Sunday, July 19, 2015

ေမ်ာက္တစ္အုပ္နဲ႔ ဦးထုပ္သည္(ေကာင္းသန္႔)


တစ္ခါတုန္းက ဦးထုပ္ေရာင္းသမားတစ္ေယာက္ဟာ သူ႕အိမ္ကထြက္ၿပီး ေစ်းကို
သြားေရာင္းတယ္….။

ဦးထုပ္ေတြကို ျခင္းႀကီးႏွစ္လံုးထဲမွာထည့္ၿပီး အလယ္က၀ါးလံုးနဲ႕လွ်ိဳၿပီး
ထမ္းလာတယ္…။

ေနပူလို႕ ဦးထုပ္တစ္လံုးကို သူေဆာင္းထားတယ္…။ လမ္းတစ္၀တ္မွာ
ေညာင္ပင္ႀကီးတစ္ပင္ေအာက္သူေရာက္လာတယ္…။

ျခင္းေတာင္းႀကီးႏွစ္ေတာင္းကို ေနပူထဲမွာ ထမ္းလာရေတာ့ သူအလြန္ေမာေနၿပီး…။

ေညာင္ပင္ႀကီးရဲ႕ အရိပ္ေအာက္ေရာက္ေတာ့ ေအးျမသြားတယ္..။
ေခတၱထိုင္နားခ်င္စိတ္ေပါက္သြားတယ္…။ ျခင္းေတာင္းႀကီးကို ပစ္ခ်ၿပီး
ေညာင္ပင္ႀကီးကို မွီနားလိုက္တယ္…။ ေျခပစ္လက္ပစ္ အနားယူရင္း
သူအိပ္ေပ်ာ္သြားတယ္…။ အိပ္ယာက ႏိုးလို႕ ၾကည့္လိုက္ေတာ့
သူ႕ျခင္းေတာင္းထဲမွာ ဦးထုပ္ေတြ တစ္လံုးမွမရွိေတာ့ဘူး..။

သူ႕ရင္ဘတ္မွာ ကပ္္ထားတဲ့သူ႕ဦးထုပ္ပဲက်န္ေတာ့တယ္…။ ဦးထုပ္ေတြ
ဘယ္ေပ်ာက္သြားသလဲလိုက္ရွာေတာ့ ေညာင္ပင္ေပၚက
ေမ်ာက္တစ္အုပ္ရဲ႕ေခါင္းေတြေပၚေရာက္ကုန္တယ္…။ အဲဒီဦးထုပ္ေတြ သူျပန္ရေအာင္
ဘယ္လိုလုပ္ရပါ့မလဲဆိုၿပီး အႀကံထုတ္တယ္…။ သူက အားတဲ့အခ်ိန္မွာ
အၿမဲစာဖတ္တဲ့အက်င့္ရွိေတာ့ ျပႆနာတစ္ခုကို ေခါင္းေအးေအးထားၿပီး
စဥ္းစားေျဖရွင္းတတ္တယ္…။ နာရီ၀က္ေလာက္စဥ္းစားၿပီး သူအႀကံရသြားတယ္…။

သူ႕လက္ထဲက ဦးထုပ္ကို ေခါင္းေပၚမွာ ျပန္ေဆာင္းၿပီး
ေမ်ာက္ေတြျမင္သာတဲ့ေနရာကို ထြက္လိုက္တယ္…။
ေမ်ာက္ေတြျမင္ေလာက္ၿပီထင္ေတာ့မွ ဦးထုပ္ကိုခၽြတ္ၿပီး ေခါင္းကုတ္ျပတယ္…။
ေမ်ာက္ေတြကလည္း သူ႕ကို အတုခိုးၿပီး ဦးထုပ္ခၽြတ္ေခါင္းကုတ္ၾကတယ္…။
ဒါနဲ႕ပူလြန္းလို႕ ဦးထုပ္ေတာင္မကိုင္ခ်င္တဲ့ပံုစံနဲ႕ သူက ဦးထုပ္ကို
ေျမႀကီးေပၚကို ပစ္ခ်လိုက္တယ္…။ ေမ်ာက္ေတြကလည္း သူလုပ္တာျမင္ၿပီး
သူတို႕လက္ထဲက ဦးထုပ္ေတြကို ပစ္ခ်လိုက္ၾကတယ္…။ ဒီေတာ့မွ သူဟာ
ေမ်ာက္ေတြပစ္ခ်တဲ့ဦးထုပ္ေတြ အလ်င္အျမန္ေကာက္ၿပီး
ျခင္းထဲထည့္လိုက္ေတာ့တယ္…။

ဒီနည္းနဲ႕ ေမ်ာက္ေတြလက္ထဲက ဦးထုပ္အားလံုးကို သူျပန္ရလိုက္သတဲ့…။

ေနာင္ႏွစ္ေပါင္း (၂၀) ၾကာတဲ့အခါ ေစာေစာက ဦးထုပ္သည္ႀကီးရဲ႕ ေျမးကေလးက
ဦးထုပ္အေရာင္းထြက္သတဲ့…။
သူ႕အဘိုးအိပ္စက္နားခဲ့တဲ့ေညာင္ပင္ႀကီးေအာက္ေရာက္ေတာ့
ဦးထုပ္ေတာင္းကိုခ်ၿပီး အနားယူျပန္သတဲ့….။ ေျခပစ္လက္ပစ္နားရင္း
အိပ္ေပ်ာ္သြားတယ္…။

အိပ္ရာက ႏိုးေတာ့ျခင္းထဲက ဦးထုပ္ေတြမရွိေတာ့ဘူး…။ ေညာင္ပင္ေပၚက
ေမ်ာက္ေတြေခါင္းေပၚေရာက္ေနတယ္…။ ဒီေတာ့ သူ႕အဘိုးေျပာခဲ့ဖူးတာ အမွတ္ရၿပီး
သူ႕အဘိုးနည္းအတိုင္း ဦးထုပ္ေတြျပန္ရေအာင္ ႀကိဳးစားတယ္…။ သူက
ဦးထုပ္ကိုခၽြတ္ၿပီး ေခါင္းကုတ္တယ္..။ ေမ်ာက္ေတြကလည္း
သူ႕လိုလိုက္လုပ္တယ္..။ သူက ဦးထုပ္ေတြနဲ႕ ယပ္ခတ္ျပျပန္တယ္…။
ေမ်ာက္ေတြကလည္း သူတို႕ဦးထုပ္ေတြနဲ႕ ယပ္ခတ္ၾကျပန္တယ္…။

ေနာက္ဆံုးမွာ သူကလက္ထဲက ဦးထုပ္ကိုလႊင့္ပစ္လိုက္တယ္…။ ၿပီးေတာ့
သူ႕လိုဦးထုပ္ေတြ ပစ္ခ်မလားဆိုၿပီး ေမ်ာက္ေတြကို ေမာ့ၾကည့္တယ္…။
ဘယ္ေမ်ာက္မွ ဦးထုပ္ကို ပစ္မခ်ၾကေတာ့ဘူး…။ လက္ထဲမွာ
အေသဆုပ္ကိုင္ထားၾကတယ္…။သူလည္းအံံ့ၾသေငးေမာၾကည့္ေနတုန္း ေမ်ာက္တစ္ေကာင္က
သူပစ္ခ်လိုက္တဲ့ဦးထုပ္ကို ေကာက္ၿပီး သစ္ပင္ေပၚတက္သြားသတဲ့…။

သစ္ပင္ေပၚ ေျပးမတက္ခင္ အဲဒီေမ်ာက္က သူ႕ကိုစကားတစ္ခြန္းေျပာသြားတယ္…။

´´မင္းမွာ အဘိုးရွိသလို တို႕မွာလည္း အဘိုးရွိတယ္ဆိုတာ မေမ့နဲ႕ေလ´´ တဲ့…..။

အခက္အခဲတစ္ခုခု ေတြ႕ႀကံဳလို႕ လုပ္ေနက် နည္းေဟာင္းအတိုင္း ေျဖရွင္းဖို႕
ေတြးမိတဲ့အခါ ဒီပံုျပင္ေလးကို အမွတ္ရပါေစ…။

ပံုျပင္ေလးကေတာ့ဒါပါပဲ….။
Unicode

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကို
သွားရောင်းတယ်….။

ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်ကဝါးလုံးနဲ့လျှိုပြီး
ထမ်းလာတယ်…။

နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်၀တ်မှာ
ညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း
သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့
သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာ ကပ််ထားတဲ့သူ့ဦးထုပ်ပဲကျန်တော့တယ်…။ ဦးထုပ်တွေ
ဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီဦးထုပ်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာ
အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး
စဉ်းစားဖြေရှင်းတတ်တယ်…။ နာရီ၀က်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို
မြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီး
သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာ
မျောက်တွေပစ်ချတဲ့ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး
ခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက
ဦးထုပ်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့
ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်း
အိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်က
မျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး
သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်း
သူ့လိုလိုက်လုပ်တယ်..။ သူက ဦးထုပ်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။
မျောက်တွေကလည်း သူတို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့
သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာ
အသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။

´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။

အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့
တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။

ပုံပြင်လေးကတော့ဒါပါပဲ….။

0 comments:

Post a Comment