Saturday, July 4, 2015

ဖန်ခွက်ကို ခဏလွှတ်ချထားလိုက်

ရေအနည်းငယ်ထည့်ထားတဲ့ဖန်ခွက် တစ်ခုကို ကိုင် မြှောက် လိုက် ရင်း ပရိုဖက်ဆာ ဟာသူ့ရဲ့ စာသင် ချိန်ကို စတင် လိုက် တယ်

ကျောင်းသားတွေ အကုန်မြင်ရအောင် ဖန်ခွက်ကို မြှောက်ပြလိုက် ရင်း 'ဒီဖန်ခွက် ဟာ ဘယ် လောက် အ လေး ချိန် ရှိမယ် ထင် ကြ လဲ' ဟု ကျောင်း သား များ ကို မေး လိုက် သည်

'၅၀ဂရမ်' '၁၀၀ ဂရမ်' '၁၂၅ ဂရမ်' အစရှိသဖြင့် ကျောင်းသားတွေ တစ်ယောက် တစ်ခွန်းဖြေကြတယ်

'တကယ်တော့ ငါလဲ ဒီဖန်ခွက် ဘယ်လောက် အ လေး ချိန် ရှိ လဲ မသိဘူး' ဟု ပရိုဖက်ဆာ က ပြန်ဖြေလိုက်တယ် 
'ဒါပေမယ့် ငါမေးမယ့် မေးခွန်းကတော့ ဒီဖန်ခွက်ကို ငါ ခဏလေး ကိုင်မြှောက်ထားရင် ဘာ ဖြစ် မ လဲ ဆို တာ ပဲ' ဟု ကျောင်းသားများကို မေးခွန်းထုတ်လိုက်တယ်

'ဘာမှမဖြစ်ဘူး' ဟုကျောင်းသားများက ဖြေလိုက်ကြတယ်

'ဟုတ်ပြီ ဒါဆိုရင် ဒီဖန်ခွက်ကို ဒီလိုမျိုး တစ်နာရီတိတိကိုင် မြှောက် ထားရင် ရော' ပရိုဖက်ဆာက မေးခွန်းဆက်ထုတ်လိုက်သည်

'လက်တွေညောင်းကိုက်လာမှာပါ' ဟု ကျောင်းသားတစ်ယောက်က ပြန်ဖြေလိုက်တယ်

'မင်းမှန်တယ် ဒီလိုဆိုရင် ဒီဖန်ခွက်ကို တစ် ရက် လုံး ကိုင် မြှောက် ထား ရင် ရော' ဟု ဆက်လက် မေးခွန်းထုတ် လိုက် တယ်

'ဆရာ့လက်တွေ အရမ်းကိုက်ခဲလာပြီး လက်မောင်း အ ကြောတွေသေပြီး ဆရာ ဆေးရုံရောက်သွားလိမ့်မယ် ' လို့ ကျောင်းသားတစ်ယောက်က ပြန်ဖြေလိုက်တော့
ကျန်တဲ့ကျောင်းသားတွေက အဖြေကို သဘောကျပြီး အကုန်လုံး ရယ်မိလိုက်ကြသည်

'မင်းတော်တယ်' ပရိုဖက်ဆာက ချီးကျူးလိုက်တယ် 
'ဒါပေမယ့် ဒီလိုမျိုး ဒီဖန်ခွက် ကို မြှောက်ထားတဲ့ အချိန်မှာ ဒီဖန်ခွက် ရဲ့ အ လေး ချိန် က ပြောင်း လဲ သွား တာမျိုးရော ရှိလား' ဟုထပ်မေးလိုက်တယ်

'ပြောင်းလဲမှု မရှိပါဘူး' ဟု ကျောင်းသားတွေ အကုန်လုံး ဝိုင်းဖြေလိုက်ကြသည်

'ဒါဆိုရင် ဒီ ကြွက်သားကိုက်ခဲတာတို့ လက်မောင်း အ ကြောသေတာတို့ကို ဘယ်အရာက ဖြစ်စေတာလဲ' ဟုထပ်မေးလိုက်တော့ ကျောင်းသားတွေ အကုန်လုံးတွေဝေသွားကြ လေ တော့ သည်

'ဒီလိုမျိုးကိုက်ခဲ နာကျင် မှု တွေ မဖြစ်အောင် ငါဘာလုပ်သင့်လဲ' ဟု ထပ်မေးခွန်း ထုတ်လိုက်တယ်

'ဖန်ခွက်ကို အောက်သို့ ချထားသင့်တယ်' ဟု ကျောင်းသားတစ်ယောက်က ဝင် ဖြေ လိုက် တယ်

'ဒါပေါ့ သေချာတာပေါ့' ဆိုပြီး ပရိုဖက်ဆာက ကျောင်းသားရဲ့ အ ဖြေကို ထောက် ခံ လိုက် တယ်

ဘဝရဲ့ အခက်အခဲတွေ ဆိုတာဟာလဲ ဒီလိုမျိုးပါပဲ ခေါင်းထဲခဏထား စဉ်းစားကြည့်မိရင် အဆင်ပြေ တယ် လို့ ထင်ရပေမယ့် အကြာကြီးစဉ်းစားမိရင် ခေါင်းတွေကိုက်ခဲ လာတော့တာပါပဲ ဒီထက် အကြာကြီး စဉ်းစားမိရင် လူတစ်ကိုယ်လုံး ပင် ပန်း နွမ်းလျလာတတ်ပြီး နောက်ဆုံး ဘာမှ မလုပ် နိုင် မကိုင် နိုင် ဖြစ် သွား တတ်ကြတာပါပဲ

ဘဝမှာ အခက်အခဲတွေကို စဉ်းစားတွေးခေါ်ပြီး ရင် ဆိုင် နိုင် ဖို့ ဟာ အ ရေး ကြီး လှ ပါ တယ်
ဒါပေမယ့် ဒီထက် ပို အရေးကြီးတာကတော့ အခက်အခဲတွေ မရင်ဆိုင်ရမှီ အိပ်ရာဝင်ခါနီး အဲဒီ အခက်အခဲတွေကို ခဏ လွှတ်ချထားလိုက် ဖို့ပဲ ဖြစ်ပါတယ်။ ဒါမှ ညကို ကောင်းကောင်း အိပ်ပျော်ပြီး မနက်အိပ် ရာ ထ တဲ့ အခါ စိတ်ဖိစီးမှုတွေ ကင်းစွာနဲ့ ကြုံလာသမျှ အခက်အခဲတွေကို
အေးအေးဆေးဆေး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် နေ့တစ်နေ့ စတင် လိုက်တိုင်း
'ဖန်ခွက်ကို ခဏလွှတ်ချထားလိုက်' ဆိုတဲ့ စကားကို အမြဲ အမှတ် ရ နေ ပါ

0 comments:

Post a Comment