Tuesday, July 21, 2015

အမေပြောတဲ့ ဆင်းရဲခြင်း


သားရေ လောကမှာ ပိုက်ဆံ ရှိတိုင်းလည်း ချမ်းသာတာ မဟုတ်သလို ပိုက်ဆံ မရှိတိုင်းလည်း ဆင်းရဲတာ မဟုတ်ပါဘူး။ လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့ဟာ အရေးကြီး ပါတယ်ကွယ်။

ငါ့သား မှတ်ထားရမည်က "ဘာကိုမှ မလိုချင်ဘူးဆိုရင် ဘယ်တော့မှ ဆင်းရဲမှာ မဟုတ်ဘူး။ ဆင်းရဲတယ်ဆိုတာ မိမိရှိတဲ့ ပစ္စည်း ဥစ္စာတွေနဲ့ မတင်းတိမ်ဘဲ အလို ရမ္မက်တွေ ကြီးနေတယ်ဆိုရင် ပိုက်ဆံ ဘယ်လောက် ချမ်းသာ ချမ်းသာ ဆင်းရဲ နေအုံးမှာပါပဲကွယ်"

ငါ့သား အပေါ်ကိုပဲ မကြည့်ပါနဲ့ လည်ပင်း ညောင်းလိမ့်မယ် တစ်ခါတစ်လေ အောက်ဘက်ကိုလည်း ကြည့်ပေးပါ။

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

0 comments:

Post a Comment