Wednesday, July 1, 2015

ဖတ်မိသမျှ ဗဟုသုတ

၁. သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပေမဲ့ သာမန်လူကတော့ နောင်ရေးကိုတွေးပြီး ပိုက်ဆံကို စုလေ့ရှိတယ်။

၂. သူဌေးဖြစ်မယ့်သူကတော့ ကိုယ်အပေါ် ကျေးဇူးရှိတဲ့သူအတွက် ပိုက်ဆံကိုသုံးဖို့ မနှမြောပေမဲ့ သာမန်သူကတော့ စုထားတဲ့ပိုက်ဆံလေး ကုန်သွားမှာကိုစိုးရိမ်ပြီး နည်းနည်းပဲသုံးလေ့ရှိတယ်။

၃. သူဌေးဖြစ်မယ့်သူကတော့ ဆုံးရှူံးသွားတဲ့ပိုက်ဆံကို နောင်ပြန်ရှာရင်ရတာပဲလို့တွေးပြီး သာမန်သူကတော့ ဆုံးရှူံးသွားတဲ့ပိုက်ဆံကို တွေးပြီးရင်းတွေးလေ့ရှိတယ်။

၎. သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံမရှိလဲဘဝကို ဘယ်လိုပျော်အောင် နေရမလဲဆိုတာကို နားလည်တယ်။ သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင် နေလို့မရဘူးလို့ ထင်နေတတ်တယ်။

၅. သူဌေးဖြစ်မယ့်သူကတော့ အနာဂတ်မှာ ဝင်ငွေကိုပိုများအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပြီး၊ သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင် ဘယ်လိုလုပ်မလဲဆိုတာကို တွေးနေတတ်တယ်။

၆. သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ်လို့ စဉ်းစားပြီး သာမန်သူကတော့ ဘဏ်မှာထည့်ထားရင် စိတ်ချမ်းသာနေတတ်တယ်။

၇. သူဌေးဖြစ်မယ့်သူကတော့ ခရီးသွားရင် ခရီးမှာတွေ့ခဲ့တဲ့ အတွေ့အကြုံအသစ်တွေကို ရှာတတ်ပေမဲ့ သာမန်သူကတော့ ခရီးမှာ နေ့စဉ်ဘဝကို မေ့ပစ်ဖို့ကြိုးစားပါတယ်။

၈. သူဌေးဖြစ်မယ့်သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကို အောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ်လုပ်ပေမဲ့ သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေအပေါ်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။

၉. သူဌေးဖြစ်မယ့်သူကတော့ ကျန်းမာရေးအတွက် စဉ်းစားပြီး သေသေချာချာ စားသောက်တတ်ပေမဲ့ သာမန်သူကတော့ ပိုက်ဆံကို ချွှေတာပြီး ဖြစ်သလို စားတတ်သည်။

၁၀. သူဌေးဖြစ်မယ့်သူကတော့ လူတွေအတွက် ဘာအကျိုးရှိအောင်လုပ်ရမလဲဆိုတာကို စဉ်းစားပြီး သာမန်သူကတော့ သူတပါးဆီက ဘာကိုရမလဲဆိုတာကိုပဲ စဉ်စားလေ့ရှိ၏။

0 comments:

Post a Comment