Saturday, July 11, 2015

လမင်းကြီးက ကြည့်နေတယ်

တစ်ခါတုန်းက အလွန်ဆင်းရဲရှာတဲ့ မိသားစုတစ်စု ရှိသတဲ့။ သူတို့ဟာ မကြာမကြာဘဲ
စားဖို့အတွက် အိမ်နီးနားချင်းရဲ့ ခြံထဲမှာရှိတဲ့ သစ်သီး သစ်ရွက်တွေကို အလစ်သွားသုတ်လေ့ရှိတယ်။
တစ်ညမှာတော့ အိမ်နီးချင်းရဲ့ ခြံထဲမှာရှိတဲ့ မုန်လာဥ တချို့ကို ခိုးယူဖို့ ဖခင်ဖြစ်သူဟာ
သားငယ်ကိုခေါ်သွားပါတယ်။ ဖခင်ဖြစ်သူဟာ မုန်လာဥတွေကိုနှုတ်ယူလိုက်ပါတယ်။ သူ့သားလေးကတော့
ဘေးနားမှာရပ်လို့ပေါ့။ ရုတ်တရက် သူဟာ ခပ်အုပ်အုပ်လေသံလေးနဲ့ ပြောလိုက်တယ်။ ''အဖေ၊ တစ်ယောက်
ယောက် အဖေ့ကို ကြည့်နေတယ်''တဲ့
ဖခင်ဖြစ်သူဟာ အတော်လေး လန့်ဖျန့်သွားတယ်။ သူ့ ပတ်ဝန်းကျင်ကို အမြန်ပဲ ကြည့်လိုက်တယ်။
ဘယ်သူ့ကိုမှ မတွေ့ရဘူး။ (ဒီတော့) ''ဘယ်မှာလဲ ဘယ်သူလဲ သားရဲ့''လို့ မေးလိုက်တယ်။
သားလေးဟာ ကောင်းကင်ကိုလက်ညှိုးထိုးပြီး 'ဟိုမှာလေ အဖေရဲ့၊ လမင်းကြီးကြည့်နေတယ်လေ'
လို့ ဖြေလိုက်တယ်။
သူ့သားပြောတဲ့ စကားကြောင့် ဖခင်ဖြစ်သူဟာ တုန်လှုပ်သွားတယ်။ အမှောင်ထဲမှာ သူလုပ်တဲ့ အလုပ်
ကို ဘယ်သူမှ မသိနိုင်ဘူး ထင်နေပေမဲ့ သူ့သားလေးကတော့ လမင်းကြီးက သူ့ကိုကြည့်နေတယ်လို့ ပြောနေတယ်။
အပြစ်ကင်းစင်တဲ့ သားငယ်လေးရဲ့ စကားတွေဟာ သူ့အနေနဲ့ အမှားတွေကို လုပ်နေပါလားဆိုတာကို နားလည်
သဘောပေါက်သွားစေပါတယ်။ သူရှက်သွားတယ်။
နောက်ဆုံးမှာ မုန်လာဥတွေကို ပစ်ချပြီး ခြံထဲမှာထားခဲ့ကာ ကျောခိုင်းလိုက်ပါတယ်။ အဲဒီနောက်
သားလေးကို လက်ကိုဆွဲကာ နှစ်ဦးသား လရောင်အောက်မှာလမ်းလျှောက်ပြီး အိမ်ပြန်ခဲ့ကြပါတော့တယ်။

0 comments:

Post a Comment