Thursday, December 31, 2015

Xiaomi Phone မ်ား အတုအစစ္ခြဲနည္း

Xiaomi Phone မ်ားတြင္ တရုတ္ႏုိင္ငံက ထုတ္တဲ႔ ပစၥည္းႏွင္႔ ႏိုင္ငံျခားက ထုတ္တဲ႔ ပစၥည္း ဟူ၍ (၂မ်ိဳး)   ျမန္မာႏိုင္ငံ အတြင္းသုိ႔ ၀င္ေရာက္ပါသည္။ တရုတ္ႏုိင္ငံက ထုတ္ေသာ ပစၥည္းတြင္ ဘူးရဲ႕ အေနာက္တြင္
ခဲနဲ႔အုပ္ထားတဲ႔ Security code ပါရွိပါသည္။ (ပုံ ၁တြင္ ၾကည္႔ရန္ )
ျမန္မာႏုိင္ငံကို ၀င္တဲ႔ အလုံးေတြကေတာ႔ အမ်ားစု တရုတ္ႏုိင္ငံႏွင္႔ စင္ကာပူ ႏုိင္ငံတုိ႔ကဘဲ ျဖစ္ပါတယ္…
စင္ကာပူအလုံးတြင္ေတာ႔ Complies with IDA Standards ဆိုတဲ႔ စာသား ပါရွိပါသည္။ (ပုံ ၂တြင္ ၾကည္႔ရန္)

အဲလုိ ပုံစံမ်ိဳးေတြ မပါပါက အတုူဟူ၍လည္း သတ္မွတ္ႏုိင္ပါသည္။ ဒါကေတာ႔ ဘူးကုိ ၾကည္႔ျပီး ေလ႔လာတဲ႔ သေဘာ ျဖစ္ပါသည္။
ခဲနဲ႔အုပ္ထားတဲ႔ Security code ပါရင္ေတာ႔ ခဲကိုျခစ္လုိက္ပါ။ နံပတ္ အလုံး ၂၀ ေတြ႔ရွိရမွာ ျဖစ္ပါတယ္. အဲ႔ဒီနံပတ္ကို ယူျပီးhttp://www.mi.com/verify/ မွာ သြားျပီး စစ္ေဆးေပးပါ။ စစ္လိုက္တဲ႔ အခါမွာ အစစ္ဆိုရင္ ထုတ္လုပ္တဲ႔ Date / ေရာင္းလုိက္တဲ႔ Date ေတြ ပါရွိမွာ ျဖစ္ပါတယ္။
IMEI နံပတ္ႏွင္႔ စစ္နည္း
IMEI နံပတ္ႏွင္႔ စစ္နည္းတြင္ေတာ႔ တရုတ္ အလုံးတြင္ေတာ႔ http://order.mi.com/service/imei အဲ႔ဒီမွာ စစ္ေဆးႏုိင္ပါသည္။ တစ္ျခား Region အလုံးတြင္ေတာ႔ http://www.imei.info/ တြင္ စစ္ေဆးႏုိင္ပါသည္။
စစ္လုိက္တဲ႔ အခါမွာ Xiaomi အမွန္ဆိုရင္ေတာ႔ သူရဲ႕ Info ေတြကို ေဖာ္ျပေပးမွာ ျဖစ္ပါသည္။
Logo ကို ၾကည္႔ျပီး ခြဲျခားနည္း
ပထမဦးဆုံး power စဖြင္႔လို္က္တဲ႔ အခ်ိန္မွာ mi logo တက္လာပါလိမ္႔မည္။ mi logo ကုိ အျဖဳေရာင္နဲ႔ တက္လာျပီး Logo လည္ေနတဲ႔အခ်ိန္မွာ ေအာက္နားမွာ Power by android လုိ႔ ပါရွိေနပါလိမ္႔မည္။ အဲ႔ဒါဆိုရင္ အစစ္လို႔ သတ္မွတ္လို႔ ရပါသည္။ 4G အလုံးမွာဆိုရင္ေတာ႔ mi logo တက္လာျပီး ျပီးခံနီးက်မွ 4G ဆိုျပီး စာသား တက္လာတက္ပါတယ္။ အဲ႔ဒါဆိုရင္လည္း အတုလုိ႔ သတ္မွတ္လို႔ ရပါတယ္။
အတုဆိုရင္ေတာ႔ power စဖြင္႔လိုက္တဲ႔ အခ်ိန္မွာ mi logo အျဖဴေရာင္တက္လာျပီး အ၀ါေရာင္ေလး ေျပာင္းသြားပါလိမ္႔မည္။ ေအာက္နားမွာလည္း android ဆုိတဲ႔ စာသား တစ္ခုတည္း ပါေနပါလိမ္႔မည္။ အဲဒါဆိုရင္ေတာ႔ အတုလို႔ သတ္မွတ္လုိ႔ ရပါတယ္။
Battery အားသြင္းရင္းနဲ႔ ခြဲျခားနည္းမိမိရဲ႕ဖုန္းကုိ power ပိတ္လိုက္ပါ။ ျပီးရင္ အားသြင္းၾကိဳးထုိးလိုက္ပါ။ အားသြင္းၾကိဳးထုိးလုိက္တာနဲ႔ အစစ္ဆိုရင္ေတာ႔ mi logo တက္လာျပီးမွ အားသြင္းတဲ႔ ပုံစံ ျပေနပါလိမ္႔မည္။
အတုဆိုရင္ေတာ႔ power ပိတ္ျပီး အားသြင္းလုိက္တာနဲ႔ mi logo မတက္လာဘဲ အားသြင္းတဲ႔ ပုံစံဘဲ ျပေနပါလိမ္႔မည္။

Hardware Test code နဲ႔စစ္နည္း

ဖုန္းေခၚတဲ႔ ေနရာကေနျပီးေတာ႔ *#*#64663#*#* ဆုိျပီး ႏွိပ္လိုက္တဲ႔ Hardware test စစ္တဲ႔ code ေတြ ေပၚလာပါလိမ္႔မည္။ ဘာမွမေပၚလာပါကလည္း အတုလို႔ သတ္မွတ္ႏိုင္ပါသည္။ China အလုံးမွာဆုိရင္ေတာ႔ China စာေတြ ေပၚလာပါလိမ္႔မည္။ စင္ကာပူအလုံးမွာ ဆိုရင္ေတာ႔ အဂၤလိပ္လို ေပၚေနပါလိမ္႔မည္။ Touch နဲ႔ စစ္မယ္ဆုိရင္ေတာ႔ တရုတ္အလုံးဆိုရင္ေတာ႔ နံပတ္ ၁၄ကို သြားျပီး စစ္ေဆးႏုိင္ပါသည္။ စင္ကာပူအလုံးမွာ ဆိုရင္ေတာ႔ နံပတ္ ၁၂ ကိုသြားေပးပါ။ အစစ္ဆုိရင္ေတာ႔ လက္ ၁၀ေခ်ာင္း တင္လိုက္ပါ။ အလုပ္လုပ္ေနတာကို ေတြ႔ရပါလိမ္႔မည္။ ၁၁ေခ်ာင္းေတာ႔ မရပါဘူး။ အတုမွာေတာ႔ လက္၁၀ ေခ်ာင္း တင္လည္း ရမွာ မဟုတ္ပါဘူး။
AnTuTu Benchmark apk နဲ႔စစ္နည္း
Antutu apk ထဲကို မိမိရဲ႕ဖုန္းထဲကို install လုပ္ေပးလိုက္ပါ။ ျပီးရင္ အဲ႔ဒီ apk ကုိ ဖြင္႔လိုက္ပါ။ ျပီးရင္ Info ထဲကို ၀င္လိုက္ပါ။ အဲ႔ဒီမွာ မိမိရဲ႕ information ေတြ ေဖာ္ျပေပးပါလိိမ္႔မည္။ လက္ ၁၀ေခ်ာင္း touch နဲ႔ စစ္ခ်င္ရင္ေတာ႔ Info ထဲက Multi-touch ထဲကို ၀င္လုိက္ပါ။ အစစ္ဆိုရင္ လက္ ၁၀ေခ်ာင္း စလုံး တင္လုိ႔ရမွာ ျဖစ္ပါတယ္။ အတုဆုိရင္ေတာ႔ လက္ ၁၀ေခ်ာင္းစလုံး တင္လို႔မရပါဘူးခင္ဗ်ာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ႔ စစ္နည္း
ဒီနည္းကေတာ႔ လုိင္းေတာ္ေတာ္ေလး ေကာင္းမွ အဆင္ေျပပါလိမ္႔မည္။ https://jd.mi.com/ အဲ website ကေနျပီးေတာ႔ application ကို အရင္ေဒါင္းျပီး Xiaomi Phone မွာ install လုပ္ေပးလုိက္ပါ။ ျပသြားျပီ ဆိုရင္ မိမိရဲ႕ဖုန္းမွာေရာ ကြန္ျပဳတာမွာေရာ အင္တာနက္ ဖြင္႔ထားေပးပါ။ ျပီးရင္ apk ကိုဖြင္႔လိုက္ပါ။ scan code နဲ႔ ႏွိပ္လိုက္ပါ ျပီးသြားရင္ https://jd.mi.com/ အဲ႔ website ကို သြားျပီး scan ဖတ္ေပးလုိက္ပါ။ အစစ္ဆိုရင္ေတာ႔ မိမိဖုန္းရဲ႕ information ေတြ ေပၚလာပါလိမ္႔မည္။

Mode နဲ႔ ခြဲျခားနည္း
အစစ္မွာဆုိရင္ေတာ႔ fastboot mode ပါရွိပါသည္။ fastboot mode ၀င္နည္းကေတာ႔ Vol Down + Power ျဖစ္ပါသည္။ power ပိတ္ျပီး Vol Down + Power ကုိ ႏွိပ္လိုက္တာနဲ႔ fastboot mode ဆိုျပီး mode ၀င္သြားရင္ေတာ႔ အစစ္ဆုိျပီး သတ္မွတ္ႏုိင္ပါတယ္.. ဒါေပမဲ႔လည္း ေနာက္ထြက္တဲ႔ အတုေတြမွာ fastboot mode ပါရွိတာကိုလည္း ေတြ႔ရျပန္ပါေသးပါတယ္။

ဒီနည္းေတြထဲက တစ္ခုမဟုတ္ တစ္ခု စမ္းသပ္ၾကည့္နုိင္ပါတယ္။
ဤ နည္းအတြက္ ကုိေအာင္မင္းဟန္ (easy one mobile ၊ အမွတ္ ၁၆၃ ၊ လသာလမ္း ၊ လသာျမိဳ႕နယ္ ၊ ရန္ကုန္ျမိဳ႕။ 01250941) မွ ကူညီ ပံ႔ပိုးေပးထားပါတယ္ခင္ဗ်ာ။
Unicode
Xiaomi Phone များ အတုအစစ်ခွဲနည်း

Xiaomi Phone များတွင် တရုတ်နိုင်ငံက ထုတ်တဲ့ ပစ္စည်းနှင့် နိုင်ငံခြားက ထုတ်တဲ့ ပစ္စည်း ဟူ၍ (၂မျိုး)   မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ပါသည်။ တရုတ်နိုင်ငံက ထုတ်သော ပစ္စည်းတွင် ဘူးရဲ့ အနောက်တွင်
ခဲနဲ့အုပ်ထားတဲ့ Security code ပါရှိပါသည်။ (ပုံ ၁တွင် ကြည့်ရန် )
မြန်မာနိုင်ငံကို ၀င်တဲ့ အလုံးတွေကတော့ အများစု တရုတ်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ကဘဲ ဖြစ်ပါတယ်…
စင်ကာပူအလုံးတွင်တော့ Complies with IDA Standards ဆိုတဲ့ စာသား ပါရှိပါသည်။ (ပုံ ၂တွင် ကြည့်ရန်)

အဲလို ပုံစံမျိုးတွေ မပါပါက အတုူဟူ၍လည်း သတ်မှတ်နိုင်ပါသည်။ ဒါကတော့ ဘူးကို ကြည့်ပြီး လေ့လာတဲ့ သဘော ဖြစ်ပါသည်။
ခဲနဲ့အုပ်ထားတဲ့ Security code ပါရင်တော့ ခဲကိုခြစ်လိုက်ပါ။ နံပတ် အလုံး ၂၀ တွေ့ရှိရမှာ ဖြစ်ပါတယ်. အဲ့ဒီနံပတ်ကို ယူပြီးhttp://www.mi.com/verify/ မှာ သွားပြီး စစ်ဆေးပေးပါ။ စစ်လိုက်တဲ့ အခါမှာ အစစ်ဆိုရင် ထုတ်လုပ်တဲ့ Date / ရောင်းလိုက်တဲ့ Date တွေ ပါရှိမှာ ဖြစ်ပါတယ်။
IMEI နံပတ်နှင့် စစ်နည်း
IMEI နံပတ်နှင့် စစ်နည်းတွင်တော့ တရုတ် အလုံးတွင်တော့ http://order.mi.com/service/imei အဲ့ဒီမှာ စစ်ဆေးနိုင်ပါသည်။ တစ်ခြား Region အလုံးတွင်တော့ http://www.imei.info/ တွင် စစ်ဆေးနိုင်ပါသည်။
စစ်လိုက်တဲ့ အခါမှာ Xiaomi အမှန်ဆိုရင်တော့ သူရဲ့ Info တွေကို ဖော်ပြပေးမှာ ဖြစ်ပါသည်။
Logo ကို ကြည့်ပြီး ခွဲခြားနည်း
ပထမဦးဆုံး power စဖွင့်လို်က်တဲ့ အချိန်မှာ mi logo တက်လာပါလိမ့်မည်။ mi logo ကို အဖြုရောင်နဲ့ တက်လာပြီး Logo လည်နေတဲ့အချိန်မှာ အောက်နားမှာ Power by android လို့ ပါရှိနေပါလိမ့်မည်။ အဲ့ဒါဆိုရင် အစစ်လို့ သတ်မှတ်လို့ ရပါသည်။ 4G အလုံးမှာဆိုရင်တော့ mi logo တက်လာပြီး ပြီးခံနီးကျမှ 4G ဆိုပြီး စာသား တက်လာတက်ပါတယ်။ အဲ့ဒါဆိုရင်လည်း အတုလို့ သတ်မှတ်လို့ ရပါတယ်။
အတုဆိုရင်တော့ power စဖွင့်လိုက်တဲ့ အချိန်မှာ mi logo အဖြူရောင်တက်လာပြီး အဝါရောင်လေး ပြောင်းသွားပါလိမ့်မည်။ အောက်နားမှာလည်း android ဆိုတဲ့ စာသား တစ်ခုတည်း ပါနေပါလိမ့်မည်။ အဲဒါဆိုရင်တော့ အတုလို့ သတ်မှတ်လို့ ရပါတယ်။
Battery အားသွင်းရင်းနဲ့ ခွဲခြားနည်းမိမိရဲ့ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် အားသွင်းကြိုးထိုးလိုက်ပါ။ အားသွင်းကြိုးထိုးလိုက်တာနဲ့ အစစ်ဆိုရင်တော့ mi logo တက်လာပြီးမှ အားသွင်းတဲ့ ပုံစံ ပြနေပါလိမ့်မည်။
အတုဆိုရင်တော့ power ပိတ်ပြီး အားသွင်းလိုက်တာနဲ့ mi logo မတက်လာဘဲ အားသွင်းတဲ့ ပုံစံဘဲ ပြနေပါလိမ့်မည်။

Hardware Test code နဲ့စစ်နည်း

ဖုန်းခေါ်တဲ့ နေရာကနေပြီးတော့ *#*#64663#*#* ဆိုပြီး နှိပ်လိုက်တဲ့ Hardware test စစ်တဲ့ code တွေ ပေါ်လာပါလိမ့်မည်။ ဘာမှမပေါ်လာပါကလည်း အတုလို့ သတ်မှတ်နိုင်ပါသည်။ China အလုံးမှာဆိုရင်တော့ China စာတွေ ပေါ်လာပါလိမ့်မည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ အင်္ဂလိပ်လို ပေါ်နေပါလိမ့်မည်။ Touch နဲ့ စစ်မယ်ဆိုရင်တော့ တရုတ်အလုံးဆိုရင်တော့ နံပတ် ၁၄ကို သွားပြီး စစ်ဆေးနိုင်ပါသည်။ စင်ကာပူအလုံးမှာ ဆိုရင်တော့ နံပတ် ၁၂ ကိုသွားပေးပါ။ အစစ်ဆိုရင်တော့ လက် ၁၀ချောင်း တင်လိုက်ပါ။ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မည်။ ၁၁ချောင်းတော့ မရပါဘူး။ အတုမှာတော့ လက်၁၀ ချောင်း တင်လည်း ရမှာ မဟုတ်ပါဘူး။
AnTuTu Benchmark apk နဲ့စစ်နည်း
Antutu apk ထဲကို မိမိရဲ့ဖုန်းထဲကို install လုပ်ပေးလိုက်ပါ။ ပြီးရင် အဲ့ဒီ apk ကို ဖွင့်လိုက်ပါ။ ပြီးရင် Info ထဲကို ၀င်လိုက်ပါ။ အဲ့ဒီမှာ မိမိရဲ့ information တွေ ဖော်ပြပေးပါလိိမ့်မည်။ လက် ၁၀ချောင်း touch နဲ့ စစ်ချင်ရင်တော့ Info ထဲက Multi-touch ထဲကို ၀င်လိုက်ပါ။ အစစ်ဆိုရင် လက် ၁၀ချောင်း စလုံး တင်လို့ရမှာ ဖြစ်ပါတယ်။ အတုဆိုရင်တော့ လက် ၁၀ချောင်းစလုံး တင်လို့မရပါဘူးခင်ဗျာ…
https://play.google.com/store/apps/details?id=com.antutu.ABenchMark

Scanner Code နဲ့ စစ်နည်း
ဒီနည်းကတော့ လိုင်းတော်တော်လေး ကောင်းမှ အဆင်ပြေပါလိမ့်မည်။ https://jd.mi.com/ အဲ website ကနေပြီးတော့ application ကို အရင်ဒေါင်းပြီး Xiaomi Phone မှာ install လုပ်ပေးလိုက်ပါ။ ပြသွားပြီ ဆိုရင် မိမိရဲ့ဖုန်းမှာရော ကွန်ပြုတာမှာရော အင်တာနက် ဖွင့်ထားပေးပါ။ ပြီးရင် apk ကိုဖွင့်လိုက်ပါ။ scan code နဲ့ နှိပ်လိုက်ပါ ပြီးသွားရင် https://jd.mi.com/ အဲ့ website ကို သွားပြီး scan ဖတ်ပေးလိုက်ပါ။ အစစ်ဆိုရင်တော့ မိမိဖုန်းရဲ့ information တွေ ပေါ်လာပါလိမ့်မည်။

Mode နဲ့ ခွဲခြားနည်း
အစစ်မှာဆိုရင်တော့ fastboot mode ပါရှိပါသည်။ fastboot mode ၀င်နည်းကတော့ Vol Down + Power ဖြစ်ပါသည်။ power ပိတ်ပြီး Vol Down + Power ကို နှိပ်လိုက်တာနဲ့ fastboot mode ဆိုပြီး mode ၀င်သွားရင်တော့ အစစ်ဆိုပြီး သတ်မှတ်နိုင်ပါတယ်.. ဒါပေမဲ့လည်း နောက်ထွက်တဲ့ အတုတွေမှာ fastboot mode ပါရှိတာကိုလည်း တွေ့ရပြန်ပါသေးပါတယ်။

ဒီနည်းတွေထဲက တစ်ခုမဟုတ် တစ်ခု စမ်းသပ်ကြည့်နိုင်ပါတယ်။
ဤ နည်းအတွက် ကိုအောင်မင်းဟန် (easy one mobile ၊ အမှတ် ၁၆၃ ၊ လသာလမ်း ၊ လသာမြို့နယ် ၊ ရန်ကုန်မြို့။ 01250941) မှ ကူညီ ပံ့ပိုးပေးထားပါတယ်ခင်ဗျာ။

ဖားကို ေရေႏြးျပဳတ္တဲ့ ဥပမာ

ဖားတစ္ေကာင္ကို ေရေအးအုိးထဲ ထည့္ထားတယ္ဆုိပါစို႔။ အပူကို ျဖည္းျဖည္းခ်င္းစီတင္ပါမယ္။ အစပိုင္းမွာ ေရေအးျဖစ္တာေၾကာင့္ ဖားဟာ ေအးေအးလူလူေနေနပါမယ္။ အပူကို တစ္ဆင့္တစ္ဆင့္တင္ေနခ်ိန္ အေႏြးဓာတ္ရတာေၾကာင့္ ဖားဟာ ယင္း အေႏြးကို ႏွစ္သက္ျပီးေတာ့ ဆက္ရွိေနပါလိမ့္မယ္။ တျဖည္းျဖည္းနဲ႔ အပူဟာ မ်ားျပားလာတဲ့အခါမွာေတာ့ ဖားဟာ မခံုႏိုင္ေတာ့ပါဘူး။ သူခုံဖုိ႔ ၾကိုးစားခ်ိန္မွာေတာ့ ေရဟာ အင္မတန္ ပူလြန္ေနျပီျဖစ္ျပီး ေနာက္ဆံုးေတာ့ အသက္ေသရပါတယ္။

သင္ခန္းစာ
လက္ေတြ႔ လူ႔ဘဝမွာလည္း ဒီလိုပါပဲ။ လူေတြဟာ အလုပ္တစ္ခုကိုပဲ ျဖစ္ျဖစ္ ပညာတစ္ခုကိုပဲ ျဖစ္ျဖစ္ ေရြးခ်ယ္ တဲ့အခါ အမွားလုပ္တတ္ၾကပါတယ္။ အခ်ိဳ႕က်ေတာ့လည္း ဘာမွမလုပ္ပဲေနပါတယ္။ အခ်ိဳ႕က်ေတာ့လည္း ကိုယ္မေပ်ာ္တဲ့ ဘဝေနထိုင္မွုပံုစံ၊ အလုပ္ပံုစံေတြမွာ ေနထုိင္ပါတယ္။ ဒီေလာက္ကေတာ့ ရပါတယ္ေလ ဆုိတဲ့ ပ်င္းရိစိတ္နဲ႔ သုိ႔တည္းမဟုတ္ ေျပာင္းလဲရန္ ေၾကာက္ရြံ႕စိတ္နဲ႔ ဆက္ျပီးေတာ့ ေနၾကပါတယ္။

ယင္းေနရာကို Comfort zone လို႔ ေခၚပါတယ္။ တကယ္လက္ေတြ႔ မိမိဟာ မေနခ်င္ေတာ့ဘူးေလ။ ေျပာင္းလဲပစ္ခ်င္ျပီလို႔ ဆံုးျဖတ္တဲ့အခါက်ေတာ့ မေျပာင္းလဲနိုင္၊ မျပဳလုပ္ႏိုင္ေတာ့ပါဘူး။ မိမိရဲ႕ ဆႏၵေတြ ဘဝေတြကို အဆံုးရွံုးခံလုိက္ရပါတယ္။ Comfort zone မွ ေနထုိင္ေနရသူမ်ားအေနနဲ႔ မိမိဟာ ေျပာင္းလဲခ်ိန္ တန္ျပီဆုိတာကို သိေအာင္ ၾကိဳးစားျပီး အလ်င္အျမန္လည္း ေျပာင္းလဲရန္ လိုအပ္ပါတယ္။

Unicode
ဖားကို ရေနွေးပြုတ်တဲ့ ဥပမာ

ဖားတစ်ကောင်ကို ရေအေးအိုးထဲ ထည့်ထားတယ်ဆိုပါစို့။ အပူကို ဖြည်းဖြည်းချင်းစီတင်ပါမယ်။ အစပိုင်းမှာ ရေအေးဖြစ်တာကြောင့် ဖားဟာ အေးအေးလူလူနေနေပါမယ်။ အပူကို တစ်ဆင့်တစ်ဆင့်တင်နေချိန် အနွေးဓာတ်ရတာကြောင့် ဖားဟာ ယင်း အနွေးကို နှစ်သက်ပြီးတော့ ဆက်ရှိနေပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ အပူဟာ များပြားလာတဲ့အခါမှာတော့ ဖားဟာ မခုံနိုင်တော့ပါဘူး။ သူခုံဖို့ ကြိုးစားချိန်မှာတော့ ရေဟာ အင်မတန် ပူလွန်နေပြီဖြစ်ပြီး နောက်ဆုံးတော့ အသက်သေရပါတယ်။

သင်ခန်းစာ
လက်တွေ့ လူ့ဘဝမှာလည်း ဒီလိုပါပဲ။ လူတွေဟာ အလုပ်တစ်ခုကိုပဲ ဖြစ်ဖြစ် ပညာတစ်ခုကိုပဲ ဖြစ်ဖြစ် ရွေးချယ် တဲ့အခါ အမှားလုပ်တတ်ကြပါတယ်။ အချို့ကျတော့လည်း ဘာမှမလုပ်ပဲနေပါတယ်။ အချို့ကျတော့လည်း ကိုယ်မပျော်တဲ့ ဘဝနေထိုင်မှုပုံစံ၊ အလုပ်ပုံစံတွေမှာ နေထိုင်ပါတယ်။ ဒီလောက်ကတော့ ရပါတယ်လေ ဆိုတဲ့ ပျင်းရိစိတ်နဲ့ သို့တည်းမဟုတ် ပြောင်းလဲရန် ကြောက်ရွံ့စိတ်နဲ့ ဆက်ပြီးတော့ နေကြပါတယ်။

ယင်းနေရာကို Comfort zone လို့ ခေါ်ပါတယ်။ တကယ်လက်တွေ့ မိမိဟာ မနေချင်တော့ဘူးလေ။ ပြောင်းလဲပစ်ချင်ပြီလို့ ဆုံးဖြတ်တဲ့အခါကျတော့ မပြောင်းလဲနိုင်၊ မပြုလုပ်နိုင်တော့ပါဘူး။ မိမိရဲ့ ဆန္ဒတွေ ဘဝတွေကို အဆုံးရှုံးခံလိုက်ရပါတယ်။ Comfort zone မှ နေထိုင်နေရသူများအနေနဲ့ မိမိဟာ ပြောင်းလဲချိန် တန်ပြီဆိုတာကို သိအောင် ကြိုးစားပြီး အလျင်အမြန်လည်း ပြောင်းလဲရန် လိုအပ်ပါတယ်။

ကမၻာႀကီးကို ျပန္လည္ဖန္တီးခဲ့သူမ်ား(သိထားသင့္တဲ့အခ်က္ေတြပါ)


ပါရမီရွင္မ်ား၊ ဘီလီယံနာႀကီးမ်ား၊ စိတ္ကူးေကာင္းသူမ်ားက ကမၻာႀကီးကို ျပန္လည္ဖန္တီးခဲ့ပါတယ္။ သူတို႔ဟာ
နည္းပညာနဲ႔ ကမၻာကိုျပဳျပင္ေျပာင္းလဲခဲ့တယ္။ နည္းပညာလက္နက္ကို ကိုင္စြဲၿပီးေတာ့ ေတာ္လွန္ေရးတစ္ရပ္ ဆင္ႏႊဲကာ
ကမၻာကို ျပန္လည္ျပဳျပင္တည္ေဆာက္ခဲ့ပါတယ္။

သူတို႔ဟာ အမ်ားနဲ႔မတူ တစ္မူထူးၿပီး ခပ္ေၾကာင္ေၾကာင္လူစားေတြလည္း ျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ တီထြင္
ထိုးေဖာက္ႏိုင္တဲ့ စြမ္းအားေတြကေတာ့ အမ်ားနဲ႔မတူတာေၾကာင့္လည္း ထင္ရွားလာခဲ့သူေတြျဖစ္တယ္။ တီထြင္မႈ
သမိုင္းမွာ သူတို႔စြမ္းေဆာင္ခ်က္ေတြကို ပယ္ဖ်က္လို႔မရႏိုင္ေလာက္ေအာင္ ခ်န္ထားခဲ့ပါလိမ့္မယ္။

တီထြင္ဖန္တီးမႈဆိုတာ အလုပ္၊ စီးပြားေရး၊ ႀကီးပြားေရးေတြနဲ႔လည္း တစ္နည္းမဟုတ္ တစ္နည္း ပတ္သက္ေနတတ္ပါ
တယ္။ တကယ္ေတာ့ သူတို႔တီထြင္ခဲ့တာေတြကို ကၽြန္ေတာ္တို႔က အလြယ္ေလးသုံးႏိုင္ၾကေပမယ့္ သူတို႔ အားထုတ္ခဲ့ရ
တာေတြကေတာ့ ဘ၀နဲ႔ရင္းခဲ့ၾကရတာေတြ အမ်ားႀကီးရွိပါလိမ့္မယ္။

သူမ်ားေတြ ေတြးသလိုမေတြး၊ သူမ်ားေတြ ေနသလိုမေန၊ သူမ်ားေတြ ဇိမ္ခံသလို မခံတတ္ဘဲ ဘ၀မွာ ျဖစ္ခ်င္တဲ့
ေနာက္ကို တစ္ေကာက္ေကာက္လိုက္ရင္း၊ အပင္ ပန္းအဆင္းရဲ ခံႏိုင္လို႔လည္း သူတို႔ ေအာင္ျမင္ခဲ့တာလို႔ ေျပာရင္
ရႏိုင္တယ္။ အေျခအေနတစ္ခုကို သူတို႔ေရာက္လာဖို႔ သူတို႔ တစ္ဆင့္ၿပီးတစ္ဆင့္ တက္ခဲ့ၾကတယ္။

နည္းပညာဆိုတာ လူသားေတြရဲ႕ လူေနမႈဘ၀ (Life Style) ကို တစ္ခုေသာ အခ်ိန္ကာလအတြင္း အေကာင္းဆုံး
ျဖစ္ေအာင္ စြမ္းေဆာင္မႈေပးပါတယ္။ လူသားေတြ အေကာင္းဆုံး၊ အဆင္အေျပဆုံး၊ အသက္သာဆုံးျဖစ္ေအာင္
သူတို႔ လုပ္ေဆာင္ခဲ့ပါတယ္။

ကမၻာႀကီးဟာ သူတို႔တီထြင္မႈေတြေၾကာင့္ အသစ္ျပန္လည္ေမြးဖြားလာတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ သူတို႔ ဘယ္သူ
ေတြလည္း၊ ဘာေတြလုပ္ခဲ့သလဲဆိုတာ ကၽြန္ေတာ္တို႔ၾကည့္ရေအာင္။

Steve Jobs and Steve Wozniak

အဲဒီသူငယ္ခ်င္းႏွစ္ေယာက္ဟာ နည္းပညာေတာ္လွန္ေရးမွာ ေရွ႕တန္းကပါဝင္ခဲ့သူေတြလို႔ေျပာရမယ္။ ႏွစ္ေယာက္
စလုံး တကၠသိုလ္ပညာကို စိတ္ပ်က္ၿပီး တစ္ပိုင္းတစ္စနဲ႔ ထြက္ခဲ့တဲ့သူေတြခ်ည္းျဖစ္တယ္။ ဒါေပမယ့္ သူတို႔မွာ
“အေတြးအျမင္ကြဲျပားမႈ” ဆိုတဲ့ ကိုယ္ပိုင္အစြမ္းအစေတြကို ပိုင္ဆိုင္ထားခဲ့ၾကတယ္။

ပထမဦးဆုံး iDevices ဆိုတဲ့ ကြန္ပ်ဴတာကို ကာလီဖိုးနီးယားျပည္နယ္၊ ေလာ့စ္ အယ္လ္ေတာ့စ္ၿမိဳ႕က စတိေဂ်ာ့ရဲ႕
ကား ဂိုေဒါင္ထဲမွာ စတင္တီထြင္ၾကတယ္။ စတိ ေဂ်ာ့ရဲ႕ သူမတူေအာင္ ဖန္တီးတီထြင္ႏိုင္စြမ္း၊ စည္း႐ုံးႏိုင္စြမ္း
ေတြေၾကာင့္ သူ႕လိုပညာရွင္ေတြကို သိမ္းသြင္းေဖာ္ေဆာင္ႏိုင္ခဲ့တယ္။

သမိုင္းတြင္ေစမယ့္ Apple ကုမၸဏီႀကီးကို စတင္ထူေထာင္ႏိုင္ခဲ့႐ုံမက CEO တစ္ေယာက္အေနနဲ႔ပါ တာဝန္ယူခဲ့တယ္။
ပညာရွင္ေတြကို မျဖစ္မေနဇြဲနဲ႔ သည္းသည္းမည္းမည္းရွာၿပီး စီမံခန္႔ခြဲကာ သူ႕စိတ္ကူးကို အေကာင္အထည္ ေဖာ္ေစႏိုင္
ခဲ့တာေၾကာင့္လည္း Apple ဟာေအာင္ျမင္ခဲ့တယ္လို႔ ေျပာႏိုင္တယ္။

ခုဆိုရင္ Apple က အေမရိကန္မွာတင္ ကုန္ပစၥည္းအမွတ္တံဆိပ္ေတြကို မူပိုင္ခြင့္ အေနနဲ႔ မွတ္ပုံတင္ထားခဲ့တာ အမ်ိဳး
အစားေပါင္း ၃၀၀ ေက်ာ္ေနပါၿပီ။ စတိ ေဂ်ာ့တစ္ေယာက္ ၂၀၁၁ ေအာက္တိုဘာလမွာ ကင္ဆာေရာဂါနဲ႔ သူခ်စ္တဲ့
အိုင္တီေလာကႀကီးကို ေက်ာခိုင္းသြားခဲ့ပါၿပီ။ ဒါေပမယ့္ Macintosh, iPod, iPhone, iPad ဆိုတဲ့ သူ႕ စိတ္ကူးေတြကို
ကမၻာႀကီးအတြက္ ထားရစ္ခဲ့ပါတယ္။

Bill Gates

တကယ့္နည္းပညာတို႔ရဲ႕ဆရာႀကီးတစ္ေယာက္လိုျဖစ္ေနသူဆိုေတာ့ အေထြအထူး မိတ္ဆက္ေပးဖို႔ေတာင္ လိုမယ္
မထင္ဘူး။ Microsoft ဆိုတာ အိုင္တီေခတ္မွာ နည္းပညာစိတ္ဝင္စားသူတိုင္းနဲ႔လည္း မကင္းႏိုင္ပါဘူး။ ေဘ ဂိတ္စ္
အေၾကာင္းကိုေရးတဲ့ စာအုပ္ေတြအမ်ားႀကီးထြက္တယ္။ အဲဒီစာအုပ္တိုင္းမွာ ဟားဗတ္တကၠသိုလ္ကေန ေက်ာင္းၿပီး
ေအာင္ မတက္ဘဲ ထြက္လာတယ္ဆိုတာ ခ်ီးက်ဴးဂုဏ္ျပဳေရးသားစရာ အခ်က္ေတြျဖစ္ေနတယ္။

ကြန္ပ်ဴတာ Programming ဆိုတာ ေဘ ဂိတ္စ္အတြက္ ဘ၀တစ္ခုျဖစ္လာတယ္။ ေပါလ္ အယ္လန္နဲ႔သူ BASIC
ဆိုတဲ့ ပ႐ိုဂရမ္ကို ကြန္ပ်ဴတာဘာသာစကားတစ္ခုျဖစ္ေအာင္ တီထြင္ႏိုင္ခဲ့ၾကတယ္။ သူတို႔ေၾကာင့္ Altair 8800 ဆိုတဲ့
မိုက္ခ႐ိုကြန္ပ်ဴတာဟာ အသက္ဝင္လာတယ္လို႔ ေျပာႏိုင္တယ္။ အဲဒီကတစ္ဆင့္ ၁၉၇၅ ခုႏွစ္မွာ Microsoft ဆိုတာ
ေပၚလာတယ္။

DOS (Disk Operating System) ကို တီထြင္ႏိုင္ျခင္းဟာ မိုက္ခ႐ိုေဆာ့ဖ္ကို ကြန္ပ်ဴတာ OS (operating system)
ပိုင္းမွာ စိုးမိုးသြားေစႏိုင္တဲ့ အခ်က္ျဖစ္ခဲ့တယ္။ DOS ေနာက္ပိုင္းမွာ MS Windows, MS Office ေတြနဲ႔ မိုက္ခ႐ိုေဆာ့ဖ္
ဟာ တစ္ခုၿပီး တစ္ခု ေအာင္ပြဲေတြဆက္ခဲ့တယ္။ ဒီလိုနဲ႔ မိုက္ခ႐ိုေဆာ့ဖ္ဆိုတဲ့ အင္ပါယာႀကီးကို ထူ ေထာင္ႏိုင္ခဲ့တယ္။

မိုက္ခ႐ိုေဆာ့ဖ္ဟာ ကြန္ပ်ဴတာ operating system အပိုင္းမွာ စိုးမိုးလာတာနဲ႔အမၽွ သူ႕လက္ဝါးႀကီးအုပ္မႈအေပၚ
အတိုက္အခံေတြလည္း အမ်ားႀကီးေပၚလာတယ္။ ရန္မ်ားလြန္းတာနဲ႔ ေဘ ဂိတ္စ္လည္း မိုက္ခ႐ိုေဆာ့ဖ္ရဲ႕ အုပ္ခ်ဳပ္မႈ
အပိုင္းကေန အနားယူၿပီး အလႉအတန္းေတြနဲ႔ လူမႈေရးလုပ္ငန္းေတြမွာပဲ ေမြ႕ေပ်ာ္ေနေတာ့တယ္။

ေဘ ဂိတ္စ္ဟာ ကမၻာ့အခ်မ္းသာဆုံးစာရင္းမွာ ထိပ္ဆုံးသုံးေနရာေလာက္က အၿမဲရပ္တည္ေနခဲ့တယ္။ သူနဲ႔ သူ႕ဇနီး
တို႔ ထူေထာင္ထားတဲ့ Bill & Melinda Gates Foundation ဟာ ကမၻာမွာ ယေန႔တိုင္ အလႉဒါန္းႏိုင္ဆုံး၊ လူမႈေရးဆိုင္ရာ
အက်ိဳးျပဳလုပ္ငန္းေတြ အလုပ္ႏိုင္ဆုံး ေဖာင္ေဒးရွင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့တယ္။

Akio Morita

နည္းပညာနဲ႔ပတ္သက္ရင္ လူေတြေမ့ ေဖ်ာက္လို႔မရႏိုင္တဲ့ ကုမၸဏီတစ္ခုရွိပါတယ္။ Sony Corporation ဆိုတာပဲ
ျဖစ္တယ္။ နည္းပညာေလာကမွာ ထရန္စစၥတာေရဒီယိုေတြနဲ႔ စတင္ၿပီး အသိအမွတ္ျပဳျခင္းခံလာရတယ္။ ေနာက္ပိုင္း
Walkman, Video Cassette recorder, Trinitron TV ႀကီးေတြအထိ အဆင့္ဆင့္တီထြင္ႏိုင္မႈေတြေၾကာင့္ ကမၻာ့
အႀကီးဆုံးနဲ႔ အထင္ရွားဆုံး ကုမၸဏီႀကီးတစ္ခုျဖစ္လာရတယ္။

အေမရိကန္မွာ စတိ ေဂ်ာ့ဟာ Apple နဲ႔ ေခတ္တစ္ေခတ္ထူေထာင္ ႏိုင္ခဲ့သလို၊ ဂ်ပန္မွာလည္း မိုရီတာကို Sony နဲ႔
အီလက္ထေရာနစ္ေခတ္တစ္ေခတ္ကို ထူေထာင္ႏိုင္ခဲ့သူလို႔ ေျပာႏိုင္တယ္။

မိုရီတာဟာ ၁၉၄၆ ခုႏွစ္ ေမလမွာ တိုက်ိဳ Telecommunication Engineering Corporation ကို စတင္ ထူေထာင္
ခဲ့တယ္။ အဲဒီအခ်ိန္ဟာ ဂ်ပန္ႏိုင္ငံမွာ စစ္ဒဏ္ကို အလူးအလဲျပန္ခံေနရခ်ိန္လို႔ေျပာရမယ္။

ခရီးေဆာင္၊ အိတ္ေဆာင္ သီခ်င္းဖြင့္စက္ေတြ တီထြင္တဲ့အထဲမွာ ဆိုနီရဲ႕ Walkman ဆိုတာ ေခတ္အေစာဆုံးလို႔
ေျပာရမယ္။ iPod ေတြကို စတိ ေဂ်ာ့က သူ႕စိတ္ကူးကိုယူၿပီး လိုက္ထုတ္ရာက ေအာင္ျမင္လာတာလို႔ ေျပာႏိုင္တယ္။
ဒီ သီခ်င္းဖြင့္စက္ေလးေတြကိုလည္း မိုရီတာက သူ ေလေၾကာင္းနဲ႔ ခရီးရွည္ႀကီးေတြထြက္စဥ္မွာ သီခ်င္းနားေထာင္
ခ်င္တာနဲ႔ တီထြင္ခဲ့တာလို႔ ဆိုပါတယ္။

မိုရီတာဟာ ဂ်ပန္မွာေတာ့ တစ္ခုတည္းေသာ အီလက္ထေရာနစ္ကမၻာနဲ႔ စိုးမိုးထားသူလို႔ ေျပာႏိုင္တယ္။ သူ႕အလွမ္း
က်ယ္မႈေၾကာင့္ အေမရိကမွာလည္း ဆိုနီရဲ႕ ဩဇာေတြ အမ်ားႀကီးလႊမ္းမိုးထားႏိုင္ခဲ့တယ္။

ဒီေန႔ဆိုရင္ ဆိုနီကုမၸဏီႀကီးဟာ Vaio, PlayStation, Cyber-shot, Bravia, Xperia ဆိုတဲ့ အမည္ေပါက္ တီထြင္မႈေတြ
နဲ႔ လႊမ္းမိုးထားႏိုင္ပါၿပီ။ ေျပာင္ေျမာက္တဲ့စိတ္ကူး၊ တီထြင္မႈအသစ္အဆန္းေတြနဲ႔ အရည္အေသြးေတြ ေၾကာင့္
ယေန႔တိုင္ နာမည္တစ္လုံးနဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Sir Timothy Berners-L**

တင္မ္ ဘာနာလီး တီထြင္ခဲ့တာ ယေန႔လူတိုင္းအတြက္ မရွိမျဖစ္ အေရးပါေနေပမယ့္ သူ႕ကိုေတာ့ လူသိနည္းပါတယ္။
သူ႕မူလ အလုပ္က CERN (European Organization for Nuclear Research) မွာ လုပ္ခဲ့တယ္။ သိုသိပ္ လၽွိဳ႕ဝွက္တဲ့
အဖြဲ႕လည္းျဖစ္ၿပီး၊ သူတီထြင္ခဲ့တာကို အေစာပိုင္းမွာ မထုတ္ေဖာ္ခဲ့တာေၾကာင့္ သူ႕ကို လူသိနည္းခဲ့တယ္။

တင္မ္ဟာ ကြန္ပ်ဴတာပ႐ိုဂရမ္တစ္ခုေရးဖို႔ စိတ္ကူးရခဲ့တယ္။ အဲဒီ ပ႐ိုဂရမ္က CERN မွာ လုပ္ကိုင္ေနတဲ့ လူ ၁၀၀၀၀
ေလာက္ တစ္ၿပိဳင္တည္း ဆက္သြယ္ႏိုင္မယ့္ နည္းလမ္းျဖစ္တယ္။

၁၉၈၀ ျပည့္ႏွစ္မွာ တင္မ္ဟာ ENQUIRE ဆိုတဲ့ပ႐ိုဂရမ္ကို စတင္ေဖာ္ထုတ္ႏိုင္ခဲ့တယ္။ အဲဒီစနစ္ဟာ ယေန႔ လူသိ
မ်ားတဲ့ WWW ((World Wide Web) ရဲ႕ ေရွ႕ေျပးအစီအစဥ္တစ္ခုျဖစ္တယ္။

ေနာက္ ၁၀ ႏွစ္အၾကာမွာ TCP (Transmission Control Protocol) နဲ႔ Domain name စနစ္အတိုင္း ကြန္ပ်ဴတာက
တစ္ဆင့္ စာေတြ ေပးပို႔ျဖန္႔ခ်ိႏိုင္တဲ့ (ယေန႔အင္တာနက္ပုံစံ) ကို ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့တယ္။ ယေန႔ Web လို႔
လူသိ မ်ားတယ္။

မူလ CERN ဌာနအတြင္း သုံးႏိုင္ဖို႔ စနစ္ကေန ကမၻာသိ၊ ကမၻာသုံး အင္တာနက္ စနစ္ႀကီးျဖစ္လာၿပီး သူကိုလည္း Sir
ဘြဲ႕နဲ႔ ခ်ီးျမႇင့္ခဲ့တယ္။ သူ႕ကို ၂၀၀၄ ခုႏွစ္မွာ ဘုရင္မႀကီး ဒုတိယေျမာက္ အဲလီဇဘက္ကိုယ္တိုင္ သူေကာင္းျပဳဘြဲ႕ကို
ခ်ီးေျမႇာက္ခဲ့တယ္။ တင္မ္ဟာ ေအာက္စ္ဖို႔ဒ္၊ ကြင္းေကာလိပ္က ေက်ာင္းသားေဟာင္းတစ္ေယာက္ ျဖစ္ပါတယ္။

Sergey Brin and Larry Page

အလြန္ေတာ္တဲ့ ပ႐ိုဂရမ္မာႏွစ္ေယာက္ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ စတန္းဖို႔ဒ္ တကၠသိုလ္မွာ ပါရဂူဘြဲ႕ အတြက္
တက္ဖို႔လာရင္းေတြ႕ၾကတာ။ အဲဒီကတည္းက search engine လို႔ေခၚတဲ့ အင္တာနက္မွာ မရွိမျဖစ္ စနစ္ တစ္ခုကို
တည္ေဆာက္ဖို႔ စိတ္ကူးရခဲ့ၾကတယ္။ အင္တာနက္မွာ ပိုၿပီးေတာ့ အေထာက္အကူျဖစ္ေစႏိုင္ၿပီး လူတိုင္း အတြက္
အသုံးအတည့္ဆုံးစနစ္တစ္ခုလည္း ျဖစ္လာေစဖို႔ သူတို႔စတင္ႀကံေဆာင္ခဲ့ၾကတယ္။

ဆာေဂး ဘရင္းက စတန္းဖို႔ဒ္တကၠသိုလ္ရဲ႕ ကြန္ပ်ဴတာစနစ္မွာ အကန္႔အသတ္ေတြကို တြန္းလွန္ေနခ်င္တယ္။
အဲဒီ စိတ္ကူးဟာ Google ဆိုတဲ့ကုမၸဏီႀကီးကို စတင္ အေျခတည္ေစခဲ့တဲ့ စိတ္ကူးတစ္ခုျဖစ္ခဲ့တယ္။

သူတို႔စိတ္ကူးအတြက္ အေထာက္အပံ့ ေပးခဲ့တဲ့ ကုမၸဏီႀကီးကေတာ့ Sun Microsystem ျဖစ္တယ္။ ေဒၚလာ တစ္သန္း
မတည္ေပးၿပီးေတာ့ တီထြင္မႈကို အားေပးခဲ့တယ္။

သူတို႔ႏွစ္ေယာက္စိတ္ကူးဟာ မၾကာခင္ ပုံႏွိပ္စက္ကိုတီထြင္ခဲ့တဲ့ ဂူတင္ဘတ္ၿပီးရင္ အေရးအပါဆုံးတီထြင္မႈတစ္ခုျဖစ္
လာခဲ့တယ္။ အင္တာနက္ေပၚမွာ လိုခ်င္တာ၊ သိခ်င္တာကို ရွာေဖြခ်င္ရင္ Google နဲ႔ ကင္းႏိုင္တာမရွိပါဘူး။ လာရီ
ေပ့ဂ္်က PageRank ဆိုတာကို တီထြင္တယ္။ Google ကိုေရာက္လာတဲ့ အဖ်က္အေမွာင့္ေတြကို ေစာင့္ၾကည့္ ဖ်က္စီး
ေပးတယ္။ ေနာက္ပိုင္းတ႐ုတ္ျပည္က ဆင္ဆာကိစၥေတြမ်ားတာေၾကာင့္ အျငင္းပြားၿပီး တ႐ုတ္ျပည္အတြက္ Google
ကို ရပ္နားခဲ့တဲ့အထိ ျဖစ္ခဲ့တယ္။ ေနာက္ပိုင္း ဒီမိုကေရစီေထာက္ခံေရးလႈပ္ရွားမႈေတြမွာ Google ဟာပိုၿပီး
ဂုဏ္တက္လာခဲ့တယ္။

Mark Zuckerberg

သူ႕အေၾကာင္းေတြကို မီဒီယာကေန အမ်ိဳးမ်ိဳးေဖာ္ထုတ္ ခ်ီးက်ဴးၾကတယ္။ ပ႐ိုဂရမ္မာေတြထဲမွာ စိတ္ကူးေကာင္းတဲ့
ပ႐ိုဂရမ္မာတစ္ေယာက္လို႔ ေျပာရမယ္။ လူမႈေရးကြန္ရက္ႀကီးတစ္ခုျဖစ္တဲ့ Facebook ဟာ သူ႕ေၾကာင့္ ေပၚေပါက္
လာတာလို႔ ေျပာႏိုင္တယ္။ ယခုဆိုရင္ သူ႕ Facebook ကို ကမၻာတစ္ဝန္းလုံးမွာ သုံးစြဲသူေပါင္း ၈၄၅ သန္း
ေတာင္ရွိေနပါၿပီ။

Facebook ဟာ အင္တာနက္ေလာကႀကီးတစ္ခုလုံးက္ို ေျပာင္းလဲသြားေစခဲ့တဲ့ လူမႈေရးကြန္ရက္ႀကီးတစ္ခုလို႔ ေျပာႏိုင္
တယ္။ အစပိုင္းမွာ ေက်ာင္းသားေတြ အခ်င္းခ်င္း အျပန္အလွန္ေျပာဆိုေဆြးေႏြးႏိုင္မယ့္ Forum သေဘာကေန၊
ေနာက္ပိုင္း အားလုံးဆုံေတြ႕ရာ စုရပ္တစ္ခုလိုျဖစ္လာတယ္။

အမွန္ေတာ့ Facebook ဟာ အီးေမးလ္စနစ္ကို တိုက္ဖ်က္ပစ္ဖို႔ ေပၚလာတဲ့ ဆက္သြယ္ေရးစနစ္လို႔လည္း ေခၚႏိုင္
တယ္။ ယေန႔တိုင္ Facebook နဲ႔ ေနာက္ကြယ္ကရွိေနတဲ့ ဇူကာဘတ္ကိုယ္တိုင္ ပေဟဠိလိုျဖစ္ေနတယ္။ မယုံရဲ ယုံရဲ
နဲ႔ပဲ Facebook ကို သုံးစြဲသူေတြကလည္း မ်ားလာတယ္။ ဇူကာဘတ္ဆိုတာ ဘာလဲ၊ ဘာေတြဆက္လုပ္မလဲ၊
Facebook ေၾကာင့္ ဘာေတြျဖစ္လာမလဲ ယေန႔တိုင္ အေျဖရွာေနၾကဆဲပဲ။

Jimmy Wales

ဂ်င္မီ ေဝးလ္ဟာ လာရီဆန္းဂါးဆိုသူနဲ႔ အတူ ဝီကီပီးဒီးယား (Wikipedia) ကို ထူေထာင္ခဲ့တယ္။ ပေရာဂ်က္ေတြကို
ၿပီးဆုံးေအာင္မလုပ္ႏိုင္ၾကလို႔ အခက္ေတြ႕ေနၾကတဲ့ ေက်ာင္းသားေတြအတြက္ ကယ္တင္ရွင္ site ႀကီးတစ္ခုလို႔
ေျပာရင္ မမွားဘူး။ ဝီကီပီးဒီးယားဆိုတာ သုတရတနာသိုက္ႀကီးလို႔ ေျပာရင္လည္း မမွားဘူး။ ယေန႔ေခတ္မွာ စြယ္စုံ
က်မ္းႀကီးေတြကို မ်ိဳးသုဥ္းေအာင္ လုပ္ႏိုင္ခဲ့တဲ့ လူတိုင္းအတြက္ လြတ္လပ္စြာ အခမဲ့ဖြင့္ေပးထားတဲ့ သုတ
ဘဏ္တိုက္ႀကီးလို႔လည္း ေျပာႏိုင္တယ္။ ကမၻာတစ္ဝန္းလုံး ဒီ site ထဲဝင္ၿပီးေတာ့ ဖတ္မွတ္ေလ့လာ ေနသူေပါင္း
၃၆၅ သန္းေလာက္ရွိတယ္။

၁၉၉၀ ေလာက္ကတည္းက ေဝးလ္ဟာ Bomis ဆိုတာကို စတင္လုပ္ေနၿပီ။ လူႀကီးလူေကာင္းေတြဖတ္စာလို႔ ေခၚရ
မယ့္ စာေတြကို အင္တာနက္ေပၚကို တင္ထားေပးတယ္။ လူသိနည္းခဲ့တယ္။ ဒါနဲ႔ သူ႕ရဲ႕ search engine ကို
အြန္လိုင္းစြယ္စုံက်မ္းလိုင္းကိုေျပာင္းဖို႔ စိတ္ကူးရသြားတယ္။

ဒီလိုနဲ႔ Nupedia ဆိုတာကို စတင္ေမြးဖြားခဲ့တယ္။ လာရီ ဆန္းဂါးက ေဝးလ္ျဖစ္ခ်င္တဲ့ စိတ္ကူးကို လူတိုင္းပါဝင္၊
လူတိုင္းဝင္ေရး၊ လူတိုင္း ဖတ္ႏိုင္တဲ့ အေနအထား ေရာက္ေအာင္ အေကာင္အထည္ေဖာ္ေပးခဲ့တယ္။ ဒီလိုနဲ႔
ဝီကီပီးဒီးယားဆိုတာ ျဖစ္လာခဲ့တယ္။ လူတိုင္းအခမဲ့ သိခ်င္တာရွာ၊ ယူခ်င္တာယူ၊ ေပးခ်င္တာေပးႏိုင္တဲ့ site တစ္ခု
အျဖစ္ ေအာင္ျမင္ေနပါတယ္။

Linus Torvalds

ကမၻာေပၚမွာ အဓိက ျငခမသ်သ္အ နဲ႔ ဗစစူန ရဲ႕ ေဆာ့ဖ္ဝဲေတြကပဲ လက္ဝါးႀကီးအုပ္ စိုးမိုးေနခ်ိန္မွာ ဖင္လန္-
အေမရိကန္ေဆာ့ဖ္ဝဲ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္တဲ့ လိုင္းနပ္စ္ ေတာ္ဗဲလ္ဆိုသူတစ္ေယာက္က ျပဳျပင္ေျပာင္းလဲမႈ
တစ္ခုကို လုပ္လိုက္ပါတယ္။ သူတီထြင္ လိုက္တဲ့ Linux ဆိုတဲ့ ေဆာ့ဖ္ဝဲဟာ အခမဲ့လည္းရ၊ အသုံးလည္းတည့္၊
စိတ္ခ်လုံၿခဳံမႈလည္း အျပည့္ရွိတဲ့ ေလးစားစရာ open source ေဆာ့ဖ္ဝဲတစ္ခုျဖစ္လာပါတယ္။

Linux ကို လူတိုင္းအသုံးတည့္လာေပမယ့္ ေတာ္ဗဲလ္ကေတာ့ ဒီေဆာ့ဖ္ဝဲကို မေတာ္တဆ ေတြ႕ရွိခဲ့တယ္လို႔ ေျပာ
တယ္။ သူ႕ Linux မွာ BitKeeper ကို ထိန္းခ်ဳပ္ဖို႔အတြက္ အသုံးျပဳထားေၾကာင္း စြပ္စြဲခ်က္ေတြထြက္လာတယ္။ ဒါနဲ႔
ေတာ္ဗဲလ္လည္း Git ဆိုတာကိုတီထြင္ၿပီးသူ႕ open source ကို ခိုင္မာေအာင္လုပ္တယ္။

Open source ဆိုတာ အခမဲ့လည္းရ တီထြင္သူပ႐ိုဂရမ္မာေတြအတြက္လည္း အသုံးတည့္၊ လုပ္ငန္းႀကီးေတြ
အတြက္ပါ အေႏွာင္အဖြဲ႕ကင္းရွင္းစြာ သုံးႏိုင္ၾကလို႔ စိတ္ဝင္စားၿပီး အထြဋ္အထိပ္ကိုေရာက္လာခဲ့တယ္။
ယေန႔ Linux ကို စူပါကြန္ပ်ဴတာႀကီးေတြမွာေတာင္ စိတ္ခ်ရတယ္ဆိုၿပီး သုံးစြဲေနၾကတယ္။ ဆဲလ္ဖုန္းေတြမွာကအစ
open source ဆိုတာ ႏွစ္သက္စရာျဖစ္လာေစတယ္။

Jeffery Bezos

ဂ်က္ဖ္ ဘီဇို႔စ္ဟာ ကမၻာ့စီးပြားပ်က္ကပ္ဆိုက္ေနခ်ိန္မွာ Amazon.com ဆိုတဲ့ အင္တာနက္ကေန ေဈးဝယ္စနစ္ကို
စတင္ေဖာ္ေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ဘီဇို႔စ္ဟာ ကြန္ပ်ဴတာသိပၸံနဲ႔ အီလက္ထေရာနစ္ အင္ဂ်င္နီယာ ေက်ာင္းသား
တစ္ေယာက္ျဖစ္ခဲ့တယ္။ ပရင့္စ္တန္တကၠသိုလ္ေက်ာင္းထြက္ပါ။

သူဟာ ႏိုင္ငံတကာကုန္သြယ္မႈမွာလည္း ကၽြမ္းက်င္တာေၾကာင့္ Amazon.com ကို စိတ္ကူးရခဲ့တာျဖစ္တယ္။ မူလက
အြန္လိုင္းကေန စာအုပ္ေတြေရာင္းဖို႔ စိတ္ကူးခဲ့ေပမယ့္ ေနာက္ပိုင္း သီခ်င္း၊ အီလက္ထေရာနစ္ပစၥည္း၊ ေဆာ့ဖ္ဝဲ၊
ဗီဒီယိုဂိမ္း၊ အဝတ္အထည္၊ အိမ္တြင္းအဆင္အျပင္၊ အစားအစာနဲ႔ ကစားစရာေတြအထိ တစ္လိုင္းထဲမွာ အစုံ ဝယ္ယူ
ေလ့လာႏိုင္တဲ့ site ႀကီးျဖစ္သြားတယ္။ မိုက္ခ႐ိုမန္ေနဂ်ာေလးကေန သမိုင္းဝင္မန္ေနဂ်ာႀကီးျဖစ္သြားခဲ့တယ္။

Shigeru Miyamoto

မီယာမိုတိုဟာ ဗီဒီယိုဂိမ္းတီထြင္သူတစ္ေယာက္အေနနဲ႔ ေအာင္ျမင္ေက်ာ္ၾကားသူလည္းျဖစ္တယ္။ သူတီထြင္ခဲ့တဲ့
Mario, Donkey Kong, The Legend of Zelda, Star Fox, F-Zero, Pikmin ဆိုတဲ့ဂိမ္းေတြဟာ ကမၻာေက်ာ္ ေတြလို႔
ေျပာႏိုင္တယ္။

သူဟာ ကေလးဘ၀ကတည္းက က်ိဳတိုၿမိဳ႕ ဆင္ေျခဖုံး ဆိုႏိုဘီရပ္ကြက္မွာ ႀကီးျပင္းခဲ့ရတယ္။ သူ႕ ဂိမ္းဇာတ္
ေကာင္ေလးေတြဟာ ဒစ္စေနးကာတြန္းဇာတ္ေကာင္ေလးေတြလို ဖန္တီးထားတာမ်ားတယ္။ ဥပမာ မာရီယိုဆိုတဲ့
ဇာတ္ေကာင္ဆိုရင္ ေက်းလက္သူရဲေကာင္းတစ္ေယာက္ပါ။ မင္းသမီးကို သြားကယ္ရတယ္။ ဂိမ္းကစား သူတိုင္းကို
ဆြဲေဆာင္ေစခဲ့တယ္။

ခုထိ Nintendo ကုမၸဏီမွာ မန္ေနဂ်င္းဒါ႐ိုက္တာ တစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ေန တယ္။ ဒီဂိမ္းေတြဟာ
သူ႕ရဲ႕ စိတ္ေရာကိုယ္ပါ စြမ္းေဆာင္ခ်က္ေတြေၾကာင့္ ေပၚေပါက္လာတာလို႔ေျပာႏိုင္တယ္။

Michael Dell

ပြဲေတြကို ေရွာင္ေလ့ရွိတဲ့ မိုက္ကယ္ ဒဲလ္ဟာ ေသးေသးေလးနဲ႔ ဘ၀ကို စတင္ခဲ့တယ္။ ကြန္ပ်ဴတာပစၥည္းေလးေတြ
ကို စတင္ေရာင္းရာကေန အလုပ္စလုပ္ခဲ့တယ္။ သူ႕ အသက္ ၁၅ ႏွစ္သားမွာ ပထမဦးဆုံး ကြန္ပ်ဴတာထုတ္ဖို႔ စိတ္ကူး
ရခဲ့တယ္။

ဒါေၾကာင့္ ကြန္ပ်ဴတာတစ္လုံးကို အစအဆုံး ျပန္ၿပီးဖ်က္ၾကည့္တယ္။ ကြန္ပ်ဴတာကို အဲဒီအခ်ိန္က ေရာင္းၾကတာ
ၾကားခံအေရာင္းသမားေတြကတစ္ဆင့္ျဖစ္ေနတယ္။ ဒါေၾကာင့္ သူက ကုမၸဏီမွာ ကြန္ပ်ဴတာကို တိုက္႐ိုက္ဝယ္ယူႏိုင္
တဲ့စနစ္ကို စတင္တီထြင္ခဲ့တယ္။

၁၉၈၄ ခုႏွစ္မွာ သူ႕စိတ္ကူးကို အေကာင္အထည္ေဖာ္တဲ့အေနနဲ႔ Dell Computer Corporation ကိုစတင္ထူေထာင္
ႏိုင္ခဲ့တယ္။ သူ႕ကုမၸဏီဟာ Fortune 500 မွာ ပါဝင္လာခဲ့တယ္။ အသက္ ၂၇ ႏွစ္မွာ လူငယ္ CEO တစ္ေယာက္ျဖစ္
လာတယ္။ ၁၉၉၉ ခုႏွစ္မွာ Michael and Susan Dell ေဖာင္ေဒးရွင္းကို ထူေထာင္ခဲ့တယ္။ ကေလး ေတြအတြက္
ဘ၀ဖူလုံေရး အေထာက္အပံ့ အမ်ားဆုံးေပးေနတဲ့ ေဖာင္ေဒးရွင္းႀကီးတစ္ခုလည္းျဖစ္တယ္။

Lawrence Ellison

လာရီလို႔ လူသိမ်ားတဲ့ ေလာရင့္စ္ အယ္လီဆန္ဟာ Oracle Corporation ကို ထူေထာင္သူနဲ႔ CEO တစ္ေယာက္ျဖစ္
ပါတယ္။ သူ႕ကိုယ္သူ ကြန္ပ်ဴတာဒီဇိုင္းပညာရွင္လို႔ေျပာတဲ့ ခ်ီကာဂိုတကၠသိုလ္ ေက်ာင္းထြက္ တစ္ေယာက္ျဖစ္တယ္။
Ampex Corporation မွာ စတင္အလုပ္လုပ္တယ္။ စီအိုင္ေအအဖြဲ႕ အတြက္ “Oracle” လို႔ေခၚတဲ့ database စနစ္
တစ္ခုကို စတင္လုပ္ေဆာင္ခဲ့တယ္။ စီးပြားေရးလုပ္ငန္းသုံးစနစ္ေတြကိုလည္း အမ်ားႀကီး တီထြင္ခဲ့တယ္။

၁၉၈၀ ျပည့္ႏွစ္မွာ IBM က သူ႕ Oracle ကို မိန္းဖရိန္ကြန္ပ်ဴတာႀကီးေတြမွာ စတင္သုံးခဲ့တာကအစ သူ႕ကို လူသိမ်ား
လာတယ္။ သူလည္း Oracle ဆိုတဲ့ ကုမၸဏီႀကီးကို ထူေထာင္ႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့တယ္။ Oracle စနစ္ကို
ကုမၸဏီႀကီးေတြနဲ႔ လုပ္ငန္းႀကီးေတြမွာ သုံးၾကတယ္။ ခ်မ္းသာၿပီး ကိုယ္ပိုင္ေလယာဥ္ပ်ံ၊ အေကာင္းဆုံး ဇိမ္ခံကားေတြ
စီးတတ္တာေၾကာင့္ နာမည္ေက်ာ္တယ္။

အခုေျပာခဲ့တဲ့ ထင္ရွားသူေတြ အားလုံးမွာ တူညီတာတစ္ခုက ဘာလုပ္လုပ္ “စိတ္အားထက္သန္စြာလုပ္” ဆိုတာပါ။
ေသးေသးေလးပဲလုပ္လုပ္ အားနဲ႔ မာန္နဲ႔ လုပ္တတ္ၾကတာဟာ သူတို႔ဘ၀အတြက္ ေအာင္ျမင္မႈေတြရရွိေစခဲ့ပါတယ္။
သူတို႔မွာ ပညာတစ္ပိုင္းတစ္စနဲ႔ ေက်ာင္းေတြထြက္ၿပီး လုပ္ငန္းေတြ လုပ္ေဆာင္ၾကေပမယ့္ ေအာင္ျမင္ခဲ့တာေၾကာင့္
အစဥ္အလာ ပညာေရးဆိုတာ သူတို႔အတြက္ အဓိကမက်ဘူးဆိုတာလည္း သက္ေသျပေနတယ္။

ဘာေျပာေျပာ သူတို႔ရဲ႕ ေတာ္လွန္ၿပီး ျပဳျပင္ေျပာင္းလဲခ်င္တဲ့စိတ္ဓာတ္ေတြက အစဥ္အလာကမၻာႀကီးကို ျပန္လည္ဖန္တီး
ႏိုင္ခဲ့ တယ္ဆိုတာေတာ့ ထင္ရွားတယ္

Unicode
ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ(သိထားသင့်တဲ့အချက်တွေပါ)

ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ
နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ
ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။

သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်
ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု
သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။

တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ
တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရ
တာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။

သူများတွေ တွေးသလိုမတွေး၊ သူများတွေ နေသလိုမနေ၊ သူများတွေ ဇိမ်ခံသလို မခံတတ်ဘဲ ဘ၀မှာ ဖြစ်ချင်တဲ့
နောက်ကို တစ်ကောက်ကောက်လိုက်ရင်း၊ အပင် ပန်းအဆင်းရဲ ခံနိုင်လို့လည်း သူတို့ အောင်မြင်ခဲ့တာလို့ ပြောရင်
ရနိုင်တယ်။ အခြေအနေတစ်ခုကို သူတို့ရောက်လာဖို့ သူတို့ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ကြတယ်။

နည်းပညာဆိုတာ လူသားတွေရဲ့ လူနေမှုဘ၀ (Life Style) ကို တစ်ခုသော အချိန်ကာလအတွင်း အကောင်းဆုံး
ဖြစ်အောင် စွမ်းဆောင်မှုပေးပါတယ်။ လူသားတွေ အကောင်းဆုံး၊ အဆင်အပြေဆုံး၊ အသက်သာဆုံးဖြစ်အောင်
သူတို့ လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘာကြီးဟာ သူတို့တီထွင်မှုတွေကြောင့် အသစ်ပြန်လည်မွေးဖွားလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့ ဘယ်သူ
တွေလည်း၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ကြည့်ရအောင်။

Steve Jobs and Steve Wozniak

အဲဒီသူငယ်ချင်းနှစ်ယောက်ဟာ နည်းပညာတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့သူတွေလို့ပြောရမယ်။ နှစ်ယောက်
စလုံး တက္ကသိုလ်ပညာကို စိတ်ပျက်ပြီး တစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့တဲ့သူတွေချည်းဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ
“အတွေးအမြင်ကွဲပြားမှု” ဆိုတဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်။

ပထမဦးဆုံး iDevices ဆိုတဲ့ ကွန်ပျူတာကို ကာလီဖိုးနီးယားပြည်နယ်၊ လော့စ် အယ်လ်တော့စ်မြို့က စတိဂျော့ရဲ့
ကား ဂိုဒေါင်ထဲမှာ စတင်တီထွင်ကြတယ်။ စတိ ဂျော့ရဲ့ သူမတူအောင် ဖန်တီးတီထွင်နိုင်စွမ်း၊ စည်းရုံးနိုင်စွမ်း
တွေကြောင့် သူ့လိုပညာရှင်တွေကို သိမ်းသွင်းဖော်ဆောင်နိုင်ခဲ့တယ်။

သမိုင်းတွင်စေမယ့် Apple ကုမ္ပဏီကြီးကို စတင်ထူထောင်နိုင်ခဲ့ရုံမက CEO တစ်ယောက်အနေနဲ့ပါ တာဝန်ယူခဲ့တယ်။
ပညာရှင်တွေကို မဖြစ်မနေဇွဲနဲ့ သည်းသည်းမည်းမည်းရှာပြီး စီမံခန့်ခွဲကာ သူ့စိတ်ကူးကို အကောင်အထည် ဖော်စေနိုင်
ခဲ့တာကြောင့်လည်း Apple ဟာအောင်မြင်ခဲ့တယ်လို့ ပြောနိုင်တယ်။

ခုဆိုရင် Apple က အမေရိကန်မှာတင် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို မူပိုင်ခွင့် အနေနဲ့ မှတ်ပုံတင်ထားခဲ့တာ အမျိုး
အစားပေါင်း ၃၀၀ ကျော်နေပါပြီ။ စတိ ဂျော့တစ်ယောက် ၂၀၁၁ အောက်တိုဘာလမှာ ကင်ဆာရောဂါနဲ့ သူချစ်တဲ့
အိုင်တီလောကကြီးကို ကျောခိုင်းသွားခဲ့ပါပြီ။ ဒါပေမယ့် Macintosh, iPod, iPhone, iPad ဆိုတဲ့ သူ့ စိတ်ကူးတွေကို
ကမ္ဘာကြီးအတွက် ထားရစ်ခဲ့ပါတယ်။

Bill Gates

တကယ့်နည်းပညာတို့ရဲ့ဆရာကြီးတစ်ယောက်လိုဖြစ်နေသူဆိုတော့ အထွေအထူး မိတ်ဆက်ပေးဖို့တောင် လိုမယ်
မထင်ဘူး။ Microsoft ဆိုတာ အိုင်တီခေတ်မှာ နည်းပညာစိတ်ဝင်စားသူတိုင်းနဲ့လည်း မကင်းနိုင်ပါဘူး။ ဘေ ဂိတ်စ်
အကြောင်းကိုရေးတဲ့ စာအုပ်တွေအများကြီးထွက်တယ်။ အဲဒီစာအုပ်တိုင်းမှာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းပြီး
အောင် မတက်ဘဲ ထွက်လာတယ်ဆိုတာ ချီးကျူးဂုဏ်ပြုရေးသားစရာ အချက်တွေဖြစ်နေတယ်။

ကွန်ပျူတာ Programming ဆိုတာ ဘေ ဂိတ်စ်အတွက် ဘ၀တစ်ခုဖြစ်လာတယ်။ ပေါလ် အယ်လန်နဲ့သူ BASIC
ဆိုတဲ့ ပရိုဂရမ်ကို ကွန်ပျူတာဘာသာစကားတစ်ခုဖြစ်အောင် တီထွင်နိုင်ခဲ့ကြတယ်။ သူတို့ကြောင့် Altair 8800 ဆိုတဲ့
မိုက်ခရိုကွန်ပျူတာဟာ အသက်ဝင်လာတယ်လို့ ပြောနိုင်တယ်။ အဲဒီကတစ်ဆင့် ၁၉၇၅ ခုနှစ်မှာ Microsoft ဆိုတာ
ပေါ်လာတယ်။

DOS (Disk Operating System) ကို တီထွင်နိုင်ခြင်းဟာ မိုက်ခရိုဆော့ဖ်ကို ကွန်ပျူတာ OS (operating system)
ပိုင်းမှာ စိုးမိုးသွားစေနိုင်တဲ့ အချက်ဖြစ်ခဲ့တယ်။ DOS နောက်ပိုင်းမှာ MS Windows, MS Office တွေနဲ့ မိုက်ခရိုဆော့ဖ်
ဟာ တစ်ခုပြီး တစ်ခု အောင်ပွဲတွေဆက်ခဲ့တယ်။ ဒီလိုနဲ့ မိုက်ခရိုဆော့ဖ်ဆိုတဲ့ အင်ပါယာကြီးကို ထူ ထောင်နိုင်ခဲ့တယ်။

မိုက်ခရိုဆော့ဖ်ဟာ ကွန်ပျူတာ operating system အပိုင်းမှာ စိုးမိုးလာတာနဲ့အမျှ သူ့လက်ဝါးကြီးအုပ်မှုအပေါ်
အတိုက်အခံတွေလည်း အများကြီးပေါ်လာတယ်။ ရန်များလွန်းတာနဲ့ ဘေ ဂိတ်စ်လည်း မိုက်ခရိုဆော့ဖ်ရဲ့ အုပ်ချုပ်မှု
အပိုင်းကနေ အနားယူပြီး အလှူအတန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ မွေ့ပျော်နေတော့တယ်။

ဘေ ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးသုံးနေရာလောက်က အမြဲရပ်တည်နေခဲ့တယ်။ သူနဲ့ သူ့ဇနီး
တို့ ထူထောင်ထားတဲ့ Bill & Melinda Gates Foundation ဟာ ကမ္ဘာမှာ ယနေ့တိုင် အလှူဒါန်းနိုင်ဆုံး၊ လူမှုရေးဆိုင်ရာ
အကျိုးပြုလုပ်ငန်းတွေ အလုပ်နိုင်ဆုံး ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။

Akio Morita

နည်းပညာနဲ့ပတ်သက်ရင် လူတွေမေ့ ဖျောက်လို့မရနိုင်တဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။ Sony Corporation ဆိုတာပဲ
ဖြစ်တယ်။ နည်းပညာလောကမှာ ထရန်စစ္စတာရေဒီယိုတွေနဲ့ စတင်ပြီး အသိအမှတ်ပြုခြင်းခံလာရတယ်။ နောက်ပိုင်း
Walkman, Video Cassette recorder, Trinitron TV ကြီးတွေအထိ အဆင့်ဆင့်တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာ့
အကြီးဆုံးနဲ့ အထင်ရှားဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်လာရတယ်။

အမေရိကန်မှာ စတိ ဂျော့ဟာ Apple နဲ့ ခေတ်တစ်ခေတ်ထူထောင် နိုင်ခဲ့သလို၊ ဂျပန်မှာလည်း မိုရီတာကို Sony နဲ့
အီလက်ထရောနစ်ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူလို့ ပြောနိုင်တယ်။

မိုရီတာဟာ ၁၉၄၆ ခုနှစ် မေလမှာ တိုကျို Telecommunication Engineering Corporation ကို စတင် ထူထောင်
ခဲ့တယ်။ အဲဒီအချိန်ဟာ ဂျပန်နိုင်ငံမှာ စစ်ဒဏ်ကို အလူးအလဲပြန်ခံနေရချိန်လို့ပြောရမယ်။

ခရီးဆောင်၊ အိတ်ဆောင် သီချင်းဖွင့်စက်တွေ တီထွင်တဲ့အထဲမှာ ဆိုနီရဲ့ Walkman ဆိုတာ ခေတ်အစောဆုံးလို့
ပြောရမယ်။ iPod တွေကို စတိ ဂျော့က သူ့စိတ်ကူးကိုယူပြီး လိုက်ထုတ်ရာက အောင်မြင်လာတာလို့ ပြောနိုင်တယ်။
ဒီ သီချင်းဖွင့်စက်လေးတွေကိုလည်း မိုရီတာက သူ လေကြောင်းနဲ့ ခရီးရှည်ကြီးတွေထွက်စဉ်မှာ သီချင်းနားထောင်
ချင်တာနဲ့ တီထွင်ခဲ့တာလို့ ဆိုပါတယ်။

မိုရီတာဟာ ဂျပန်မှာတော့ တစ်ခုတည်းသော အီလက်ထရောနစ်ကမ္ဘာနဲ့ စိုးမိုးထားသူလို့ ပြောနိုင်တယ်။ သူ့အလှမ်း
ကျယ်မှုကြောင့် အမေရိကမှာလည်း ဆိုနီရဲ့ ဩဇာတွေ အများကြီးလွှမ်းမိုးထားနိုင်ခဲ့တယ်။

ဒီနေ့ဆိုရင် ဆိုနီကုမ္ပဏီကြီးဟာ Vaio, PlayStation, Cyber-shot, Bravia, Xperia ဆိုတဲ့ အမည်ပေါက် တီထွင်မှုတွေ
နဲ့ လွှမ်းမိုးထားနိုင်ပါပြီ။ ပြောင်မြောက်တဲ့စိတ်ကူး၊ တီထွင်မှုအသစ်အဆန်းတွေနဲ့ အရည်အသွေးတွေ ကြောင့်
ယနေ့တိုင် နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Sir Timothy Berners-L**

တင်မ် ဘာနာလီး တီထွင်ခဲ့တာ ယနေ့လူတိုင်းအတွက် မရှိမဖြစ် အရေးပါနေပေမယ့် သူ့ကိုတော့ လူသိနည်းပါတယ်။
သူ့မူလ အလုပ်က CERN (European Organization for Nuclear Research) မှာ လုပ်ခဲ့တယ်။ သိုသိပ် လျှို့ဝှက်တဲ့
အဖွဲ့လည်းဖြစ်ပြီး၊ သူတီထွင်ခဲ့တာကို အစောပိုင်းမှာ မထုတ်ဖော်ခဲ့တာကြောင့် သူ့ကို လူသိနည်းခဲ့တယ်။

တင်မ်ဟာ ကွန်ပျူတာပရိုဂရမ်တစ်ခုရေးဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီ ပရိုဂရမ်က CERN မှာ လုပ်ကိုင်နေတဲ့ လူ ၁၀၀၀၀
လောက် တစ်ပြိုင်တည်း ဆက်သွယ်နိုင်မယ့် နည်းလမ်းဖြစ်တယ်။

၁၉၈၀ ပြည့်နှစ်မှာ တင်မ်ဟာ ENQUIRE ဆိုတဲ့ပရိုဂရမ်ကို စတင်ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီစနစ်ဟာ ယနေ့ လူသိ
များတဲ့ WWW ((World Wide Web) ရဲ့ ရှေ့ပြေးအစီအစဉ်တစ်ခုဖြစ်တယ်။

နောက် ၁၀ နှစ်အကြာမှာ TCP (Transmission Control Protocol) နဲ့ Domain name စနစ်အတိုင်း ကွန်ပျူတာက
တစ်ဆင့် စာတွေ ပေးပို့ဖြန့်ချိနိုင်တဲ့ (ယနေ့အင်တာနက်ပုံစံ) ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်။ ယနေ့ Web လို့
လူသိ များတယ်။

မူလ CERN ဌာနအတွင်း သုံးနိုင်ဖို့ စနစ်ကနေ ကမ္ဘာသိ၊ ကမ္ဘာသုံး အင်တာနက် စနစ်ကြီးဖြစ်လာပြီး သူကိုလည်း Sir
ဘွဲ့နဲ့ ချီးမြှင့်ခဲ့တယ်။ သူ့ကို ၂၀၀၄ ခုနှစ်မှာ ဘုရင်မကြီး ဒုတိယမြောက် အဲလီဇဘက်ကိုယ်တိုင် သူကောင်းပြုဘွဲ့ကို
ချီးမြှောက်ခဲ့တယ်။ တင်မ်ဟာ အောက်စ်ဖို့ဒ်၊ ကွင်းကောလိပ်က ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပါတယ်။

Sergey Brin and Larry Page

အလွန်တော်တဲ့ ပရိုဂရမ်မာနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတန်းဖို့ဒ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက်
တက်ဖို့လာရင်းတွေ့ကြတာ။ အဲဒီကတည်းက search engine လို့ခေါ်တဲ့ အင်တာနက်မှာ မရှိမဖြစ် စနစ် တစ်ခုကို
တည်ဆောက်ဖို့ စိတ်ကူးရခဲ့ကြတယ်။ အင်တာနက်မှာ ပိုပြီးတော့ အထောက်အကူဖြစ်စေနိုင်ပြီး လူတိုင်း အတွက်
အသုံးအတည့်ဆုံးစနစ်တစ်ခုလည်း ဖြစ်လာစေဖို့ သူတို့စတင်ကြံဆောင်ခဲ့ကြတယ်။

ဆာဂေး ဘရင်းက စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ကွန်ပျူတာစနစ်မှာ အကန့်အသတ်တွေကို တွန်းလှန်နေချင်တယ်။
အဲဒီ စိတ်ကူးဟာ Google ဆိုတဲ့ကုမ္ပဏီကြီးကို စတင် အခြေတည်စေခဲ့တဲ့ စိတ်ကူးတစ်ခုဖြစ်ခဲ့တယ်။

သူတို့စိတ်ကူးအတွက် အထောက်အပံ့ ပေးခဲ့တဲ့ ကုမ္ပဏီကြီးကတော့ Sun Microsystem ဖြစ်တယ်။ ဒေါ်လာ တစ်သန်း
မတည်ပေးပြီးတော့ တီထွင်မှုကို အားပေးခဲ့တယ်။

သူတို့နှစ်ယောက်စိတ်ကူးဟာ မကြာခင် ပုံနှိပ်စက်ကိုတီထွင်ခဲ့တဲ့ ဂူတင်ဘတ်ပြီးရင် အရေးအပါဆုံးတီထွင်မှုတစ်ခုဖြစ်
လာခဲ့တယ်။ အင်တာနက်ပေါ်မှာ လိုချင်တာ၊ သိချင်တာကို ရှာဖွေချင်ရင် Google နဲ့ ကင်းနိုင်တာမရှိပါဘူး။ လာရီ
ပေ့ဂ်ျက PageRank ဆိုတာကို တီထွင်တယ်။ Google ကိုရောက်လာတဲ့ အဖျက်အမှောင့်တွေကို စောင့်ကြည့် ဖျက်စီး
ပေးတယ်။ နောက်ပိုင်းတရုတ်ပြည်က ဆင်ဆာကိစ္စတွေများတာကြောင့် အငြင်းပွားပြီး တရုတ်ပြည်အတွက် Google
ကို ရပ်နားခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ နောက်ပိုင်း ဒီမိုကရေစီထောက်ခံရေးလှုပ်ရှားမှုတွေမှာ Google ဟာပိုပြီး
ဂုဏ်တက်လာခဲ့တယ်။

Mark Zuckerberg

သူ့အကြောင်းတွေကို မီဒီယာကနေ အမျိုးမျိုးဖော်ထုတ် ချီးကျူးကြတယ်။ ပရိုဂရမ်မာတွေထဲမှာ စိတ်ကူးကောင်းတဲ့
ပရိုဂရမ်မာတစ်ယောက်လို့ ပြောရမယ်။ လူမှုရေးကွန်ရက်ကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ သူ့ကြောင့် ပေါ်ပေါက်
လာတာလို့ ပြောနိုင်တယ်။ ယခုဆိုရင် သူ့ Facebook ကို ကမ္ဘာတစ်ဝန်းလုံးမှာ သုံးစွဲသူပေါင်း ၈၄၅ သန်း
တောင်ရှိနေပါပြီ။

Facebook ဟာ အင်တာနက်လောကကြီးတစ်ခုလုံးက်ို ပြောင်းလဲသွားစေခဲ့တဲ့ လူမှုရေးကွန်ရက်ကြီးတစ်ခုလို့ ပြောနိုင်
တယ်။ အစပိုင်းမှာ ကျောင်းသားတွေ အချင်းချင်း အပြန်အလှန်ပြောဆိုဆွေးနွေးနိုင်မယ့် Forum သဘောကနေ၊
နောက်ပိုင်း အားလုံးဆုံတွေ့ရာ စုရပ်တစ်ခုလိုဖြစ်လာတယ်။

အမှန်တော့ Facebook ဟာ အီးမေးလ်စနစ်ကို တိုက်ဖျက်ပစ်ဖို့ ပေါ်လာတဲ့ ဆက်သွယ်ရေးစနစ်လို့လည်း ခေါ်နိုင်
တယ်။ ယနေ့တိုင် Facebook နဲ့ နောက်ကွယ်ကရှိနေတဲ့ ဇူကာဘတ်ကိုယ်တိုင် ပဟေဠိလိုဖြစ်နေတယ်။ မယုံရဲ ယုံရဲ
နဲ့ပဲ Facebook ကို သုံးစွဲသူတွေကလည်း များလာတယ်။ ဇူကာဘတ်ဆိုတာ ဘာလဲ၊ ဘာတွေဆက်လုပ်မလဲ၊
Facebook ကြောင့် ဘာတွေဖြစ်လာမလဲ ယနေ့တိုင် အဖြေရှာနေကြဆဲပဲ။

Jimmy Wales

ဂျင်မီ ဝေးလ်ဟာ လာရီဆန်းဂါးဆိုသူနဲ့ အတူ ဝီကီပီးဒီးယား (Wikipedia) ကို ထူထောင်ခဲ့တယ်။ ပရောဂျက်တွေကို
ပြီးဆုံးအောင်မလုပ်နိုင်ကြလို့ အခက်တွေ့နေကြတဲ့ ကျောင်းသားတွေအတွက် ကယ်တင်ရှင် site ကြီးတစ်ခုလို့
ပြောရင် မမှားဘူး။ ဝီကီပီးဒီးယားဆိုတာ သုတရတနာသိုက်ကြီးလို့ ပြောရင်လည်း မမှားဘူး။ ယနေ့ခေတ်မှာ စွယ်စုံ
ကျမ်းကြီးတွေကို မျိုးသုဉ်းအောင် လုပ်နိုင်ခဲ့တဲ့ လူတိုင်းအတွက် လွတ်လပ်စွာ အခမဲ့ဖွင့်ပေးထားတဲ့ သုတ
ဘဏ်တိုက်ကြီးလို့လည်း ပြောနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံး ဒီ site ထဲဝင်ပြီးတော့ ဖတ်မှတ်လေ့လာ နေသူပေါင်း
၃၆၅ သန်းလောက်ရှိတယ်။

၁၉၉၀ လောက်ကတည်းက ဝေးလ်ဟာ Bomis ဆိုတာကို စတင်လုပ်နေပြီ။ လူကြီးလူကောင်းတွေဖတ်စာလို့ ခေါ်ရ
မယ့် စာတွေကို အင်တာနက်ပေါ်ကို တင်ထားပေးတယ်။ လူသိနည်းခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ search engine ကို
အွန်လိုင်းစွယ်စုံကျမ်းလိုင်းကိုပြောင်းဖို့ စိတ်ကူးရသွားတယ်။

ဒီလိုနဲ့ Nupedia ဆိုတာကို စတင်မွေးဖွားခဲ့တယ်။ လာရီ ဆန်းဂါးက ဝေးလ်ဖြစ်ချင်တဲ့ စိတ်ကူးကို လူတိုင်းပါဝင်၊
လူတိုင်းဝင်ရေး၊ လူတိုင်း ဖတ်နိုင်တဲ့ အနေအထား ရောက်အောင် အကောင်အထည်ဖော်ပေးခဲ့တယ်။ ဒီလိုနဲ့
ဝီကီပီးဒီးယားဆိုတာ ဖြစ်လာခဲ့တယ်။ လူတိုင်းအခမဲ့ သိချင်တာရှာ၊ ယူချင်တာယူ၊ ပေးချင်တာပေးနိုင်တဲ့ site တစ်ခု
အဖြစ် အောင်မြင်နေပါတယ်။

Linus Torvalds

ကမ္ဘာပေါ်မှာ အဓိက ငြခမသျသ်အ နဲ့ ဗစစူန ရဲ့ ဆော့ဖ်ဝဲတွေကပဲ လက်ဝါးကြီးအုပ် စိုးမိုးနေချိန်မှာ ဖင်လန်-
အမေရိကန်ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ လိုင်းနပ်စ် တော်ဗဲလ်ဆိုသူတစ်ယောက်က ပြုပြင်ပြောင်းလဲမှု
တစ်ခုကို လုပ်လိုက်ပါတယ်။ သူတီထွင် လိုက်တဲ့ Linux ဆိုတဲ့ ဆော့ဖ်ဝဲဟာ အခမဲ့လည်းရ၊ အသုံးလည်းတည့်၊
စိတ်ချလုံခြုံမှုလည်း အပြည့်ရှိတဲ့ လေးစားစရာ open source ဆော့ဖ်ဝဲတစ်ခုဖြစ်လာပါတယ်။

Linux ကို လူတိုင်းအသုံးတည့်လာပေမယ့် တော်ဗဲလ်ကတော့ ဒီဆော့ဖ်ဝဲကို မတော်တဆ တွေ့ရှိခဲ့တယ်လို့ ပြော
တယ်။ သူ့ Linux မှာ BitKeeper ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုထားကြောင်း စွပ်စွဲချက်တွေထွက်လာတယ်။ ဒါနဲ့
တော်ဗဲလ်လည်း Git ဆိုတာကိုတီထွင်ပြီးသူ့ open source ကို ခိုင်မာအောင်လုပ်တယ်။

Open source ဆိုတာ အခမဲ့လည်းရ တီထွင်သူပရိုဂရမ်မာတွေအတွက်လည်း အသုံးတည့်၊ လုပ်ငန်းကြီးတွေ
အတွက်ပါ အနှောင်အဖွဲ့ကင်းရှင်းစွာ သုံးနိုင်ကြလို့ စိတ်ဝင်စားပြီး အထွဋ်အထိပ်ကိုရောက်လာခဲ့တယ်။
ယနေ့ Linux ကို စူပါကွန်ပျူတာကြီးတွေမှာတောင် စိတ်ချရတယ်ဆိုပြီး သုံးစွဲနေကြတယ်။ ဆဲလ်ဖုန်းတွေမှာကအစ
open source ဆိုတာ နှစ်သက်စရာဖြစ်လာစေတယ်။

Jeffery Bezos

ဂျက်ဖ် ဘီဇို့စ်ဟာ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ Amazon.com ဆိုတဲ့ အင်တာနက်ကနေ ဈေးဝယ်စနစ်ကို
စတင်ဖော်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘီဇို့စ်ဟာ ကွန်ပျူတာသိပ္ပံနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား
တစ်ယောက်ဖြစ်ခဲ့တယ်။ ပရင့်စ်တန်တက္ကသိုလ်ကျောင်းထွက်ပါ။

သူဟာ နိုင်ငံတကာကုန်သွယ်မှုမှာလည်း ကျွမ်းကျင်တာကြောင့် Amazon.com ကို စိတ်ကူးရခဲ့တာဖြစ်တယ်။ မူလက
အွန်လိုင်းကနေ စာအုပ်တွေရောင်းဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်း သီချင်း၊ အီလက်ထရောနစ်ပစ္စည်း၊ ဆော့ဖ်ဝဲ၊
ဗီဒီယိုဂိမ်း၊ အဝတ်အထည်၊ အိမ်တွင်းအဆင်အပြင်၊ အစားအစာနဲ့ ကစားစရာတွေအထိ တစ်လိုင်းထဲမှာ အစုံ ဝယ်ယူ
လေ့လာနိုင်တဲ့ site ကြီးဖြစ်သွားတယ်။ မိုက်ခရိုမန်နေဂျာလေးကနေ သမိုင်းဝင်မန်နေဂျာကြီးဖြစ်သွားခဲ့တယ်။

Shigeru Miyamoto

မီယာမိုတိုဟာ ဗီဒီယိုဂိမ်းတီထွင်သူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားသူလည်းဖြစ်တယ်။ သူတီထွင်ခဲ့တဲ့
Mario, Donkey Kong, The Legend of Zelda, Star Fox, F-Zero, Pikmin ဆိုတဲ့ဂိမ်းတွေဟာ ကမ္ဘာကျော် တွေလို့
ပြောနိုင်တယ်။

သူဟာ ကလေးဘ၀ကတည်းက ကျိုတိုမြို့ ဆင်ခြေဖုံး ဆိုနိုဘီရပ်ကွက်မှာ ကြီးပြင်းခဲ့ရတယ်။ သူ့ ဂိမ်းဇာတ်
ကောင်လေးတွေဟာ ဒစ်စနေးကာတွန်းဇာတ်ကောင်လေးတွေလို ဖန်တီးထားတာများတယ်။ ဥပမာ မာရီယိုဆိုတဲ့
ဇာတ်ကောင်ဆိုရင် ကျေးလက်သူရဲကောင်းတစ်ယောက်ပါ။ မင်းသမီးကို သွားကယ်ရတယ်။ ဂိမ်းကစား သူတိုင်းကို
ဆွဲဆောင်စေခဲ့တယ်။

ခုထိ Nintendo ကုမ္ပဏီမှာ မန်နေဂျင်းဒါရိုက်တာ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေ တယ်။ ဒီဂိမ်းတွေဟာ
သူ့ရဲ့ စိတ်ရောကိုယ်ပါ စွမ်းဆောင်ချက်တွေကြောင့် ပေါ်ပေါက်လာတာလို့ပြောနိုင်တယ်။

Michael Dell

ပွဲတွေကို ရှောင်လေ့ရှိတဲ့ မိုက်ကယ် ဒဲလ်ဟာ သေးသေးလေးနဲ့ ဘ၀ကို စတင်ခဲ့တယ်။ ကွန်ပျူတာပစ္စည်းလေးတွေ
ကို စတင်ရောင်းရာကနေ အလုပ်စလုပ်ခဲ့တယ်။ သူ့ အသက် ၁၅ နှစ်သားမှာ ပထမဦးဆုံး ကွန်ပျူတာထုတ်ဖို့ စိတ်ကူး
ရခဲ့တယ်။

ဒါကြောင့် ကွန်ပျူတာတစ်လုံးကို အစအဆုံး ပြန်ပြီးဖျက်ကြည့်တယ်။ ကွန်ပျူတာကို အဲဒီအချိန်က ရောင်းကြတာ
ကြားခံအရောင်းသမားတွေကတစ်ဆင့်ဖြစ်နေတယ်။ ဒါကြောင့် သူက ကုမ္ပဏီမှာ ကွန်ပျူတာကို တိုက်ရိုက်ဝယ်ယူနိုင်
တဲ့စနစ်ကို စတင်တီထွင်ခဲ့တယ်။

၁၉၈၄ ခုနှစ်မှာ သူ့စိတ်ကူးကို အကောင်အထည်ဖော်တဲ့အနေနဲ့ Dell Computer Corporation ကိုစတင်ထူထောင်
နိုင်ခဲ့တယ်။ သူ့ကုမ္ပဏီဟာ Fortune 500 မှာ ပါဝင်လာခဲ့တယ်။ အသက် ၂၇ နှစ်မှာ လူငယ် CEO တစ်ယောက်ဖြစ်
လာတယ်။ ၁၉၉၉ ခုနှစ်မှာ Michael and Susan Dell ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တယ်။ ကလေး တွေအတွက်
ဘ၀ဖူလုံရေး အထောက်အပံ့ အများဆုံးပေးနေတဲ့ ဖောင်ဒေးရှင်းကြီးတစ်ခုလည်းဖြစ်တယ်။

Lawrence Ellison

လာရီလို့ လူသိများတဲ့ လောရင့်စ် အယ်လီဆန်ဟာ Oracle Corporation ကို ထူထောင်သူနဲ့ CEO တစ်ယောက်ဖြစ်
ပါတယ်။ သူ့ကိုယ်သူ ကွန်ပျူတာဒီဇိုင်းပညာရှင်လို့ပြောတဲ့ ချီကာဂိုတက္ကသိုလ် ကျောင်းထွက် တစ်ယောက်ဖြစ်တယ်။
Ampex Corporation မှာ စတင်အလုပ်လုပ်တယ်။ စီအိုင်အေအဖွဲ့ အတွက် “Oracle” လို့ခေါ်တဲ့ database စနစ်
တစ်ခုကို စတင်လုပ်ဆောင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းသုံးစနစ်တွေကိုလည်း အများကြီး တီထွင်ခဲ့တယ်။

၁၉၈၀ ပြည့်နှစ်မှာ IBM က သူ့ Oracle ကို မိန်းဖရိန်ကွန်ပျူတာကြီးတွေမှာ စတင်သုံးခဲ့တာကအစ သူ့ကို လူသိများ
လာတယ်။ သူလည်း Oracle ဆိုတဲ့ ကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ Oracle စနစ်ကို
ကုမ္ပဏီကြီးတွေနဲ့ လုပ်ငန်းကြီးတွေမှာ သုံးကြတယ်။ ချမ်းသာပြီး ကိုယ်ပိုင်လေယာဉ်ပျံ၊ အကောင်းဆုံး ဇိမ်ခံကားတွေ
စီးတတ်တာကြောင့် နာမည်ကျော်တယ်။

အခုပြောခဲ့တဲ့ ထင်ရှားသူတွေ အားလုံးမှာ တူညီတာတစ်ခုက ဘာလုပ်လုပ် “စိတ်အားထက်သန်စွာလုပ်” ဆိုတာပါ။
သေးသေးလေးပဲလုပ်လုပ် အားနဲ့ မာန်နဲ့ လုပ်တတ်ကြတာဟာ သူတို့ဘ၀အတွက် အောင်မြင်မှုတွေရရှိစေခဲ့ပါတယ်။
သူတို့မှာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းတွေထွက်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ကြပေမယ့် အောင်မြင်ခဲ့တာကြောင့်
အစဉ်အလာ ပညာရေးဆိုတာ သူတို့အတွက် အဓိကမကျဘူးဆိုတာလည်း သက်သေပြနေတယ်။

ဘာပြောပြော သူတို့ရဲ့ တော်လှန်ပြီး ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓာတ်တွေက အစဉ်အလာကမ္ဘာကြီးကို ပြန်လည်ဖန်တီး
နိုင်ခဲ့ တယ်ဆိုတာတော့ ထင်ရှားတယ်