲ့အတြက္ တခါတရံမွာ မိမိရဲ႕လုပ္ရပ္က ခ်က္ခ်င္း အက်ိဳးမေပးေသးတာလည္း ရွိပါတယ္။ သင္ၾကိဳးစားေပမဲ့ မေအာင္ျမင္ေသးတာဟာ ေရွးအတိတ္က မေကာင္းတဲ့လုပ္ရပ္တစ္ခုက တားဆီးေနတာေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ထိုမေကာင္းကံ ကုန္တဲ့အထိ ေကာင္းမႈကို လုပ္ေပးလိုက္ျပီး ဆက္လက္ၾကိဳးစားရင္ ေအာင္ျမင္မွာ အေသအခ်ာပါပဲ။ ထိုနည္းတူပဲ အခုလက္ရွိမွာ မေကာင္းတာလုပ္ေနေပမဲ့ ေကာင္းက်ိဳးေပးေနတုန္းပဲ ဆိုရင္ေတာ့ ဒါဟာ ေရွးအတိတ္က ေကာင္းမႈကုသိုလ္က ကူညီေနဆဲမို႔လို႔ပါ။ မၾကာခင္မွာ ျပဳလုပ္သူအေပၚ တန္ျပန္ သက္ေရာက္လာမွာပါပဲ။ ဒါဆို ကိုယ္ျပန္ခံရမယ့္ မေကာင္းမႈတစ္ခုကို ဘာလို႔ က်ဴးလြန္ေတာ့မွာလဲ။

ကိုယ္ခ်င္းစာတရားရွိျခင္း အက်ိဳး -
ကိုယ္ခ်င္းစာတရား လက္ကိုင္ထားတဲ့အခါ သူတပါးအေပၚ အျပစ္မက်ဴးလြန္မိ႐ံုမကပဲ သူတပါးကို ကူညီတတ္သူအျဖစ္ပါ အလိုလို ကူးေျပာင္းသြားပါတယ္။ သူတပါး အခက္အခဲၾကံဳခ်ိန္ေတြမွာ မိမိသာ ျဖစ္ခဲ့ရင္ဆိုတဲ့အေတြးကို ေတြးလိုက္တဲ့အခါ ကိုယ့္မွာ အခက္အခဲရွိခ်ိန္ လုပ္သလိုပဲ လုပ္ေပးမိ ကူညီမိသြားတာပါပဲ။ ဒါေၾကာင့္ ကိုယ္ခ်င္းစာတရားဟာ အကုသိုလ္ကင္းျပီး ကုသိုလ္တိုးေစတဲ့ ဘ၀ေနနည္းကို လမ္းညႊန္ျပတဲ့ တရားျဖစ္ပါတယ္။ ဒါ့အျပင္ ထိုေစတနာအက်ိဳးဟာ မိမိကို သက္ေရာက္ေစၿပီး မိမိ အခက္အခဲရွိတဲ့အခါမွာလည္း ကူညီမယ့္သူ ေပၚေပါက္လာမွာပါပဲ။

လူတိုင္းရဲ႕ဘ၀ဟာ အနိမ့္အျမင့္ကိုယ္စီ ရွိစျမဲမို႔ ကိုယ္ဟာ ဘယ္အခ်ိန္မွာ ဘယ္ဘ၀ကိုေရာက္မယ္ မသိႏိုင္သလို ေနာင္ဘ၀ကိုလည္း ၾကိဳမျမင္ရပါဘူး။ ဒါေၾကာင့္ မိမိရဲ႕အက်ိဳးစီးပြား တိုးတက္လိုလုိ႔ျဖစ္ေစ၊ မိမိအက်ိဳးစီးပြားကို ကာကြယ္လိုလို႔ျဖစ္ေစ ကို္ယ္ခ်င္းစာတရား ကင္းမဲ့တဲ့အလုပ္မ်ိဳး မလုပ္မိၾကဖို႔ သတိခ်ပ္ေစလိုပါတယ္။ ကိုယ္ျပဳသည့္ကံ ကိုယ့္ထံသို႔သာ ျပန္လာမွာမို႔ ကိုယ္ခ်င္းစာတရား လက္ကိုင္ထားလို႔ သူတပါးအက်ိဳးကို ေစာင့္ေရွာက္ ျခင္းျဖင့္ မိမိအက်ိဳးတိုးပြားလာေအာင္ ေဆာင္ရြက္ႏုိင္သူမ်ား ျဖစ္ၾကပါေစ။

Credit: Yangon Life
ဒီသတင္းကိုသင္ႏွစ္သက္လွ်င္ညာဘက္အေပၚေထာင္႕ကိုႏိွပ္ျပီးသင္႕ရဲ႕သူငယ္ခ်င္းမ်ားကိုshareေပးပါ။
---------------------------------------------------------------------

လူအများကြိုက်နှစ်သက်ပြီး စွဲစွဲလမ်းလမ်း သုံးနေကြလို့ အရမ်းကို အောင်မြင်တဲ့ social network တစ်ခုဖြစ်တဲ့ Facebook ရဲ့ ပိုင်ရှင်ဖြစ်သူ  မတ်ခ် ဇူကာဘတ် (Mark Zuckerberg)  က facebook status ရဲ့အောက်မှာ Like, Comment, Share Button တွေနဲ့အတူ Empathy button ထည့်မယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါကိုကြည့်ပြီး တွေးမိတာက လူသားတိုင်းရဲ့ နှလုံးသားမှာ Empathy ဆိုတဲ့ ကိုယ်ချင်းစာတရားကို တန်ဖိုးထား မြတ်နိုးတယ်ဆိုတာကိုပါပဲ။

မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာ သုံးစွဲကြတဲ့ Facebook မှာ empathy button ထည့်လိုက်ခြင်းဟာ အများကြီးလေးနက်တဲ့ အဓိပ္ပာယ်ကို ဆောင်တယ်လို့ စာရေးသူက ခံစားမိပါတယ်။ လူတွေဟာ ပျော်စရာတင်ရင် like လုပ်ကြတာ သဘောသဘာဝအရ မှန်ပေမဲ့ စိတ်ညစ်စရာ ဝမ်းနည်းစရာတစ်ခုခုကို status တင်တဲ့အခါ အသိအမှတ်ပြုကြောင်း ပြောဖို့ like လုပ်ဖို့လည်းခက်၊ comment ပေးဖို့ကလည်း အချိန်မရတဲ့ အခါမျိုးတွေရှိပါတယ်။ ဒါဆို empathy button လေးပေါ်လာရင်တော့ ကိုယ်ချင်းစာ နားလည်ပါကြောင်း ပြောလို့ရပြီပေါ့။ လူ့ဘဝမှာ နေ့စဉ်နေထိုင် ရှင်သန်ဖို့ ရုပ်ပိုင်း၊ စိတ်ပိုင်းအတွက် လိုအပ်တဲ့အရာတွေက အများကြီးထဲကမှ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့ ကိုယ်ချင်းစာတရားကို လေလှိုင်းကနေ မျှဝေပေးလို့ရပြီပေါ့။

ကိုယ်ချင်းစာတရားဆိုတာ ဘာလဲ -
ကိုယ်ချင်းစာတရားဆိုတာက အားလုံးသိကြတဲ့အတိုင်း ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ခံစားနားလည်ပေးမှုပါပဲ။ သူတပါးကို မမှန်တာတစ်ခုခု လုပ်တော့မယ်ဆို ကိုယ်ဆိုရင်ရော ခံနိုင်ပါ့မလားလို့ တွေးလိုက်ပြီး ကိုယ်မခံနိုင်တာကို သူများကို မလုပ်ဖြစ်အောင် ထိန်းတာဟာ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်းပါပဲ။ ပရွက်ဆိတ်လေးတစ်ကောင်ကို သတ်ခြင်း၊ သူများရဲ့ မကောင်းကြောင်းကို ပြောခြင်း စတဲ့ သေးငယ်တဲ့ ကိစ္စလေးတွေကိုတောင် ကိုယ်ချင်းစာတရားနဲ့ ကြည့်တဲ့အခါ  လုပ်သင့်တဲ့ အရာတွေမဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။

ဘာကြောင့် ကိုယ်နဲ့နှိုင်းတာလဲ -
ဗုဒ္ဓဘာသာ အယူဝါဒတစ်ခုဖြစ်တဲ့ ကံကံ၏အကျိုး ဆိုတဲ့ အယူဝါဒဟာ မိမိလုပ်သမျှအရာတိုင်း မိမိအပေါ် ရောင်ပြန်ဟပ်မယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါဟာ တကယ့်အမှန်တရားပါပဲ။ အရိုးရှင်းဆုံးဥပမာပေးရရင် သင် အလုပ်ကြိုးစားရင် အောင်မြင်မယ်၊ မကြိုးစားရင်မအောင်မြင်ဘူး။ ဒါဟာ သင့်လုပ်ရပ်က သင့်အပေါ် ရောင်ပြန်ဟပ်မှုပါပဲ။ ဗုဒ္ဓဘာသာမှာ ဘဝသံသရာဆိုတာ ရှိတယ်လို့ ယုံကြည်တဲ့အတွက် တခါတရံမှာ မိမိရဲ့လုပ်ရပ်က ချက်ချင်း အကျိုးမပေးသေးတာလည်း ရှိပါတယ်။ သင်ကြိုးစားပေမဲ့ မအောင်မြင်သေးတာဟာ ရှေးအတိတ်က မကောင်းတဲ့လုပ်ရပ်တစ်ခုက တားဆီးနေတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ထိုမကောင်းကံ ကုန်တဲ့အထိ ကောင်းမှုကို လုပ်ပေးလိုက်ပြီး ဆက်လက်ကြိုးစားရင် အောင်မြင်မှာ အသေအချာပါပဲ။ ထိုနည်းတူပဲ အခုလက်ရှိမှာ မကောင်းတာလုပ်နေပေမဲ့ ကောင်းကျိုးပေးနေတုန်းပဲ ဆိုရင်တော့ ဒါဟာ ရှေးအတိတ်က ကောင်းမှုကုသိုလ်က ကူညီနေဆဲမို့လို့ပါ။ မကြာခင်မှာ ပြုလုပ်သူအပေါ် တန်ပြန် သက်ရောက်လာမှာပါပဲ။ ဒါဆို ကိုယ်ပြန်ခံရမယ့် မကောင်းမှုတစ်ခုကို ဘာလို့ ကျူးလွန်တော့မှာလဲ။

ကိုယ်ချင်းစာတရားရှိခြင်း အကျိုး -
ကိုယ်ချင်းစာတရား လက်ကိုင်ထားတဲ့အခါ သူတပါးအပေါ် အပြစ်မကျူးလွန်မိရုံမကပဲ သူတပါးကို ကူညီတတ်သူအဖြစ်ပါ အလိုလို ကူးပြောင်းသွားပါတယ်။ သူတပါး အခက်အခဲကြုံချိန်တွေမှာ မိမိသာ ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကို တွေးလိုက်တဲ့အခါ ကိုယ့်မှာ အခက်အခဲရှိချိန် လုပ်သလိုပဲ လုပ်ပေးမိ ကူညီမိသွားတာပါပဲ။ ဒါကြောင့် ကိုယ်ချင်းစာတရားဟာ အကုသိုလ်ကင်းပြီး ကုသိုလ်တိုးစေတဲ့ ဘဝနေနည်းကို လမ်းညွှန်ပြတဲ့ တရားဖြစ်ပါတယ်။ ဒါ့အပြင် ထိုစေတနာအကျိုးဟာ မိမိကို သက်ရောက်စေပြီး မိမိ အခက်အခဲရှိတဲ့အခါမှာလည်း ကူညီမယ့်သူ ပေါ်ပေါက်လာမှာပါပဲ။

လူတိုင်းရဲ့ဘဝဟာ အနိမ့်အမြင့်ကိုယ်စီ ရှိစမြဲမို့ ကိုယ်ဟာ ဘယ်အချိန်မှာ ဘယ်ဘဝကိုရောက်မယ် မသိနိုင်သလို နောင်ဘဝကိုလည်း ကြိုမမြင်ရပါဘူး။ ဒါကြောင့် မိမိရဲ့အကျိုးစီးပွား တိုးတက်လိုလို့ဖြစ်စေ၊ မိမိအကျိုးစီးပွားကို ကာကွယ်လိုလို့ဖြစ်စေ ကို်ယ်ချင်းစာတရား ကင်းမဲ့တဲ့အလုပ်မျိုး မလုပ်မိကြဖို့ သတိချပ်စေလိုပါတယ်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံသို့သာ ပြန်လာမှာမို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့ သူတပါးအကျိုးကို စောင့်ရှောက် ခြင်းဖြင့် မိမိအကျိုးတိုးပွားလာအောင် ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေ။

Credit: Yangon Life
ဒီသတင်းကိုသင်နှစ်သက်လျှင်ညာဘက်အပေါ်ထောင့်ကိုနှိပ်ပြီးသင့်ရဲ့သူငယ်ချင်းများကိုshareပေးပါ။
---------------------------------------------------------------------

0 comments:

Post a Comment